ME Generation နောက်ဆက်တွဲ


ME Generation ဆောင်းပါး ကို တိုင်းမ် မဂ္ဂဇင်း မှာ..ဖတ် မိ ကတည်း က.. ၀ိရောဒိ တွေ တွေး နေ မိ ခဲ့ သည်။ ဒါ့ကြောင့် ..ရေး မယ် ကြံ တော့ လည်း.. ဘက် ယူ ၍ မရေး ရန်.. အားထုတ် ခဲ့ သည်။


- ပထမ အချက်က.. ပြသာနာ နိုင်ငံ များ တွင်..စီးပွားရေး ပိတ် ဆို့မူ..နည်းလမ်း သည်..အလုပ်ဖြစ်- မဖြစ်။

ယခု တိုင်..အညင်းပွား ကြ ဆဲပါ။ ကိုယ်တိုင် မှာ လည်း..ပြတ် သားသော အမြင် မရှိ ပါ။ အမြင် ပေး ရန် လည်း.. လုံလောက်သော.. ကျွှမ်းကျင် မူ.. မရှိ ပါ။ စီးပွားရေး တခု တည်း ကို အရင် ဦးစားပေး မလား.. အားလုံး တပြိုင် တည်း..လုပ်မလား။ သီအို ရီ နှင့် လက်တွေ့ တွေ ကလည်း.. တလွဲ တွေချည်း ဖြစ် နေ သလို။ ယခု ဖတ် မိ နားလည် သော..တရုတ် ME Generation ဆောင်းပါး ကတော့.. စီးပွားရေး သပ်သပ် ကို သာ ချွန် ဦးစားပေး ၍၊ အခြား ပွင့်လင်း မြင်သာ လွတ်လပ်မူ များ ကို..မျက်ကွယ်ပြု ခြင်း ကြောင့်..ဖြစ်ပေါ် လာ သော အကျိုးဆက် တချို့ကို .. မီဒီယာ ဖြင့်..ဝေဖန် ထောက်ပြ ထား ခြင်း ဖြစ်သည်။


ဆောင်းပါး ရှင်က..ထောက်ပြ တို့ထိ ထား ခြင်း ကို..ကိုယ် နား လည် သလို..ပြန်လည် ပွားယူ ဝေမျှ ခြင်း သာ ဖြစ် ပါသည်။


-ဒုတိယ တချက်က.. ပညာတတ် ..ဥစ္စာရှိ လူငယ် များ ၏၊ ပုဂ္ဂိုလ် ရေးလွတ် လပ် ခွင့် များ ကို..ဘောင်ခတ် သင့် -- မခတ်သင့်။

ဒါ လည်း..အညင်းပွား ဖွယ်.. တချက် ဖြစ် ပါသည်။ ကိုယ်ပိုင် အယူ အဆ အား ဖြင့် တော့.. ဘောင် မခတ် သင့် လို့ထင်ပေ မင့်၊ သင့် တင့် လျောက်ပတ် သော..စေ့ဆော်မူ များ ဖြင့်..ဝေ ဖန် ထောက်ပြ နေ သင့် သည် ဟု ထင် ပါသည်။ ဥပမာ- ယခု ..တိုင်းမ် မဂ္ဂဇင်း လို..မီဒီယာ စောင့် ကြည့် ခြင်း များ.. ဘာသာရေး..ထိန်းကျောင်း မူ များ.. စသဖြင့်။


သို့ သော် လည်း..လူတို့၏ ခံယူ ချက် များသည် အရွယ် စဉ် အတိုင်း ..ဖြစ်ပေါ် ပြောင်းလဲ နေ သည် ဆို သော ..အချက် ကို လည်း..စဉ်းစား ရ ပေမည်။ လူ ငယ် ဘာဝ.. သုံးစွဲ..ပျော်ပါး ခြင်း ကို လည်း..အပြစ် မြင် လို့ မရ ပေ။


ဆို လို သည် မှာ.. ME Generation များ အား..ဝေဖန် ပြစ် တင် လို ခြင်း မဟုတ် ပဲ.. တင် ပြ..အတွေးပွား ခြင်း သာ ဖြစ် ပေသည်။ နောက် ဆုံး ပိုဒ် တွင်- စင်ကာပူ နိုင် ငံ ရှိ..လူငယ် တချို့ ၏၊ financial freedom နှင့် personal freedom များ အား..အပြု သဘော ဆောင်..တင်ပြ လိုက် ခြင်း အတွက်.. ထိ ခိုက် နစ်နာ မူ.. ငြင်းခုန် မူ များ ဖြစ် ရ ခြင်း အတွက်...စိတ်မကောင်း ဖြစ် မိ ပါသည်။




Share/Bookmark

0 Comments: