Christ on Christmas

ခရစ်စမတ် မှာ တွေး မိ တဲ့ ခရစ်တော် အကြောင်း

ခရစ်စမတ် ဒင် နာ အတွက်.. ကြက်ဆင် တကောင် နဲ့ အလုပ် ရှုပ်နေတဲ့..ဘိုးတော် ကို ကြည့်ကာ.. ကိုယ် နဲ့မဆိုင် သလို ခပ်လှောင် လှောင် ပြုံး နေ မိတော့... နင်ဟာ လေ..တော်တော် ဂွ ကျ တယ် တဲ့။

ခရစ်စမတ် ရောက် ရင်.. လက် ဆောင် ပေး ဖို့ ..ခေါင်း ချောက် အောင် စဉ်းစား ပြီးပြီလား... အကြီး အကျယ် ရောင်း ကောင်း နေတဲ့..ရှော့ပင်း စင် တာ ကြီး တွေ ရဲ့ မီး ရောင် စုံ တွေ ကြား မှာ များ ရောက် နေပီလား.. ရုံး မှာ ပါ တီ ရှိ တယ်..ဒီ ည ..ဒင် နာ ရှိတယ် လို့ တော့ ခပ် ဖွဖွ ညည်း မိ ကြ မှာ ပဲ။

ကလေး တွေ ဆိုလည်း.. ဘိုးဘိုး စင်တာကလော့ ဆို တာကြီး ကို တွေး ပီး.. စိတ်ကူးယဉ် အိမ် မက် တွေ နဲ့ ..စိတ် လှုပ် ရှား နေ ပီ ပေါ့။ အင်း လေ.. ပြော မှပဲ.. စာ အရမ်း တော် တဲ့.. အင်ဂျင်နီယာ ကျောင်း ဆင်း သူငယ် ချင်း မ တယောက် ဆို.. သူ ၉ တန်း ကျောင်း သူ ဖြစ် တဲ့ အထိ...ဘိုးဘိုးစင်တာ ကလော့ ဆိုတာ..ခရစ် စမတ်ဆို ရင် တကယ် ရောက် လာ တာ လို့ ထင် ခဲ့တာ တဲ့။ ဘာ ပဲ ပြော ပြော.. သီတင်း ကျွတ်မှာ မုန့်ဖက်ထုပ် အ၀ စား ရသလို.. ကလေး တွေ လည်း..ခု မှ ချော ကလက် အ၀ စား ရတာ မို့.. ပျော်ရွှင် စရာ အတိ နဲ့ ခရစ်စမတ် ပါပဲ။

အဦး ဆုံး ခရစ်စမတ်

လွန် ခဲ့တဲ့ နှစ် ပေါင်း ၂၀၀၀ ကျော် က.. အဦး ဆုံး ခရစ်စမတ် နေ့မှာ တော့.. ဒီလို မီး ရောင် တွေ မဆိုထား နဲ့... ပျော် ရွှင် ဖို့ နေ နေသာသာ....ရောမ အာဏာ ပိုင် တွေ ဆင့်ခေါ် တဲ့ .. သန်းခေါင် စာရင်း ကောက် ပွဲ အတွက်.. အနီး အပါး ရွာ နီး ချူပ်စပ် က.. ရောက် လာ ကြတဲ့.. လူတွေ နဲ့.. ရုတ် ရက် ခတ် နေတဲ့...ဘတ်သလင် ဟမ် ဆိုတဲ့ မြို့ ကလေး မှာ.. ကိုယ်ဝန် အရင့်အမာ အမျိုး သမီး တယောက် နဲ့ သူ့အမျိုးသား ဟာ.. အေးစက် တဲ့ ည အမှောင် ကြား.. တည်းခို စရာ ရှာ မရ နိုင် အောင် ရှိ နေခဲ့တယ်။ နောက် ဆုံး တော့.. ကြင် နာ တတ်တဲ့ ထမင်းဆို င် ရှင် တယောက် ကြောင့်..ထမင်း ဆိုင် နောက်က.. မြည်း ဇောင်း မှာ.. ဂျုံရိုး တွေ ကြား.. နွေး နွေး ထွေး ထွေး နား ခို နိုင်ခဲ့တယ်။ အလှုပ် အရှား များ..ခရီးပန်း လို့ထင့်... အဲဒီ ည မှာပဲ.. ကလေး မီးဖွား ဖြစ် ခဲ့တော့တယ်။ အဲဒီည က..ကောင်းကင်မှာ ကြယ်တွေ နက္ခတ် စုံ ခဲ့တယ်တဲ့။

ခရစ်တော် နှင့် ယုံကြည်သူများ

စဉ်းစား ကြည့်တယ်..ခုနေများ.. ကမ္ဘာကြီး ရဲ့ ..တနေရာ ရာ မှာ..ခရစ်တော် မွေး လို့တဲ့..ဆိုရင်.. ဟောဒီ ခေတ် လူတွေ..ယုံ ကြပါ့မလား...

အဲဒီ အချိန် တွေ တုန်း ကတော့.. ရောမအင်ပါယာ ကြီး အောက် မှာ..ပြားပြား မှေက် နေရတဲ့.. ဣသရေလ (ဂျူး) လူမျိုး တွေ အတွက် .. ခက်ခဲတဲ့ နေ့စဉ်ဘ၀.. ကြပ်တည်းတဲ့..အခွန် အခ တွေ အောက်မှာ..မျှောင်လင့်ချက် တွေ ကင်းမဲ့ နေတုန်း.. စိတ်တက် ကြွ စရာ သတင်း ကောင်း တခု ဖြစ်လာခဲ့တယ်။ ဒါပေမဲ့.. ရောမ မင်းစိုး ရာဇာ တန်းဝင်..ဣသရေလ အမျိုးကောင်းသား..ကျမ်းတတ် ပေတတ် .. အထက် တန်းလွှာ တွေ အတွက် တော့..မျက် ခုံး ခပ်လှုပ်လှုပ်ပါပဲ။ အထူး သဖြင့် ..၀တ်ရုံ ကြီး တွေ ဆင်မြန်းထားတဲ့.. အမိန့်အာဏာ တွေကို တဆင့် ကန်ထရိုက် ရထား တဲ့.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တွေ ကတော့.. အံသွား ကြိတ် ခဲ လျက် ပေါ့။ ဒီလို နဲ့ပဲ.. ဂျူးလူမျိုးစု.အခြေခံလူတန်းစား တွေ ကြား မှာ..နာဇရတ် မြို့သား ယေရှု ဟာ.. အထူး အားကိုး ချစ် ခင် စရာ .. သခင် ဖြစ် လာ ခဲ့ တော့တယ်။

ခရစ်တော် နှင့်..ဟစ်ပိုကရစ် များ

ဟစ်ပိုကရစ် ( Hypocrite) ဆိုတာကို.. ကြောင်သူ တော် များ လို့အလွယ် ပြန် မလား။
အပြင် ပန်း မှာ.. ပညာ တွေ..ဂုဏ်တွေ..ဘုရား တွေ..တရား တွေ.. အလှူ တွေ အတန်းတွေ.. ငွေ တွေ ရွှေ တွေ ပြည့် နေ ပေမဲ့.. အတွင်း စိတ် ဖောက်ပြန် သူတွေ.. ပေါ့။ စိတ်ကြိုက် ထပ် ဖြည့် ရ ရင်တော့..အဓိပ္ပါယ် မရှိ တဲ့ လုပ်ရပ် တွေ ကို..လှလှပပ လုပ်ပြ နေသူတွေ လေ။

ဘုရားသခင် ရွေး ချယ် သော လူ မျိုး တော် ဆိုတဲ့.. ဂျူး ဘာသာရေး ခေါင်း ဆောင် တွေ ..တွင်တွင် ရွတ်ဆို နေတဲ့..စကား ကို.. လူသား တိုင်း အတွက် ..ကယ် တင် ခြင်း ဆိုတာနဲ့.. ယေရှု က..အစားထိုး ခဲ့တယ်။ ဥပုပ် နေ့မှာ..ဘာလုပ်သင့် တယ် ..ဘာမလုပ် သင့် ဘူးဆိုတဲ့.. ထုံးတမ်း တွေ ကို .. နာမကျန်း သူ တွေကို တွေ့တဲ့ နေရာ..တွေ့တဲ့ အချိန်မှာ.. အနာ ရောဂါ တွေ.. ပျောက် စေ ခဲ့ခြင်း နဲ့..မှေးမှိန် စေခဲ့တယ်။ သာသနာ ရေး ဆိုင် ရာ အဆောက် အဦပေါ် တက်ပြီး... အလှူ ငွေ ကောက် နေတဲ့သူတွေ.. စီးပွား ရှာ နေတဲ့..သူတွေကို.. စိတ်လိုက် မန်ပါ ..မောင်းချ ပြစ် တာ ကတော့.. ပြော စရာ ကို ရ ရော ။

ခရစ်တော် နှင့် လက်ကိုင်တုတ်များ

ရုပ်ရှင် ဇာတ် လမ်း တွေထဲ မှာ.. `သတ် ပြစ် ..သတ်ပြစ် ´လို့..ကြွေးကြော် နေကြတဲ့.. ဂျူး လူ မျိုး တွေ ရဲ့ အလယ်.. ရော မ လက်မရွံ့ စစ်သား တွေရဲ့ အရှေ့မှာ..နာဇရတ် မြို့သား ယေရှု တယောက်.. သွေးသံရဲ ရဲ နဲ့ ခံစားနေ ခဲ့တာ ကို..နားမလည် နိုင် ခဲ့။ ကိုယ့် လူ မျိုး တူ.. ဘ၀တူ..နင်းပြား ချင်း များ..ဘာလို့..ဒီလောက် အသဲအမဲ ဖြစ် နေရ ပါ လိမ့် ဆိုတာ ကိုပါ။ တကယ် ဆို..အဲဒီ လူအုပ် ကြီး ရဲ့ နောက်ကွယ် မှာ.. ဂျူး ဘာသာ ရေး ခေါင်း ဆောင် တစု.. သူတို့ ရဲ့ ရပ် တည် မူ အတွက်..ကြီး မြတ် မူ အတွက်.. အရှိန် အ၀ါ အာဏာ တွေ အတွက်.. ငွေထုပ် ကြီး ပိုက် ပြီး.. စောင့် နေ နိင် တယ် ဆိုတာကို..မတွေး မိခဲ့တာ နော်။ အဲဒီ အခင်း အကျင်း တွေ အကုန် လုံး ကို `အေန´ ဆိုတဲ့..ဂျူး ဘာသာရေး ခေါင်း ဆောင် ကြီး တယောက်က.. စီစဉ် ခဲ့တယ် ဆိုတာ.. မှတ် တမ်း တချို့ ရှိ နေခဲ့တယ် တဲ့။ အဲဒီ လူ အုပ် တွေ ထဲမှာ.. ယေ ရှူ ကို .. မျက် မှောက် ဘ၀ တွေ မှာ ချက် ချင်း လက်ငင်း ကယ်တင်မဲ့ နိုင်ငံရေး ခေါင်း ဆောင်.. တော်လှန် ရေး ခေါင်း ဆောင် တယောက် အဖြစ် မျှော်မှန်း ခဲ့ပြီး၊ မှန်း ချက် နဲ့ နှမ်း ထွက် မကိုက် လို့.. စိတ် ပျက် နေတဲ့..လူ တစု လဲ ပါကောင်း ပါ နိုင် ပါလိမ့်မယ်။

ခရစ်တော်..ရှုံး သူလား..နိုင်သူလား

နာဇရတ် မြို့သား ယေရှု ကို .. ရက်ရက် စက် စက် သတ် ပြစ် လိုက် နိုင် ပါပြီ။ ကိုယ့် ကို ကိုယ် ..ပြန် ကယ် တင် အုံးလေ ဆိုတဲ့..လှောင်သံ တွေ အောက်မှာ..တည် တည် ငြိမ် ငြိမ် ... သေ ပြ သွား ခဲ့ ပါပြီ။ သူပြောခဲ့တဲ့ ..သူဟော ခဲ့တဲ့..တရား တွေ အတွက်..တာဝန် အပြည့်ယူသွား ခဲ့ ပါ တယ်။ သူ ရှုံး သွားခဲ့ တာလား။ သူ အခု ရှုံး နေတုန်းလား။

မာတင်လူသာကင်း .. အသတ် ခံလိုက် ရတယ်။ သူပြော တဲ့.. ပြုပြင် ပြောင်းလဲရေး တရား တော် တွေ..ရော အသတ် ခံ လိုက် ရလား။ ဂန္ဒီကြီး.. လုပ်ကြံ ခံ လိုက် ရတယ်။ သူ ဖော် ဆောင် ခဲ့တဲ့.. ငြိမ်းချမ်း ရေး လမ်းစဉ် ပျက် ပြုန်း သွား သလား။ အယုံ အကြည် မဲ့သွားလား။ ကောင်း မြတ် ခြင်း တရား တွေ ကို..ဘယ်လူ မျိုး..ဘယ် ဘာသာ ရေး ကမှ.. တီထွင် ခဲ့တာ မဟုတ် ပါဘူး။ သစ္စာ တရား ပါ။ နေရာ တိုင်း မှာ ရှိ နေပါတယ်။ နှလုံးသား တိုင်း ကလည်း..နှစ် ခြိုက် ကြ ပါ တယ်။


+++++++++++++++++++

အားလုံးပဲ..ငြိမ် သက်ခြင်း.. ရွှင် လန်းခြင်း.. နှစ် သိမ့်ခြင်း.. ယုံကြည်မျှော်လင့်ခြင်း နဲ့ မေတ္တာတရား များ .. ပွားများ ကြပါစေ။



Share/Bookmark

3 Comments:

Anonymous said...

ကေ့ရဲ့ မွေးနေ့တော် မက်စေခ်ျကတော့ ကြားနေကျ ဘာသာရေးခေါင်းဆောင်တွေရဲ့ ဖန်တရာထပ်တွေနဲ့မတူ တမူထူးခြားပြောင်မြောက်ပါပေတယ်။ နှစ်သက်မိပါတယ်ကေ..
ခရစ် တော်..ရှုံး သူလား..နိုင်သူလား
ဆိုတဲ့ အပိုဒ်လေး ယူသွားတယ်။ ခွင့်ပြူပါ

Anonymous said...

Merry X'mas!

မေငြိမ်း said...

ကေ.. တခါတရံမှာတော့ အသေခံပြီး နိုင်ရတာဟာ မတရားဘူးလို့ ထင်ပါတယ်။ ဒီလိုနဲ့ သူတော်ကောင်းတွေ လူတော်တွေကို ဆုံးရှုံးခဲ့တာ အကြိမ်များစွာပဲ..။ အဲလိုပဲ မြင့်မြတ်သူတွေဟာ အမြဲ ပေးဆပ်နေရမှာပဲလားးးးးးး ဒါကြောင့်ပဲ မြင့်မြတ်သူ အရေအတွက်က လက်ချိုးရေလို့ ရနေတာပဲနော်..။