92 Birthday .. Luu Du Daw Ahmar

ဆရာ မကြီး လူထု ဒေါ် အမာ ..( ၉၂) နှစ် ပြည့် အမှတ် တရ


ဒီနေ့.. ဆရာ မကြီး လူ ထု ဒေါ် အမာ ရဲ့ ( ၉၂) နှစ် မြောက် မွေး နေ့ တဲ့။


ဆရာ မကြီး နဲ့ ပတ် သတ် လို့..ကိုယ် ဘာသိ လဲ..ဘာရှိ လဲ ဆို တော့..
ဆရာ မကြီး ရဲ့ စာ အုပ် တချို့တလေ ဖတ် ဘူး တာက လွဲ လို့..ဘာ အမှတ် တရ မှ..မ ရှိပါ။ နောက်ပိုင်း ကလျာ မဂ္ဂဇင်း မှာ အမြဲ လိုပါတဲ့.. ရှား ရှားပါး ပါး ဆောင်းပါး လေး တွေ စောင့်ဖတ် ရင်း.. အရင် တုံးက ရေး ခဲ့တဲ့..` ပြည်သူ ချစ် သော အနု ပညာ ရှင် များ´ လို.. လုံးလုံး ခဲခဲ စာ ပေ တွေ ကို ..ပြန် လည် တမ်း တ မိ နေခဲ့တယ်။ နောက်ပီး.. ရွှေ ရိုး ..ဦး ဘကလေး စာအုပ်.. ။ တကယ့် အဆီ အနှစ်.. မှတ် တမ်း..စာ ပဒေသာ ကြီး တွေ။ ဖတ် ခဲ့ တုန်းက.. ၁၀ တန်း လောက် ဆိုတော့..ခု နေ..ပြန် ဖတ် ချင် ပါသေးတယ်။ အတွေး အသစ် ..နားလည်..သုံးသပ် မူ အသစ် တွေ နဲ့ပေါ့။

သေချာ တာကတော့.. ဆရာ မကြီး ဟာ.. အသက်ရှင် နေတဲ့..သမိုင်းစာအုပ် ကြီးတခု ပါ။ မြန် မာ ပြည် လွတ် လပ်ရေး ကြိုးပမ်း မူ သမိုင်း ကစ လို့.. ယနေ့ ခေတ် ဒီမို ကရေ စီ ကြိုးပမ်းမူ ကာ လတွေ ထိ.. ပြည့်စုံ နေတဲ့.. ပုံရိပ် တွေ အပြည့်နဲ့.. သမိုင်း စာ အုပ် ကြီး ပါ။ လက် နဲ့ ရေး တာတော့..မဟုတ် ခဲ့ပါဘူး..။ ဆရာ မကြီး ရဲ့..နှလုံး သွေး..တွေ..ယုံ ကြည်ချက် တွေ .. မျက် ရည် တွေ နဲ့ ရေးထား တဲ့ အပြည့် စုံ ဆုံး.. သမိုင်း စာ အုပ် ကြီး တခုပါ။ ပီး တော့.. မယိမ်း မယိုင် တဲ့..မြန်မာ့ စာပေ.. ကျောက် စာ တိုင် ကြီး ပါ။ ဆရာ မကြီး ကိုသာ အသက် ရှည် ထင်ရှား ..ချီးကျုး ဂုဏ်ပြု နေ ကြပေမဲ့..တကယ်တော့..ဆရာမ ကြီး ရဲ့ ခင်ပွန်း လူထု ဦးလှ အပါ အ၀င်.. ဆရာမကြီး တို့ မိသားစု အားလုံးဟာ..မြန် မာ ပြည် အတွက် တာဝန် ကျေ တဲ့.. ( ကျေလွန်း ) တဲ့.. ဂန္တ၀င် မိသားစု ကြီး တခု ဆိုတာ.. အားလုံး ရဲ့ရင် ထဲမှာ.. ငြိမ်သက် လက် ခံ နေ ကြပါတယ်။

ည က ရေ ဒီယို မှာ ကြားလိုက် ရတဲ့.. ဆရာ မကြီး ရဲ့..အသံ က..တုန် ရီ တိုးလျ နေ ပေမဲ့..ပြတ်သား ရဲ ရင့် နေ လျက် ပါပဲ။
` အမေ ကလေ.. အသက် ရှည် နေ သေး တုန်း ..တိုင်း ပြည် အ ပြောင်းလဲ လေး ဘာ လေး ဖြစ် တာတော့..မြင်ချင်တယ် လို့ ....အဲ လို ဖြစ် အောင် လည်း ..လူ တိုင်း လူတိုင်း က..ကိုယ် တတ် နိုင် သလောက် တော့ လုပ် ပေး ကြ လို့. ဒါပဲပြော စရာ ရှိ တာပဲ ကွ လို့..နော်..´

အမေ ရေ.. အမေ့ ဆန္ဒ ပြည့်ဝ ပါစေ။
( လူထုဒေါ်အမာ ၏ ပုံ အား..ဒေါက်တာလွဏ်းဆွေ ဘလော့မှ..ယူထားပါတယ်)


Share/Bookmark

0 Comments: