ပြည်ထောင်စုနေ့ မှတ်စု


ပြည်ထောင်စုနေ့

`တို့ပြည်ထောင်စု အလံတော် သည် တလူလူ လွင့်လို့ချီ လာပြီ... ပြည်သူ အများ တို့ ပျော်ရွှင် ကြည်...မနှေး အခု အလေးပြု ကြပေမည်....´

ငယ်စဉ်က.. နားစွဲ အောင်ကြား..လျှာစွဲအောင် လိုက်ဆို ခဲ့ ရသော သီချင်းလေး။
ပြည်ထောင်စု နေ့ မတိုင်ခင် ၂ လ လောက် ကတည်းက.. မနက် ၇ နာရီ မြန်မာ့ အသံ ရေဒီယို အစီအစဉ် စသည် နှင့် နေ့စဉ် မပြတ် ဖွင့် သော ပေါ်လစီ တေးသွား လေး။ အဲဒီအချိန် မှာ ပြည်သူ တွေက ပြည်ထောင်စု အလံ တော် ကြီးကို.. တိုင်းနဲ့ ပြည်နယ် ၁၄ ခု ပြည့်အောင် တမြို့ဝင် တမြို့ထွက် လက်ဆင့်ကမ်း သယ် ဆောင် နေ ကြသည်။ ပြည်ထောင်စု အလံ ည အိပ် ရပ် နား ရာ မြို့ ကြီး တွေ မှာ ပြည်ထောင်စု ပွဲ ကြီး တွေ ချိမ့်ချိမ့်သဲသဲ။

ဘာပဲ ပြော ပြော အဓိပ္ပါယ် တခု ရှိနေ ခဲ့သေးသည်။

Valentine ကို မမုန်းပါ

St. Valentine မြန်မာ ပြည် ကို... ဘယ် လေယဉ် ဖြင့် ရောက်လာသလဲ.. မသိ လိုက်သော် လည်း.. အလုံး လိုက် အထည် လိုက် တွေ့ လိုက်သည့် အချိန် မှာ တော့.. အရာ အားလုံး ပြောင်းလဲ နေ ခဲ့ ပြီ။ Valentine Day ဆိုလျှင် လည်း Valentine Day ပဲ ထား လိုက်ပါ တော့လား။ ချစ်သူများ နေ့ ဆိုပြီး ၊ မြန်မာမူ ပြု ခဲ့သူ ကြောင့်၊ အခုတော့... သူတော်စင် ကြီး St. Valentine ပင် ၊ ကလက်တက်တက် ဖြစ် ရပြန်ပြီ။ နောက်ပြီး တော့.. ပြည်ထောင်စု နေ့ကြီး၊ တောခို သွား ရတာ လည်း .. St. Valentine နဲ့ဆိုင်ပါ့ မလား။ ဗိုလ် ချုပ် အောင်ဆန်း ရဲ့ မွေးနေ့ မှာ ကျင်းပ တဲ့ ကလေးများ နေ့ဟာ လူကြီးများ နေ့ဖြစ် သွား ရ တာကိုရော၊ သူတော်စင် ကြီး Valentine ကြောင့် လို့၊ လက်ညှိုး ထိုး လို့ ရပါ့မလား။

ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ( ၁၄ နှစ်)

မြန်မာ ပြည် မှာ ဘယ်တုန်း ကမှ၊ ပြည့်စုံ ကျန တဲ့ ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံ ဥပဒေ မရှိခဲ့ သေး ဘူး ဆိုတာ ဖတ် လိုက် ရ ချိန် မှာ၊ လွတ်လပ်ရေး ရပြီးတာ ၆၁ နှစ် ရှိလို့၊ ကမ္ဘာကြီး တောင် ပြား စပြု နေပေ ပြီ။
ဖဆပလ အဖွဲ့ကြီး ဦးဆောင် စည်းရုံး ရေးဆွဲ ခဲ့ တဲ့ အခြေခံ ဥပဒေ ကြီး ၏ တည်ကြည် ခန့်ထည် မူများသည်၊ ဗိုလ်ချုပ် နှင့် အတူ လုပ်ကြံ ခံ ခဲ့ ရ ဘူးသည်။ ထို့ကြောင့်ပင်၊ ၁၉၄၇ ခုနှစ် မှာ ရှိသမျှ နှင့် ဖြစ် သလို အတည် ပြု လိုက် ရသော၊ ထို အခြေခံ ဥပဒေ ကြီး သည် တိုင်းရင်းသား အရေး များကို ရှင်းလင်းစွာ ကိုယ်စား မပြု နိုင်ခဲ့သော ကြောင့်၊ ၁၉၆၂ ခုနှစ် (၁၄) နှစ်သား အရွယ် မှာပင်၊ အဆုံး သတ် သွား ခဲ့ ရသည်။

၁၉၇၄ ခုနှစ် မှာ .. အခြေခံ ဥပဒေ ဆို တာ ၊ ပုံစံ တမျိုး နှင့် ထွက်ပေါ် လာ ပြန် သည်။ မဲရုံ မဲရုံ ကိုလာ ..တပြည်လုံး..မဲ ပေး ကြမှာ..ဆိုတဲ့..စည်းရုံး လှုံ့ဆော်သံ တွေ ခြိမ့်ခြိမ့် ညံ ခဲ့တဲ့.. အဲဒီ တလမ်းသွား တယောက်မောင်း အခြေခံ ဥပဒေ ကြီးလည်း ၁၉၈၈ ခု နှစ် အရောက် ( ၁၄) နှစ်သား မှာပင်၊ နိဂုံး ကမ္မ ချူပ် ခဲ့ ပြန်သည်။
အခုလည်း.. ၁၉၉၃ ခုနှစ် ကစလို့သန္ဓေတည် နေတဲ့ အခြေခံ ဥပဒေ တခု သည်၊ (၁၄) နှစ်ကြာ အောင် မမွေးနိုင် မဖွား နိုင် ဖြစ်ခဲ့ တာမို့၊ အထဲမှာ ပင် သေဆုံး နေလောက်ပြီ။ ခု မှ မွေးထုတ် ရင်လည်း...။

တကယ် လို အပ် နေသည်မှာ၊ အားလုံးပါဝင် သော၊ အားလုးံ အကျိုးစီးပွားကို ကာကွယ်သော၊ အားလုံး သိမြင် နားလည် လက်ခံသော၊ တကယ့် အစစ်အမှန် အခြေခံ ဥပဒေ ကြီးပင်။ ကမ္ဘာ ကြီး ပြား ပီး ၊ ပေါက်မသွားခင်၊ မြင်တွေ့နိုင် ကောင်းပါ ရဲ့။

ပင်လုံ စာချုပ်

တလောက လက်ထဲ ရောက် လာသော ဖယ်ခုံ မြို့နယ် ကိုယ်စားလှယ် ခွန်းမတ်ရ် ကိုဘန် ရေးသား ပြုစု တဲ့ ပင်လုံစိတ်ဓါတ် ရှင်သန် ဖော် ဆောင်ရေး မှ- ဆိုတဲ့ စာအုပ်ကို ဖတ် ကြည့် မိနေသည်။ ၁၉၄၇ ခုနှစ် ဆန်း ပိုင်း ကာလများ ကို အဖြူ အမဲ မော်ကွန်း ရုပ်ရှင် တခု လို မြင် နေ ရသည်။ ဗိုလ် ချူပ် အောင်ဆန်း တို့ ခေါင်း ဆောင် ပိုင်း များ လွတ်လပ်ရေး အရယူဖို့၊ အခြေခံ ဥပဒေ ရေးဆွဲဖို့၊ အလုပ် ရှုပ် နေ ကြ သည်။ တိုင်း ရင်းသား အရေးက ပြသာနာ ဖြစ် နေသည်။ အင်္ဂလိပ် အစိုးရ က..တိုင်းရင်းသား အရေး နှင့် ကိုင်ထားသည်။ တချို့က ပေါင်းမည်။ တချို့က ခွဲမည်။ တချို့က..မယုံမရဲ။ အားလုံးက.. ဗိုလ်ချူပ်ကို သာ ယုံသည်။
ဗမာ တွေ အင်္ဂလိပ် ကျွန် မဖြစ် ချင်သလို၊ တိုင်းရင်းသား တွေ ဗမာကျွန် မဖြစ် ချင် တာကို နားလည် ပါ တယ် ဆိုတာမျိုး - ဗိုလ်ချုပ်ပြောခဲ့သည်။
နောက်ဆုံးတော့..ဗိုလ်ချုပ်ကို မူတည် ပြီး၊ ပင်လုံစာချုပ် ဆိုတဲ့ အခြေခံ သဘောတူညီမူ တွေ ရခဲ့ ပြီ။ သို့သော်--- ဗို လ်ချုပ် မရှိ တော့ သည့် အခါ တွင် မူ.. တိုင်း ရင်းသား တွေ မျိုးဆက် များ နှင့် ရင်းကာသာ ၊ အံကို တင်း နေ ရတော့ပြီ။

လွပ်လပ်ရေး ယူတာ..စော သတဲ့

ကရင် အမျိုးသား ခေါင်း ဆောင်ကြီး တယောက် ဖြစ်တဲ့ ဒေါက်တာ စံစီဖိုး က.. လွတ်လပ်ရေး ယူဖို့ စော နေသေးတယ် လို့ သတိပေး ခဲ့ သည်။ အဲဒီ အချိန်တွေက.. ၀ံသာနု လှုပ်ရှား မူ အရှိန် အဟုန် တွေ . စစ်ရေး အကူအညီ တွေ... ကမ္ဘာစစ် တွေ..မဟာမိတ် တွေ မြိုင်ဆိုင် လှသည်။ အကွက် တွေ ပြောင်းတာ မြန်သည်။ လှသည်။ လွတ်လပ်ရေး ကို တနှစ် အတွင်း ရ အောင် ယူမယ် ဆိုတဲ့ စူးရှ တဲ့ ကြွေးကြော်သံ တွေ သာ ၊ လွှမ်းမိုး နေခဲ့သည်။ သူကိုယ်တိုင် အနောက်နိုင်ငံ မှာ ပညာသင် ကြီးပြင်း ပြီး၊အင်္ဂလိပ် တွေ ကို ပိုမို ယုံ ကြည် တဲ့ ကရင် အမျိုးသား တယောက် မို့ သူ့စကားက bias ဖြစ်သလား၊ တကယ် လက်တွေ့ ဆန် သလား ဆိုတာတော့...။

ကရင် တကျပ်..ဗမာ တကျပ်

တရံရော က.. ကရင် နှစ်သစ်ကူး နေ့ တခု ကို သွားဖို့ရာ ကားကြုံ စီး ရင်း၊ ကိုယ်လို ကားကြုံ စီးတဲ့ ကရင် အဘွားကြီး တယောက်က၊ ကရင်လို နှုတ်ဆက်တယ်။ ကရင် မဟုတ် မှန်း သိ သွားတော့.. I hate Burmese လေ လို့ ပြော လို့.. တကိုယ်လုံး ကျုံ့သွားသလို တောင် ဖြစ်သွားတယ်။ ပြီးတော့မှ၊ သူတို့ငယ်စဉ်က..ပုသိမ်မြို့မှာ ကျောင်းဆရာလုပ်တဲ့ သူ့ အဖေ ကို ဗမာ တွေ သတ်ခဲ့ တာ ဆိုပြီး၊ ၆၀ ခု နှစ် လောက်ကတည်းက.. သူ ဗမာပြည်ကိုစွန့်ခွါ ခဲ့ တဲ့ အကြောင်း ဇတ်စုံ ခင်း ပြတယ်။
တခါသား ကလည်း၊ သူငယ် ချင်း တယောက် အမေ နဲ့ စကားစပ် ရင်း၊ ပန်းတနော် က ဆိုလို့..ဟိုလူ့သိလား ဒီလူ့သိလား မေး တော့- ပန်းတနော် မှာ ကရင် တွေ က..ဗမာ တွေ ကို သတ် ကတည်းက.. ထွက် လာတာ ကြာ ပီ တဲ့။
ခုတော့.. အိမ် ကြက် ခြင်း သုတ်တဲ့ အိုးမဲ တွေ ကုန် သလောက် ရှိပီး၊ ဒီလို အဖြစ် ဆိုး မျိုး တွေ လည်း နိတ္တိ တံ လောက်ပြီ ဟု မျှော် လင့် မိတော့သည်။



Share/Bookmark

2 Comments:

pee said...

u r right.They belive General Aung Sun persponaly but they do not belive Burmese.When Bojoke died ,even U Nu ,realgious guy,is not honset.Kachin became KIA,because of U Nu.
British Primer Minister Charll Chill said Too early to give them(Burma)independence.If they get they will kill eachother.
He"s right.We have been killing eachother since 1948.Like African people.Shame.We have more highier IQ than these people.We have more civilazation.Charll Chill said the war (second World)hasent finish.We have to Fight Comunist U.S.S.R.That time people are tired because of war.He was blamed.He is a very wise guy.

Anonymous said...

ဗမာကိုလဲ ကရင်တွေသတ်တာပါပဲ အစ်မရယ်။