ထင်ရှားကျော်ကြားသူများ
ဘလော့ရပ်ကွက်ထဲမှာ..တော်တော်များများ..တိတ်ဆိတ်ငြိမ်သက်သွားသလိုလို..
ရုတ်တရက်ဆိုသလိုတော့..မိန်းမူးငေးငိုင်သွားကြသည်..
“အိုး...ဘယ်လိုဖြစ်တာပါလိမ့်...” ဆိုတာမျိုးလို..
“ အင်း..သေခြင်းတရားဟာ..ရှင်သန်တတ်ကြွခြင်းနဲ့..ကျောခြင်းကပ်နေယုံလေးပါလား..” ဆိုတာလောက်တော့..လူတိုင်းလို..သံဝေဂ ရမိကြမှာအမှန်..
ပီးတော့..ဒွေးဆိုတာက လူတိုင်းသိ..ပျိုတိုင်းကြိုက်...လန်းဆန်းတက်ကြွနေတဲ့..စူပါမင်းသား..
ခုတော့.အားလုံးကို..တရားပြသွားခဲ့ပီ။
ကဲ..ကိုယ်လဲဘာဆက်ဘလော့ရမလဲတွေးရင်း..ဒီအကြောင်းလေးကိုတော့ကျော်မသွားချင်ပါ..
ဘလော့ရပ်ကွက်ထဲက..ဘလော့ဂါအမျိုးသားကြီးများကတော့..ဟင်း...လို့မသိမသာနှာမှုတ်ရင်း
စိတ်မ၀င်စားချင်သလိုနေချင်နေပေလိမ့်မည်...
ကိုယ်တောင်..ဒီရက်ထဲ..ဒီသတင်းပုံတွေကိုရှာရင်း..ကြည့်ရင်း...“ဟယ်..မနက်ကအကောင်းကြီးတဲ့..”
“ ကြည့်ပါဦး..လူတွေသယ်ထုတ်လာတာ..” လို့..စိတ်ဝင်တစားပြောသော်လည်း..ဘိုးတော်လုပ်သူက..
အင်း..တချက်သာပြောရင်း..ထတောင်မကြည့်။
ညီမငယ်တယောက်ဆို..ကိုယ့်ဆီဖုန်းလှမ်းဆက်ရင်း..စိတ်မကောင်းကြောင်းသတင်းဖလှယ်ကြတော့..
“ အမလဲ..စိတ်မကောင်းဖြစ်တယ်နော်..” လို့..အတည်ပြုရင်း အဖော်ညှိတယ်..
“ဟယ်..အေးပေါ့..ဖြစ်တာပေါ့ဟယ်......” ဆိုပီး..ကိုယ်လည်း...ဘာညာ..ဘာညာပေါ့
“အေးလေ..အဲဒါ..ကျွန်မကလဲရိုးရိုးသားသားစိတ်မကောင်းဖြစ်လို့ယောက်ကျားကို ဖုန်းလှမ်းဆက် တော့..သူက..အေး..စိတ်မကောင်းရင်..ဒွေးကားဟောင်းတွေပြန်ဖွင့်ကြည့်နေပေါ့လို့ပြောတယ်..”
ကိုယ်..ပြုံးလိုက်မိတယ်။
တခြားတော့မဟုတ်ပါဘူး..အဓိက-ကတော့..တရားရလိုက်တာပါ..
ပီးတော့..မေးခွန်းတခု...
ဘယ်လိုဖြစ်လို့..ငါတို့ဗမာပြည်မှာ..အရွယ်မတိုင်သေဆုံးခြင်းတွေများနေပါလိမ့်...
အနုပညာရှင်တွေကတော့..လူသိတာပေါ့လေ..တခြားကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှာကော..
နောက်ထပ်က..အတွေးတခု...
အင်း..အနုပညာရှင်..(အထူးသဖြင့်..ပြည်သူချစ်သောအနုပညာရှင်) ဆိုတာ ..လူတွေရဲ့အာရုံကို အစွဲဆောင်နိုင်ဆုံးပါလားလို့လေ...
သတင်းတခုထဲမှာတောင်တွေ့လိုက်တယ်..ဒွေးသတင်းက..ဇူလိုင်၁၈ ရက်နေ့မှာကျင်းပမဲ့ အမျိုးသားညီလာခံ ထက်တောင် လူစိတ်ဝင်စားမူပိုရသွားတယ်ဆိုပဲ..
ဘယ်ခေတ်..ဘယ်ကာလမှာမဆို..ကျော်ကြားသူတွေရဲ့သတင်းတွေသည်..ရေပန်းစားမြဲပဲလေ..
Yahoo ရဲ့ the most search ဆယ်ခုမှာ အမြဲလို..အဲဒီ celebrity များသာ အမြဲဗိုလ်စွဲနေတာ သာကြည့်...
အင်ဂျလီနာဂျိုလီ..ကလေးတွေမွေးစားတော့..(သူအရင်တုံးကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့..) နတ်သမီးလေးတပါးလို ချီးမွမ်းခန်းဖွင့်ရင်း ကလေးမွေးစားတာတွေ..ခေတ်စားလာသည်။
ဘိုနိုက..အာဖရိက..ဆင်းရဲမွဲတေမူ တိုက်ဖျက်ရေးအတွက်.. လှုံ့ဆော်တော့.. သူကိုယ်တိုင်က.. ဘယ်လောက်..ပိုက်ဆံတွေဖြုန်းတီးတယ်ပဲဆိုဆို...တကမ္ဘာလုံးအာရုံစိုက်ခံရသည်။
ဗမာပြည်မှာပဲကြည့်ဦးတော့..ကျော်သူဆိုတဲ့နာမည်နဲ့..နာရေးကူညီမူအသင်းဟာ..ကပ်လျက်တွဲလို့.
အောင်မြင်ခဲ့သည်။ ဇော်ဝင်းထွဋ်က..မိဘမဲ့ကလေးတွေလှူတယ်ဆို..သူများလှူတာထက်ပိုလူသိပီး..
လိုက်လုပ်မည့်သူတွေ..ပေါလာသည်။
အင်း..အဲဒါကြောင့်..ကမ္ဘာကြီးတ၀ှမ်းလုံး..ပီးတော့..ဗမာပြည်ကြီးမှာ..လူတွေလုပ်သင့်တဲ့..မွန်မြတ်တင့်တယ်တဲ့..လူမူရေးလုပ်ငန်းတွေကို..အနုပညာရှင်များ..ကျော်ကြားသူများ..ဆထက်ထမ်းပိုးတိုး၍
လုပ်ဆောင်နိုင်ကြပါစေ..လို့..
This one is good--the girl from the North and the eunuch. Can't say more.
-
https://www.youtube.com/watch?v=b4a7UY3_8rI
There have been Dowager Empresses who fell in love with eunuchs, for e.g
Dowager Empress CiXi (Su zi spelling...
11 hours ago


2 Comments:
Very true. People are just more interested about celebrities and what they do more than politics (like the ongoing diplomatic pressuring by UN on Burmese issues) and other things that are actually more important. I was surprised that the Burmese website of The Irrawaddy even covered Dwe's funeral, but thankfully it didn't appear on the English version.
ကျွန်တော်လည်း တရာ ရတယ်။ ဘာမှ မယ်မယ်ရရ မလုပ်ရသေးပဲ လောကထဲက ပျောက်မသွားချင်ဘူး။
မြန်မာ ကျော်ကြားသူတွေ လူမှုရေးမှာ အရင်ကထက် ပိုမိုလှုပ်ရှားလာတာတော့ အားတက်စရာပါပဲ။
Post a Comment