Our Friend Photojournalist

ဓါတ်ပုံ သတင်းထောက် ... သူငယ်ချင်း



Ko Thu Ya Soe, a 30-year-old photographer who works for the German agency EPA, has been missing since the start of October. He was last seen taking photos near the Sule pagoda in Rangoon. No one, not even his family, has any idea where he is.


blog it




RSF ကထုတ်ပြန်တဲ့သတင်း ကိုဖတ်အပီး.. RFA ကလည်း ဓါတ်ပုံသတင်းထောက် ကိုသူရစိုး ပျောက်နေ ကြောင်း ကြားလိုက်ရတော့.. အိမ်မှာ ၂ယောက်သား..တယောက်မျက်နှာတယောက်ကြည့်ပီး..စိတ်မကောင်းဖြစ်နေမိကြတယ်။

အခုဟာက.. သတင်းထောက်တွေ..ဓါတ်ပုံသမားတွေက.. နံပတ် ၂ ရန်သူတွေ အဖြစ်သတ်မှတ် ခံနေရတာကိုး။


ကိုယ်တို့ကတော့..သူ့ကို လောအယ်စိုး ပဲခေါ်တယ်။ အဲဒီတုံးက..စင်ကာပူ မှာ..ဘိုးတော်အပြန် အိမ်ကိုပါလာတဲ့..သူ့ပုံစံကို မှတ်မိနေတယ်။ ပေါ့ပါး ဖြတ်လတ်တဲ့ သူ့ပုံစံက..သူ့အသက်ထက် ငယ်ပုံပေါ် နေတယ်။ ထက်မြတ်တဲ့ သူ့အယူအဆတွေနဲ့.. ခိုင်မာ တဲ့ သူ့ အိမ်မက်တွေကြောင့်.. ချက်ချင်း ဆိုသလို ခင်မင်သွားမိတယ်။ ညရောက်တော့..ဧည့်ခန်းထဲမှာ ... မွန်းအောင်ရဲ့..လက်ရွေးစင် အခွေကို ဖွင့်နားထောင်ကြတော့.. အိုး..သူ့မှာ.. ကောင်းလိုက်တာကွာ လို့..ထပ်ကာ ထပ်ကာ ရေရွတ်ရင်း .. ရှေး ဟောင်းနှောင်းဖြစ်တွေ ပြောကြ။ ဒါတောင်..ကိုယ်တို့ ခေတ်က..မွန်းအောင်တို့ထက် အများကြီး နောက်ကျ ပါသေးတယ်။ တက္ကသိုလ်မှာ တော့..မွန်းအောင်သီချင်း တွေ အကြောင်း ပြောနိုင်..ကြိုက်နိုင်ရင်..ဆရာ ကြီး လေ။ တက္ကသိုလ်ရိပ်သာ လမ်းနဲ့ ပြည် လမ်း မကြီး ပေါ်မှာ ရှိနေတဲ့..သမိုင်းဝင် ရန်ကုန် တက္ကသိုလ်ကြီး ရဲ့ ဆည်းဆာ ချိန်လေးတွေကို ပွတ်ကာသီကာ မှီလိုက်သေးတာမို့..အဓိပတိလမ်း ကစလို့.. ရွှေဘို..ပင်းယ..အင်းဝ..တကြော.. သိရိ..ရတနာ..အင်းယား အထိ..ဘယ်သူနဲ့သိတာ..ဘယ်ဝါနဲ့မေဂျာတူတာ.. သူငယ်ချင်းတွေ စပ်နေလိုက် ကြတာ..ညဉ့်နက်ရောပဲ။ သူက..မြ၀တီက လာတဲ့.. ဥပဒေကျောင်းသား ဆိုတော့..ရွှေဘို ဆောင်က။ ကိုယ်တွေက အင်းယားက..။ မဆုံခဲ့..မသိခဲ့ကြ ။ ..ဘိုးတော်နဲ့ က ကျတော့. UCF ( University Christian Fellowship) မှာကတည်းက.. ခင်ကြတာဆိုတော့..သူတို့ကလည်း..သပ်သပ် တလိုင်း။

တကယ်တော့..ဗမာ တိုင်းရင်းသား ဖခင်နဲ့..ကရင် တိုင်းရင်းသူ မိခင်က မွေးခဲ့သူမို့.. နှစ်ဖက် အသိုင်း အ၀ိုင်း တွေမှာ..တခါတလေ..ကို့ယို့ကားယား ဖြစ်တတ်သလို..တချိန်တည်းမှာပဲ..နှစ်ဖက် စလုံးသော လူမျိုးစု တွေနဲ့ ရောနှောပေါင်းသင်း နိုင်သူ ဖြစ်နေပြန် သည်။ ကိုယ် နဲ့တော့..ဘာသာရေး အကြောင်းလည်း..ဆွေးနွေး လို့ရ.. နိုင်ငံရေး အကြောင်းဆိုလည်း အမြင်တူ..လူမျိုးရေး အကြောင်း ပြောလည်း..အပေးအယူ မျှ နေတော့.. သူငယ်ချင်း အရင်းဖြစ်တဲ့ ဘိုးတော်တောင်..ပါးစပ်ပိတ် နေရရှာတယ်။

စင်ကာပူ အမျိုးသားတက္ကသိုလ် က ..ကျောင်းသားတချို့ နဲ့..Project တခု တွဲလုပ် ဖို့ ရောက်လာတဲ့.. ဓါတ်ပုံ သတင်းထောက် ကြီး တယောက်..သူ့ရဲ့ Canon EOS1D အမျိုးအစား ကင်မရာ ကြီးကို တသသ လုပ်ရင်း..နာကျည်းတ၀က်..ကျေနပ်တ၀က်နဲ့ ပြော သေးတယ်။


` ငါ့ကွာ..ဟို ဇော်မင်းယုတို့ နိုင်ငံခြားက ပြန် လာတော့..သူ့ကင်မရာ ကြီးကို ငေးလိုက်ရတာ..ဒီလို ကင်မရာမျိုး မကိုင် နိုင်ရင် ..နိုင်ငံတကာအဆင့်မှီ ဓါတ်ပုံမျိုး ဘယ်တော့မှ..မရဘူးတဲ့ကွာ..ပြောခံလိုက်ရတာ..´

ပီးတော့လည်း..ဘယ်သူ မှ ရိုက်မစစ်ပဲ ပြောသေးတယ်။
` ခုလည်း..ငါ..ပိုက်ဆံ သိပ်ပေါ လို့ ကိုင်နိုင်တာ မဟုတ်ပါဘူးကွာ... ဟို project ဒီ project လေးက ရတာလေး ရယ်..ခုလည်း..ဒီလာတော့.. NUS က ကျောင်းသားတွေက..ငါ့ကို သနားလို့ထင်တယ်.. စုပီး..လိုတာလေး တွေ ထပ်ဝယ်ပေးတယ်ကွ..´

တကယ်ပဲ..။ သူ့ကို ကြည့်လိုက်ရင်..ငွေရေး ကြေးရေး အတွက်..ပူပန်နေတဲ့ပုံ တခါမှ မတွေ့ဘူး။ သူဝါသ နာပါ တဲ့ အလုပ်ကိုပဲ စိုက်လိုက် မတ် တပ် လုပ်နေ ရင်း..ကြုံသလို ဖြေရှင်းသွားတာပဲ။ ဘိုးတော်ကတောင်ပြောတယ်..ဟိုး..ငယ်ငယ် ရန်ကုန် ရောက်စ တည်းက.. အပေါစား ကင်မရာ လေး တလုံး နဲ့..သာရေး နာရေး တွေ..အလကားမတ်တင်း လိုက်ရိုက်ပေး နေတာပဲတဲ့။

အခုလဲ..စင်ကာပူ မှာ..သူငယ်ချင်းတွေက..နေခဲ့ဖို့..အလုပ်ရှာဖို့ ပြောပေမဲ့..စိတ်တောင် ကူးပုံမပေါ် ဘူး.. ။ အဖြူ အမဲ ပုံတွေ ရဲ့ အလှ အကြောင်း ပြောလိုက်..စင်ကာပူ သတင်းစာ တွေရဲ့ ဓါတ်ပုံ အဆင့်မှီပုံ တွေအကြောင်း ပြောလိုက်..နဲ့ ကျေနပ်နေတာပဲ။ ထူးထူးခြားခြား အမြင် တခု ကိုလည်း ဆို လာသေးတယ်။ ခု မီဒီယာ တွေက..ဒုက္ခသည် စခန်း တွေကို အလေးပေး နေကြပေမဲ့..တကယ်တော့..ဗမာပြည်အလယ်ပိုင်..အထက်ပိုင်း..မိုးခေါင်ရေရှားရပ်ဝန်း တွေက ဆင်းရဲသား ပြည်သူ တွေ ရဲ့ ဘ၀ တွေ ကို ပြင်ပ က သိပ်မသိကြဘူး တဲ့..သူ project တခု အဲဒီ ခေါင်းစဉ် နဲ့တင်ထားတာ ကျလာတယ်တဲ့။ ခုပြန်ရင်..ခရီးစထွက်ပီး..ဓါတ်ပုံတွေရိုက်မယ် တဲ့လေ။ ပြည် တွင်း ရွှေ့ပြောင်း အခြေချမူတွေ..အလုပ်မဲ့ ရည်ရွယ်ချက်မဲ့လူငယ်တွေ..စစ်သား တွေ ဖြစ်လာပုံတွေ.. သူပြော တော့မှ..ဟုတ်သားလို့။
စာရေး ဆရာမ ဂျူးနဲ့ တောင်..အဲဒီ အကြောင်း ဆွေး နွေး ဘူးတယ် ဆိုလား။ အင်း...အဲဒါ နဲ့ ဂျူး ရဲ့ ချင်းပြည် အကြောင်းရေး တဲ့ ၀တ္တုလေး ထွက်လာတော့တောင်..အဲဒီထဲမှာ ပါတဲ့..ဓါတ်ပုံ ဆရာ လေး ဆိုတာ..လော အယ်စိုးလား မသိဘူး ဆိုပီး ပြောဖြစ် ကြသေးတယ်။ ဟုတ်မဟုတ် တော့..ဂျူးမှပဲ သိမယ်။


သူ ပြန်သွားပီး.. တနှစ်လောက်နေ တော့..ထူးထူး ဆန်း ဆန်း ဖုံး ဆက်လာ သေးတယ်။ သူ လာ တုန်းက.. ကျွေးမွေး ပြုစု တာတွေ ကျေးဇူးတင်ကြောင်း.. အစဉ် အမြဲ သတိရ ကြောင်း...ပီး..သူ အခု နိုင်ငံခြားသတင်း ဌါ န တခု မှာ..အမြဲတမ်း ဓါတ်ပုံ သတင်းထောက် အဖြစ် ရသွားတဲ့ အကြောင်း ..စုံလို့ပါပဲ။ ကိုယ်တို့ တွေလည်း..တကယ် ၀မ်းသာ ပါတယ်။ ဟိုဟာ ကောင်း နိုး ဒီဟာ ကောင်းနိုး.. ပေါ် ပင် လိုက်နေရတဲ့ ခေတ်ကြီး ထဲမှာ..သူဝါသနာ ပါရာ ကိုသာ စိုက်လိုက် မတ်တပ်..လျှောက်ခဲ့တာ။ ထိုက်ထိုက် တန် တန် ဖြစ်ပါစေ လို့ပဲ တွေး နေမိ ခဲ့ကြတယ်။

ရန်ကုန်မှာ.. သတင်း တွေ ထူး လာနေပီ ဆိုတာ နဲ့..သူငယ်ချင်း လုပ်သူ ကို တခါ တည်း တန်း မြင်ယောင် မိနေတာလေ...။ ဘယ်လို များ သဲထိတ် ရင် ဖို သတင်း ဓါတ်ပုံ တွေ လိုက် ရိုက် နေပီလဲပေါ့။ နံမယ်နဲ့ တဲ့တဲ့ တွေ့မှပဲ။

ဒီစာ ရေး နေတုံး .. သတင်း ကောင်းလေး တခု ထပ် တွေ့လိုက်ပါတယ်။ ရက် အတန် ကြာ သတင်း အစအန ပျောက် နေရာမှ..ခု တော့..မိခင် သတင်း ဌါန ကို ဆက်သွယ် လာကြောင်းတဲ့။

Update: epa Photojournalist In Myanmar Is Safe

Yesterday we spotted a report on the Reporters Without Borders Web site saying photographer Ko Thu Ya Soe, who is working for epa, was missing in Myanmar. Today we heard some good news from epa managing editor Maria Mann: Ko Thu Ya Soe is fine. He made contact with a local press association yesterday.


blog it



တော်ပါသေးရဲ့..လောအယ်စိုးရေ.. မသေ ကောင်း မပျောက်ကောင်း။


Related Links: http://www.mizzimaburmese.com/content/view/160/2/


Share/Bookmark

3 Comments:

Anonymous said...

I hope Ko Law Eh Soe is fine.

Anonymous said...

အမရေ .. အမသူငယ်ချင်းအတွက် ဂုဏ်ယူပါတယ် ။ သူ သေကံမရောက် သက်မပျောက် ဖြစ်တဲ့အတွက်လည်း အလွန်ဝမ်းသာပါတယ် ။

စိုးဇေယျထွန်း said...

အင်း
ဟုတ်တယ်
သတင်းဓာတ်ပုံ သမားဘ၀ကတော့
ဒီလိုပါပဲ
ဒါပေမယ့် ပြန်စဉ်းစာရင် ကြေနပ်ပါတယ်