စာသားမဲ့ သင့်မြတ်ရေးတေး

အားလုံး လို လို ရဲ့ ရင် ထဲ မှာ..မုန် တိုင်း ကယ်ဆယ် ရေး ဆို တာ ရှိ နေ ကြတယ်။ လက်တွေ့ လုပ် နိုင် သူက..လုပ် တယ်။ ပံ့ပိုးသူ တွေ က ပံ့ပိုး တယ်။ လူ ငယ် တချို့ တကယ် လက် တွေ့ လုပ် ကြတယ်။ အား တက် သရော.. အချိန် အား..လုပ်အား..ငွေ အား ..အားကုန် စိုက် လို့။ ကိုယ် တိုင် မသွား ရောက် နိုင်..ဝေးလံ တဲ့ နေရာ ဒေ သ က လူငယ် တွေ ကလည်း.. မြန်မာ့မုန်တိုင်း ရံပုံ ငွေ ကိစ္စ၊ ကမ္ဘာက အာရုံ စိုက် လှူဒါန်း ဖို့ ကိစ္စ လုပ် ကြတယ်။ စင်ကာပူ အမျိုးသား တက္ကသိုလ် က..မြန်မာ ကျောင်းသား များ ပူးပေါင်း ပါဝင် တဲ့..Project Nagis လို ဟာ မျိုး ဆို တာ.. တကယ် မလို အပ် ဘူးလား။ ဒါ ကို ဘာလို့များ .. ကွင်း ထဲ မှာ..လက်တွေ ပေ ညစ် နေ အောင်..နေပူခံ ရေ စို ခံ လုပ် နေ တဲ့ လူ ငယ် တွေက၊ အမြင် မတူ ရ တာ လည်း။ သူ တို့လို..အညစ်ပေ မခံ နိုင် ရင်..ဘာ မှ လက် မခံ နိုင် တော့ဘူးလား ။ အပြင် မှာပဲ ရှိ ရှိ..အထဲ မှာ ပဲ ရှိ ရှိ.. နေပူ ထဲ မှာပဲ လုပ် လုပ်..နေရိပ် ထဲ မှာ ပဲ လုပ်လုပ်.. လက် တွေ့ ပဲ ကျ ကျ.. သဘော တရား ပဲ ဆန် ဆန်... နားလည် မူ လေး တွေ..နဲနဲ စီ ပို ပေး လိုက် ကြ ရင် မကောင်း ဘူး လား လို့.. ကရုဏာ ဒေါသော တွေ နဲ့..မွန်း ကြပ် နေ မိ ရင်း..



ကွင်း လယ် က လူ နဲ့ ပွဲ ကြည့် စင် က လူ

အပြင်က လူ နဲ့ အထဲက လူ
မြေပေါ် က လူ နဲ့ မြေ အောက် က လူ
ကာကွယ် သူ နဲ့ တော်လှန် သူ
ဘောင်းဘီဝတ်သူ နဲ့ လုံချည် ၀တ်သူ
လက်ပိုက် ရပ်သူ နဲ့ လက်အုပ် ချီသူ
အကျဉ်းကျ သူ နဲ့ အကျဉ်းချ သူ
လေယဉ်ပျံ စီးသူ နဲ့ တောင်ကျော်သူ
ပညာတတ်ညဉ်များသူ နဲ့ လူတန်းစား အမြင် မျှသူ
လတ်မှတ် ထိုးသူ နဲ့ ဘ၀ ထိုး ပေး သူ
အမြတ်ထုပ်သူ နဲ့ စွန့်လွှတ်သူ
ဆင်းရဲသူ နဲ့ ချမ်းသာသူ
ရှုံးသူ နဲ့ နိုင်သူ
နီသူ နဲ့ ပြာသူ
ပြာသူ နဲ့ စိမ်းသူ

ဒီလောက် မတူ ညီ မူ တွေ ကြားထဲ...
ပြန်လည် သင့်မြတ် ရေး တေးကို ဆို ချင်...
သို့ပေသည့်.. စာသား မရှိ.. သံစဉ် မညိ
ပြီး တော့..ဘယ်မှာ ဆို ရ မှန်း ကို တောင်..ငါ မသိ တော့..ရင်ထဲ မှာ မချိ။


Share/Bookmark

4 Comments:

ရွှေဂျမ်း said...

ဟုတ်ပါ့ အစ်မရေ။ တွေးကြည့်ရင် ရင်လေးစရာပါနော်။ ဒါပေမယ့် ကိုယ်တတ်နိုင်တာလေးတွေ ကိုယ်စီလုပ်ရင်း အကောင်းဆုံးကို မျှော်လင့်ကြတာပေါ့။

စိုးထက် - Soe Htet ! said...

:)

သက်ဝေ said...

ဟုတ်ပါတယ် ကေ ရေ...
အပြင်မှာပဲ ရှိ ရှိ..
အထဲမှာပဲ ရှိ ရှိ..
နေပူထဲမှာပဲ လုပ် လုပ်..
နေရိပ်ထဲမှာပဲ လုပ်လုပ်..
လက်တွေ့ပဲ ကျ ကျ..
သဘောတရားပဲ ဆန် ဆန်... တစ်ယောက် ကို တစ်ယောက် နားလည်မူလေး တွေ နဲနဲစီပိုပေးနိုင်ကြရင် သိပ်ကောင်းမှာဘဲနော်...။

ဘလူးဖီးနစ် said...

နားလည်မှုတွေ မြန်မာအချင်းချင်း တည်ဆောက်ကြစေချင်ပါတယ်။ တလွဲလုပ်နေတဲ့ သူတွေက တော့ သူ့စားရိတ်နဲ့ သူသွားပါလိမ့်မယ်ဗျာ...