နှစ်သက်နေသေး တဲ့ အဟောင်းတပုဒ်

မမသီရိရေ- ဒုတိယ အကြိမ် ဆိုတော့.. အကြိုက်ဆုံးထဲက..တခုဖြစ်မှာပေါ့နော်။
ဒီ စာလေးက.. အကြိုက်ဆုံးဖြစ်ယုံမက..တိုလည်းတို.. ပေါ့လဲ ပေါ့ပါး.. လေးလဲ လေးနက်.. သီချင်းလေးလဲ နားထောင်လို့ ပျော် စေ တာမို့- ကိုယ်တိုင်လဲ.. ပြန်နားထောင်ရင်း..လိုက်ဆိုလိုက်သေးတယ်။း)
~~
Que Sera Sera...........
~~
ဘာတွေပဲ ဖြစ်လာ..ဖြစ်လာ...
-
ကလေး ငယ် တယောက် အတွေး နှင့် တွေးခဲ့ ဘူး သည်..
ငါကြီး လာ ရင်..နံမယ် ကြီး အဆို တော် တယောက် ဖြစ် ချင် လိုက် တာ..

တခါ တလေ လည်း..အားမလို အားမရ ကြိမ်းဝါး မိ ခဲ့ သည်။
ငါ- အခု သာ.. အဘွား ခွဲ တမ်း ချ ပေး တဲ့ ကိတ် မုန့်တချပ်ပဲ စား ရတာ..ငါကြီး လာ ရင်..ကိတ်မုန့် တွေ..တ၀ ကြီး စား နိုင် မှာ...

ပြီး တော့..လူ ကြီး ဆို တာ ..အရာ ရာ ပြည့်စုံ မှန် ကန်သူတွေ လို့ လည်း..အထင်ကြီး..အားကျ ခဲ့သေးသည်။ ကျောင်း ဟော ပြောပွဲ တွေ မှာ စကား လာ ပြောလေ့ ရှိ တဲ့..တိုက်ပုံ ၀တ် ထား တဲ့..လူကြီး တွေ ကို.. ငေး ကြည့် ရင်း..
သူတို့လို လူကြီး ဖြစ် လာ ခဲ့ရင်..စတိုင် သိပ်ကျ မှာပဲ နော်...

အဲဒီ အချိန်တွေ တုန်းက..အိမ်က..တကူးတက..လိုက်ပို့ရ တဲ့.. မြို့လယ်ခေါင် က..ကျောင်း ကြီးဟာ...အကြီး ဆုံး ကမ္ဘာ ကြီး ပေါ့..
ဒုတိယ တန်း အတန်းပိုင် ဆရာမ ကို..အရမ်း ချစ် သည်။
ကျောင်းအုပ် ဆရာ ကြီး ကို မြင်ယုံ နှင့်ပင်..ဖိန့်ဖိန့်တုန် အောင် ကြောက်ခဲ့ ရသည်။
ကျောင်း ခြံဝန်း ကြီး ကလည်း..အ ကျယ် ကြီး..။ ဆရာ ဆရာမ တွေ..အားကိုးတဲ့..ဆယ်တန်း ကျောင်းသား ကြီး တွေ ကလည်း..အတော် ပင်..ထွားကြိုင်း သန် မာ လှ သည်။

ဖေဖေ ဖတ် တဲ့ သတင်းစာ ပုံ ထဲ ကို..မွှေနှောက် လှန်လျော ရင်း..တအံ့တသြ မေး ခဲ့ ဘူး သည်။
` ဖေ- အီသီယိုပီး ယား မှာ..လူတွေ..အစားအစာ တွေ ငတ် ပြီး..ပိန်ချုံး နေ ကြ ရ တာ မဟုတ်လား.. ခု ဒီပုံ ထဲက..အီသီယို ပီး ယား သမ္မတ ကြီးက..အကျီ င်္ အကောင်း ကြီး နဲ့..၀ လည်း ၀ နေ တာပဲ နော်..´

အဲဒီ အသက် အရွယ် မှာ..အသိ ညဏ် ဘယ်လောက် ရှိသင့် ပြီ လဲ တော့ မသိ...
ဖခင် ရှင်း ပြ သော..စကား လုံး များ ကို..နားလည် သလိုလို..မလည် သလိုလို...

အပေါင်း အနုတ်..အမြှောက် အစား တွေ.. ကျောင်း မှာ စသင် ရ ပြီ..
အဲဒါ ဘာ ဖြစ် လို့..ပေါင်း ရတာ လည်း..အဲဒါ ကျတော့..ဘာလို့..မနုတ် ရ တာ လည်း..
လို့..မေးလိုက် မိ လို့... တအိမ် လုံး..အလန့်တကြား ဖြစ် ခဲ့ ရသည်။

ပဉ္စမ တန်း မှာ..မြန် မာစာ ဆရာ မက.. နိဒါန်း နှင့် နိဂုံး အကြောင်း သင် ပေး ပြီး.. စာစီ စာ ကုံး..တပုဒ် အိမ် စာ ပေး လိုက် သည်။ ဆော့နေကျ..နောက် ဖေး လှေ ကား ထစ် ကလေး မှာ ထိုင် ရင်း..နိဒါန်း ဆို တာ ဘာလည်း..နိဂုံး က ရော..နိဒါန်း နဲ့ ဘယ်လို ကွဲ ပြား အောင် ရေး ရ မလည်း.. ဆိုတာ.. ချာ ချာ လည် အောင် တွေး ခဲ့ ဘူး သည်။

အတန်း နဲနဲ ရ လာတော့ လည်း..လော က ကြီး သည်..မျှော်လင့်ချက် တွေ..တနင့်တပိုး နှင့်..တမျိုး လှ လာ ပြန် သည်။

ညနေ ရောက် တိုင်း..မီးရောင် တထိန် ထိန် နဲ့..မြို့ငယ် လေး ထဲ ကို..အချိန် မှန် ၀င်ရောက် လာ တတ် တဲ့..အမြန်ရ ထား သစ် ကြီး ကို..ငေး ရင်း.. ဒီ ရထား ကြီး နဲ့..ရန် ကုန် မြို့ကြီး ကို..ရောက် ချင် လှ တော့ သည်။
ဒီနှစ်..ဆယ်တန်း ကို..အမှတ် ကောင်း ကောင်း နဲ့ အောင်ရင်..ရန်ကုန်မှာ..တက္ကသိုလ် တက် ဖို့..ဘာလိုင်း ယူ ရင်..ကောင်း မလဲ...

တကယ်တော့ ..ကိုယ့်လက် ထဲကို..ကိုယ့် ဘ၀ကြီး ရောက် လာ ဖို့..အချိန် သိပ်ကြာ ကြာ..မစောင့် လိုက် ရ ပါ...

ခုတော့-
မြို့ကြီး ဆို တာလည်း..သိပ် မခမ်း နားပါ..
မြို့ငယ် လေး ကလည်း..သိပ် မသာယာ လှ ပါ..
ထုံးဖြူ ရောင် သစ်သား တိုင် တွေ နဲ့ ကာရံ ထားတဲ့ ..မြို့လယ်ခေါင်က.. ကျောင်း ကြီး သည် လည်း.. ကြုံ့ဝင် သွား သလို ... တရှဲရှဲ အော်မြည် နေ တတ်တဲ့..ကျောင်းရှေ့ က..ယူကလစ် ပင် တန်း ကြီး ကလည်း.. ရွက်ဖျား တွေ ခေါက် လို့..ငြိမ် ငြိမ် သက်သက်..
ကျောင်းအုပ် ဆရာ ကြီး ကတော့..တော်တော် အိုသွားခဲ့ ပြီ။

သူ..အဆိုတော် မဖြစ် ခဲ့ ပေမဲ့..ကိတ် မုန့် တွေ ကြိုက်သလောက်..၀ယ် နိုင် တဲ့..ငွေစ တွေ..သူ့အိတ် ထဲ မှာ ရှိ နေ ပြီ။ ဒါပေမဲ့..သူ ကိတ် မုန့် မကြိုက် တော့ ပါ။

တိုက် ပုံ အကျီ င်္ ကြီး တွေ ၀တ် ထား ပေ မဲ့.. အဲဒီ တိုက် ပုံ စလောက် တောင် တန် ဖိုး မရှိ သော..လူကြီး တွေ ..လော ကမှာ..အများ ကြီး တွေ့ ခဲ့ ရ ဘူး ပြီ။

အာဖရိ က တိုက် မှာ..နေ့တိုင်း..ကလေး တွေ ထောင်နဲ့ချီ ပြီး..ငတ် သေ နေ တဲ့ အချိန်မှာ.. ကမ္ဘာ အရပ် ရပ် မှာ..စစ် အသုံး စရိတ် တွေ..နေ့စဉ် တိုး တက် နေ တာ။.. နယူးယောက် စတော့ ရှယ် ယာ ဈေး တွေ ထိုး ချ နေ တာနဲ့.. အန်ဂျီ အို တွေ..တစ တစ များ ပြား လာ တာ ဘာမှ မဆိုင် ဘူး ဆို တာ တွေ လည်း .. ဗဟု သု တ..အနဲ အပါး ရှိ ခဲ့ ပြီ။

ကမ္ဘာ့ လောင် စာ ပြသာနာ နဲ့.. အငတ် ဘေး ပြသာ နာ တွေ..ဘာတွေ ဆက်စပ် နေ လည်း လို့..ခု နေ လာ မေး ရင်.. ကား တွေ တော့ လျော့ မစီး..အသုံးအစွဲ တွေ တော့ မလျော့ပဲ နဲ့.. လောင်စာ စား မန် ခုတ် နေ လို့ အပို ပဲ .. ပြောင်းဖူး က..အီသနော ထုတ်လဲ..အပိုပဲ.. ကြက်ဆူပင် စိုက် ရင်..မြေ ဆီလွှာ ပျက် တာပဲ အဖတ် တင် မယ်. လို့..ပြန် ပြော ဖြစ် လိမ့် မည်။

အပေါင်း အနုတ် အမြှောက် အစား ကို..အလွယ်တကူ Excel ပေါ် - တင် တွက် နေမိ တတ် ပြီး.. Integral နဲ့..differential ဆိုရင် တောင် Matlab မှာ ပဲ တွက် တော့မည်။ သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။

နိဒါန်း ဆို တာ အဖွင့်.. နိဂုံး ဆို တာ အဆုံး သတ် ။ နိယာ မ တွေ..မသုံး ..၀ိရောဒိ တွေ .မရှုပ် ပဲ..ဒါဟာ.. သံဝေဂ အင်္လကာ တပုဒ် မှန်း လည်း.. သိ နေ ခဲ့ ပြီ။

--------------------
ချစ်စရာ ကောင်း လှ ပြီး.. မရိုး နိုင် တဲ့..ခေတ် ဟောင်း တေး လေး တပုဒ် ကို...စိတ်ပါ လက်ပါ..ဆိုညည်း ရင်း.. ပေါ့ပါး လန်း ဆန်း မိ သလို လို ရှိ နေ မိ သည်။





Que Sera Sera
When I was just a little girl
I asked my mother, what will I be
Will I be pretty, will I be rich
Here's what she said to me.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
When I grew up, and fell in love
I asked my sweetheart what lies ahead
Will we have rainbows, day after day
Here's what my sweetheart said.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be.
Now I have children of my own
They ask their mother, what will I be
Will I be handsome, will I be rich
I tell them tenderly.
Que Sera, Sera,
Whatever will be, will be
The future's not ours, to see
Que Sera, Sera
What will be, will be





Share/Bookmark

21 Comments:

မေ့သမီး said...

ဝါး နံပါတ်မှာတစ်။ ဖတ်ဖူးပြီးသားပေမယ့် ပြန်ဖတ်သွားတယ်။

မေဓာဝီ said...

ကောင်းလိုက်တာ မကေရေ ...
နိဒါန်းဆိုတာ အဖွင့် ... နိဂုံးဆိုတာ အဆုံးသတ် ... နိယာမတွေ မသုံး ၀ိရောဓိတွေ မရှုပ်ဘဲ ... ဒါဟာ သံဝေဂ လင်္ကာတပုဒ် ....
အဲဒီအဆုံးသတ်ကလေး သဘောကျမိတယ်။

Que Sera Sera သီချင်းလေးလဲ နားထောင်သွားပါတယ်။
ငယ်ငယ်တုန်း အမေဆိုဆိုညည်းနေတာ ကြားဖူးတယ်။
ခုမှ စာသားသေချာသိတော့တယ်။

ကျေးဇူးနော် မကေ ... ။

Moe Cho Thinn said...

အဲဒီလို ဘာမှ မသိနားမလည်သေးတဲ့ ကလေးလေးဘ၀ပဲ ပြန်လိုချင်မိတယ် ကေ..
သီချင်းလေးကို အတူ လိုက်ဆိုလိုက်တယ်.. :)

tune said...

Doris Day?
Like it , but never know the song title or singer.
Just hearing from somewhere I think.

ATN said...

Que paso?

Que sera sera... :)

tg.nwai said...

ကောင်းလိုက်တာ ကေရယ်..
ငယ်ငယ်တုန်းကတော့ သိချင်တာတွေ တတ်ချင်တာတွေများ၊ ကြီးလာလေလေ..မသိတာတွေ မတတ်တာတွေများ..အဲ..သိဖို့ကြိုးစားရတာလည်း ပင်ပန်း.. ငါမမြင်မကြားမသိလိုက်ရင် အကောင်းသားလို့ ဖြစ်လာတာတွေများလာတယ်..
ဒီသီချင်းလေးကို သမီးငယ်နဲ့အတူ လိုက်ဆိုနေကျလေ..whatever will be, will be...

သက်ဝေ said...

တခါတခါ ဘ၀မှာ ဆန္ဒတွေကို တိတိကျကျ ဖြစ်လာအောင် ကြိုးစားအားထုတ်ချင်မိတယ်... သို့သော် တခါတခါကျတော့လဲ ဘ၀မှာ ဖြစ်လာတာတွေကို အသာ လက်သင့်ခံရင်း အလိုက်အထိုက်နေချင်မိတယ်...
Whatever will be... will be ပေါ့...
ကေရေးထားတာ အရင်က ဖတ်ခဲ့ဖူးတယ်... ကြိုက်ခဲ့ဖူးတယ်... အခုပြန်ဖတ်တော့လဲ ဘာတွေမှ သိပ်မတွေးပဲနဲ့ အရာရာကိုလဲ သိစရာမလိုဘူးလို့ ကိုယ့်ဖာသာနှစ်သိမ့် ရင်း သက်သက်သာသာ နေချင်စိတ် တခုသာ ရှိပါတော့တယ်...

Nyein Chan Aung said...

ကျနော် တာရာမင်းဝေရဲ့ စာသားတစ်ခုကို တော်တော် သဘောကျခဲ့ဖူးတယ်။ "ဘာမှမသိချင်ပါ၊ ဘာမှမသိဘူးဆိုတာကိုလည်း မသိချင်ပါ" တဲ့။ ပြီးတော့ ရှိသေးတယ်၊ "မြင်းလုပ်မလား၊ ရထားလုပ်မလား ကျနော်မြင်းရထားကြီးကို မေးလိုက်ပါသည်" တဲ့။ ဆိုင်မဆိုင်တော့ မသိဘူး။ ဒီပိုစ့်ဖတ်ပြီး အဲဒီစာသားတွေ ပြန်မှတ်မိလာလို့..။ ပျော်ရွှင်ပါစေ မကေ။

မမသီရိ said...

ကေ... ကျေးဇူးတင်တယ်
မမက ခုမှ ဖတ်ဖူးတာ..
အမြန်ဆုံးရေးပေးတာလဲ.. ထပ်ပြီးကျေးဇူး..
ဘယလောက်များချစ်စရာကောင်းလဲလို့..

တကယ်ပါပဲ.. ဒီညီမလေးရဲ့ အမြင်၊ အတွေးနဲ့ တင်ပြပုံတွေ
ကောင်းတယ်လို့ ထပ်မချီးမွမ်းတော့ဘူးနော်..

သူက အဆိုတော် ဖြစ်ချင်သတဲ့...း)

ဝါသနာထဲ က Tag ကြည့်လိုက်ရ အကောင်းသား...း)

............

သိပ် မတွေး နဲ့..အရာ ရာ ကိုသိ စရာ မလို ဘူး လို့..ဖာသာ နှစ် သိမ့် ရင်း .. သက်သက် သာသာ နေ တတ် ခဲ့ ပြီ။
......
အဲဒီဒသန.. မမ လက်ကိုင်ခဲ့တာလဲ.. ကြာပေါ့..

MANORHARY said...

que sera sera whatever will be will be the future not our to see , que sera sera what will be will be !!

မီယာ said...

မကေ အဟောင်းပို့စ်လေး ပြန်ဖတ်သွားတယ်... ငယ်ငယ်က နေ့လည်ဖက် လူကြီးတွေက အိပ်ခိုင်းရင် သိပ်စိတ်ညစ်တယ်... ငါလူကြီးဖြစ်ရင် မအိပ်ဘူးလို့ ကြုံးဝါးဖူးတယ်။ အခုတော့လား....

Thet Oo said...

ကေ တယောက် အမြဲတမ်း ပေါ့ပါး လန်းဆန်း ပြီး စာကောင်းပေကောင်းတွေ အများကြီး ရေးနိုင်ပါစေဗျား ...။

mirror said...

ဒီပိုစ့်ကို လာဖတ်ပြီးတဲ့ညတုန်းက အိမ်ကသူငယ်ချင်းကို ခရေစေ့တွင်းကျ လျှောက်ပြောပြနေမိတယ်..။သူက ငါသွားဖတ်လိုက်ပါ့မယ်..နင်ပြောတာကြီးရပ်ပါတော့တဲ့..။
အဖွင့်နဲ့..အပိတ်နဲ့...ဒါမျိုးလေးတွေ ရေးတတ်ချင်ပါ့..
တတ်ဝူး..ဒီတော့ အားငယ်တယ်...။ :)

ပျော်ရွှင်ချမ်းမြေ့ပါစေ...

လေးစားခင်မင်စွာ

kay said...

မေ့သမီး- ၂ ထပ်ရှိတော့..မှတ်မိး)
မမေဒါဝီ- ကျမတို့က..ခံစားနိုင်ပုံခြင်း နီးစပ်ကြတယ်လေ။ သီချင်းလေးကတော့ တကယ်ကို မရိုးနိုင်တာပါ။
မချိုသင်းကတော့..အမြဲ ကလေးလေးပါပဲ။ ကံကောင်းတာပေါ့။း)
ကျွန်းရေ- အဲဒါ ဒေါရစ်စ်ဒေး ဆိုတာ ဟုတ်တယ်။
ကိုအောင်သာငယ်- အဲဒါ ဘာလဲ (Que paso?)
နားမလည်ဘူး..လက်တီနို မလေးတွေ ဆီက..တက်တာတွေ လာပြီး ပညာပြနေတာပဲ။း)

မသီဂီ င်္ ဆိုရင်- ပိုတောင် ဆိုလို့ ကောင်းအုံးမယ်.. သီချင်းပိုဒ်တွေ အားလုံး ကွက်တိ..ကျမတို့က..နောက်ဆုံးပိုဒ်က..မုဒ်မ၀င်သေးဘူး။း)

မသက်ဝေ ရဲ့ အရင် မှတ်ချက်လေးကိုလဲ..အမြဲ မှတ်မိနေပါတယ်။

ကို ငြိမ်းချမ်းအောင်- ပြောပြတဲ့ တာရာမင်းဝေ စကားလေးတွေက..ကျမ မသိဖူးသေးတော့.. အသစ်ဖြစ်ပြီး..အတော် သဘောကျမိတယ်။ အဲဒါကြောင့်လဲ.. နံမယ်ကျော်တာပေပဲ လေ။ ကျေးဇူးပါ။

မမသီရိ- အဆိုတော်ဖြစ်ချင်တာ..ကလေးအတွေးနဲ့လို့.. ခုတော့..ထုတ်လုပ်သူပဲ လုပ်တာ ကောင်းမယ်။း)

မနော်- အသံပါ ထဲ့ပေး။း)

မီယာ- အဲဒါပဲလေ.. လောကကြီးရဲ့ တလွဲလေးတွေ-

ကိုသက်ဦး- ပေးတဲ့ဆု နဲ့ ပြည့်ပါစေ-

မကြေးမုံ- တော်ကြာ.. ကြော်ငြာကြောင့်..ဖောက်သည်တွေတောင် လန်ကုန်အုံးမယ်။း)

တန်ခူး said...

ကေရေ… တကယ်ကို ပြန်ဖတ်ချင်စရာ အဟောင်းလေးပါပဲ…
ဖတ်ပြီးတော့ ကေ့ဆီပြေးလာပြီး ဘယ်လိုများဒီလောက်ကောင်းအောင်ရေးလိုက်တာလဲ ကေရယ်လို့ မေးချင်စိတ်ဖြစ်လာတယ်…
ရေးဟန်လေးက ဘယ်သူ့ ဆီမှာမှ မတွေ့ နိုင်တဲ့ ကေ့ဟန်
တွေးဟန်လေးက အနှစ်သာရပြည့်ဝလွန်းတဲ့ ကေ့ဟန်…
ကိုယ်ပိုင်ဟန်လေးနဲ့  ကေ့ကို လေးစားအားကျမိပါရဲ့လေ…

ATN said...

que paso - 1 definition - spanish slang for "What's Up" or "What's Happening"

Everybody knows that word. No need to mingle with Latino girls. Neither to learn from Spanish girls too.... :)

Zephyr said...

မကေ ...

မကေရဲ့ blog ကို link ဖို့ခွင့်တောင်းပါတယ် ..

que sera sera သီချင်းကို ကျွန်တော်တို့ သားအမိနှစ်ယောက်စလုံး သိပ်ကြိုက်ပါတယ် ...။

အခုတော့ သီချင်း ဆိုပေးမယ့် အမေမရှိတော့ပေမယ့် ဒီသီချင်းကြားတိုင်း အမေ့ အသံကို ကြားနေမိပါတယ် ...

...

ကိုလူထွေး said...

အဟောင်းဆိုပေမယ့် အခုမှ ဖတ်ဖူးတာပါ... ဟောင်းပေမယ့် ကောင်းနေဆဲပါ ... မကေ

"...အဲဒီ တိုက် ပုံ စလောက် တောင် တန် ဖိုး မရှိ သော..လူကြီး တွေ ..လော ကမှာ..အများ ကြီး တွေ့ ခဲ့ ရ ဘူး ပြီ..."

မှန်လိုက်တာဗျာ...

RePublic said...

မင်္ဂလာနှစ်သစ်ပါ အစ်မ ကေ ၊၊ ပျော်ရွှင်ချမ်းမြေ့ပါစေ ၊၊

Phyu Ei said...

Ma Kay
When my father taught me English at my home, he gave me the name in English ,Sarah. Then I listened the first English song "Qua Sera Sera" in the singing program at English Speaking class.
I like the meaning of that song. And listening Qua Sera Sera can be felt like calling me and telling me whatever will be will be .....I always remember that song ,whenever I depressed.

kay said...

zephyr- ခုမှ ပြန်နှုတ်ဆက်ဖြစ်တာ ခွင့်လွှတ်ပါ။ မိတ်ဆွေ အသစ် တယောက် ဖြစ်သွားပြီ။

ကိုလူထွေး- နှုတ်ဆက်ပါတယ်။
ကိုကြီးဝီ ရောပေါ့-
ဖြူအိ ရေ- သေချာခံစားပြီး မှတ်ချက်ရေးသွားတာ ကျေးဇူးပဲ.. စိတ်မညစ်နဲ့.. ကိုယ့်အလုပ်မဟုတ်ဘူး..ဖြစ်ချင်တာ ဖြစ်လိမ့်မယ်။း)))