ခရီးပေါ်က..အနုပညာ လက်ရာတချို့..

Bad Ragaz ဆိုတဲ့.. Spa Village လေးမှာ..တမြို့လုံး..အနုပညာ လက်ရာတွေ ပြည့် နေတာပါပဲ။ လမ်းဘေးမှာ..ပန်းခြံတွေထဲမှာ.. ဈေးနားက ဆိုင်တွေနားမှာ..ဘူတာရုံ မှာ.. အိမ်ပြတင်းတွေမှာ..ဘယ်နေရာကြည့်ကြည့်..စိတ်ကြည်နူး စရာ သာယာ နေတယ်။
အတော့်ကို အနုပညာ ဖန်တီးနိုင်သူ တွေလို့ ပြောရမလား..သူတို့ဘ၀ နဲ့ သူတို့ အနုပညာ ခံစားမူတွေကို..အကန့်အသတ်မဲ့.. အနှောင်အတွယ်မဲ့.. အပူအပင်ကင်းကင်း စိတ်ကြိုက် ဖန်တီးနိုင် နေအောင်..ဘ၀ အကျိုးပေး ကောင်းတဲ့ သူတွေလို့ပဲ..ပြောရမလား…

စိတ်ကူးပေါက်သလို..ဓါတ်ပုံ ရိုက်ခဲ့ မိတာလေး တချို့ပါ။













+++++++

ဒီ နောက်ဆုံး ၃ပုံကတော့..ဂျီနီဗာ က.. ကုလရုံးချုပ်ကြီး ရှေ့က..ခုံ အကျိုးကြီး နဲ့.. ရှေးလက်ရာ.. ကြေးရုပ် တချို့...









( ဒီရက်ထဲ..စာမရေးဖြစ်သေးပဲ.. အလည်အပတ် နဲပါအုံးမည်။
သွားလာ နှုတ်ဆက် နောက်ပြောင်နေကျ..မိတ်ဆွေ များ..ထံမှာ..ခေတ္တခဏ နှုတ်ဆိတ် နေပါ အုံးမည်။ )


Share/Bookmark

16 Comments:

tin min htet said...

အနုပညာဆိုတာက စားဝတ်နေရေး ပြေလည်တဲ့ နိုင်ငံတွေမှာသာ လူထု အပန်းဖြေစရာ ဖြစ်နိုင်တယ် ထင်တယ်။ ဖိနှိပ်ခံရတဲ့ နိုင်ငံတွေမှာတော့ အနုပညာဟာ ဟစ်တိုင်၊ လက်နက် ..

စင်္ကာပူဆို သူတို့လဲ ယဉ်ကျေးမှု မြင့်ကြောင်း ပြချင်တော့ အနုပညာကို ပရိုမိုးရှင်းတော့ လုပ်ကြသား။ လူတွေက မနက်က မိုးချုပ်ထိ အလုပ်ပိနေကြတော့ သိပ်စိတ်မဝင်စား နိုင်ကြဘူး။

မယ့်ကိုး said...

အနုပညာသွေးတွေ စီးနေတဲ့ အနုပညာရိပ်တွေလွှမ်းနေတဲ့ အဲဒီမြို့လေးမှာ နေချင်လိုက်တာ...

rose of sharon said...

အဲဒီမြို့လေးမှာ နေရတဲ့သူတွေ သိပ်စိတ်ချမ်းသာမှာဘဲနော်....

yangonthar said...

အစ်မ လှပတဲ့ မြို့ လေးရဲ့ ဓါတ်ပုံတွေကို ကြည့်သွားတယ် အနုပညာရှိသူတွေ အတွက် အနုပညာတွေဟာ နေရာတိုင်းမှာ ထင်ရှားနေတာ ပဲနော် ......
အေးမြသာယာပါစေ အစ်မ ကေ
ခင်မင်စွာဖြင့် :D
(ရန်ကုန်သား)

မေဓာဝီ said...

မြို့ကလေးရဲ့ အနုပညာလက်ရာတွေကို လာကြည့်သွားတယ် မကေရေ .. ။
တိုက်တိုက်ဆိုင်ဆိုင် ကျမလဲ မနေ့က (စနေနေ့) ရှိတ်စပီးယားမြို့တော်ဘက် ခရီးထွက်ဖြစ်လို့ ရိုက်ဖြစ်တဲ့ ပုံတွေ တင်ထားတယ်။

Anonymous said...

အနီးကပ်လိုက်ကြည့်ချင်တယ်..

အိန္ဒြာ said...

မကေရေ..ပုံလေးတွေ သဘောကျလိုက်တာ..

ရိုက်တဲ့သူလဲတော်လို့ထင်ရဲ့...
လွှတ်အနုပညာမြောက်နေတာ..

ကျေးဇူးပါနော်...

pandora said...

ဒီလိုပုံလေးတွေ အမှတ်တရ ရိုက်လာပြီး ပြန်ဝေမျှပေးတာ ကျေးဇူးတင်တယ်

ကိုတင်မင်းထက်ပြောတဲ့ စင်္ကာပူက ပုံတွေလည်း တခါလောက် သေသေချာချာ လိုက်ရိုက်ဦးမှပါပဲ :)

ရွှေဂျမ်း said...

ခုလိုအချိန်ယူ ပြန်မျှဝေတာ ကျေးဇူးပါ အမ။ တခါတလေ အလုပ်တွေများပြီး ကိုယ့်အနား ၀န်းကျင်က အနုပညာတွေတောင် လိုက်မကြည့်နိုင်တာ ကိုယ့်ဘာသာ အားမရဖြစ်မိတယ်။

Anonymous said...

အမယ် ရွှေဂျမ်းက ဘလော့လည်လို့ပါလားးး
ကေ့ဓါတ်ပုံတွေက တော်တော် လှတယ် ဘယ်သူ ရိုက်တာလဲဟင် ကေလား ဘိုးတော်လားးး ဟိ အမခင်မင်းဇော်

littlebrook said...

ငယ်ငယ်က စိတ်ကူးမိပါရဲ့ အရုပ်တွေနဲ့ မြို့တည်ဖို့
ဧရာဝတီရဲ့ဒုတိယမြစ်ကျဉ်း ကျောက်သားကမ်းပါးမျက်နှာပြင်မှာ
လောကနတ်ရုပ်ထုဖို့ ...း)
ပိုက်ဆံမရှိလို့ အိုင်ဒီယာတွေ ဘေးပုံထားရတယ်ဆိုတယ့်စကား သိပ်မှန်တယ်ဗျာ
တခြားနည်းနဲ့ ဖော်ပြလို့ရတာပဲလို့ ပြောရင်.. တခြားနည်းတွေက ကိုယ်တတ်ကျွမ်းဦးမှလေ..း)

နုသွဲ့ said...

လာဖတ်သွားတယ်။ အချိန် ရှားနေလို့ အကုန် မလည်နိုင်သေးပါ။ နောက် လာပါဦးမယ်။

ဆောင်းယွန်းလ said...

အနူပညာမြောက်တဲ့လက်ရာတွေကို ဓာတ်ပုံရိုက်ထားတဲ့
သူရဲ့လက်ရာကလည်းအနူပညာမြောက်နေပါတယ်မကေ

sonata-cantata said...

ဒီပို့စ်မှာ စာလေးနည်းနည်းပဲ ပါပေမဲ့ ပါတဲ့ စာလေးကို သဘောကျလိုက်တာ (ကေ့စာတွေ အားလုံး သဘောကျပါတယ်)
ပုံတွေကိုလည်း ကြိုက်မှ ကြိုက်
ကော်မန့်တွေလည်း ကြိုက်...

ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရတဲ့သူဟာ ထူးချွန်တာပဲလို့ တွေးနေမိတာ...အနုပညာဆိုတာ ထူးအောင် ချွန်တာမဟုတ်၊ ချွန်ရင်း ထူးသွားတာကိုးးးးး

Nge Naing said...

ပုံတွေ သိပ်ကောင်းပါတယ်။ ဓါတ်ပုံတွေအောက်မှာ ဘယ်မှာ ဘာလုပ်တဲ့ပုံဆိုတာ စာတန်းလေး ထားထားပေးရင် ပိုကောင်းသွားလိမ့်မယ်။

သက်ဝေ said...

ကိုယ်မရောက်ဖူးတဲ့ နေရာ ဒေသက ပုံတွေမို့ စိတ်ဝင်တစားကြည့်သွားပါတယ် ကေ...
မျှဝေပေးတာ ကျေးဇူးပါ...
ကေ က စာရေးတာတင် တော်တာမဟုတ် ဓါတ်ပုံရိုက်လဲ တော်တာပါပဲလား...