Talk and Propose Approach

ပွင့်လင်းသော ချဉ်းကပ်မူ

တနင်္ဂနွေနေ့ ( ၃၀ ) ရက် မနက်.. ဘုရားကျောင်းကိုသွားတယ်။ အမြဲ စောင့်ရှောက် ကူ ညီ နေကြ အော်စီ အမျိုး သမီး ကြီး အယ်လ်စီ နဲ့ တကွ..မိတ်ဆွေ တွေက မြန်မာ ပြည် အကြောင်းတွေ မေး ကြ.. အားပေးကြ တော့.. မျက်ရည် ပေါက်ပေါက် ကျမိတယ်။ သူတို့ အားလုံး ၀ိုင်း ဆုတောင်းပေး ကြပါတယ်။ ဘုရား သခင် ကိုလည်း ဘယ်နှယ် ကြိမ် မြောက်မှန်း မသိ ...ယုံကြည်ပါတယ် ဘုရား။ ပစ်တော်မမူပါနဲ့ဘုရား။ အမှန် တရား နဲ့ တရား မျှတမူ လူသားခြင်း ကြင်နာ မူ တွေ ကို အမိမြေပေါ် ကို ပြန်လည် ပို့ဆောင်ပေးပါ ဘုရား။ ရက်စက် ယုတ်မာ လွန်းသော မကောင်းဆိုးဝါး နှလုံး သား များ ကိုလည်း တို့ထိ ၍ ပြိုကျ ကြေကွဲစေပါဘု ရား... လို့ နာကျင် စွာ တိုးရှိုး မိပြန်တယ်။

အိမ် ကိုပြန် ရောက်တော့ ငါ ဘာလုပ်လို့ ရလဲ။ ငါ ဘာလုပ် နိုင်မလဲ။ ထမင်း လဲ မစားနိုင် တီဗီ ဆိုတာ ဝေ လာ ဝေး။ ကွန်ပြူတာ ရှေ့ က မထနိုင်အောင် စာတွေ ရေး.. ဆိုင်းတွေထိုး။ ကိုယ် တတ်နိုင်တဲ့ ဆန္ဒထုပ် ဖော်မူတွေ ကိုပဲ ဖိလုပ် နေမိတယ်။ နိုင်ငံတကာ ဆန္ဒ ပြပွဲတွေ လည်း မပါ နိုင်။ ကိုယ်နေတာ ..တကယ့် နယ်မြို့ သေးသေးလေး။


နောက်ဆုံး ဘုရား ကို သစ္စာ ဆို အာရုံပြုပီး စိတ်နှလုံး ဒုံးဒုံးချပီး ဖုန်း ကောက်ခေါ် လိုက်တယ်။ ဘယ်သူ့ကိုလည်း ဆိုတော့ ဒီမြို့ လေး မှာ ကြံကြံဖန် ဖန် လာ ဆုံစည်း ရတဲ့ ဗမာ မိတ်ဆွေတယောက်။


သူက.. မကြာခင်က.. အုပ်စုလိုက် အဖြုတ်ခံ အနားပေး ခံလိုက်ရ သော်လည်း အဆက်အသွယ် များ ရှိနေ သေး တယ် လို့ ယူဆ နေကြတဲ့ အဆင့်မြင့် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင် ကြီး တယောက် ရဲ့ သမီးပါ။

+++++++++++++++++++++++++


` ဟဲလို ..မ....လား´


` ဟေး... နေမကောင်းဘူးဆို..´


` လူနေမကောင်းတာပါ..မ ရယ်... သတင်းတွေ ဆက်တိုက်ကြည့် ပီး..အရမ်း စိတ်မကောင်းဖြစ် ရတယ်..´


` အေး..နော်´


` ဒီနေ့ ..ဘုရားကျောင်းမှာလည်း အော်စီတွေ ၀ိုင်း မေးကြတယ်လေ.. ရှက်စ ရာ လည်း ကောင်းလှပါတယ်..မ..ရယ်´


` အေးလေ..´


` ..မတွေ့ဖြစ်တာလည်း တပတ်တောင်ရှိပီ...လူလည်း တပတ်လုံး စိတ်လက် မချမ်း သာ ဖြစ်လွန်း လို့ ..ဟိုနေ့က..ဈေး သွား မယ် ဆိုတာ လည်း မလိုက်ဖြစ်တာ ပါ´

`အော်...´

` သတင်း တွေမှာ တွေ့တယ် မဟုတ်လား ..ဂျပန် သတင်း ထောက် ကို ပစ်သတ် တဲ့ ပုံ..အိုး..ရှက်ဖို့လည်းကောင်း..ကြောက်ဖို့လည်းကောင်း...´

` အေး..ဟုတ် တယ် ..တွေ့လိုက်တယ်..´

` အဲဒါ လူတွေ ပြော နေကြတယ်..ပစ်တဲ့ တယောက်က..ညှပ် ဖိနပ်နဲ့..ယူနီဖောင်းက လဲပွယောင်းယောင်းနဲ့... စစ်သား အစစ် မဟုတ်ဘူးလို့ လဲပြောကြတာပဲ´

` အေး လေ.. အမိန့်ပေး ခိုင်းနေ တဲ့ သူတွေ က.. အဓိက ပဲ... စစ်သား တွေကတော့..´

` ဟုတ်တယ်.. ရက်စက်လွန်း အား ကြီးတယ်.. မ..ရယ်..တပ်ထဲ မှာ ..စစ်သား ကောင်း တွေ အများ ကြီး ရှိတယ် ..သိတယ်..အခုဟာ..တစု တဖွဲ့ က..ဦးဆောင် နေတာ..ခက်တာက..တပ် တွင်း ကွဲ တယ်ဆိုတာ လည်း ..တခါမှ မကြား ဘူ ဖူး ဆိုတော့..´

` အင်း...ဟုတ်တယ်´

` ကြည့်ပါဦး မ...ရယ်... ဘုန်းကြီးကျောင်း တွေ ၀င်စီး..ဘုန်းကြီး တွေကို နှိပ်ကွပ် သတ်ဖြတ် နေတာ..စိတ်မချမ်း သာ စရာ ကောင်းလိုက်တာ .. ဟို တနေ့ ကဆို..ကငွေကြာရံ ကျောင်း တို့ မဂ္ဂင် ကျောင်းတိုက် တို့ကို ၀င်စီး တာ လေ..ဘု ရားပုံ တွေ လည်း ခေါင်း တွေ ပြတ်.. ဘုန်းကြီး တွေ ကို လေး ဖက်ထောက်ခိုင်း ပီး ခေါင်း တွေ ကို ရိုက်တာ..သွေး ပွက်ပွက် ကို အန်တာ´

` တောင်ဥက္ကလာ က ငွေကြာ ယံ ကျောင်းလား´

` အေးလေ...အေးလေ..အဲဒါ´

` ဟင်း.....´

` မဂ္ဂင် ကျောင်းက ကျောင်းထိုင် ဆရာ တော်ကြီး တွေ ဆို သက်တော် ၇၀ ကျော် ကြီး တွေ.. ပျံလွန် တော် မူကုန်ပီ တဲ့..သူတို့ က..အေအိုင်ဒီအက်စ် ဝေဒနာ သည် တွေ အတွက် ..လုပ်ပေးေ နတာ..လူမူ ရေး လုပ်တယ် ဆိုတော့..နိုင်ငံရေး ကလဲပါတာပေါ့..အဲဒါကို မျက်မုန်း ကျိုးနေတာ..´

အင်း....

` မြစ်ကြီးနား ကပါရဂူဘွဲ့ ရ ဆရာ တော်တပါး ဆို..မရှိဆင်းရဲ ကလေး တွေကို အင်္ဂလိပ်စာ သင်ပေး နေတာ.. မနေ့ကပဲ ရဲစခန်း မှာ အရိုက်လွန်ပီး ..ပျံလွန် တော် မူသွားပီတဲ့´

` မ... ရယ် ..အခု ပြော တာေ တွ စိတ် အနှောင့် အယှက် ဖြစ် ရင် ဆောရီးပါ.. ကျမလည်း..ရင်ထဲ မကောင်းလွန်း..မခံစားနိုင်လွန်း လို့..ဘယ်သူ့ကို တိုင်တည်ပြော ရမှန်း မသိတာနဲ့..မနေနိင်လွန်း လို့..မ....ကိုခေါ် ပြောတာ....´

` မဖြစ်ပါဘူး..ရပါတယ်..အင်းလေ နော်...´

` အခု ဆို..ညဖက် ညဖက် ဘုန်းကြီးကျောင်း တွေကို ၀င် ၀င် စီး နေတာ..လူတွေကပဲ..၀ိုင်းပီး ကာ ကွယ်ပေး နေရတယ်.. မင်းမဲ့စရိုက်တွေ ဖြစ်နေပီ...ကြည့်ပါဦး..ကမ္ဘာမှာ ဗုဒ္ဒဘာသာ နိုင်ငံလေး မှ ..၃ -၄ နိုင်ငံ ရှိ တာ..ခု ဆို..ယိုးဒယား..ကမ္ဘောဒီယား..ကဘုန်း ကြီး တွေ တောင် မခံနိုင် လွန်း လို့ ဆန္ဒပြ နေကြပီ...ဗုဒ္ဓဘာသာ ဆိုတာ ကိုတောင်ဖျက် ဆီးနေပီ။ ပြည်သူ တွေမှာ လဲ ကိုးကွယ်ရာ မဲ့နေပီ...

ကျ မတော့လေ..မိုးပြိုသလို ကို ခံစား ရတာ...´

` အင်း.. ..လေ´

` လုပ်ပါဦး..မ...ရယ် ...မ....တို့ အဖေ တွေ ..အမျိုးသား တွေကို ဖုံးခေါ် ပီး တခု ခု ပြောပါဦး...ကျမ သိတယ်..တပ်ထဲမှာ..မလုပ်ချင်တဲ့သူတွေ ရှိတယ်..လူကောင်းေ တွ အများ ကြီး ရှိတယ်..ငြိမ် မနေ ကြ ပါနဲ့ လို့...ကိုယ့်ပတ်သတ် ရာ လေး တွေကို..တိုက်တိုက် တွန်း တွန်း လေး တွေ လုပ်ပါ အုံး လို့...ကျ မတော့..အမျိုး တွေ မိတ်ဆွေတွေထဲက..ဗိုလ်တွေ အကုန် ဖုံးခေါ် ပီး..ပြောတယ်.. မောင် ၀မ်းကွဲလေး ဆို..ဖုံးတောင် ဆက်မရ တော့ဘူး..´

`ဟုတ်လား..အေး..ဖုံးခေါ် ကြည့်အုံးမယ်´

` လုပ်ပါ မ....ရယ်...ကျမတို့..စကား တခွန်းဟာ လည်း ..မထင်မှတ်ပဲ...အပြောင်းအလဲတခု ကို..တွန်း အားပေး နိုင်မှာပါ.. အသက်တွေ အများ ကြီး ကို ကယ်တင် နိုင် ချင် နိုင်မှာပါ...´

........
ကျေးဇူး ပါပဲ မ...ရယ်.. ကျမလဲ ဘာလုပ်ရမှန်း မသိ လို့ .. ပါ..

အိုကေ နော်.. နောက်တပတ် ကျ တွေ့ ကြမယ် နော်..ခုရက် ထဲ တော့..ဘာမှလဲ မလုပ်စား ဖြစ် လို့..ကျေးဇူး နော်...´

` အေး..အေး..ဟုတ်ပီနော်..´

+++++++++++++++++++++++++

ဟူး.................

မနား တမ်း ဆက်တိုက် ပြော အပီး... ချီထားတဲ့ သက်ပြင်း တခု ကို စိတ်ရှိ လက်ရှိ ချ ပစ် လိုက် တော့ တယ်။


ကိုယ့် လူ မျိုး ချင်း တွေ.. အယူ အဆ မတူ ..ရပ်တည် ချက် မတူ တာနဲ့.. မခေါ် မပြော လုပ်လို့ မဖြစ်နိုင်သလို... အားနာလို့ ဆိုပီး... စကား လွှဲ ..လူလွှဲ.. အမှန် တရားတွေကို ရှောင်လွှဲ ထား လို့ မသင့်တော်ပါ။ ပွင့်ပွင့်လင်း လင်း အမြင် ဖလှယ် ချင်း အားဖြင့် ... ကိုယ် ပိုင် ခံယူချက် များကို မျှမျှတ တ တင်ပြ ခြင်းဖြင့် ဆက်ဆံရေး များ ကို ပိုမို သက်တောင့်သက်သာ ရှိလာနိုင်သလို... လူ့  ဘောင် လော ကကြီး လည်း ပိုမို ပွင့်လန်း လာမှာပါ။


တရားမျှတမူ ကို... တတ်နိုင်သ မျှ .. ပွားများ ဖို့ ကြိုးစားလျက်။




Share/Bookmark

0 Comments: