just simply gloomy

တကယ်ပါ.. ရိုးရိုးလေး စိတ်မပျော်ဖြစ်နေတာပါ။

အဲဒါလေးကို ပဲ..ပြောပြ ရေးပြမလို့.. . ပြတိုက် တခုက..ရိုက်ယူလာတဲ့.. တရုတ်အနုပညာရှင် တယောက်ရဲ့ ရွှံ့ရုပ်လေးပါ ထဲ့မယ်လုပ်နေတုန်း.. အရုပ်လေးကတင်..ရသတွေ ပေါ်လွင်နေတာ..အနုပညာတွေ ပါနေတာကြောင့်.. ဘာစာမှ မထဲ့ဖြစ်လိုက်တာ။

gloomy ဆိုတဲ့ ခံစားချက်ကို လူတိုင်းလို အခါအားလျော်စွာတော့..ဖြစ်တတ်ကြ တာပဲ မဟုတ်လား။

မနေ့ကလေ.. အီးမေးလ် ဖွင့်တော့..အရွယ်တူ သူငယ်ချင်းတယောက်.. ကောက်ကာငင်ကာ.. ဘာလက္ခဏာမှ မပြပဲ.. ရောဂါဆိုးကြီး တခု ခံစားနေရပြီလို့.. မိတ်ဆွေတွေ..သတင်းပေးကြ..မေးမြန်းကြ..အံ့သြကြ ဖြစ်နေကြတာပါ ။ တကိုယ်လုံး ပျံ့နေတဲ့..ရောဂါ ကြီးကြောင့်.. ချောင်းဆိုးရင်တောင် နံရိုးတွေ ကျိုးကုန်တယ်တဲ့။ ကိုယ်တို့ ၂ယောက်လဲ..တယောက်နဲ့ တယောက် ကြည့်ပြီး.. ကဲ- နင်..အန်-အန်နေတာ..အန်ဒိုစကုပ်ပီ ယူကြည့်အုံး..။ ငါလဲ.. ခုရက်ထဲ..ဗိုက်ထဲ တမျိုးကြီး..ဆိုပြီး.. ချက်ချင်းကို မအီမသာ ဖြစ်လာတော့တာပဲ။

ဆိုရိုးစကားတခု ရှိတယ် မဟုတ်လား။ Expect unexpected things -

ခုတော့..Life expectancy တွေ ကျကျ လိုက်လာတဲ့.. ကိုယ့်လူမျိုးတွေ အတွက်ပါ..စိတ်မကောင်းဖြစ်နေ မိတယ်။ ကမ္ဘာကြီးက..ပူနွေးလာတယ်တဲ့.... ကာဗွန် ထုတ်လွှတ်မူတွေ..မြင့်တက်နေတယ်တဲ့.. ဂြိုဟ် တလုံးတောင်ထပ်တွေ့တယ်ဆိုတော့.. ဂြိုဟ်ခွင် အယူအဆ ဓါတ်သဘာဝတွေ ပါ..ပြောင်းလဲ ဦးမှာ။ ဒါတောင် အားမရလို့.. ဈေးထဲက.. ခရမ်းချဉ်သီးတွေ..ဖရဲသီးတွေကို အရောင်လှအောင်..မြန်မြန် မှည့်အောင် ဆေးထိုးကြတယ်တဲ့။ ပန်းတွေကို ကြာကြာမခံအောင်..ဆေးစိမ်ရတယ်တဲ့။ အပင်တွေ မြန်မြန် ကြီးအောင် လုပ်တဲ့..မြေသြဇာ ဆိုတာတွေမှာ.. ပြဒါးတွေပါတယ်တဲ့။ ဆိုင်ရနိုက်တွေ ပါတယ်တဲ့။ အသားပေါ တဲ့ ဈေးပေါတဲ့ ပီစီ ကြက်တွေ ကို ဟိုမုန်းထိုးထားတယ်တဲ့။ ဒီကြားထဲ နို့မှုန့်တွေ မှာ မယ်လနင် ပါတယ်တဲ့။ ရွေးချယ်စရာ နဲပါးတဲ့.. လူအများစု အတွက်တော့.. ရောဂါ တွေကိုပဲ ရွေးချယ် နေရတော့တယ်။

ကြားလိုက်ရ ရင်လည်း..အသဲရောဂါ ဆိုတာတွေ ချည်းပဲ။ အထူးသဖြင့် အနုပညာရှင်တွေ ..။ အသဲဆိုတာ..ခံစားတတ်တဲ့ နှလုံးနဲ့ ဆက်စပ်နေတာဆိုတော့.. စိတ်ခံစားမူ နဲ့များဆိုင်နေသလား။ စိတ်ထောင်းလို့ ကိုယ်ကျေ လေသလား။ အသဲတွေ နှလုံးတွေက..နူးညံလွန်းလို့..ထိရှပျက်စီးလွယ်တာများလား။

ဘာပဲပြောပြောလေ..ဘ၀ဆိုတာကတော့..လောင်စာရှိသရွေ့..ကိုယ်တိုင် ပဲ့ကိုင် မောင်းနှင် နေရ ဦးမယ့်..ရထားကြီးတစီးပဲ မဟုတ်လား။



Share/Bookmark

9 Comments:

sait phay yar said...

ဘာပဲပြောပြောလေ..ဘ၀ဆိုတာကတော့..လောင်စာရှိသရွေ့..ကိုယ်တိုင် ပဲ့ကိုင် မောင်းနှင် နေရ ဦးမယ့်..ရထားကြီးတစီးပဲ မဟုတ်လား။

ဟုတ်ပါ့ မကေ ရေ.. ဘယ်နေရာမှာနေပြီး ဘယ်လို အသက်ဆက်၇မလည်းတောင်မသိတော့လောက်အောင်ပါဘဲ ဒါပေမဲ့လည်း လောင်စာမကုန်မချင်းတော့မောင်းနှင်ကြရဦးမယ်....

khin oo may said...

မကြားဝန့်တာတွေလဲ ရုတ်တရက် ကြားမိတဲ့အခါ မခံစားနိုင်ဘူးဖြစ်တယ်။ ပုတီးလေးစိတ်။ စိတ်ကလေးငြိမ်အောင်ထား။ ဗောဇင်သုတ်ရွတ်ပါ. စိတ်အေးချမ်းမည်.

ဆောင်းယွန်းလ said...

ကြားရတာစိတ်မသက်သာစရာကြီးဗျာ..
စိတ်မကောင်းဘူးဗျာ..အဲဒီထက်လည်းဘာမှပိုမပြောတတ်တော့ဘူး....

ခင်မင်လျက်

Moe Cho Thinn said...

ကေ့ သူငယ်ချင်းအတွက် စိတ်မကောင်းလိုက်တာ..။
ကိုယ်စားနေတဲ့အစာတွေမှာ ဘာမကောင်းတဲ့ ဓာတ်တွေ ပါနေလဲ ကိုယ်က မသိ။ သိတော့လဲ ရှောင်ရုံ၊ မသိတော့လဲ ခံရုံ။
ဒါကြောင့် အသက်ရှင်တုန်းလေး ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် အကျိုးရှိရှိ နေဖို့ ကြိုးစားမိတာပဲ။

ATN said...

ချိုသင်းပြောသလိုပါပဲ...

အမေလည်း ပြောခဲ့ဖူးတယ်...
ဘ၀ တိုတိုလေးမှာ ချိုအောင် နေကြဖို့ပါပဲ...

စိတ်ကို ပေါ့ပေါ့ပါးပါး ထားပါဗျာ...
လေးလေးလံလံတွေ သယ်မထားပါနဲ့...

MANORHARY said...

ကိုယ့်များပြောသလားလို့ ကဗျာကယာဆန်းစစ်ရသေးတယ်။း)

သက်ဝေ said...

ကေ...
ကေရေးထားတာကို ဖတ်ပြီး လက်ထဲက စားလက်စ ပန်းသီးကို ဟိုလှည့် ဒီလှည့်နဲ့ ကြည့်ရင်း ဆက်စားဖို့  တော်တော်ခက်သွားပါတယ်...
ကံ ကံ၏ အကျိုးတွေ လို့ ပဲ စိတ်ထဲက တွေးနေမိတယ်..

မီယာ said...

ကျန်းမာအောင်နေဖို့ဆိုတာကလည်း တတ်နိုင်ဦးမှကိုးလို့ စဉ်းစားမိတယ်။ စိတ်ညစ်ဖို့ကောင်းပါတယ်နော်။ ဘာမှမတွေးဘဲ လောင်စာရှိနေသရွေ့ ဆက်မောင်း လိုက်ဦးမယ်...

kay said...

မေ-စိတ်ဖြေရာရေ- မောင်းမယ်..
မခင်ဦးမေ- ဗောဇင်သုတ် မရဘူး..ဓမ္မဒါနလေး.း)
ကိုဆောင်းယွန်းလ- မချိုသင်း- ကိုအောင်သာငယ်
ဘ၀ အစိတ်အပိုင်းတခုပဲလေ။ ဘ၀ဆိုတာ တိုတိုလေး ချိုအောင်နေကြ- အမြဲ မှတ်စွဲနေပါတယ်။
မနော်-သက်ဝေ-မီယာ
ဘာမှ အတွေး မချော်နေပါနဲ့ကွယ်။ စားမြဲစား.. သွားမြဲသွား။ ကိုယ်က ရွေးချယ်လို့ မရတာတွေ ရှိတယ်လေ။