Facebook (သို့) ပုံရိပ်ယောင် နိုင်ငံတော်

facebook ဆိုတာကို ကို ကြားနေခဲ့တာ ကြာပြီ ဖြစ်သော်လည်း သူ သိပ်မသိခဲ့ပါ။ သုံးဖို့လည်း မကြိုးစားခဲ့ပါ။ ဟိုယခင် ၃-၄ နှစ်လောက်ကတည်းက..စင်ကာပူက..ညီမ၀မ်းကွဲတွေ..Hi-5 , friendster တို့ နဲ့ အသစ်အဆန်းဖြစ်ကာ..ပျော်နေကြစဉ်ကတည်းက..ဘေးက သွားငေးပြီး..သြော်..လူငယ်တွေ သူတို့ ခြင်း ..ပုံလေးတွေ တင်လိုက်.. နောက်လိုက်နဲ့ ပျော်စရာတော့..ကောင်းသား...လို့ သာ တွေးမိရင်း.. နဲနဲမှ စိတ်မ၀င်စားခဲ့ပါ။ ဖိုရမ်ဆိုတာတွေလည်း.. မသိခဲ့..မထိုင်ဖူးခဲ့ပါ။ ဖြတ်သွားဖြတ်လာ ၀င်တောင် မငေးမိခဲ့တာ..ဘယ်ချောင်မှာ သွားခေတ်နောက်ကျ နေခဲ့လည်း မသိ။ စလုံးမှာ တုန်းက.. တပတ် ၅ ရက်ခွဲ အလုပ်မှာ.. ပြန်လာရင်..ဟင်းချက်..ထမင်းစားရင်း..သတင်းလေး နားထောင်.. ပြီး..တီဗီ ခဏ ကြည့်.. စာအုပ်လေး တအုပ် ဟိုလှန် ဒီလှန်လုပ်ရင်း.. ညခင်း တခု..လျင်လျင်မြန်မြန် ကုန်သွားတတ်တာပဲ..မှတ်မိသည်။ အင်တာနက်ကို အလုပ်ထဲမှာ..နေ့လည် ထမင်းစားချိန်သာ ဗမာသတင်း ၀က်ဆိုဒ်တွေ လျှောက်ကြည့် ဖြစ်သည်။ တော့်တော့်ကို ဝေးခဲ့တာပါ.. Virtual world နဲ့ပေါ့။

ဒီ မြေနီိနီမြို့လေးကို အရောက် ငေါင်စင်းစင်း နေ့ရက်တွေကို လည်း..မိုးမခလေး ဖတ်လိုက်.. .ဒီဗီဘီက သတင်းလေးတွေနဲ့ မောလိုက်.. ဦးဦးဖျားဖျားဖတ်ရတဲ့..weekly eleven လေး မှာ ဗမာပြည်ကို လှမ်းငေးလိုက် နဲ့.. ဒီလိုပဲ ဖြတ်သန်းနေတုန်း.. မိုးမခက မိတ်ဆက်ပေးတဲ့.. ဘလော့ဆိုတာ နဲ့ ပထမဆုံး ရင်ခုန်ခဲ့ရတာပါ။ အင်တာနက် ရဲ့ အသုံးချမူတွေ ထဲမှာ blogging က..ပထမဆုံး အချစ်ဦးပါ။ ကိုယ်ကလည်း စာရေးချင်သူ ဆိုတော့.. အသဲစွဲလိုက်သမှ..ခုထက်ထိ ချစ်နေရဆဲပါပဲ။

Social networking တွေ ပုံသဏ္ဌန်မျိုးစုံ နဲ့ အနီးအပါးမှာ ပိုလို့ များပြားလာနေပေမဲ့.. လူမူပေါင်းသင်းဆက်ဆံရေး မှာ သိပ် မကျွမ်းကျင်လှ..အရမ်းကြီး စိတ်မ၀င်စားလှ တဲ့အတွက်.. တယောက်ထဲ..ပြောချင်တာပြော..ရေးချင်တာရေးလို့ရနေတဲ့..ဘလော့ ကနေ.. တဖ၀ါးတောင် ခွာပြီး မျက်မွေးထော် မကြည့်ခဲ့မိဘူး။ အီးမေးလ်ထဲ ရောက်လာတဲ့.. Invite တွေ ဆို ယောင်လို့တောင် ကလစ် မကြည့်ဘူး။ သိတယ်လေ..အဲဒါတွေက.. သူ့အလိုလို အီးမေးလ် စာရင်းတွေထဲက..လူတွေကို လျှောက် ဖိတ်တာဆိုတာ။ ကိုယ်သွား ကလစ် ကြည့်ရင်.. ကိုယ်မသိပဲ..သူငယ်ချင်း မိတ်ဆွေ တွေကို တဂျီဂျီ အနှောင့်အယှက် ပေးတော့မယ်လေ။

တနေ့သားတော့..သူငယ်ချင်း ကဗျာဆရာမကြီးက.. Facebook ကို လာခဲ့ပါတဲ့။ အဲဒါနဲ့..ဒီတခါတော့..ကိုယ့်ချစ်သူငယ်ချင်း လဲဖြစ်.. ဒီလောက် ခဏခဏ ကြားနေတဲ့.. Facebook လာစမ်း ဆိုပြီး ၀င်ကြည့်လိုက်တာ..မှတ်ပုံတင်ထားသူ ကမ္ဘာ့လူဦးရေ သန်း ၁၅၀ ကျော်ထဲမှာ..ခုတော့...ကိုယ်လည်း တယောက် အပါအ၀င် ဖြစ်နေပါတော့တယ်။

ရောက်ကာစ ဆိုတော့..ဟိုလျှောက်ကလိ..ဒီလျှောက်ကလိ ကြည့်- ကြည့် တယ်။ အင်တာနက် သုံးသူ ဗမာ အသိုင်းအ၀ိုင်းကလဲ ကျဉ်းကျဉ်းလေး ဆိုတော့..မိတ်ဆွေတွေ ရဲ့ မိတ်ဆွေတွေထဲက..မိတ်ဆွေဟောင်းတွေ ပြန်တွေ့.. နဲ့ ခဏတော့ ပျော်သွားသလိုပါပဲ။ ဘာအဖွဲ့ညာအဖွဲ့တွေလည်း စုံလို့။ အမယ်..အပင်လက်ဆောင်ပေးရင်.. အပင်က..တဖြည်းဖြည်းကြီးတောင်လာ ဆိုပဲ။ အခု နောက်ဆုံး Market Place ဈေးတောင် ဖွင့်တော့မည် တဲ့။ ဒါပေမဲ့.. သူ့ ရဲ့ feature တွေ platform တွေက.. ကိုယ့်အတွက် နဲနဲ မျက်စိ နောက်စရာ ကောင်းနေတယ်။ ဘာလို့လဲ မသိဘူး..ကိုယ့်အတွက်တော့..သိပ်ပျော်စရာ မကောင်းဘူး။ ဘလော့မှာတင်..ကိုယ်လုပ်ချင်တာတွေ ပြည့်စုံ နေပြီ ဆိုတော့..သိပ် မသွားချင်တော့ဘူး။ အချိန်ကလည်း ရှိသေးတယ်လေ။ ဒါပေမဲ့.. အခု နှစ်ပိုင်း အချိန်ပိုင်းလို facebook ဆိုတာ သိပ်ခေတ်စားလာတဲ့ အချိန်မှာ.. တခြား..ဘလော့ နဲ့ မယဉ်ပါးတဲ့..စာဖတ် စာရေး သိပ်စိတ်မ၀င်စားတဲ့ သူငယ်ချင်းဟောင်းတွေက.. သူတို့ဖာသာ လျှောက်ရှာရင်း..သွားရင်းလာရင်း..ကိုယ့် ဆီကို တယောက်ပြီး တယောက်..တံခါး လာခေါက် ကြ တယ်။ အဲတော့လည်း တံခါး သွားဖွင့်လိုက်... နှုတ်ဆက်လိုက်ပေါ့.. ပြီးတော့လည်း..ကိုယ့်ဘလော့ပဲ ကိုယ်ပြန်လာ ထိုင်နေမိတာပဲ။ မိတ်ဆွေ တယောက်ဆို အခါတိုင်းလို အီးမေးလ် ကတောင် စာမရေးတော့ဘူး.. facebook ထဲမှာပဲ ရေးတော့တယ်။


source: Guardian

ကိုယ်ကတော့..ဘာရယ်မှ မဟုတ်ဘူး..ပြောခဲ့သလို..ဘလော့တလုံး နဲ့ အလုပ်ရှုပ်နေတာနဲ့.. စိတ်မ၀င်စားဖြစ်တာ။ တလောက..အမေရိကန်သမ္မတ မဲဆွယ်ပွဲတွေမှာတော့.. facebook က..အရေးပါတဲ့ အခန်းကဏ္ဌက ပါခဲ့ပြီး.. သမ္မတ အိုဘားမား ကိုယ်တိုင် facebook ကို ကောင်းကောင်း အသုံးပြုခဲ့ တယ်လို့ ဆိုထားတယ် ။ နောက်- အီဂျစ်နိုင်ငံက.. အစိုးရ ဆန္ဒပြပွဲတွေကိုလည်း.. facebook ကပဲ ဆောင်ကျဉ်းပေး ခဲ့သလိုလို.. သတင်းတွေ ဖတ်လိုက်ရသည်။ တပြိုင်တည်းမှာပဲ..အသစ်အသစ် တို့ရဲ့ ထုံးစံ အတိုင်း အကျိုးအပြစ် မကွဲပြားပဲ.. အငြင်းပွားဖွယ်ရာ များလည်း.. ပြောဆိုနေကြတာ..ခဏခဏ ဖတ်နေ မြင်နေရ ပါတယ်။ သတင်းစာ ဆောင်းပါး တခုမှာ ဖတ်လိုက်ရတာက.. လူသတ်မူပေါင်းများစွာ နဲ့ တသက်တကျွန်း ထောင်ဒဏ် ကျခံနေရတဲ့ မာဖီးယား ခေါင်းဆောင်တယောက် ရဲ့ facebook profile မှာ.. ပရိသတ် မိတ်ဆွေ များစွာနဲ့.. သူရဲကောင်းကြီး လုပ်နေတာ သင့်တော်ပါရဲ့လား တဲ့။ အခုဆိုရင်.. ဆေးလိပ်ကြော်ငြာတွေမှာ - ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်နိုင်ပါသည် -လို့ ထဲ့ပေးရသလိုပဲ.. တလောက..အော်စီ က..Internet Service Provider က..ဒီလို ကြော်ငြာ ထားတာကြည့်ပြီး..ပြုံးလိုက်မိပါသေးတယ်။

If you've got time to facebook, you've got time to call your mum

These days, it seems we have less and less time to chat. Yet in the middle of this time crunch we still find hours and hours for things like social networking sites. There's nothing wrong with that, just don't forget to spare a little time to phone home.

facebook သုံးတာ မှားတဲ့ကိစ္စ မဟုတ်ပါဘူး.. မိသားစုကို ဖုံးခေါ်ဖို့သာ မမေ့ပါနဲ့...တဲ့
လူလည်ပဲ..။ သူက.. Telecon ကုမ္ပဏီ ဆိုတော့..ဖုံးလိုင်းရော..အင်တာနက်ပါ ရောကြော်ငြာ လိုက်တာကိုး။

ပြီးခဲ့တဲ့ ၃ လလောက်ကတော့.. မမျှော်လင့်ပဲ work shop လေးတခုမှာ Guardian သတင်းစာပါ..face book နဲ့ပတ်သတ်တဲ့.. ဆောင်းပါးလေး တပုဒ်ကို သေချာ ဖတ်လိုက်ရတယ်။ စိတ်ဝင်စားစရာလေး မို့..ဘလော့မှာ ရေးမယ် ရေးမယ်နဲ့ မစဖြစ်ဘူး။ ဆောင်းပါးရှင်ကတော့.. facebook အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် လိုက်ရှာဖွေ ပြီး.. အဆိုးမြင် ရှုထောင့်ကနေ ရေးထားတာပါ။ ဘာရယ်တော့မဟုတ်ပါဘူး.. အခု နေ့စဉ် ဘ၀ တွေမှာ သိပ်ခေတ်စားလာနေတဲ့.. Social networking ဆိုတာ ကိုလည်း အားလုံးက..စိတ်ဝင်တစား စောင့်ကြည့်လာနေတော့.. ဝေမျှ ကြည့်တာပါ။

ဆောင်းပါး မူရင်းကို ဖတ်ကြည့်မယ် ဆိုရင်..သူ့အသုံးတွေက..သိပ် ထိမိပါတယ်။ ပြုံးချင်စရာ လည်း ကောင်းပါတယ်။ သူက..ဆောင်းပါး အစကို ဒီလို ဖွင့်ထားတယ်။

Why on God's earth would I need a computer to connect with the people around me?

++++++


face book ကို ဖန်တီး ခဲ့တဲ့ ၂၄ နှစ်အရွယ် ကမ္ဘာ့အသက်အငယ်ဆုံး သူဌေးလေး Zuckerberg ကို..လူတိုင်းလိုလို သိကြမှာပါ။ သူက.. ကမ္ဘာ့ကွန်ပြူတာ ပုဂ္ဂိုလ်ကျော်ကြီး Bill Gates ကို အားကျ လို့လား.. မတူတူအောင်လိုက်တု သလားတော့မသိ။ သူလည်း Harvard ကျောင်းကို တန်းလန်းထားခဲ့တဲ့ ညဏ်ကြီးရှင်လေး တယောက်ပါ။ သူတို့ ကျောင်းသားအချင်းချင်း..ပညာစမ်းဖို့..စဖို့ နောက်ဖို့ ပျော်ဖို့ ဆိုပြီး..စု လုပ်ကြရင်း..ဒီ facebook ဆိုတာလေး ဖြစ်လာခဲ့တယ်။ facebook ဆိုတဲ့ နံမယ်ကလည်း.. တက္ကသိုလ်တွေမှာ မျက်နှာသစ် တွေ ကို ကြော်ငြာတဲ့..နံရံကပ် ဘုဒ်ကလေး တွေကို ပြောတာပါ။

ဒီဆောင်းပါး မှာ အဓိက ရေးထားတာက.. အဲဒီ သူဌေးပေါက်စလေး Zuckerberg အကြောင်း မဟုတ်ပဲ.. ဒီလို venture capital .. တီထွင်စွန့်စားဖန်တီးမူလေးကို ၀ယ်ယူခဲ့တဲ့..နောက်ကွယ်ကနေ.. ထောက်ပံ့နေတဲ့ .. သူကိုယ်တိုင်လည်း venture capitalist ကြီး တယောက်ဖြစ်တဲ့..အသက် ၄၀ ကျော်အရွယ် Peter Thiel ဆိုသူရဲ့ စိတ်ဝင်စားစရာ အကြောင်းပါ။

သူကိုယ်တိုင်က..နံမယ်ကျော် Pay Pal ငွေကြေးစနစ် ကို ပူးတွဲ ဖန်တီးခဲ့တဲ့.. ညဏ်ကြီးရှင် တယောက်ပါ။ သူ့ကို Fortune magazine ကနေ PayPal Mafia လို့ တောင် နံမယ်တပ်ခဲ့တယ်။ Stanford ကျောင်းထွက်ဖြစ်တဲ့ Thiel က ကျောင်းမှာတည်းက.. Liberal သမားတွေ.. Multicultural သမားတွေကို ဆန့်ကျင်ဝေဖန်ခဲ့တဲ့.. အနာဂါတ်စိတ်ကူးယဉ် ရှေးရိုးစွဲ လက်သစ် တယောက်ဖြစ်တယ် ဆိုတာ လူတိုင်း သိကြတယ်တဲ့။

လူ့ဘ၀ သက်တမ်းဆိုတာ..စိတ်ပျက်စရာကောင်းတယ်..ကြမ်းကြုတ်ခက်ထန်တယ် တိုတောင်းလှတယ်..ဒါ့ကြောင့် နောက်ထပ် ဆင့်ပွားပုံရိပ် ဘ၀ တခုကို သွားကြမယ်..အဲဒီမှာ သဘာဝ တရားကြီးကို အနိုင်ပိုင်းပြစ် နိုင်တယ်လို့.. Thiel က..တနေရာမှာ ဆိုခဲ့ဖူးသတဲ့။ သူက..အခွန်- ဆိုတာကြီးကို မယုံကြည်သလို ..ဘဏ်ငွေကြေးစနစ် ကို သဘောမကျတဲ့ အတွက်..တန်ဖိုးနဲ့ပိုသက်ဆိုင်တဲ့.. နိုင်ငံ နယ်နမိတ် စည်းမရှိတဲ့ PayPal ကို စပြီး လုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက်တော့.. Zuckerberg ရဲ့ facebook ဆိုတာလေးကို.. ဟိုး..အစပိုင်းအချိန်ထဲက..ငွေကြေးအလုံးအရင်း နဲ့ ထောက်ပံ့လာခဲ့တယ်။

လူဆိုတာမျိုးဟာ..သိုးတွေလို အုပ်စု သဘာဝ ရှိတယ်ဆိုတာကို Thiel နဲ့သူ့အုပ်စု ဂုရုကြီးများက.. ကောင်းကောင်း အသုံးချ နိုင်ခဲ့တယ်လို့လည်း ထောက်ပြထားတယ်။ အခုကိုပဲ ကြည့်လေ.. သူငယ်ချင်း တယောက်က.. facebook ဆို..နောက်တယောက်.. နောက်တယောက်နဲ့..တရက် ၂ရက် အတွင်းကို..သိုးအုပ်တအုပ်တော့..ရသွားတာပဲ။

ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာက.. သဘာဝ ကပေးတဲ့ တိုတောင်း ရှုပ်ထွေးတဲ့ လူ့ဘ၀ကို မနှစ်သက်တဲ့ Thiel က..အခုဆိုရင်..Cambridge တက္ကသိုလ်က..မျိုးရိုးဗီဇ ဆိုင်ရာပညာရှင်..Aubrey Dde Grey ရဲ့ မသေခြင်း ကို ရှာဖွေနေတဲ့..သုသေသန လုပ်ငန်းအတွက် ဒေါ်လာငွေ ၃.၅ သန်း ထဲ့ဝင်ဖို့ ကတိပြုထားပြီး.. အသက်ဆက်နည်း နည်းပညာ တခုကို စတင် ရင်းနှီးမြုပ်နှံ နေပြီလို့ ဆိုပါတယ်။ Artificial Intelligence (AI) လို့ခေါ်တဲ့ အသိညဏ်အတု နဲ့ပတ်သတ်တဲ့ အဖွဲ့အစည်း တခုမှာလည်း..ဘုတ် အဖွဲ့ဝင် အကြံပေး တယောက် ဖြစ်နေပါ သတဲ့။

အံ့သြ ထွေပြားဖွယ်ရာ များပါပေ။ ဆောင်းပါးရှင်ကတော့.. Thiel ဟာ သဘာဝ လောကအစစ် ကြီးကို ဖျက်စီးနေသူ.. လို့ စွပ်စွဲထားပြီး.. facebook ကိုလည်း ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ် ဖျက်စီးမူ ( global manipulation ) လို့ ပြင်းပြင်းထန်ထန်ကို နံမယ်တပ်ထားပါတယ်။

သေချာတာတော့..တကမ္ဘာလုံးက..လူတွေက..သူတို့ ဓါတ်ပုံတွေ.. အကြိုက်တွေ.. ကိုယ်ရေးရာဇ၀င် တွေကို.. ဒီ မျက်နှာဘုတ်အုပ် ကြီးပေါ်မှာ.. ဘယ်သူကမှ အတင်း အကြပ် မခိုင်းရပါပဲ.. ကြည်ဖြူပျော်ရွှင်စွာ.. ဖော်ပြနေကြတာမှာ..အကျိုးအမြတ်ရှိနေမှာကတော့.. ဒီဘုတ်အုပ်ကြီးကို ငွေကြေးအမြောက်အမြားဝင်ပြီး ချိတ်ဆက် ကြော်ငြာနေတဲ့.. Coca Cola, Blockbuster, Verison, Sony Pitcures and Conde Nast တို့လို နံမယ်ကြီး ဈေးသည်ကြီးတွေ နဲ့ အမျိုးသားလုံခြုံရေး လုပ်ငန်းကြီးတွေပဲ ဖြစ်နေတယ် - တဲ့။

ဒီနေရာမှာ ဆောင်းပါးရှင်က.. နှိုက်နှိုက်ချွတ်ချွတ် စွပ်စွဲထားပြန်တာက.. facebook ရဲ့ ဘုတ် အဖွဲ့ဝင် နောက်တယောက်ဖြစ်တဲ့.. Jim Breyer ဟာလည်း CIA ရဲ့ လက်ခွဲတခုဖြစ်တဲ့ Q-Tel ဆိုတဲ့..လုပ်ငန်းကြီးနဲ့ ဆက်စပ် ပတ်သတ်နေ ပြီး.. CIA ရဲ့ ထောက်ပံ့မူတွေ အများကြီး ရှိနိုင်တယ် လို့ ဆိုထားပါတယ်။

နောက်ထပ် အပြစ်ဆိုထားတာကတော့..ပင်မရေစီး သတင်းစာ ဂျာနယ် လုပ်ငန်းကြီးတွေ မှာ စာတွေ သတင်းတွေအတွက် ငွေကြေးနဲ့ ၀ယ်ယူ အသုံးပြုရင်း..လည်ပတ်နေရပေမဲ့.. facebook ကြီးကတော့..သူ့ရဲ့ Input တွေ Content အတွက်..အသာလေး ထိုင်စောင့်ရင်း..အလကားပဲတင်း ရနေတာ...အဲဒီကမှ အကျိုးအမြတ်ယူနေတာ.. မသင့်တော် မမျှတပါတဲ့။ ဒါကတော့..စိတ်မကောင်းစရာ ခေတ်ရဲ့ ရေစီး ကြောင်း ပြောင်းမူ တခု ပေကိုး နော်..။

ဆောင်းပါးရှင်ကတော့.. ရေးရင်း ရေးရင်း..စိတ်တိုလာပုံရသည်။ သူ့ရဲ့ တစ်တစ်ခွခွ အသုံးတွေကို..ဖတ်ရင်း သဘောလည်းကျ..ရင်လဲ မောနေမိသည်။

ဘာတဲ့.. commodification of human relationships and extraction of capitalistic value from friendships တဲ့။ ဟုတ်လည်း ဟုတ်နေသားပင်။

ပြီးတော့.. အသုံးပြုသူတွေကို..ဒေါမနသ အပြည့် နှင့် ပြောလိုက်ပုံက..
မကြာခင်မှာ United Kingdom ထက်ပင် လူဦးရေ များပြားလာတော့မဲ့.. Thiel နဲ့သူ့အုပ်စုရဲ့ ပုံရိပ်ယောင်နိုင်ငံတော် အာဏာရှင် စနစ် အောက်မှာ.. နေမယ် မနေဘူးဆိုတာ..ကိုယ့်ဖာသာကိုယ် ရွေးကြပါတဲ့။

ကိုယ်ကတော့..အသာလေး စောင့်ကြည့် ဦးမယ်..။



ကိုးကား- http://www.guardian.co.uk/technology/2008/jan/14/facebook


Share/Bookmark

30 Comments:

pandora said...

ပုံရိပ်ယောင်တွေဟာ ဘ၀ရဲ့ အစိတ်အပိုင်းဖြစ်လာတယ်။ ဒါကို လက်ခံရတော့မယ်လို့ ထင်မိတယ်။ ဆက်တော့ ကြည့်ကြတာပေါ့။

nu-san said...

မကေရေ.. အခုထိတော့ face book နဲ့ မဆုံဖူးသေးဘူး.. သူများတွေ forum ခေတ်တုန်းကလည်း ယောင်လို့တောင် လှည့်မကြည့်တာ.. blog ကျမှပဲ ထိတော့တယ်.... :)

khin oo may said...

တို့လဲ မဝင်ဘူးသေးဘူးကေ..

Anonymous said...

ကိုယ်ကတော့ ၀င်ထားပြီး တကယ့်အရင်းတွေပဲ လက်ခံထားတယ်။ ဒါပေမယ့် ပန်ပန်လိုပဲ ကြည့်နေတုန်း..
အချိန်တော့ အကုန်မခံဘူးလေနော်..
အမခင်မင်းဇော်

ဆောင်းယွန်းလ said...

သေသေချာချာဖတ်သွားပါတယ် မကေရေ...
ကျနော်လည်း ဘလော့ကိုပဲ ဆက်ချစ်နေတုန်းပါပဲ..
သူ့လောက်ချစ်ရမယ့်သူမရှိသေးပါဘူး..
ဘလော့လောက် ဘယ်ဟာမှ ရင်မခုန်ရသေးဘူးဗျာ..

ခင်မင်လျက်....

Anonymous said...

အင်း.. သိပ်မသုံးဖြစ်သေးဘူး.. ဖွင့်တော့ဖွင့်ထားတယ်

ATN said...

ဘလော့ကလွဲလို့ ရောက်ဖူးတာဆိုလို့ MBS တခုပဲ ရှိသေးတယ်... တခြား ဘယ်မှကို မရောက်ဖူးသေးဘူး...
ခုတော့လည်း ဘလော့ကလွဲလို့ ဘယ်မှလည်း မသွားချင်တော့ပါဘူး...း)

Moe Cho Thinn said...

ကြားတော့ ကြားဖူးတယ်။ ဘယ်ကို သွားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ မသိလို့ မလုပ်ဖူးသေးဘူး။ ဘလော့ဂ်နဲ့တောင် ကိုယ့်အချိန်လေးကိုယ် မနည်း ပြန်ဆွဲထုတ်နေရတာ၊ facebook ဆိုရင်တော့ ကိုယ်ကလဲ သူငယ်ချင်းမက်တာနဲ့ မ၀င်တာပဲ ကောင်းပါတယ်လေ။ ကေ့ ပို့စ်လေးဖတ်မှ ငါမသိတာတွေ အများကြီးပဲ လို့ ဗဟုသုတ အတော်ရ။ :)

မီယာ said...

အပြင်မှာ လူတွေ မတွေ့နိုင် လောက်အောင် အလုပ်ရှုပ်နေကြတာ များလို့ နောက်ထပ် ပုံရိပ်ယောင် ကမ္ဘာလေးတစ်ခု fb ကနေ ဆက်သွယ်ကြဖို့ ထင်ပါရဲ့။ အချိန် ပေးရတာချင်း တူတူ ပုံရိပ်စစ် ကမ္ဘာကပဲ ဆက်သွယ်ချင်ပါတယ်။

MANORHARY said...

တစ်ခုခုကိုသေသေချာချာလေ့လာပြီးမှလုပ်တတ်တာ
ကေ့ အကျင့်မို့ထင်တယ်။ဒီဆောင်းပါးလေးကလည်း
စုံလင်ပြီးအကျိုးရှိတယ်။တို့တောင်စလုပ်တဲ့သူကိုသိတာ
ကလွဲရင်အဲဒိအုပ်စုအကြောင်းကိုခုမှသိတာ
နောက်များလည်း ရသ သမားတွေကို သုတတွေမျှဝေ
ပေးသွားပါဦး...း)

Anonymous said...

Face Book ရဲ့ မူလလက်ဟောင်း ဖေါက်သည် တဦးလာပါတယ်။

Anonymous said...

fb ကို စသုံးဖြစ်တဲ့ အကြောင်းက ကျောင်းက ဆရာတစ်ယောက်က fb ကို သုံးပြီး သင်ခန်းစာနဲ့ ပတ်သက်တဲ့ သတင်းတွေ စာရွက်စာတမ်း တွေ ဖြန့်လိုပါ။ အဲဒါနဲ့ အတန်းထဲက သူငယ်ချင်းတွေ fb မှာ တစ်စုတစ်စည်းတည်း ဖြစ်သွားပါတယ်။

နောက်တော့ ၁၀ နှစ်ကျော် အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေ အားလုံးကို fb ကြောင့် ပြန်ဆုံ ဖြစ်ပါတယ်။ အဲဒီကနေ ဖုန်းနံပါတ် အီးမေးလ် အပြန်အလှန် ဖလှယ် ဖြစ်ကြတယ်။ သူငယ်ချင်းတွေ အရင်လို အပြင်မှာ မဆုံနိုင်တော့ပေမယ့် Virtual World မှာ အမြဲ တွေ့ ဖြစ်သွားပါတယ်။ fb ရဲ့ ကောင်းတဲ့ အချက်က ကိုယ့်သူငယ်ချင်းတွေ ကနေ တစ်ဆင့် အခြား အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတွေကို ရှာဖွေတွေ့နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီး ရှိအောင် လုပ်ပေးထားတာပါ။ အခုတော့ တစ်ခြား Social Networking Site တွေ တစ်ခုမှ မဝင်ဖြစ်တော့ဘဲ fb ပဲ ဝင်ဖြစ်ပါတော့တယ်။

ရွှန်းမီ said...

ဘာလို့ လူတွေက တခြားမှာသုံးမယ့်အချိန်ကို ဒီမှာသုံးဖို့ ရွေးလာကြတာလဲ? စဉ်းစားစရာပဲ ..

Thet Oo said...

ဒိန်းမတ်မှာတော့ vacation သွားမယ့်အကြောင်း facebook မှာ မရေးကြပါနဲ့လို့ သတင်းစာတွေက သတိပေးထားရတယ်။ ဘာလို့လဲဆိုတော့ အိမ်ကိုဖောက်ပြီး ၀င်ခိုးမယ့်သူတွေက ဘယ်အိမ်တွေမှာ လူမရှိဘူးလဲ ဆိုတာ facebook ကနေ သိနေလို့ပါတဲ့။ လူဆိုးတွေလည်း ရှိနေတယ်နော်.. သတိ... သတိ... သတိ...

s0wha1 said...

အား... face book က အဲလောက်တောင် နာမည်ကြီးနေမှန်းမသိ။ ခုပဲ ၀င်ကြည့်ဦးမှ။ တခါမှ မ၀င်ဖူးဘူး။ ကြားဖူးတာတောင် နှစ်ရက်နဲ့ တပိုင်းပဲ ရှိသေးတယ်။ :D

mirror said...

ဘာလဲတောင် သေချာမသိပါဘူး..။အထဲက အခြေအနေနဲ့လဲ
အသစ်တစ်ခုကိုစိတ်ဝင်စားမရင်က ကိုယ့်ကိုယ်ကို ဒုက္ခပေးတာနဲအတူတူပဲ။
ဥပမာ ဘလောဂ့်ပဲလေ..။ဖြတ်မရတော့လဲ ဒီလိုပဲ..လုပ်နေရတာ။
:P
အစ်မ ရေးထားတာက ချစ်စရာလေး..။နည်းပညာရော..နောက် အစ်မတို့ဆီက အခြေအနေရော..သိရတယ်။

ခင်မင်လျက်

Khin said...

interesting

ဇနိ said...

Facebook ကို စသိကတည်းက အကောင့်လုပ်ထားတယ်။ အချိန်လည်း မပေးတော့ သုံးလည်း မသုံးတတ်ဘူး။ ကျင်လည်နေကျ ဘလော့ဂ်လောက် မစွဲဘူး ဖြစ်နေတယ်။
- စဉ်းစားမိတာက ကိုယ့်လို နောက်က လိုက်သုံးနေတဲ့လူက တိတိကျကျ ရည်ရွယ်ချက် မရှိဘဲနဲ့ နာမည်ကြီးသမျှ ဆိုရှယ်နက်ဝက်တွေကို လိုက်ပြီး သုံးနေရင် အချိန်ကုန်တာပဲ ရှိမယ်ထင်ပါတယ်။

သက်ဝေ said...

ဗဟုသုတရစရာတွေကို သေသေချာချာလေ့လာပြီး
ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် ကေ...
ပုံရိပ်ယောင်တွေနဲ့ အချိန်ကုန်ရတာ အန္တရာယ်မရှိဘူးဆိုရင်တော့ ပျော်စရာ ကောင်းပါတယ်..
တခါတခါကျတော့ ပုံရိပ်စစ်တွေက စိတ်ကုန်စရာကောင်းလှတယ်လေ...။

*** ကေ... ကေ ကတို့ထက် တော်တော်လေး ငယ်မှာပါ...

kay said...

ပန်- ဆက်ကြည့်ကြတာပေါ့-
နု-ဘလော့ကတော့..အားလုံးထိတာမှ အလဲလဲ အကွဲကွဲး)

မဂျီး- ၀င်ကြည့်လေ..သိရတာပေါ့..ဘာလဲ ဘလော့တွေနဲ့တင်..KMSL အတွက် အချိန်နဲနေပီလားး)

အမ-ကြည့်ယုံပဲကြည့်.. ဘာမှ မ၀ယ်နဲ့ ပိုက်ပိုက်ကုန်တယ်။ အချိန်ကုန်တယ်။

ကိုဆောင်း-ဘလော့ကို အသေအကြေ စွဲလမ်းသူများပေါ့လေ..အသက်ပါပေး ချစ်မယ်လား..ဟဲ

Craton- တို့တွေလိုပါပဲ သိုးအုပ်ထဲက..သိုးလေးတကောင်ပေါ့..

ကိုအောင်သာငယ်- MBS နဲ့တင်..တော်တော်ပျော်သွားပြီထင်တယ်။

မချိုသင်း..စမ်းကြည့်မယ်ဆိုရင်တော့..အိမ်က..အပြေးစက်ကြီး..ပိုသနားဖို့ကောင်းတော့မယ်..ဟိ

မီယာ- အဲဒါပေါ့..controversial ဆိုတာ-

မနော်- ခုတလော ကျမကို လက်ဆောင်မပေးတာ..ပန်းတွေ မပို့တာ ကြာပီ.. ပြန်လာခဲ့..သူခေါ်ပြီး

ဒူကဘာ- ကော်လိုရာဒိုက..ရုံးချုပ်မှာ သွားလုပ်ပါလား..ဖောက်သည် ပွိုင့်တွေနဲ့ဆို.. တခုခုတော့ ရမှာပါ။း)

ZT( ဖူးနုသစ်) အဲလိုမျိုးလဲ တကယ် အသုံးဝင်တယ်နော်။
ရွှန်းမီ- ဟုတ်တယ်..စဉ်းစားစရာပဲ..( စဉ်းစား..)

ကိုသက်ဦး- စိတ်ဝင်စားစရာ ဆိုးပြစ်လေးတွေပဲ..ဒါမျိုးတွေလဲ..အသိပေးရေးသားသင့်တယ်။

စိုးဝှက်- ၂ ရက်နဲ့တပိုင်းဆိုတော့..တပိုင်းက..စနေ့နေ့ဝက်အလုပ်ဆင်းတာထင်တယ်။ ညီမလေး ခုတလောစာသိပ်မရေးပါလား။

မကြေးမုံရေ- မသိတာ ခပ်ကောင်းကောင်းပဲ..ဒီ ကိုးနတ်ရှင်နဲ့ဆို.. မေ့ထားလိုက်။ သိပ်အရေးမပါပါဘူး..ဘလော့သာ ဆက်ရေး။

May Burma- Thank you for your comment. Yeh..It is interesting that's why I wanted to share it.

ဇနိ- သိုးအုပ် တွေလေ..

မသက်ဝေ- ဟုတ်ပါတယ်.. တခါတခါလဲ ပုံရိပ်စစ်တွေထဲက..ပြေးထွက်..မိုးပေါ်ပျံ.. ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ ပြီးတော့..အောက်ပြန်ဆင်း..ထမင်းချက်ပေါ့..ဟားဟား

P.Ti said...

အဝေးရောက် အနီးရှိ သူငယ်ချင်းတွေရဲ့ သတင်း အမြဲသိရအောင် frienster, ning, facebook အကုန်သုံးပါသည်...

ပုံရိပ်ယောင် နိုင်ငံတော်သားတစ်ယောက်ဖြစ်နေပါပြီ။

Dr. Yi Yi Win said...

တို့ တော့ ဘလော့ဂ်လေးတောင်မနည်း အသက်ဆက်ထားရတာ။ မေးလ်တွေကတော့လုပ်ထားတာများပြီး pw တွေလည်းမေ့ကုန်လို့ မဖွင့်ရတော့ဘူး။ ဒါနဲ့ အပြင်ထွက်ပြီးလမ်းလေးဘာလေးလည်းလျှောက်ဦးနော် ကေ။

Anonymous said...

ပုံရိပ်ယောင်နိုင်ငံတော်သားကြီး ပီတိရေ- double tax ကနေ..triple tax ဖြစ်နေအုံးမယ်။
ချာမယု- လျှောက်ပါသော်ကောနော်.. ညနေတိုင်း..မယုံရင်.. ကျုံးဘေးက..အုန်းပင်တွေ ကြည့်..အဲဒီပင်စည်တွေအတိုင်းပဲ..ပိန်ပိန် ဖြောင့်ဖြောင့်လေး.။။း)

တန်ခူး said...

ကေရေ… အမှန်အတိုင်းဝန်ခံရရင် ဟိုတစဒီတစ face bookဆိုတာကို ကေ့ဆီရောက်မှ ရေလည်တော့တယ်.. ဘလော့ဂ်တောင်မနဲဘလော့ဂ်နေရတော့..အင်း… ပုံရိပ်ယောင်မှာ လူတွေ အရမ်းပျော်မွေ့ သွားရင်လဲ လက်တွေ့ ဘ၀တွေ တဖြေးဖြေးသွေ့ ခြောက်လာမှာ စိုးမိတယ်…

JulyDream said...

အင်း...
facebook ဆိုတော့လည်း facebook ကြတာပေါ့။ အချိန်တော့ ကုန်တယ်။ ဒါပေမယ့်... ပြန်ရတဲ့ ပီတီတွေလည်း ရှိပါတယ်။ facebook က သုံးတတ်ရင်တော့ ဆေးပါပဲ။ မသုံးတတ်ရင်တော့ ဘေးပါပဲ။

မှတ်ချက်။ ။ ပီတီလို့ ခေါ်တဲ့ ဘလော့ရေးတဲ့ လူကြီးကို ဆိုလိုခြင်း မဟုတ်ပါ။

Nu Thwe said...

FB ကို social networking အတွက် သုံးတယ်။ သူ့မှာ ပေါ်သမျှ application တွေ လိုက်မသုံးမိဖို့တော့ လိုတာပေါ့။ အချိန်စားလွန်းတာရယ်၊ ကိုယ့် info တွေကို ဘယ်သူမှန်း မသိသူတွေက access ရကုန်တာရယ်ကြောင့်ပါ။ ဒါပေမယ့်လည်း FB profile မှာ ကိုယ့်အကြောင်း ဘယ်လောက် တင်မယ် ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိပါတယ်။ သတိနဲ့ သုံးရင် အကျိုးများပါတယ်။

kay said...

မတန်ခူးရေ- ဟုတ်တယ်- လူမူပုံစံတွေကတော့..နည်းပညာ အသစ်အဆန်းတွေ နဲ့အတူ ပြောင်းလိုက်နေတာပါပဲ။
ဇူလိုင်- စားတဲ့ပီတိ ကို သိပါတယ်။
မနုသွယ်- ပြောတာထောက်ခံ တယ်။ လျှောက်ကလိ နေလို့ကတော့..ကိုယ်က..သားကောင်ဖြစ်သွားလိမ့်မယ်။

Anonymous said...

Facebook and twitter are equally powerful. Use them for your own advantage. Exact purpose of usage depends on how you use them. Both of them are good for social marketing or marketing for our blogs. As a business man, choices are broader.

KKLS said...

I wanna know, who is kay??

KKLS said...

Who is kay?