အတွေးစများ (၁)

တပတ်စာ .. ပိုင်း များ

မွေးနေ့ ဘာလိုလိုနဲ့..ရတုတခုထပ်ရောက်သွားပါရော့လား။ အသက်တနှစ်ကြီးလာတိုင်း..ရင့်ကျက်ခြင်းရဲ့အဓိပ္ပါယ်ကို..စိတ်လိုလက်ရတ၀က်..စိတ်ဓါတ်ကျခြင်းတ၀က်နဲ့..သင်ယူမိတယ်။ဘာပဲပြောပြော

ဒီနေ့အထိ..ဘုရားသခင်ကို..ရရှိခဲ့တဲ့အရာတွေတိုင်းအတွက်ကျေးဇူးတင်ပါတယ်..မရနိုင်တဲ့အရာတွေအတွက်

လည်း ကျေးဇူးတင်ပါတယ်..ရဖို့ကြိုးစားနေတဲ့အရာတိုင်းအတွက်လည်းကျေးဇူးတင်ပါတယ်..။ ပီးတော့..ဒီမွေးနေ့မှာလက်ဆောင်ရတဲ့..အနီရောင်နှင်းဆီပန်းအိုးလေးအတွက်လည်း..ကျေးဇူးတင်ပါတယ်။


အိမ် ပီးခဲ့တဲ့အပတ်ထဲ..အိမ်ပြောင်းတယ် ( အထင်မကြီးပါနဲ့..အိမ်ဝယ်တာမဟုတ်ပါ)။ ဘိုးတော်လုပ်တဲ့ကျောင်းက..နဲနဲပိုကျယ်တဲ့အိမ်လေးပေးလို့ပါ။ အင်း..အိမ်ဆိုတာလဲ..ပိုင်ဖို့
မလိုပါဘူး..နေဖို့ရှိရင်ပီးတာပဲလို့..ခပ်ပေါ့ပေါ့တွေးမိတယ်။

ဘရော့ဘမ်း အမလေး..အိမ်အပြောင်းအရွှေ့မှာ..ယူထားတဲ့ broad band လေးတပတ်လောက်
ပြတ်သွားလို့..အိမ်မြှောင်အမီးပြတ်သလိုဖြစ်သွားတယ်..။ ဒီကြားထဲ..Prepaid လေးဝယ်သုံးထားပေမဲ့
ဘလော့အပေါင်းအသင်းတွေနဲ့..အာပလာတောင်မလုပ်နိုင်။
သြော်.. ဒီခေတ်ကြီးထဲ..အင်တာနက်မပြောနဲ့ ဘရော့ဘမ်းမရှိရင်တောင်မလွယ်ပါလားနော်။

နည်းပညာ ဒီတခါတော့..၂ယောက်သား အင်တာနက်ကိုလုမသုံးနေရအောင်...ကိုယ့်ဘိုးတော်က..
Wireless Router တလုံးဝယ်ချလာတယ်..ကဲ.....ဒီညကစပီး..တယောက်တခန်း..lab top တလုံးစီနဲ့..
ကမ္ဘာပတ်ကြတော့မယ်..သူလဲသူ့ဟာသူ..You Tube မှာ..မိုးဟေကိုတို့..ဘာတို့.ကြည့်ချင်တာကြည့်..
ကိုယ်လဲ..စိတ်ကြိုက်ဘလော့တော့မယ်.။ နည်းပညာက..လူတွေရဲ့..လူသားဆန်မူတွေကိုပဲ..
ပြောင်းလဲလိုက်ပီလား..။

မြန်မာဝတ်စုံ တနေ့က..စင်ကာပူ ပိုလီကျောင်းတကျောင်းမှာ ဆရာမလုပ်နေတဲ့...သူငယ်ချင်း
အပျိုကြီးက..ကျောင်းဆင်းပွဲအခမ်းအနားတခုမှာ..ဆုရတဲ့ဗမာကျောင်းသားတွေနဲ့အတူရိုက်ထားတဲ့..သူ့ရဲ့ခန့်ညားလှပတဲ့..ဓါတ်ပုံတွေလှမ်းပို့လိုက်တယ်..။ သူ့ပုံကိုတောင်သေသေချာချာမကြည့်မိဘူး..
( စိတ်မဆိုးနဲ့..သူငယ်ချင်းရေ) သူ့ဘေးက..ဗမာကျောင်းသားလေးတချို့..ဗမာဝတ်စုံအပြည့်..တိုက်ပုံ..ပုဆိုးအပြင်..အင်းလေးလွယ်အိတ်ကလေးပါလွယ်ထားတာကို.အရမ်းသဘောကျသွားမိတယ် .. (တချို့ကျောင်းသူလေးတွေလည်း..ဗမာဝတ်စုံ ၀တ်တော့..ထားသား)
ရိုးရိုးသားသားသဘောကျတာပါ..တော်ကြာ..သူတို့က..“ ကျေးဇူးပါပဲ..အန်တီရယ်” ဆိုမှ..ဂွကျ။

အပေါင်းအသင်း weekend က..ရှားရှားပါးပါး..ရှိတဲ့( တွေ့တဲ့) ဗမာလေး ၆ယောက်စုပီး..အိမ်မှာ
ပါတီလေးလုပ်ကြတယ်..။ ဒီနယ်မြို့လေးမှာ..ဗမာရှားပါဘိတော့။ အင်ဂျင်နီယာ ၂ယောက်က..
ဈေးမှာ..ဘူးသီးလုဝယ်ရင်းတွေ့တာ..နောက်..ဆရာဝန်မတယောက်ကတော့..ဘုရားကျောင်းက Aussi မကြီးတယောက်မိတ်ဆက်ပေးလို့သိရတာ.. နောက်ဆုံးရောက်လာတဲ့..ဆရာဝန်တယောက်
ကလည်း..ဟိုလူ ၂ယောက်ဈေးဝယ်ရင်းတွေ့လို့..ခေါ်လာတာ။ ခုမှပဲ..ဗမာပြည်က၀ယ်လာတဲ့..ပုဂံ
ယွန်းလက်ဖက်အစ်ကလေးကို..ကျကျနန..လက်ဖက်ထဲ့ပီး..ဧည့်ခံဖြစ်တော့တယ်။ ဘာတွေ..ဘယ်လိုပဲ
ပြောပြော..ဗမာစကားနဲ့..ဗမာပြည်ကသတင်းလေးတွေ..ပြောလိုက်ရမှပဲ..အားရှိပါးရှိဖြစ်တော့တယ်။
(ဒီအကြောင်း..ပိုစ်သပ်သပ်ရေးချင်ပါသေးတယ်)

စီဘောက် ခုတလော စီဘောက်တွေမှာ...အောက်တန်းကျကျ..ပုဆိုးခြုံထဲက..လက်သီးပြတာတွေ
တွေ့လာနေရတယ်..။ ဘယ်သူတွေလဲဆိုတာတော့..အားလုံးခန့်မှန်းမိကြပါတယ်။ တကယ်တော့..
သူတို့တွေဟာ..သနားစရာပါ..။ စည်းလုံးခြင်းနဲ့ လွတ်လပ်ခြင်း..အမှန်တရားဆိုတာတွေကို..ဘလော့
တွေမှာ..မြင်လာရတော့..သရဲ..နာနာဘာဝတွေ..အလင်းရောင်ကိုကြောက်သလို..လန့်ပီးလုပ်ချင်ရာ
လုပ်မိကြတော့တာပါ။ အကယ်လို့များ..ကိုယ့်စီဘောက်တွေမှာ..အဲလိုစကားတွေရောက်လာရင်..
ကျေးဇူးပြုပီး..အဖျက်မစောလိုက်ပါနဲ့..ထားလိုက်စမ်းပါ။ အောက်တန်းကျတဲ့..စကားနဲ့ အထက်တန်း
ကျတဲ့စကား..ဘယ်လိုကွာတယ်ဆိုတာ..လူတိုင်းတွေ့ရမှာဖြစ်သလို..သူတို့လဲ..ပြန်ဖတ်လေ..ဖတ်လေ
ရှက်တက်လေဖြစ်မှာပါ။ သြော်..သူတို့ဒုက္ခလဲ..မသေးပါလားနော်..

အောင်ဆန်းဦး သူငယ်ချင်းတချို့ ပို့လို့..ဟစ်တိုင်မှာပါတဲ့..အောင်ဆန်းဦးရေ ဆိုတဲ့ဒီစာ

လေးကိုဖတ် လိုက်ရတယ်။ ဟုတ်ပကွယ်..။ ဒီမေတ္တာဦးဆိုတဲ့အမျိုးသမီးလဲ..ဘာတွေလျှောက်ရေး..လျှောက်ပြော နေလဲမသိ။ တော်တော်ပေါတာပဲ။ သူ့စာတပုဒ်ဖတ်လိုက်တာနဲ့..သူ့စေတနာဘာလဲဆိုတာ..စာဖတ် တတ်တဲ့သူတိုင်းမြင်ပါတယ်။ မမြင်တာက..သူ့ကိုယ်သူပဲ။ အမယ်..အဲဒါကြောင့်ထင်ပါ့..သူက..အဆုံး
မှာ..“မုဒိတာပွါးနိုင်ကျပါစေ” ဆိုလား..ဟ..ဟ။ ကျလဲကျပါ့။ ဒေါ်စုကို..ခြေရာတိုင်းချင်တာဆိုလည်း
တိုင်းပါ..(ခြေထောက်ခြင်းတော့သိပ်မကွာလောက်ပါဘူး..နံပတ် ၇ နဲ့ ၈ လောက်ပဲနေမှာပေါ့)
ကွာတာက..သမိုင်းချင်း..နှလုံးသားချင်း..လုပ်ရပ်ခြင်း..မိုးနဲ့မြေလိုဝေးပါတယ်။
အင်း..ဦးအောင်ဆန်းဦး..ဟာ..စကားမှပြောတတ်ရဲ့လားလို့တောင်..သံသယရှိမိတယ်။ သူပြောတဲ့စကား
ဆိုတာ..ဘုရားစူး..တခါမှ..ကို..မကြားဖူးဘူး။


ဂျီတော့ ဂျီတော့တွေလည်း..အပ်ကြတယ်နော်..။ ဘာလဲ ? အပ်တယ်တဲ့..ဗမာစကားလား..
အင်္ဂလိပ်စကားလားမသိတော့။ ရှိသေးတယ်..ဘလော့တယ်..ရှဲတယ်..တဲ့။ ဟုတ်လို့ပဲ။
အင်း..ရန်ကုန်က..အမတွေလဲ..မြန်မြန် ဂျီတော့အပ်မှ။ အင်တာနက်မသုံးခင်ကတော့လည်း
မသုံးလို့။ ခု..သုံးပီဆိုတော့လည်း..နေ့တိုင်း.ကိုယ့်စီဘောက်ထဲမယ်..ဘာတွေလာလာရေးနေလဲ
မသိဘူး။ တော်ကြာ..ငယ်ကျိုးငယ်နာတွေပေါ်ကုန်တော့မယ်။

ရှစ်လေးလုံး ဘလော့ဆော်ကြီး ( ရွာဆော်လိုမျိုးပေါ့နော်) ကိုကဒေါင်းတောင်..မောင်းထုနေပီ။
ရှစ်လေးလုံးဘန်နာလေးကောင်းကောင်းရွေးတင်လိုက်ဦးမှ။ ဟူး... ၁၉ နှစ်တောင်၇ှိသွားပါပကော။
ရှစ်လေးလုံးအထိမ်းအမှတ်ကော..ဘာရေးရင်ကောင်းမလဲ။ ဘာမှလဲမရေးချင်ပါ..။ ရင်ထဲမှာ..နာပဲ
နာကျင်နေသည်။ အတွေးတွေလည်း..မှောင်မှောင်မဲမဲကြီးဖြစ်နေသည်။ အလင်းရောင်ရေ..လာပါတော့။



Share/Bookmark

6 Comments:

Anonymous said...

မကြာခဏလာလည်ဖြစ်ပါတယ် အစ်မရေ။ ဖတ်လို့ကောင်းလို့ပါ။ တစ်ပတ်စာအတိုအစိလေးတွေကလည်း ရေးတတ်တော့ ဖတ်ရတာ ရသမြောက်သွားတာပဲ။ ကျနော့်ဘလော့ဂ်ကတော့ ပြီးသေးဘူးအစ်မရဲ့။ လာလည်သွားပြီး ဘာမှမတွေ့လိုက်ရဖြစ်သွားတာ အားနာမိပါတယ်။

Anonymous said...

မမ ပထမဆုံးအကြိမ်ရောက်လာတာ.. မမရဲ့ တစ်ပတ်အပိုင်းအစလေးတွေက တော်တော်တန်ဖိုးရှိပါတယ်..
ကွာတာက..သမိုင်းချင်း..နှလုံးသားချင်း..လုပ်ရပ်ခြင်း..မိုးနဲ့မြေလိုဝေးပါတယ်။ << တကယ်ကို မှန်ကန်ပါတယ်.. အကြိုက်ဆုံးအပိုင်းအစပါပဲ..

ဒီမို

Unknown said...

မွေးနေ့ဆိုပါလား။ သိတောင်မသိလိုက်ဘူး။ ဘာမှလဲ မကျွေးဘူး။ ဒီနှစ်မွေးနေ့မှသည် နောက်နှစ်ပေါင်းရာကျော်တိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံနိုင်ကြပါစေ။

Anonymous said...

တပတ်စာအပိုင်းအစများက ဟာသလေးနှောပြီး ၊ အဓိပ္ပါယ်ရှိတာတချို့နဲ့ သိပ်ဖတ်ကောင်းပါတယ်း)

Unknown said...

It is interesting to read about Myita Oo..funny she is.

ATN said...

Very colorful. How can u do that.