အရှိ..အကြည့်..အမြင်..အထင်

မိုးကုပ် စက်ဝိုင်း ဆိုတဲ့ အခေါ်အဝေါ်က..
ချစ်စရာလဲ ကောင်း..စိတ်ဝင်စား စရာလဲ ကောင်းလှ၏။
ကုပ် ကွေး နေတဲ့..မိုးကောင်းကင်ကြီးက..
ကမ္ဘာတပတ်စာ စက်ဝိုင်းကြီး ရှိ နေလို့လား...

ဒါပေမဲ့.. ခြေတစုံစာ ရပ်စရာနေရာ တခုကနေပြီး ..
မျက်စိတစုံစာ ကြည့် နိုင်တဲ့ ...မျက်စိ တဆုံးလဲဖြစ်တဲ့..
မိုးကုပ် စက်ဝိုင်း ရဲ့ အပိုင်းငယ်လေး (arc) တခုကတော့..
မျဉ်းဖြောင့် တခု လိုပဲ မြင် ရတယ်။



ဒါတောင်..ကောင်းကင် နဲ့ ရေပြင် ... ဘယ်သူက..ပိုများတာလဲ..
ဘယ်သူက..ပိုပြာသလဲ..
ဘယ်သူက...ပို နက်ရှိုင်းသလဲ...

ထင် ချင်သလို..ထင်လို့ ရတာပဲလေ...

ဘယ်သူအတိအကျ သိနိုင်လို့လဲ..



ဟောဒီလို ----

မိုးကုပ်စက်ဝိုင်းကြီးက..၉၀ ဒီဂရီ ထောင်တက်သွားရင်ကော...

မဟုတ်ပါဘူး...အဲဒါကမှ.. ၁၈၀ ဒီဂရီ....

ဒါဆို..ဒါတွေကရော..ဘာတွေလဲ...

၄၅ ဒီဂရီလား.. ၂၂၅ ဒီဂရီလား


ဒါက..နာရီလက်တံ အတိုင်းလား...


ဒါက..နာရီလက်တံ ပြောင်းပြန်လား....

+++++

ရေပြင်ညီ အခြေခံ တခုကို ဖျောက်ဖျက်ထားတော့..

စံသတ်မှတ်ချက် တခုကို မယူမှတ်တော့..

အထင် တွေကအများကြီးပဲ....


Share/Bookmark

20 Comments:

Anonymous said...

ကောင်းကင် နဲ့ ရေပြင် ... ဘယ်သူက..ပိုများတာလဲ..
ဘယ်သူက..ပိုပြာသလဲ..
ဘယ်သူက...ပို နက်ရှိုင်းသလဲ... ဆိုတဲ့စာသားလေးနဲ့ အောက်က ပုံလေးတွဲကြည့်လိုက်တယ် ဟုတ်တာပေါ့ မစဉ်းစားမိတာ ကောင်းကင်ကြီးကလည်း မော့ကြည့်လိုက်တိုင်း အဆုံးစမရှိ ပင်လယ်က ပိုပြာလား အယ်...နက်သလားဆိုတော့ ဆင်းကြည့်ဖို့  ရေမှမကူးတက်တား)

Nay Nay Naing said...

ဒီပိုစ့်လေးကို သဘောကျတယ်။

Anonymous said...

အီး...ခေါင်းမူးသွားတာပဲ။

RePublic said...

အစ်မ K ရဲ့ စိတ်ကူးလေးတွေကောင်းတယ် ၊၊

Anonymous said...

ဟုတ်ပါတယ်.. စိတ်ကူးကောင်းတာကတော့း)

အိပ်ငိုက်နေလို့ထင်တယ်.. မူးသွားပြီး(

ကိုပေါ said...

Stand Point မရှိရင် အဲသလိုဘဲ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး အမြင်တွေ ပြောင်းလဲသွားတတ်တာ သဘာဝပေါ့။

ဒါထက် ပုံတွေထဲမှာ ကင်းမြီးကောက်ထောင်လျက် အနေအထားကနေ မြင်ရတဲ့ပုံ မပါသေးဘူးနော်။

ATN said...

ဘီယာ မသောက်ပဲ... မူးသွားတယ်...

နောက်ထပ်... ဓါတ်ပုံတွေ ရှိသေးလား... ဟင်...

မူးချင်လို့...

khin oo may said...

ကမ္ဘာကြီးကို အာကသယဉ်ပေါ်က ရိုက်ထားတဲ့ပုံတွေ လို့ခံစားသွားပါတယ။်

mirror said...

အစ်မရေ...ညီမကို သူငယ်ချင်းတစ်ယောက်က မေးဖူးတယ်...။ပင်လယ်ကိုမြင်မြင်ချင်း ဘာကိုခံစားရသလဲတဲ့။ညီမကလဲ ကိုယ့်စိတ်ကူးနဲ့ကိုယ် ၀မ်းနည်းစရာကြီးလို့ ပြောလိုက်တယ်။
အဲ့တော့မှ သူက ဟင်..နင်ကအဲ့လိုကြီးလား။အဲ့ဒါက အချစ်အပေါ်မှာ ထားတဲ့ခံစားချက်ကို စမ်းသပ်ခြင်းတစ်မျိုးတဲ့...။ဟုတ်မဟုတ်တော့ မသိဘူးအစ်မရဲ့။
အစ်မရော..ပင်လယ်နဲ့ ရေပြင်ကြီးကိုမြင်မြင်ချင်းတုန်းက ဘာတွေခံစားခဲ့ရသလဲ ဟင်၊

ဟီးဟီး ဓာတ်ပုံတွေကြည့်ပြီး စပ်စုလိုက်တာပါ။
ခင်ရင် စိတ်မဆိုးရဘူးနော်

Anonymous said...

ကျိတ်လိုက်ပေါ့ ငါ့အစ်မရေ...
အင်စတော်လေးရှင်းတစ်ပွဲလောက် လုပ်လိုက်ကြရအောင်လား
ချောအိသိမ်းတို့၊ ထိန်းလင်း တို့ထက်တော့
အများကြီးသာမယ်ထင်တာပဲ၊
ဒါမျိုးတွေလည်းလုပ်တတ်ကြောင်း ကြွားတယ်ပေါ့
ကျွန်တော်ငယ်ငယ်တုန်းကဆို
ပုံတွေဖြတ်ဆက်ပြီး အဲလိုစာတွေလိုက်ရေးတတ်တယ်
သျှားညိုက စတိန်းလက်စတီးတွေဖြုန်းတီးပြီး
ပွဲလုပ်တုန်းက ပုံတွေဘေးမှာ မဆီမဆိုင်စာတွေ
ရေးထားတာတွေ့ပြီးကတည်းက အဲလိုစာတွေရေးတာ
တစ်ခါတည်းကို စိတ်ကုန်သွားတာပါပဲ
အခုအစ်မရေးထားတာ မြင်တော့မှပဲ စိတ်ပြန်လည်လာတော့တယ်
ကောင်းပါတယ်အစ်မရေ၊ လေးနက်မှုလည်းရှိပါတယ်
ငါ့အစ်ကို မနောက်ရတာတောင် ကြာသွားပြီ
ကဲ... နောက်ပြီဗျာ၊ စိတ်မဆိုးကြေးပေါ...

"ပင်လယ်ဘက်အလည်ထွက်ခဲ့တာ
ပင်လယ်ဆီရောက်တော့ ပင်လယ်ထဲ
လျှောက်သွားကြည့်ချင်တာ တအားပေါ့လေ။
ငွေကလည်းသိပ်ပါလာတာမဟုတ်တော့ ပဲ့ထောင်ကလေး
ဈေးပေါပေးငှားရင်း ထွက်လာခဲ့တယ်ဆိုပါတော့။
အားပါး၊ လှလိုက်တဲ့ရှု့ခင်းတွေပါ၊
ကြည့်လိုက်စမ်းပါ တိမ်ဆိုင်တိမ်လိတ်တွေနဲ့
ဘယ်လောက်များလှလိုက်တဲ့ ရှု့ခင်းပါလဲ..
ကြည့်ရင်း... ခံစားရင်း...
ဘုရားရေ...
ပဲ့ထောင် တခြမ်းစောင်းသွားပါရောလား..
ဘုရား.. ဘရား... လှေနံရံကို ကိုင်ထား
လှေဝမ်းထဲ ရေတွေဝင်လုလုချိန်မှာပဲ
ပဲ့ထောင်ကပြန်မတ်လာတယ်..
ဒါတောင် စောင်းနေတုန်းပဲ...
လူတွေက တစ်ယောက်တစ်ပေါက်အသံထွက်
ပဲ့ထောင်သမားကတော့ အလုပ်တွေရှုပ်
လှေနံဖမ်းကိုင်ထားတဲ့ လက်တွေကတော့ မြဲမြံလို
ရင်ခုန်သံတွေကတော့ တဒိန်းဒိန်းပေါ့
ပဲ့ထောင်သမားကြိုးစားပြန်မတ်လိုက်တယ်
ရေပြင်ညီကိုကျော်လို့ တဖက်ကို ပြန်ယိမ်းပြန်ပြီ...
တကယ်ပါပဲ၊ အသံတွေတောင်မထွက်နိုင်တော့ဘူး..
ဘာတွေဖြစ်နေသလဲကိုမသိတော့ပါဘူး..
ပဲ့ထောင်က ဘယ်ကိုယိမ်းသွားလိုက်၊ ညာကိုယိမ်းသွားလိုက်
လူတွေအသံကလည်း ညံစီလိုက်
ဘုရားရွေရွတ်သံတွေ ပြန်ထွက်လိုက် ...
အဲဒီနေ့က အိမ်ပြန်ရောက်တော့ ဘယ်လိုနေလဲဟင်...
ပြန်ပြောစရာအဖြစ်က
ကံကောင်းလို့မသေတာပေါ့နော်၊ :D

P.Ti said...

ကိုယ့်အတွေလေးနဲ့ကိုယ် အရှိကို ကြည့်ပြီး မြင်ချင်တာမြင် တွေးချင်တာတွေ ငေးချင်တာငေးနေမိတယ်။

တခါတလေတွေးမိတာ စာအရေးကောင်းတဲ့လူတွေက အတွေးကောင်းတတ်တယ်လို့... ဥပမာ မကေလိုမျိုးပေါ့...

Moe Cho Thinn said...

ဘယ်လို ရှုထောင့်ကကြည့်ကြည့်၊ ဘယ်လိုပဲ အထင်တွေ အမြင်တွေ ပြောင်းပြောင်း ကမ္ဘာကြီးကတော့ သူ့အလုပ် သူလုပ်နေမှာပါပဲ။

ဆောင်းယွန်းလ said...

ရှုထောင့်အမျိုးမျိုးကကြည့်ထားတဲ့ကောင်ကင်ပြာနဲ့ပင်
လယ်ပြာကြီးပါလား..စိတ်ကူးကောင်းတယ်.မကေရေ
ခင်မင်လျက်.....

Anonymous said...

တူမောင်မျိုးလေးရေ- ဆင်းတော့မကြည့်ပါနဲ့..အထင်နဲ့သာ ရမ်းတုတ်လိုက်။

နေနေနိုင်- ကျေးဇူးပဲ ညီမ။

မိတေဖိုးနော်- နင်ကတော့..ကာတွန်းမ

Republic- Craton- ဟုတ်လား..စိတ်ထင်တာလုပ်တာမဟုတ်ဘူးလား။

ကိုပေါရာ- အဲဒါ နာတာပဲ.. ကိုပေါ ပြောမှ.. ခုတောင်ပြန်ပြေးပြီး..ကင်းမီးကောင်ဗျူးနဲ့ရိုက်ချင်လာပီ။း)

ကိုအောင်သာငယ်- ဘီယာဖိုးသက်သာအောင်လား

မခင်ဦးမေ- ကျမ ဖီလစ်ဟော့ပ်ကင်းနဲ့ ကပ်လိုက်သွားတာလေ..

Mirror ဘာစိတ်ဆိုးစရာရှိလို့လဲ- ဟုတ်တယ်လေ..ပင်လယ်ကို မြင်ရတာ..လကိုမြင်ရတာ..တောင်တွေကိုမြင်ရတာ..သဘာဝတရားကြီးကို ရှိခိုးပူဇော်ရသလိုပဲလေ... အရင်ကတော့..ရေထုထည်ကြီးတွေမြင်ရင်..ကြောက်တယ်..။ ခုတော့..မကြောက်တော့ဘူး။ အချစ်နဲ့တူချင်လဲ..တူမှာပေါ့နော်.. ခံစားလက်ခံသူချင်းကွာမယ်လေ။ အာ- ဟုတ်မယ်ကွ..အမအတွက်..အချစ်ကလဲ..ကြောက်စရာကြီး..။း)

တောကျောင်းဆရာရေ- အဲလောက်ကြီး လုပ်ပါနဲ့..။ တ၀ိုင်းစာလဲ ကျွေးမထားမိပါလား။ ဟုတ်တယ်လေ..တို့တွေအားလုံး..ငယ်ငယ်ထဲက.. အရုပ်ကားလေးတွေ ဆက်.. စတစ်ကာလေးတွေစု.. အင်စတောလေးရှင်းလုပ်လာကြတာပဲ။ ကြီးလာတော့..နဲနဲ ကြီး--- ကျယ် --- လာတာပါပဲ.. အတူတူပါပဲ။း)

အင်း- ပီတိပြောလို့..နေရင်းထိုင်ရင်း..အမြှောက်ကြိုက်ရတော့မယ်။း)

ဟုတ်တယ်မချိုသင်း- ကမ္ဘာကြီးက..သူ့ဖာသူ ရှိနေတာ..အမှန်ပဲ။

ကိုဆောင်းယွန်းလ- ကျေးဇူး- အပြန်အလှန်ခင်မင်လျက်-

ကလိုစေးထူး said...

ရေပြင်ညီ ဆိုတဲ့ အခြေခံကိုမှ ဖျောက်ဖျက်ထားမှတော့ အထင်တွေက အများကြီးတဲ့လား...။ ကြိုက်တယ်ဗျာ...၊ အဲဒါကို။ ကျနော်လဲ ထင်ချင်သလိုကို ထင်ပစ်လိုက်မယ်။ :D

သက်ဝေ said...

ကောင်းကင် ပြာပြာ နဲ့  ပင်လယ်ပြင် ပြာပြာ...
တွေ့ ရတာ အေးချမ်းလိုက်တာ...
ဓါတ်ပုံတွေ ထပ်တင်အုံးနော် ကေ...

Anonymous said...

အင်းးးးး
မိတေဖိုးပြောသလိုပဲ :P

စိတ်ကူးကောင်းလိုက်တာ...
ဒါက တကယ်ပြောတာ.. ဒီလိုရှုခင်းတွေနဲ့ တပတ်လောက် နောက်ဆံမတင်းပဲ နေချင်တယ်...
အမ ခင်မင်းဇော်

Anonymous said...

ကိုစေးထူး- ထင်ချင်သလိုသာ ထင်လိုက်ပါ။ တခါတလေ လွတ်လွတ်လပ်လပ်ပေါ့။း)
သက်ဝေ- အဲဒီမှာ ဆက်တင် ထားပြီ။ လာအုံးမယ်
မခင်မင်းဇော်-အမပြောသလို..ပုသိမ်တခေါက်ပေါ့။ အမယ်..ဘိုးတော်ရိုက်တာမဟုတ်ပါဘူး။ အထင်မသေးပါနဲ့နော်။ ကိုယ်တိုင်ရိုက်။း)

မမသီရိ said...

ကေရေ
မမ တော့ ခုမှ ပဲ အဟောင်းတွေ တခုပြီး တခု လှန်လှော ဖတ်နေတော့ တယ်
..
စိတ်ကူလေးက ကောင်းလိုက်တာ
ခေါင်းမူးတာကလွဲပြီးတော့ ပေါ့လေ
ပြီးတော့
မမ ရဲ့ ဖိုးဖိုး ကိုလဲ သတိရသွာ တယ်
သူ့စိတ်ကူးတွေ က ခု ကဗျာထဲ က ကေ တွေး သလို ပဲ

ကလူသစ် said...

ဖြေးဖြေးသက်သာလဲ နှိပ်စက်ကြပါဗျာ။ လူက နဂိုကထဲမှ လည်တယ်တယ်ရယ်နဲ့ :(