လတ်တလော လား..

တက်စာတွေ ကျွေးသော မနော် အတွက်-
-
တွေးနေမိတာ-
အင်း..၈လေးလုံးကြီး ၂၁ ကြိမ်တောင် ရှိပါပေါ့လား..အချိန်တွေက သူ့သဘောသူဆောင် ပြီး..လူတွေကလည်း..သူ့ဘ၀ သူ သယ်နေကြရတာပါပဲလား..
-
ကိုယ့်ကိုကိုယ်ဆင်ခြင်မိတာက- ကိုယ့်အတွက်..အရေးကြီးတာတွေ ထိထိမိမိ မလုပ်ဖြစ်နေသေးတာ..
-
ကျန်းမာရေး- မဆိုးပါဘူး.. နေ့တိုင်းတော့ လမ်းလျှာက်ဖြစ်နေတာပဲ။
-
ဖတ်ဖြစ်တဲ့ စာအုပ်တွေ-
ရန်ကုန်အပြန် ၀ယ်လာတာတွေ တဖြည်းဖြည်းချင်း..ဖတ်ရင်း.ကိုစောညိန်း အမှတ်တရ..
မနေ့က ထွက်တဲ့ တာရာမင်းဝေ အမှတ်တရ..
ကိုအောင်သာငယ်ရဲ့ ကဗျာပေါင်းချုပ်-
-
ရောက်နေဖြစ်တာက- ဒီအပေါ်မှာချည်းပဲ
-
ရေးဖြစ်နေတာက- ဘလော့မှာတင်ထားတဲ့ စာတွေပေါ့။
-
နားထောင်ဖြစ်နေတာက- မြန်မာသီချင်းဟောင်းတွေ နဲ့ မြန်မာသတင်းတွေ
-
ရွတ်နေမိတဲ့ ကဗျာ-
ကဗျာ မရွတ်တတ်ဘူး..ဒါမဲ့..တာရာမင်းဝေ အမှတ်တရ စပ်ထားတဲ့ သူငယ်ချင်းရဲ့ ကဗျာလေးကို ဂုဏ်ယူစွာ ရွတ် လိုက်အုံးမယ်.။
-
သေသွားပြီးသူများ အကြောင်းတွေးရင်း၊
မသေသင့်သေးသူများ အကြောင်းတွေးရင်း၊
သေနေ့စိသင့် သူများ အကြောင်းတွေးရင်း၊
နေတတ်ဖို့ အကြောင်းတွေးရင်း၊
သေတတ်ဖို့ အကြောင်းတွေးရင်း။
မသိခြင်းများကို မသိသည့် အတိုင်းထား၍၊
သိခြင်းများကို သိသလိုနေခဲ့ပြီးသည့်နောက်၊
မသိသလို သိသလို သိသွားသောအခါ။
နေဆူးသစ်
-
ဖြစ်ချင်နေတာက- နှလုံးသားထဲကကို..၀ါသနာပါတဲ့ အလုပ်နဲ့ ဘ၀ ရပ်တည်နိုင်မူ..
-
စားဖြစ်နေတာက- အဆင်ပြေသလိုပါပဲ။
-
သနားနေမိတာက- ဘ၀လှေ ကို လှော်ခတ်နေရဲ့သားနဲ့ မရွေ့နိုင်တဲ့ သူတွေ..
-
လွမ်းနေမိတာက-
ရန်ကုန်တက္ကသိုလ် အင်းလျားဆောင်က..နေ့ရက်တွေ..( ကိုတင်မင်းထက် ဆီက..အစစ်ယူခဲ့ တဲ့..ကြိုက်မိတဲ့..ခင်ဝမ်းရဲ့ သီချင်းလေးလို..)
-
အပေါင်းအသင်း ခုနှစ်ယောက်ရဲ့ ကြားမှာ..
ခင်မင်သူ..တရာကျော် နဲ့..
ရွှေရောင်တောက်ခဲ့တဲ့..
ကောလိပ်နေ့ရက်များ.....
-
မေ့လျော့ပြစ်နေမိတာက- အမှား- အပြစ် -အချိန်- အရွယ်
-
ခါးသက်နေမိတာက- မရှိဘူးထင်တာပဲ။
-
တမ်းတနေမိတာက-
ရန်ကုန်မြို့တနေရာက..အိမ်လေးထဲက..အမတွေ..တူ-တူမလေးတွေနဲ့ စားခဲ့ရတဲ့ မနက်စာဝိုင်းလေး
-
ကြိတ်ပြီးချီးကျူးနေတာက- (ကြိတ်စရာမလိုပါ) -
ထက်မြတ်ပြီး..ကိုယ်ဖြစ်ချင်တာကို ..သန့်သန့်ရှင်းရှင်း- ရောက်အောင်သွားနိုင်တဲ့..သူတွေ (အထူးသဖြင့်.အမျိုးသမီးတွေ)
-

ကြိတ်ပြီးအထင်သေးနေတာက - မပြောတတ်ဘူး..ရှိတော့ ရှိတာပေါ့..အများကြီး
-
ဆန္ဒမရှိတဲ့နေရာ- ??
-
ဆန္ဒရှိတဲ့နေရာ- ဘလော့ပေါ်မှာ စာတွေရေးနေချင်တာ..
-
မုန်းတီးနေမိတာက- မြန်မာ့နိုင်ငံရေးကို ပြန်ပေးဆွဲထားတဲ့..လူတွေ-
-
ချစ်နေတာက- ချစ်တဲ့သူတွေ-
-
စိတ်ပျက်နေမိတာက- ဒီမိုး ဒီရေ..ဒီလူတွေ..( ကိုယ်တိုင်လည်း ပါနေတာပေါ့)
-
စွဲလန်းနေမိတာက- အင်တာနက်
-
လိုအပ်နေတာက- ရှေ့ဆက်ဖို့..မောင်းနှင်အားတခု..
-
တောင်းနေမိတဲ့ဆု-
ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ..နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး ပြန်လွတ်ပါစေ..
-
ထပ်ပြန်တလဲလဲ ပြောနေမိတာက- လုပ်သင့်တာတွေကို ဘာလို့ မလုပ်ဖြစ်သေးတာလဲ..
-
ဝန်ခံချင်တာက- ဒီလိုရေးရတာ...အူကြောင်ကြောင်နိုင် သလိုပဲ။
-
( ဒါပေမဲ့- ပေါ့ပေါ့ပါးပါး လေးမို့- သူငယ်ချင်း ရဲ့ သူငယ်ချင်း..စာရေးဆရာမ ကျွန်း နဲ့ ဇီဇ၀ါ ကို ဆက်ရေးခိုင်းရင် ကောင်းမလားလို့..စိတ်ပျော်ရင်..ရေးပေးကြပါ)


Share/Bookmark

19 Comments:

မေဓာဝီ said...

အူကြောင်ကြောင်နိုင်ပေမဲ့ ဖတ်လို့တော့ အကောင်းသား မကေ .. :)

သားကြီး said...

အစ်မခင်ဦးမေဆီကနေရောက်လာတာပါ
“လတ်တလော”ဆိုတော့ကျနော့ကိုtagထားတဲ့
ခေါင်းစဉ်နဲ့တူနေလို့လောလောနဲ့ရောက်လာရတာပါ
အူကြောင်ကြောင်လို့မယူဆပါဘူး
ရင်ထဲရှိတာရေးထားတယ်လို့ပဲခံယူပြီးဖတ်သွားတယ်
မှတ်လည်းမှတ်သွားတယ်(tagမှာထည့်ဖို့ :))

MieMie said...

ကေ က နေ့တိုင်းလမ်းလျှောက် ဖြစ်နေတယ်ဆိုလို့ အားကျ သွားပါတယ်...ပေါ့ပေါ့ပါးပါးလေး ဖတ်ရတာ
ကြိုက်ပါတယ်...

mie nge

mgphonemyint said...

မကေရဲ့လတ်တလောကို လောလောလတ်လတ် ဖတ်သွားပါကြောင်း..

ဆောင်းယွန်းလ said...

တွေးနေမိတာ-
အင်း..၈လေးလုံးကြီး ၂၁ ကြိမ်တောင် ရှိပါပေါ့လား..အချိန်တွေက သူ့သဘောသူဆောင် ပြီး..လူတွေကလည်း..သူ့ဘ၀ သူ သယ်နေကြရတာပါပဲလား..

သံဝေဂရစရာတွေပေါ့ဗျာ...

အင်း......ဆော်လမွန်ငါးတို့ပြန်ချိန်ကို ဘယ်တော့မှများရောက်မှာလဲမသိဘူး...မကေရေ
သေသေချာချာကို ၂ခေါက်ဖတ်သွားပါ၏။
ရွှင်လန်းပါစေဗျာ

MANORHARY said...

အမယ် အူကြောင်ကြောင်နိုင်တယ် တဲ့..း(
ရေးတော့လည်းဖြူးနေတာပဲ
ကဗျာမရွတ်တတ်ဘူးတဲ့
ရေးလိုက်ရင်လည်းဖြူးနေတာပဲ
ဒါကို ကေ ဟု ခေါ်သည်တဲ့လားး))
အမြန်ဆုံးရေးလိုက်တဲ့ တက်ဂ်ပို့စ်အဖြစ်
မှတ်မှတ်ရရဂုဏ်ပြုလိုက်သည်။း))

rose of sharon said...

မုန်းတီးနေမိတာကမြန်မာ့နိုင်ငံရေးကိုပြန်ပေးဆွဲထားတဲ့ သူတွေ... အတူတူဘဲ... ဒို့လဲသိပ်မုန်းတယ်...

mysterysnow said...

မမရေ
တူတူပဲ
အူကြောင်ကြောင်ပေမယ့်
တခါတရံ ပေါ့ပေါ့ပါးပါးလေးတွေ ရေးဖြစ်တာပေါ့နော်...

နှင်း

ATN said...

ဒီမိုး... ဒီလေ.. ဒီလူတွေနဲ့....
ဘ၀က ပျော်စရာကောင်းနေပါသေးတယ်...
ဒီလူတွေသာ မရှိရင်တော့... အင်း...
အဲလိုတွေးနေမိတာကလည်း
အူကြောင်ကျားနိုင်နေတာပါပဲ....

NangNyi said...

း)
အစ်မလည်း လတ်တလော တာပဲကိုး..

တန်ခူး said...

ကေရေးတာပဲ… အူကြောင်ကြောင်နိုင်လဲ ဖတ်ကောင်းတာပဲ… အမလဲ ကိုယ့်ကိုယ်ကို အဲလို ဆင်ခြင်မိတယ် သိလား… ကေတောင်းမိနေတဲ့ဆုပြည့်ပါစေလို့  ထပ်ဆင့်ဆုတောင်းပေးပါတယ်…

mirror said...

နန်းညီရေ့ အစ်မကေလတ်တလောဖို့ကို မနော်က လောတလတ်လိုက်တာလေ.. အဟဲ :)

အူကြောင်ကြောင်နိုင်တယ်တဲ့လား..။ပျော်တော့ပျော်စရာကောင်းတာပဲ မှုတ်ဘူးလား..လို့ :)

အလုပ်ရဖို့ ဆုတောင်းပေးတာ ကျေးဇူးပါ။

ကလူသစ် said...

ရေးတဲ့သူတွေတောင် အူကြောင်ကြောင်တွေဖြစ်ကုန်ပလားပဲ

JulyDream said...

အူကြောင်ကြောင်နဲ့ ရေးရင်...
အူကြောင်ကြောင်နိုင်တာပေါ့ မကေရဲ့။
အူကြောင်ပြီဆိုမှတော့ အူကြောင်ပဲဖြစ်ပြီလေ။ အဟဲ...

အဲဒီတော့ အူကြောင်လက်စနဲ့ ဆက်ပြီး အူကြောင်လိုက်တော့... အခုမှ အူမကြောင်ဘူး မလုပ်နဲ့တော့။ မရတော့ဘူးကွယ်။

မေ့သမီး said...

ပေါ့ပေါ့ပါးပါးပေါ့။ ကောင်းပါတယ်။ အခုတလောတော့ အားလုံးအခုတလောပဲရေးနေကြတယ်။ ဘာပဲဖြစ်ဖြစ် သိရတာပေါ့။

Nge Naing said...

တွေးမိတာ၊ ဆုတောင်းမိတာနဲ့ စွဲလန်းမိတာကတော့ ကျွန်မနဲ့ လုံးဝထပ်တူကြပါတယ်။

လင်းဒီပ said...

တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ....။

သက်ဝေ said...

အူကြောင်ကြောင်နိုင်ပါဘူး ကေရဲ့..
ပေါ့ပေါ့ပါးပါး ပျော်စရာလေးပါ...
ကေ ရေးထားတာလေးက တကယ်ဖတ်လို့ကောင်းတာပါ...။
ကိုယ့်ဆီမှာတော့ ဝက်ဝံခေါင်း ဖြုတ်မိတဲ့ အမှုတွဲက တော်တော်ကြီးနေတယ်... :-P

tune said...

အခုမှ မြင်လို့။
အလည်လွန်နေလို့ပါ။
ရေးပေးပါ့မယ်။
တက်ဂ်တာ ကျေးဇူးပါ။