မိတ်ဆွေများရဲ့စကားလုံးများ

စိတ်ဝင်တစား ဘာသာ ၀ိုင်း ပြန်ပေး ထားကြတဲ့..မိတ်ဆွေများ ရဲ့ စာလုံး ရွေးချယ်မူလေး တွေပါ။

ဒါက- သူငယ်ချင်း ဆာဒူးကြီး က ပြန်ပေးတာပါ။

ငါကတော့ ဘာကောင်မှမဟုတ်ဘူးလကွယ့်
မင်းကရောဟေ့........
မင်းလဲဘာကောင်မှမဟုတ်ဘူးပဲလား
ကဲ ဘာမှမပြောလိုက်နဲ့တော့
ငါတို့ ကနှစ်ကောင်ဖြစ်ပြီပေါ့
သိတယ်မဟုတ်လား ဒင်းတို့ ကမောင်းထုတ်နှင်ခွာမှာပ။
တစုံတယောက်ဖြစ်ဖို့ 
ဘယ့်ဂလောက် ငြီးငွေ့ထိုင်းမှိုင်းစိတ်ကျဖွယ်ဖြစ်.........
ဘယ့်ဂလောက်လူမြင်သူမြင်လူပုံအလယ် ဖြစ်ရ......
တစ်နေ့တာရှည်လျှားလှ ...
မင်းဘယ်သူဆိုတာ
ဖားတကောင်လို နှစ်လိုတပ်မက်
စိမ့်မြေနုန်းလွှာကို နှုတ်ဟမြည်ကြွေးရပေါ့...။

+++++

ငါဘာကောင်မှ မဟုတ်ဘူး...
မင်းလည်း ဘာကောင်မှ မဟုတ်ဘူးလား...
ဒါဆို တို့ နှစ်ယောက်ရှိနေတယ်ဆိုတာ လျှောက်မပြောပါနဲ့...
ငါတို့ မောင်းထုတ်ခံရမယ်၊ သိလား။
တကောင်ကောင်ဖြစ်ရတာ ဘယ်လောက် စိတ်ညစ်ဖို့ကောင်းလဲ။
ရွှံ့နွံတွေ ကြည်ညိုမှုရအောင်
ဖားတကောင် မသေမချင်း
သူ့နံမည်သူ အတင်း အော်နေသလိုမျိုး... ....

(တတ်နိုင်သမျှ ကဗျာဆန်အောင် ကြိုးစား ဘာသာ ပြန်ကြည့်ပါသည်။ bog မှာ သာမန်ကြည့်လျှင် မြေမာဟု ထင်ရသော ရွှံ့နွံဖြစ်သဖြင့် အနှစ်မရှိသူများကို တင်စားသည်ဟု ထင်ပါသည်။)

+++++

ကိုမောင်ရင ကတော့..ခေါင်းစဉ်လေးပါ..ထဲ့ပေးသွားတယ်။ ( ညီမလေး မေ ကတော့.. လက်ခုပ်ထဲက..ဖားသူငယ် လို့ ပြောသွားပြန်တယ်)

"နာမည်ကြီး"
ငါ…...ဘာကောင်မှ မဟုတ်
မင်းလဲ……ဘာကောင်မှ မဟုတ်ဘူးတဲ့လား
ဒါဆို..တို့ နှစ်ယောက် တစ်စုံ ဖြစ်ကြောင်းလျှောက်ပြောမနေနဲ့ ဦး..
သိတယ်ဟုတ်
ဒင်းတို့ ပေးမှာက.. ငါတို့ အတွက် ပြည်နှင်ဒါဏ်..
နာမည်လေးတစ်ခု ရဖို့ ငြီးငွေ့ စရာကောင်းပုံများ
လူသိများတယ် ဆိုတဲ့အဖြစ်က
ကိုယ့်နာမယ်ကိုကိုယ် ချစ်တဲ့ ရွှံ့ ခွက်ကမ္ဘာလေးဆီ
တစ်သက်လုံး တိုင်တည် နေရတဲ့ဖားသူငယ်လိုပဲလေ…
-မောင်ရင်-

+++++

ဒါက- ကိုပီတ- အဆိုင်းမန့်ထပ်တာ နောက်ကျ ပေမဲ့..သူကတော့..ကာရံတွေညိ ထားတယ်။

ရှူး တိုးတိုး
ဘာမှမဟုတ်တဲ့ ငါ
အဖြစ်မရှိတဲ့မင်းနဲ့
နှစ်ယောက်ပေါင်းကာ လောင်းကျော်မယ်ကြံ
တိုးတိုးသက်သာလုပ်စို့
မဟုတ်ရင် တောထုတ်ခံရလိမ့်မယ်
အဲဒါတော့ သိတယ် ဟုတ်။
နာမည်ကြီးဆိုတာငြီးငွေ့စရာနေ့တွေနဲ့ရှုပ်
ဖားတစ်ကောင်လို
ကိုယ့်နာမည်ကို ဖော်ထုတ်
ရွှံ့မြေကြီးပေါ်မှာထိုင်ပြီး
အရှုပ်ထုပ်တွေမြုပ်နေရတာကွ။
+++++

ကိုပေါ ကတော့.. အားလုံးကို သံခိပ် ပေးလိုက်တယ်။ တိုတိုရှင်းရှင်း နဲ့ ပြုံးချင်စရာ လေးပေါ့။
ကိုပေါ ပြောမှ.. ဖားတအုပ် အပြိုင်အော် နေ သလိုဖြစ်နေပြီလား မသိ။ ဖား တွေက..အို-အွမ် နဲ့ ရင်ဖွင့်သလို..လူတွေကလည်း.. သရုပ်သကန် နဲ့ ရင်ဖွင့် တတ်ကြတာ ..သဘာဝမို့ မလွန် ဆန် နိုင် ကြပါလေ။း)

အညတရနဲ့ အထင်ကရ
လှပတဲ့ ကဗျာလေးတပုဒ်…
ဘလော့ဂ်ဖော်တအုပ်
အတော့်ကိုရှုပ်(ဒီမှာ…)
Frog လို မလုပ်ကြစမ်းပါနဲ့။




Share/Bookmark

5 Comments:

sait phay yar said...

မကေ ရာ ၇ှက်တာ မေက ဘာမှတတ်တာဟုတ်ဘဲနဲ့
ကိုယ့်နာမည်တွေ့တော့ မျက်နှာတွေပူသွားတယ် :P

ကိုပေါ said...

အညတရနဲ့
အထင်ကရ
လှပတဲ့ ကဗျာလေးတပုဒ်…
ဘလော့ဂ်ဖော်တအုပ်
အတော့်ကိုရှုပ်
(ဒီမှာ…)
Frog လို မလုပ်ကြစမ်းပါနဲ့။

ဟား…ဟား….နောက်တာပါဗျာ။ အားလုံးရဲ့ လက်ရာလေးတွေကို လာအားပေးသွားပါတယ်။

Anonymous said...

မဆိုးဖူး...အတော်ကောင်းတဲ့ Focus ပဲ, မတူကွဲပြားခြင်း ရသတမျိုး၊ အရသာတွေ ရလိုက်လို့ပဲပေါ့၊ ဆန်းသစ်မှု တမျိုးပဲ၊ အားလုံး ကောင်းပါ့။

Moe Cho Thinn said...

ဟားဟားဟား
ကောင်းလိုက်တဲ့ ရှုဒေါင့်တွေပါလား။
သဘောကျလိုက်တာ။

ATN said...

ကိုပေါ ကဗျာက အကောင်းဆုံးဗျ။

သူ့ကဗျာကြောင့် ကျနော်တို့အားလုံး
ကဗျာထဲက frog ဖြစ်ကုန်ပြီး)

ကိုပေါကို ပေးလိုက်ပြီ .. တမှတ်...အဟဲ