အို-ဘုရားရှင်

အခါ တော်တော်များများ မှာ- ခရစ်ယာန် ဆာလံကျမ်းကို နှစ်နှစ် သက် သက်ဖတ်ဖြစ်သည်။ ဆာလံကျမ်းမှာ အများဆုံးပါဝင်ရေးသားသူက..King David ( ဒါဝိဒ် ဘုရင်ကြီး ) ဖြစ်သည်။ သူက..တကယ်တော့ သိုးကျောင်းသားဘ၀ ကနေ..လူစွမ်းကောင်း အဖြစ် အရွေးခံရရင်း..ဘုရင်ဖြစ်လာသူ...။ လက်ရုံးရည်ရော နှလုံးရည်ရော ပြည့်စုံသူ ။ သိုးကျောင်းသားဘ၀ တည်းက.. စောင်းတီးရင်း..သူ့သိုးတွေကို သားရဲ တိရိစ္ဆန် ဘေးက..ခုခံကာကွယ်ပေးခဲ့သူ။ ဘုရင်ဖြစ်လာတော့လည်း..ရန်သူတွေကို ခုခံ တိုက်ခိုက်နေရင်းပဲ..သူ့နှလုံးသားတွေက..ဘုရားသခင်ဆီမှာ ပြပ်ဝပ်နေရင်း..ဒီလို လှပ ခမ်နားးတဲ့ ဆာလံ ကဗျာတွေ ကို မနားတမ်း စပ်ဆိုခဲ့သူ။ သူ့ကဗျာတွေမှာ- ဘုရားသခင်ကို ကိုးစားခြင်းတွေ တွေ့ရသလို..စိတ်အားငယ် အပြစ်တင်ခြင်းတွေ ကိုလည်း..လူသားဆန်စွာ ဖော်ကျူးခဲ့တယ်။ လှပ ခမ်းနားလွန်းတဲ့..ဆာလံ ကဗျာ တွေကို.. ရှိတ်စပီးယား က သူ့ခေတ်မှာ ထပ်ထဲ့ ရေးပေးခဲ့တယ်လို့တောင်...လူတွေ ထင်ယောင်ထင်မှား ဖြစ်လောက်အောင်ကို..နှစ်ပေါင်း ၃၀၀၀ လောက်ကတည်းက..လတ်ဆတ် နေခဲ့တဲ့ ကဗျာတွေ။ ခုခေတ် ကဗျာဆရာတွေ ရင်ဖွင့် ငိုကြွေးသလို..သူလည်း..ဘုရားသခင် ဆီ မှာ ရင်ဖွင့် ငိုကြွေးခဲ့တယ်။

ကိုယ်လည်း..ဒီနေ့ ဆာလံ တပုဒ် ဖတ်ရင်း..ငိုကြွေးပါရစေ-
အို- ဘုရားရှင်----

မမှန်သော သက်သေတို့သည် ပေါ်လာ၍-
ငါမသိသော မူပြစ်တို့ကို..ငါ့အပေါ်မှာတင်ကြ၏။
ငါပြုသော ကျေးဇူးအတွက် သူတို့သည် ငါ့အသက်ကိုလုယူခြင်းတည်းဟူသော..
မကောင်းသောအရာကို ဆပ်ပေးကြ၏။
ငါမူကား-
သူတို့၌ အနာရောဂါစွဲသောအခါ..လျော်တေအ၀တ်ကို ၀တ်ဆင်လျက်..
အစာကိုရှောင်၍..ခြုံးခြံ စွာ ကျင့်လေ၏။
ကိုယ်ရင်ခွင်ကို မျက်နှာအပ်၍ ဆုတောင်းလေ၏။
သူတို့ကို..ငါ၏ မိတ်ဆွေ ငါ၏ ညီအကိုကဲ့သို့..
သဘောထား၍ ငါပြု၏။
ကိုယ့်အမိကို အောက်မေ့၍..စိတ်မသာ ညီးတွားသောသူကဲ့သို့..
ကြမ်းတမ်းသော အ၀တ်ကို ၀တ်လျက်..
တမှိုင်မှိုင်နေလေ၏။
ငါလဲသော အခါမူကား..သူတို့သည် ၀မ်းမြောက်၍ စည်းဝေးကြ၏။
ရိုက်ပုတ်သော သူတို့သည် ငါ့တဖက်၌ စည်းဝေးကြ၏။
သူတို့ကိုလည်း ငါမသိရ။
မရပ်မနေပဲ..ငါ့ကို ဆွဲဖြတ်ကြ၏။
ပွဲ၌ စားတတ်သော လူဆိုးတို့ နှင့်အတူ..
ငါ့ကို အံသွား ခဲကြိတ်ကြ၏။

အို--- ထာဝရ ဘုရား...
အဘယ်မျှ ကာလပတ်လုံး..ကြည့်ရှု၍ နေတော်မူမည်နည်း။
အကျွန်ုပ်အသက်ကို သူတို့ပြုသော ဘေးဥပဒ်မှ ၄င်း..
အကျွန်ုပ် အချစ်ဆုံးကို ခြင်္သေ့ တို့မှ ၄င်း ကယ်လွှတ်တော်မူပါ..။

ကျေးဇူးတော်ကြီးလှပါ၏ ဟု မဟာပရိသတ်အလယ်မှာ..
အကျွန်ုပ် ၀န်ခံပါမည်။
များစွာသော လူစု တွင် ကိုယ်တော်ကို ချီးမွမ်းပါမည်။
မဟုတ်မမှန်ပဲ အကျွန်ုပ်ကို ရန်ဘက်ပြုသောသူတို့သည်
အောင်ပွဲကို မခံကြပါစေနှင့်။
အကြောင်းမရှိပဲ အကျွန်ုပ် ကို မုန်းသောသူတို့လည်း
မျက်စိစွေပြခြင်းကို မပြုကြပါစေနှင့်။
အကြောင်းမူကား..သူတို့သည်
အမူငြိမ်းစေသော စကားကို မပြောကြပါ။
ငြိမ်ဝပ်စွာနေသော ပြည်သားတို့တဖက်၌..
လျှို့ဝှက်သော အမူများကို ကြံစည်ကြပါ၏။
+++++++
အို- ထာဝရ ဘုရား--
ကိုယ်တော်သည် သိမြင်တော်မူ၏။
အို- ဘုရားရှင်...
တိတ်ဆိတ်စွာ နေတော်မမူပါနှင့်..

ဆာ၃၅း ၁၁-၂၂


Share/Bookmark

10 Comments:

MANORHARY said...

ဘုရားရှင်ရဲ့ ကားတိုင်ပေါ်က ကာလတွေကိုလည်းသတိရ
စေပါတယ်... ဤအမှုပြီးပြီ..ဆိုတဲ့ နေရာတော့ မရောက်သေးဘူးလို့ထင်ရတာပဲ...

Moe Cho Thinn said...

"မြတ်စွာဘုရားဟာ မှန်တော့ မှန်တယ်။
ဒါပေမဲ့ ကြာတယ်" တဲ့..
အို ဘုရားရှင်..
တိတ်ဆိတ်စွာ နေတော်မမူပါနှင့်..

:P said...

ခရစ်ယာန် ဆာလံကျမ်းကို မကေရဲ့ ပို့စ်မှာ ပထမဆုံးဖတ်ဖူးတာပါ...
အပေါ်က အစ်မ နှစ်ယောက်ပြောသလိုပါပဲ..:(

ATN said...
This comment has been removed by the author.
Anonymous said...

မမကေရေ.. ခရစ်ယာန် ဘာသာဝင် မဟုတ်ပေမယ့် ဒီဆုတောင်း လေးကို ထပ်ခါ ထပ်ခါ ဆိုမိသွားတယ်။ ဟုတ်တယ်။ တကယ့်ကိုပဲ။

မီယာ said...

ဆာလံကျမ်းတွေဖတ်ပြီးခွန်အားယူနိုင်ပါစေ

ကိုအောင် said...

မကေရယ့် ပို့စ်တွေထဲမှာ ကျိုထီးရိုး ဘုရားဖူးတာလည်း
ပါတယ်။ သမ္မာကျမ်းစာလည်း ပါတယ်။ ကျနော်နည်းနည်း မျက်စိလည်နေတယ်။ အခု ပို့စ်လေးက ကောင်းပါတယ်။ ကျနော့် သဘော့တော့
အမှန်တရား ပေါ်ပေါက်ရေးက ကိုယ်လုပ်မှ ကိုယ်ရတယ်။
ဘုရားရှင်က ပရိတ်နိဗ္ဗာန်ပြုသွားပြီး လို့ ...

Anonymous said...

I Have Learned So Much



I

Have

Learned

So much from God

That I can no longer

Call

Myself



A Christian, a Hindu, a Muslim,

a Buddhist, a Jew.



The Truth has shared so much of Itself

With me



That I can no longer call myself

A man, a woman, an angel,

Or even a pure

Soul.



Love has

Befriended Hafiz so completely

It has turned to ash

And freed

Me



Of every concept and image

my mind has ever known.

http://peacefulrivers.homestead.com/

တန်ခူး said...

ကေရေ… အတူငိုကြွေးသွားတယ်…
စကားမစပ်… ဒီပို့ စ်လေးဖတ်နေတုန်း သားကလာကြည့်ပြီး 4 friends sharing with… ဆိုတာလေးတွေ့ ပြီး ကော်ဖီက ပူနေတယ်တဲ့…
ကော်ဖီမကြိုက်ပေမယ့် ကေတိုက်တဲ့ ကော်ဖီတော့အမြဲလာသောက်ဖြစ်တယ်…

Anonymous said...

မနော်- ဤအမူတော့မပြီးသေးဘူး။ အဲလိုလည်း မပြီးချင်ဘူးကွယ်။
မချိုသင်းနဲ့အတူ ထပ်တောင်းပန်လိုက်အုံးမယ်။ ဒီနေ့အတွက် ၃ ကြိမ်မြောက်- အိုဘုရားရှင်..တိတ်ဆိတ်စွာနေတော်မမူပါနှင့်-
ဆင်ဒန်လာ နဲ့ ခွန်မြလှိုင်- ဆာလံကျမ်းက..တကယ်တော့..ကဗျာစာအုပ်ကြီးတခုပေါ့။
မီယာ- ကျေးဇူးပါပဲနော်။ ကိုအောင်- မျက်စိလည်နေပီလား။ ကျမလည်း မျက်စိ လည်နေတာလေ။း) လူတွေအားလုံးလည်း..မျက်စိလည်နေကြတာပဲမဟုတ်လား။ Hush ရေးပေးတဲ့ စာလေးလိုပဲ.. နောက်ဆုံးတော့..အယူဝါဒတွေအားလုံး..တနေရာမှာ စုဆုံကြတာပဲ မဟုတ်လား။ စကားမစပ်.. Hush ရေ - ကျေးဇူးပါ။ လင့်ပေးတာက..ကိုယ်ပိုင် ဆိုဒ်လား..ကျမ လျှောက်ကြည့်တော့..ပန်းချီကားတွေမှာတင်..တော်တော်တန်သွားတယ်။
မတန်ခူးနဲ့သားသားလေး.ကော်ဖီခဏခဏ လာသောက်နော်။