ဂီတကို ကဗျာမူ ပြု ၍ ဘ၀ ကို အချစ် နှင့် ၀င်စားသူ

ဂီတနက်သန် ကိုစောညိန်း အကြောင်း စာအုပ်ကလေး ကို ၀ယ်လာခဲ့ တဲ့.. စာအုပ် အများ ထဲကနေ..အ ဦးဆုံး ရွေးပြီး.. စိတ်ဝင်တစား ဖတ်ကြည့် ခဲ့သည်။



စာအုပ် ကလေး ရဲ့ ခေါင်းစည်း မှာ..အညွှန်းပြုထားတာက.. ဂီတ ကို ကဗျာမူ ပြုသူ..
-
တကယ် ဖတ်ကြည့် လိုက်တော့.. စာအုပ် ထဲမှာ..ဘာမှ မတွေ့သလို ခံစား နေရ ပြန် သည်။ သူ ရေးခြစ် ခဲ့တဲ့..ပန်းချီ အကြမ်းလေးတွေ..ဦးဗဂျမ်း စတိုင် ကာတွန်းလက်ရာလေးတွေ..ကဗျာနဲ့ ရတုပိုဒ် ခပ်တိုတိုလေးတွေ ..
ဝတ္တုတိုလေး တပုဒ်စ ၂ပုဒ်စ ..ဆောင်းပါးလေး နည်းနည်း .. သူ့လက်ရေးမူ တချို့တ၀က်..အဲဒီ ထဲကမှ..သူ့ချစ်သူ မည်မည်ရရ မဟုတ်သေးတဲ့.. ချစ်သူ မိန်းကလေး နဲ့ အပြန်အလှန် ပါးခဲ့ တဲ့ စာလေးတွေ..ဒါလောက်ပဲ..သူ့ ပုံရိပ်ကို ဖမ်းဆုပ် နိုင်တာ ပါသည်။ ဒီစာအုပ် ကို ဖတ်ပြီး .. ဘာ ပြန် ပြော ပြ ရမှန်း ရုတ်တရက် တွေးမရ..။ ၂၇ နှစ် ဆိုတဲ့..သက်တမ်းလေး တခု အတွင်းမှာ..သူ..ဒီ့ထက် ဘာများ ပိုပြီး ချန်ထားခဲ့ နိုင် မှာလဲ လေ လို့ ..ဖြေ တွေးရင်း… သူ့သီချင်းလေး တွေကို ပြန် နားထောင် ကြည့်လိုက် တော့ မှ .. စာအုပ်လေး ထဲက.. အချင်း အရာ တွေ အားလုံး အသက်ဝင် လှုပ်ရှား လာ ကြ တော့ သည်။

တကယ့် တကယ်မတော့… သူ ချန်ရစ် ခဲ့တာတွေက.. ဖတ်ဖို့ မဟုတ်..ကြည့်ဖို့မဟုတ်.. စံနမူ တင်ဖို့ မဟုတ်.. လေ့လာ သုံးသပ် ဖို့မဟုတ်...။ နှလုံးသား နဲ့ ခံစားဖို့..အတွက်.. အလှပ ဆုံး.. အနွဲ့နောင်း ဆုံး..အထိရှ ဆုံး..ကဗျာ သီချင်းတွေ ..။ ဘာ နဲ့မှ မ တူတဲ့.. ဂီတနက်သန် သီချင်း တွေ ။
-
အနောက်တောင် ဆီက.. ရွာမည် ဟန်ပြင်.. မိုးသက်
လေနှင့်..မုန်တိုင်း ပင့်လျှင်.. စစ်မျက်နှာ ဖွင့်…တိမ်ခိုး လွှင့်ကာနှင်..
မှိုင်းမှိုင်း
ရိပ်မှောင်..စွန်တောင်မှင်..ပြိုမှာလေလား..မိုးရဲ့..စိုးအောင်..ခုပင်..
အမ္ဗုန်မောင်..ဖန်အားလေ တဲ့..အင်…

တလုံးခြင်း..တပါဒ ခြင်း..လိုက်ရွတ်ဆို ကြည့် .. ဘယ်လောက် တောင်..လှပ သလဲ..ကြွရွ သလဲ ဆိုတာ..။ ဧရာဝတီ မြစ် ရိုး တလျှောက် က.. လွမ်းစရာကောင်းလှ တဲ့..စိမ်းတဲ့ မြေ ရဲ့ ကောင်းကင် ယံ မှာ.. မုတ်သုန် မိုးတွေ..ဆင် လာတဲ့.. မြင်ကွင်း ခံစားချက်ကို.. လူတိုင်းလို ခံစား ကြည့် နိုင် မှာပါ..။ ကိုစောညိန်းက တော့..သူများထက်ကို ပို ခံစား နိုင် ခဲ့ တယ် ထင့်။ သူ စပ်ဆို ခဲ့ တဲ့..သီချင်း အတော်များ များ မှာ..မုတ်သုန်မိုး တွေ နဲ့ ရွှဲ ရွှဲ စို.. လို့။
-
ထူးခြားတာက..သူ့သီချင်း တွေက.. အမြဲလို တခုခု ကို လွမ်းဆွတ် အားငယ် နေတတ်ပြီး.. အဲဒီ ခံစားချက် က ကိုပဲ.. ဆန်းကြယ်တဲ့ ရသ တခု ကို ပေးနေနိုင်တာပဲ။ အလွမ်းတွေ ရှုရှိုက်မှ..အသက်ရှင် နိုင်တော့မဲ့ လူတယောက်လို.. လွမ်းမော မူ တွေနဲ့ အသားကျ နေခဲ့ ပုံ ပင်.. ။
-
ကြယ်ချွေရွေပေါင်း.. ထောင်သောင်း..အသင်္ချေ.. ဘော်လေ စုံညီသား
နဲ့..ကွယ်ခါသာ..တလှည့်.. ညှိးငယ်တဲ့တွေ..မောင်ကဲ့သို့..တကိုယ်ရေ သာလေ..
ကြုံပါရင်ဖြင့်.. ပုဏ္ဏမာ..သဇင်ပွင့်.. ကြွေမည် လား.. ယုံအိပ်မံလ နတ်ပျံရေ.. စွဲလမ်း
လို့သာ..ထင်မိမှား.. လှောင်သလို..ခုများ.. ဆွေးဆွေးရသူ..ပူအောင် ဖန်… အား
နိုင်ရက်ပေ….
-
ကောင်းကင်ယံ က လမင်းကြီး ကတောင်..သူ့အတွက်.. လွမ်းစရာ သီချင်း တပုဒ် ဖြစ်နေပြန်သည်။ ဒီ သီချင်းလေးကို“ မြပုဏ္ဏမာ” လို့ ထင်နေ ခဲ့ ပေမဲ့.. ဒီစာအုပ်ထဲမှာတော့..“ငွေဝန်းသော်တာ”..လို့ သိလိုက်ရတယ်။ ကို စောညိန်း ရဲ့ သီချင်း တွေကို အခုခေတ် ပြန်ဆိုတဲ့ အခါ.. မန္တလေး သိန်းဇော် ရဲ့ အသံ နဲ့ အလိုက်ဖက်ဆုံး ဖြစ်သလို.. ဒီ..“ငွေဝန်းသော်တာ ” သီချင်းလေးကို..ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြန်မာ့အသံ ရုပ်မြင် မှာ.. သီဆို သွားခဲ့ တဲ့..စိမ်းမို့မို့ရဲ့ အသံ ချွဲချွဲ သြသြ လေး ကို .. အခု ထက်ထိ မမေ့နိုင် အောင် ဖြစ်နေ မိတယ်။
-
အချစ်ဖြင့် ..ဆိတ်သုဉ်း.. ဆုံးရှုံး ခြောက်ခန်း ..လောင်ကျွမ်း ခဲ့ရ..မောင့် ဘဝ
အစဉ်ဝယ်.. ဆက်သွယ်..သန္တတိ မမြဲသော ရုပ်နာမ် ပြောင်းလွဲသည့်နှယ်.. ဖြစ်ပြန်
ပျက်ပြန်..အချစ်မှန်..တရားရယ်..မူလွန်းခဲ့ သူရယ်.. ပွင့်ဦး ကြွေမှ
ဖြင့်ကွယ်..မပန်ဆင်..စေချင် ရက်တော့တယ်…
-
ရွှေ့လျော တတ်တဲ့.. အချစ် ရဲ့ သဘာဝ အမှန်ကို တင်စား ဖွင့်ဆို ခဲ့ရင်း.. သူ့သီချင်း တွေ အားလုံး ဟာ..အချစ် တွေ နဲ့လည်း..မှိုင်း မှိုင်း မှုန် နေခဲ့ တယ်။ တကယ့် တကယ် တော့လည်း.. သူ့သီချင်းတွေ ထဲက.. အချစ်ရဲ့ ခံစားချက် တွေ က.. စိတ်ကူးယဉ် တော့..ဆန် ခဲ့တာ အမှန်။ တကယ် ဆို.. အဲဒီ အချိန်တွေ တလျှောက်လုံး ..သူ့ နှလုံးသား ပြင်မှာ .. ညွတ်ပြောင်း သွဲ့ကျ နေခဲ့ တဲ့.. မိန်းကလေးကို..သူ အပြင်မှာ.. တခါမှ မမြင်ဘူး ခဲ့ ပဲ ကိုး။
-
-----ညီမလေး ရဲ့ စာထဲမှာတော့ကာ..ဒီ ပွင့်ဦး အကြောင်းကလဲ.. ထပ်တလဲလဲ ပါလာ ပြန်မှ
ကိုးနော်..။ ဒီအကြောင်းကို အတော်ပဲ သိချင်နေ တယ် မှတ်ပါတယ်။ ----------------
ကိုကြီး ရဲ့ အသည်း နှလုံးမှာ..အမြစ်တွယ် ယှက်ပြီး..အချစ်နွယ်
အချစ်ညွန့်လေးတွေ..ခက်လက် ဝေ နေတဲ့..ပင်ယံဘွေက..အချစ် ပွင့်ဦး ဟာ..ကြွေကျ
ညှိုးနွမ်းပြီး..အမွှေးနံ့ ရနံ့ပျယ်လို့..ငွေချပ်လွှာ ကလေးတွေ..ဆွေးမြေ့ ကြေမှုံ့ခဲ့
တဲ့ အချိန်ဟာ..ဆယ်နှစ် ကျော်ခဲ့ ပါပြီ..ညီမလေး ရယ်---
-
ဟိုး..အထက် အညာ..ရေနံချောင်း ကနေပြီး..အဆိုတော် ဖြစ်ချင် အားကြီးလို့.. ကိုစောညိန်း ထံကို..စာနဲ့ ဆက်သွယ် စကား တုံ့လှယ် နေတဲ့.. မိန်းကလေး တယောက် ကို..သူ့ အာရုံမှာ.. အမျိုး မျိုး ပုံဖော် ..စိတ်ကူးယဉ် ရင်း..သီချင်း တွေက.. အားလုံး ရဲ့ နှလုံးသား တွေကို.. ဆင့်ပွား ပြုစား.. ဆွဲငင် သိမ်းပိုက် လို့။
-
တကယ်တော့.. အဲဒီ လို.. စိတ်ကူးယဉ် ခဲ့တဲ့.. အချစ်တွေကို အကောင် အထည် ဖော်ဖို့..မစွမ်းသာ အောင် ကို လည်း.. သူ့ဘ၀က.. တကယ့်ကို ချို့ငဲ့ ခဲ့တာပါ။ သူ့ဘ၀ တလျှောက်လုံး.. မိဘ နှစ်ပါး နဲ့..မောင်နှမ တွေကို ရုန်းကန် ရှာဖွေ ကျွေးရင်း.. ဂျပန်ခေတ်..ခေတ်ပျက် ကုန်သည် လည်း ဖြစ်ခဲ့။ သိုင်းဆရာ လည်း ဖြစ်ခဲ့။ ကာတွန်း ဆရာ လည်း ဖြစ်ခဲ့။ စာကလေး တွေ စမ်းရေးရင်း..စာရေး ဆရာ ဖြစ်ဖို့လည်း..ကြိုးစား ခဲ့။ အသက် (၂၀) ကျော် ဆိုတဲ့ အရွယ် အပိုင်း အခြားမှာ..သူ ဖြတ်သန်းခဲ့ တဲ့ ဘ၀ တွေက.. တွေးကြည့် ဖို့တောင် မလွယ်လှ ပေဘူး။
-
ဒါပေမဲ့.. သူ့ အတွက် သင့်တော်တဲ့ နေရာ တခု ကို..သူ့ဝါသနာ ဗီဇ အားထုတ်မူ ကပဲ အရောက် ပို့ပေး ခဲ့ ပြန်တယ်။
-
မြန်မာ စာရေးဆရာ အသင်းကြီးက..ကြီးမှူး ကျင်းပ တဲ့..စာဆိုတော် နေ့ ပြဇာတ်..နတ်သျှင်နောင် ဇာတ်ထုပ် အတွက်…မယ်ဒလင် တလက် ပိုက်ပြီး.. နွမ်းနွမ်း ပါးပါး.. အသွင်အပြင် နဲ့.. သီချင်း တပုဒ် လာ ပြ ခဲ့တဲ့.. လူငယ် တယောက် အတွက်..ဘုရား သခင်က.. သနား ကြင် နာ ခဲ့ ပါတယ်။
-
…… နွေ နှေင်း ရက်ကျန်..၀သန်ပေါ်ဦး ခါ..အုံ့ပျ မှိုင်းဆန်း ရဂုံဘွေ မြနန်းမှာ..
ရွှေလျှံ လျှပ်နွယ် ခွေကာ.. မိလ္လာချပ်ဆင် ဝေမှင် မှောင်ပြာ..တိမ် တိုက်
ရွှေ့ပြောင်း..လေလျင် လောင်းရာ.. ကြွေကာ..ကြွေကာ..မြေမှာ ကျဲလျက်.. ပုလဲ ရည်
ငွေစက်..ဖျန်းပက် စွေရွာ.. မြူ မှုန် လိမ်းကျံ တဲ့ ညိုးပြောင်း ရွက်ညှာ ရွှေရောင်
ရော်ဝါ.. သန္တာလို မြညိုရောကာ.. ကြွေလျော ကုန်လု..ပရစ်နု ညှာချီ.. နှောင်းနွေ
သန်လု.. စက်ရာသီမှာ.. လေယူ ဆောင်နှင်း.. မြေဆီ မြေသင်း နံ့သာ.. စိန်မြူး အုံကြွ
ကြာညောင်း သဉ္စာ..ပန်းကြဲ တဲ့ ဖဲ စက်ရာမှာ.. မယ့်ကိုယ်က..မွှေးမြလေသလား..
ထင်မြင်ယောင် တွေးမိမှားကာ..သည်းအူ ချာ ကြွေအောင်ဖန်လား.. သက်လျာ ဓါတု ရဲ့
မြင်လှည့်ပါ…..
-
နတ်သျှင်နောင် ရဲ့ ရတု ပိုဒ် စုံ ကို ပြန်ပြီး ဆန်းသစ် ထားတဲ့.. “နွေနှောင်း ၀သန်” - သီချင်း နဲ့.. အများ အသိအမှတ် ပြု ခံခဲ့ ရတဲ့.. ကိုစောညိန်း ဟာ..“ ဂီတနက်သန် ကိုစောညိန်း” ဆိုပြီး ဖြစ်လာခဲ့ တော့တယ်။
ဒါပေမဲ့ လည်း…အနုပညာ သမား စစ်စစ် တို့ရဲ့ သဘာဝ အတိုင်း.. အနုပညာ မာန ကလည်း..သူ့ဘ၀ ကို တနည်း တဖုံ .. ပုံဖော် နေခဲ့ ပြန် သည်။
-
-----ဥပမာ..အလှူတို့ မင်္ဂလာဆောင် တို့မှာ..အခကြေးငွေ နဲ့ လိုက်ပြီး တီးရင် မောင်ရင်လဲ
တီးဘူးမှာပဲ။ သိမှာပေါ့။ လာတဲ့ ပရိသတ်က တီးဝိုင်းကို ကျောပေးးပြီး သူတို့ဖာသာ
သူတို့ စားလား သောက်လား..ဆူလား ညံလား နဲ့ ------------------------------------
လူပရိသတ် များတဲ့ နေရာမှာ..ဂီတနက်သန် ၀ိုင်းဟာ ပိုက်ဆံ နဲ့လည်း မတီးဖူး။
အလကားလည်း မတီးဖူး။ ရေဒီယို ဓါတ်ပြားတို့လို မျက်နှာ မမြင်ရတဲ့ နေရာမှာပဲ တီးမယ်
ဆိုပြီး ဆုံးဖြတ် သတ်မှတ် ထားလိုက်တော့ ဂီတနက်သန် ၀ိုင်းဟာ ငွေဝင်လမ်း လုံးဝ
မရှိတဲ့ အပြင် တခါ တခါ အသံလွှင့်ချင်ရင်.ကုန်ကျစရိတ် လေးငါးဆယ် စိုက်လိုက်ရသေးတယ်။-------
-
နယ်ဝေး ကနေ.. ပညာ လိုလို့.. ဆက်သွယ် လာတဲ့..ရေနံ့သာ စိုးလှိုင် ဖြစ်လာမဲ့..လူငယ် တယောက် ကို.. လှိုက်လှိုက်လှဲလှဲ လက်ကမ်း ခဲ့တဲ့.. အဲဒီ စာ လေး ကလဲ.. ခေတ်တခု ရဲ့ အခြေအနေ ကို တစွန်းတစ ဖော်ပြ နေသလို..ကိုယ့်အား ကို ကိုး ပြီး..အောက်ခြေ ကနေ..စ လှမ်းခဲ့ရတဲ့..တကယ့် အနုပညာ သမား စစ်စစ် တွေ ရဲ့ ဘ၀ ပုံရိပ် တွေ နဲ့.. ယိမ်းထိုး နေခဲ့တယ်။
-
နောက်ဆုံး..ဂီတ နက်သန် ၀ိုင်း ကို ခတ္တခဏ ရပ်နား ထားခဲ့ ရပြီး.. ဘ၀ ရဲ့ မောင်းနှင်အား အသစ် တွေနဲ့.. ဥပစာတန်း စာမေးပွဲ ပြန် ဖြေ ဖို့.. စာ ဖတ်နေတဲ့..ည တည မှာပဲ.. ကောင်းကင်က..ကြယ်တပွင့် ရုတ်တရက် ကြွေ ခဲ့ ရ တယ်။ မမျှော်လင့် ထားတဲ့ ရန်ပွဲ တခု ရဲ့ အလယ်မှာ..ညီဖြစ်သူကို ၀င်ကယ်ရင်း.. ဘယ် ရှေးက..
ဝဋ် ကြွေး တုံ့တင်.. ချေ (ကျေ) ခဲ့ပြီ လဲ..လေ။
-
ဘ၀ ဆိုတာ..တကယ်ပဲ..သူ့အတွက်..၀ဋ် ကြွေး အတုံ့အတင် တခုလား။ ဘုရားသခင် က.. ပြန်ရုတ်သိမ်း ယူ သွား တဲ့ စေစားရာ တခု လေ ပဲ လား ။
-
ပြန် လှည့် ကြည့်တော့… ၂၇ နှစ် ဆို တဲ့.. ကာလ အပိုင်း အခြား တခု ထဲမှာ..သူ မွေးဖွားခဲ့တယ်။ ကြီးပြင်းခဲ့တယ်..ရုန်းကန် ခဲ့တယ်.. ခက်ခဲ ခဲ့တယ်.. နာကျည်း ခဲ့တယ်။ အဲဒီ.. တဘ၀ ထဲမှာပဲ.. ပျော်ရွှင်ခဲ့ တယ်.. အောင်မြင်ခဲ့တယ်… ဘာနဲ့မှ မတူ တဲ့..ချစ်ခြင်းမေတ္တာ နဲ့ သံယောဇဉ် ကို..တစုံတဦး စီမှာ.. တသသ တနွေးနွေး..လှိုက်ဖို ၀င်စား သွားခဲ့တယ်။ အိပ်မက် တွေ လမ်းပြ တဲ့ အတိုင်း မျှော်လင့်ခြင်း အလင်းရောင် တွေ ထွန်း ညှိပြီး.. နေ့သစ် တွေကို တလှမ်းခြင်း လျှောက် သွားခဲ့တယ်။ အဲဒီ အတွက်.. ဘယ် အရပ်မှာ..အဆုံးသပ် မယ် ဆိုတာ..သူ မသိနိုင် သလို..သိစရာလည်း မလို ခဲ့ဘူး။
-
ဘယ်သူ တဦး တယောက်ကမှ လည်း ..ဘ၀ ဆိုတဲ့ အပိုင်း အခြား တခု ကို.. တိုင်းတာ သိမှတ် ဖို့.. မစွမ်းနိုင် ခဲ့ဘူး။ အဲဒီ လိုပဲ.. ဘာ ဆုလာဘ် တွေ ရလို့..ဘာ ဒဏ်ကြေးတွေ ပေး ရမလဲ ဆိုတာလည်း.. ဘယ်သူ တယောက်က မှ.. ဘယ်သူ တယောက်ကို..နိမိတ် ဖတ် လို့.. အတိတ်ပေး လို့ မရ ဘူး လေ..။ အဲဒါ တွေကပဲ ..ဘ၀ ဆိုတာရဲ့.. လှည့်ဖျားတတ် တဲ့..မာယာ .. ဒါမှမဟုတ် စိတ်လှုပ်ရှား စရာ ကောင်းတဲ့..အရသာ..ဒါမှ မဟုတ် ဖန်တီး လို့ မရတဲ့.. ကံကြမ္မာ။ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး တယ် ဆိုတဲ့.. အယူ ကို..ဖြစ်နိုင် - မဖြစ်နိုင်...မဆန်းစစ် နိုင်ခင် မှာ ကို ပဲ.. ကိုယ် ဆိုတဲ့ အတ္တ တခုရဲ့ အလယ်မှာ...ငြင်းဆန်လို့ မရပဲ..မျက်စိလည် ရောက် နေ ပြီးသား ဖြစ်နေတဲ့.. ခရီး ၀င်္ကဘာ တခု လည်း ဖြစ် နေပြန်တယ် ။ ယုံကြည်သူ တွေ အတွက်တော့..ဘုရားသခင် က.. ကြိုတင် သတ်မှတ် ပြဌါန်း လိုက်တဲ့..စေစားရာ.. ကာလ.. အလုပ် တခု လည်း ဖြစ် နေပြန်တယ်။
-
တကယ်တော့..ဘ၀ ဆိုတာ.. အချစ် ဆိုတဲ့.. ဒြပ်မဲ့နာမ် တခု လိုပဲ.. ဖမ်းဆုပ် အဖြေထုပ် ဖို့ ခက်ခဲ လွန်း လှပါတယ်လေ..။ အခု.. ဒီစာအုပ် မှာတော့...ကိုစောညိန်း ဆိုတဲ့..ထူးခြား ပြောင်မြာက်လှတဲ့..အနုပညာ သမား တယောက် ဆီမှာ..အာရုံ ခံစား ရင်း.. သာမန်လူသား တယောက် ရဲ့ .. ဘ၀ နဲ့ အချစ် ဆိုတာကို.. အတိုင်း အတာ တခု ထိ တော့ဖြင့် .. မြင် အောင် ကြည့် လိုက်နိုင် သလို ..။
-
( ကိုစောညိန်း စာအုပ်လေး အကြောင်း ပြန်လည် အကျဉ်းချုံး ရင်း.. တခါတည်း.. ကိုအောင်သာငယ် က..ရေး နိုင် သူများ ရေးပေးကြပါ ဆိုတဲ့..“ ဘ၀” ဆိုတဲ့ ခေါင်းစဉ်.. ကိုလည်း.. ထဲ့သွင်း နိဂိုး ပြုလိုက်ပါတယ်။ )

( ဒီသီချင်းပဲ ရှာလို့ရလို့ပါ.. ကိုစောညိန်း သီချင်း ဒီ့ထက်ကောင်းတာများ ရှိလို့ ဝေမျှရင်..ကျေးဇူးတင်ပါမည်)


Share/Bookmark

25 Comments:

ATN said...

တခုတ်တရ ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မကေ...
ကိုစောညိန်း အကြောင်းကလည်း ဖတ်ရတိုင်း ကြေကွဲစရာပါ... ၀ဋ်ဆိုတာ ပါလာလို့ပဲ ဖြစ်မှာပါလေ...

Moe Cho Thinn said...

ကိုစောညိန်း သီချင်းတွေကို အဖေက သိပ်ကြိုက်လို့ အမြဲရင်းနှီးနေခဲ့တာ။ ဟိုးငယ်ငယ်က ကိုသိန်းဇော် အခွေ မထွက်ခင် အခွေကြမ်းလေး အဖေ့လာပေးလို့ စ ပြီး နားထောင်ဖူးခဲ့တယ်။

မိုးသက်လေနှင် ကို အကြိုက်ဆုံးပဲ။ မိုးတွေရွာတိုင်း သတိတရ ညည်းမိရတဲ့ သီချင်းပဲ.. သူ့အဖြစ်ကိုတော့ စိတ်ထဲ မကောင်းဘူး။ ထူးချွန်တဲ့ အနုပညာရှင်တချို့မှာ အဲဒီလို ရင်နာစရာ ဇာတ်လမ်းလေးတွေကြောင့် သူတို့ဘ၀လေးတွေက လွမ်းမောစရာ ပိုကောင်းနေသလိုပဲ ထင်မိတယ်။

သက်ဝေ said...

ကေ...
မျှဝေပေးတာလေး သိပ်ကောင်းပါတယ်...
၂၇ နှစ်ဆိုတာ လူတယောက်အနေနဲ့ ဘဝတခုအနေနဲ့ ဆိုရင် အရမ်းကို တိုတောင်းလွန်းပါတယ်... ဒါပေမယ့် အဲဒီ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာ အခုလို လှပတဲ့ လက်ရာလေးတွေ ချန်ထားနိုင်ခဲ့တာ တကယ့်ကို ချီးကျူးစရာပါနော်...

"ပြိုမှာလေလား.. မိုးရဲ့.. စိုးအောင်.. ခုပင်.."

အိပ်ရာဝင်ခါနီး တွေးစရာလေးနဲ့ တပိုင်းတစ သီချင်းလေး ညည်းစရာ ရသွားလို့ ကျေးဇူးပါ ကေ...

မေဓာဝီ said...

ကျမလဲ ကိုစောညိန်းသီချင်းတွေကို အရမ်းကြိုက်တယ်။
အဖေဆိုဆိုပြလို့ နားစွဲပြီး ကြိုက်ခဲ့တာ။ မူရင်းကိုနားမထောင်ဖူးဘူး။ သိန်းဇော်ပြန်ဆိုတာကိုပဲ နားထောင်ဖူးတယ်။ မူရင်းအဆိုလေးများရရင် နားထောင်ချင်ပါတယ်။ အခုလောလောဆယ်တော့ စာပဲ ဖတ်သွားတယ်။ ဥပုသ်နဲ့မို့ သီချင်းနားမထောင်သွားဘူး။

ဝင်းပေါ်မောင် said...

အခု စာအုပ်တော့ မဖတ်ဖူးဘူး။ ဆရာ နန်းညွန့်ဆွေ ရေးတဲ့ စာအုပ်ပဲ ဖတ်ဖူးတယ်။ ကိုစောညိန်း ရှိစဉ်က အသံလွှင့်ခဲ့တဲ့ သီချင်းတွေက ဓာတ်ပြား မကျန်ခဲ့ဘူးလို့ ဆိုပါတယ်။ စာရေးဆရာ အောင်လင်း, သန်းဆွေ, ကိုစောညိန်း နဲ့ ဂီတနက်သန် အဖွဲ့သားတွေ ကိုယ်တိုင် ဆိုခဲ့တယ်လို့ သိရပါတယ်။ သူ ကွယ်လွန်ပြီး ၁၅ နှစ်လောက်ကြာမှ ဂီတနက်သန် ဦးအုန်းလွင်က အဆိုတော် မောင်မောင်ညွန့် နဲ့ ဓာတ်ပြားသွင်းခဲ့တယ်။ ဒါကြောင့် မောင်မောင်ညွန့် ကိုပဲ မူရင်းလို့ သတ်မှတ်ရတော့တယ်။

သုမောင်, သိန်းဇော်, သန်းမြတ်စိုး တို့လည်း ပြန်ဆိုကြပေမဲ့ ပညာသည်တွေကတော့ မောင်မောင်ညွန့် ဆိုဟန်က အကောင်းဆုံးလို့ ပြောပါတယ်။

မောင်မောင်ညွန့် ဆိုတဲ့ သီချင်း အပုဒ် ၂၀ လောက်တော့ လက်ထဲမှာ ရှိတယ်။ အားလုံး ကိုစောညိန်း ရေးတာလို့ မပြောနိုင်ပါ။ အချို့ကို ရေးသူ ခွဲခြားမသိပါ။

ရွှေပိုး said...

ကျေးဇူးပါ မကေ။

tin min htet said...

မကေ
ကိုစောညိန်း အကြောင်းရေးထားတဲ့
သန်းဆွေ ရဲ့ ချစ်ထံတျာရှင် ဖတ်ချင်ရင် ဒီမှာပါ ..

http://www.multiupload.com/P9S89R0HZ2

သီချင်းက မောင်သိန်းဇော်ရဲ့ ရွှေပွင့်လွှာ တခွေလုံး နဲ့တော့ ရှိတယ်။ မူလ မောင်မောင်ညွန့် ဆိုထားတာ ၅ ပုဒ် လောက် နဲ့ ရေနံ့သာစိုးလှိုင် ၂ ပုဒ်တော့ ရှိတယ်။ နားထောင်ချင်ကြရင် မကေ ကွန့်မန့်မှာ လာတင်ပေးမယ်လေ။

MANORHARY said...

ကိုစောညိန်းသီချင်းတွေကို ငယ်ငယ်တည်းက
ကြိုက်ခဲ့တယ်။ ကေပြောသလိုပဲ ကိုသိန်းဇော် အသံနဲ့
အလိုက်ဖက်ဆုံးလို့လည်းထင်မိတယ်
ခံစားချက်နဲ့ဆိုရတဲ့သီချင်းတွေမို့ ထင်ပါရဲ့
ဘဝဆိုတာကတော့ သက္ကရာဇ်တွေတိုလေ
ဒါဏ်ရာတွေနည်းလေပါပဲ
ကိုယ်လည်း သက္ကရာဇ်တွေနည်းချင်တယ်

rose of sharon said...

ကေရေ.... ကိုစောညိန်းအကြောင်း ဖတ်သွားတယ်... အဲဒီစာအုပ်မဖတ်ဖူးဘူး... ကေမျှဝေပေးလို့ သိလိုက်ရတယ်... ကျေးဇူး

ခင်မင်းဇော် said...

ကိုစောညိန်း အခွေကို သိန်းဇော်ပြန်ဆိုတာပဲ နားထောင်ဖူးတယ် အဲဒီအခွေလဲ သိမ်းထားတယ်။ ကြိုက်တယ်။ သိပ်နှမြောဖို့ကောင်းတယ်နော်...

tin min htet said...

မောင်သိန်းဇော်
ကိုစောညိန်း သီချင်းတွေ ပြန်ဆိုထားတဲ့
ရွှေပွင့်လွှာ + ကံစီမံရာလရောင်များ ကဗျာစု

http://sharebee.com/479ba0c9

Credit to : naiwynn @ Myanmar Cupid

တောကျောင်းဆရာ said...

မြို့မငြိမ်းနဲ့ ကိုစောညိန်း
ဒီ ငြိမ်းနဲ့ ညိန်းကတော့ ဘယ်အချိန်ပြန်လှန်ကြည့် လှန်ကြည့် ကြေကွဲဖွယ်အတိပဲ ဖြစ်နေမှာပါ..

အကယ်၍ပေါ့လေ..
သူသာ ကုတ်အကျီင်္ကို ၀တ်မသွားခဲ့ရင်..
သူသာ ရန်ပွဲကို ၀င်ဖျန်ဖြေဖို့ စိတ်မစောခဲ့ဖူးဆိုရင်..
သူသာ သေမသွားခဲ့ဖူးဆိုရင်ပေါ့...
ကျွန်တော်ထင်ပါတယ်... သူ့စိတ်နဲ့သာဆို ..
မလွယ်လှဘူးထင်တာပါပဲ... ရူးမယ်လို့ မဆိုလိုချင်ဘူးနော်..
မြို့မငြိမ်းက ကားအောက်ထဲကို ဘာလို့ဝင်သွားခဲ့တာလဲ..
''လူတွေကကွာတဲ့ ငါ့အနုပညာတင်မကဘူး
ငါ့ရဲ့ ဦးခေါင်းကိုပါလိုချင်နေကြတယ်"တဲ့။
မြို့မငြိမ်း မကွယ်လွန်ရက်ပိုင်းက ပြောခဲ့ဖူးတယ်ဆိုတဲ့ စကား။ အနုပညာ သိပ်ပြင်းထန်လာတယ်ဆိုရင်
သိပ်နေလို့ မရတော့ဘူးခင်ဗျ။ ဒါကြောင့် ကိုစောညိန်းလည်း သူ့စိတ်နဲ့သာဆို မလွယ်လှဘူးဆိုတာ မြင်ကြည့်တာပါ။

သူဟာ ကံဆိုးခဲ့တယ်ဆိုတဲ့ စကားနဲ့တင် မလုံလောက်လှပါဘူး...
ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ၀ဋ်ကြွေး ပါကိုပါခဲ့တာပါ..
ဘယ်လောက်တောင်များ ဆိုးခဲ့သလိုဆို ..
ပထမအချစ်အဆင်မပြေခဲ့တဲ့နောက်
စာအဆက်အသွယ်နဲ့ လူချင်းတစ်ခါမှမတွေ့ဘူးဘဲ
နောက်ထပ် အချစ်တစ်ခုကို မွေးဖွားခဲ့ပြီးကာမှ..
သူမမြင်ဘူးတဲ့ သူချစ်ရသောသူ ဘာကိုမှသိရှိမထားသေပဲ သူ့ဆီရောက်လာတဲ့
အချိန်ဟာ သူ့ရဲ့အသက်မဲ့ချိန်ဖြစ်နေခဲ့တာက တိုက်ဆိုင်တယ်ဆိုတာထက် ပိုတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်ဗျာ...

ဂီတပါရမီရှင်ဖြစ်တဲ့ သူဟာ မရဏမောင်းသံလိုမျိုး ၀တ္ထုမျိုးကိုလည်းရေးခဲ့တယ်ဆိုတာကိုလည်း အမှတ်ရနေမိပါတယ်။ နောက်ပြီး ပြဇာတ်တွေကိုရောပေါ့.. ဒါတွေလည်း မေ့ထားလို့မရပါဘူး....

tin min htet said...

ရေနံ့သာစိုးလှိုင် ၃ ပုဒ် (ဘယ်ကရမှန်း မမှတ်မိတော့)

ချစ်ပြုံးနှင်းဆီ
http://www.megaupload.com/?d=03A6L95Y

ပွင့်ဦး
http://www.megaupload.com/?d=DHKBH6M2

သစ္စာ
http://www.megaupload.com/?d=RW5GNE09

tin min htet said...

မောင်မောင်ညွန့် ၅ ပုဒ်
မောင်သိန်းဇော် ထဲမှာ မပါတာ စိန် နဲ့ သစ္စာ
Credit to : rustic @ Myanmar Cupid

ဆောင်းနတ်မယ်
http://www.multiupload.com/1XFIE1NIMA

စိန်
http://www.multiupload.com/RH8ISGICSK

သပြေရွက်ရေ
http://www.multiupload.com/2HXI7ZDAV9

သည်ဆောင်းဟေမန်
http://www.multiupload.com/MIZVH6EUBX

ရတုဘုရင်
http://www.multiupload.com/W3J65LEX2Z

ကလူသစ် said...

ဘွားဘွားတို့ကတော့ ကြိုက်မှာပေါ့။ တားတားတို့ကတော့ ဟစ်ဟော့ပဲ။

kay said...

ဟုတ်ကဲ့..ကိုအောင်သာငယ်- စာအုပ်လေး ဖတ်ထားတာလည်း စမြုံ့ပြန်ချင်..သီချင်းလေးတွေလည်း ပြန်နားထောင်ချင်တာနဲ့.. ဘ၀ နဲ့ ရောချ လိုက်တာ။ tag တခု တော့..ပြီးသွားတာပေါ့။

မချိုသင်း- ပြောမှ..သိန်းဇော် အခွေ ထွက်တာ အဲလောက်တောင်ကြာပီလား။ ဆရာကြီးက..တယော ထိုးတယ်ဆိုတော့..ဒါတွေ အကုန် ခံစားနိုင်မှာပဲနော်။

မသက်ဝေ..တပိုင်းတစ တင် ဆိုမကြည့်နဲ့.. ၃-၄ ပုဒ်လောက် ဆက်တိုက် နားထောင်ကြည့်.. ဘာဖြစ်သွားမလဲ ဆိုတာ..း))

မမေ- ဥပုပ်ထွက်ရင်..လာနားထောင်ပါအုံး..ခုမှ.. ကိုတင်မင်းထက် လာပေးထားတာ..အများကြီးပဲ။ သူ့သီချင်းတွေကို..ပျော့တယ် လွမ်းတယ် ဆိုပေမဲ့လည်း..အဲဒီခေတ်အခါက..အားလုံးလို မခံစားပဲ မနေနိုင်ဘူးနော်။

ကိုဝင်းပေါ်မောင်- သူ့ဇတ်လမ်းကတော့..အရင်ကတည်းက..အကြမ်းဖျင်းသိထားပေမဲ့.. ဒီစာအုပ်က.. ရွှေရတုလွန် ဆိုပြီး.. မှတ်တမ်းမှတ်ရာ တွေကို စာပြု စာရင်း သဘောမျိုး နဲ့ ထုတ်ဝေ တာပါ.. ရေးသူက..စောနိုင်ဦး..။ အခုပြောတဲ့.. နန်းညွန့်ဆွေ ရေးတာတော့.မဖတ်ဘူးပေမဲ့..ဒီစာအုပ်ထဲမှာ..ဒေါ်ကြည်ဦး ရဲ့ စာတပုဒ်တော့.. ပါပါတယ်။ နောက်.. အခုပြောတဲ့.. ဦးအုန်းလွင်..ဦးသန်းဆွေ..မင်းရှင်..ဦးသန်းမြင့် စသူ တို့ရဲ့..အမေးအဖြေ ရေဒီယို ဆွေးနွေးခန်းလေး လည်း.. စိတ်ဝင်စားစရာ ထဲ့သွင်းထားတယ်။

ရွှေပိုးရေ- ကျေးဇူး တူ ကျေးဇူးး))

မနော်ရေ.. အဲလိုတွေ ပြောပါနဲ့..။ သက္ကရာဇ် တွေ..စုပြီး ပွားကြရအောင်လေ..။

မနော်ဖော-း) သီချင်းတွေပါ နားထောင်သွားလေ.
မခင်မင်းဇော် ရော..း)

တောကျောင်းဆရာရေး- မင်းက..စာအုပ်ကို ဖတ်ပြီးသားကိုး။ ဟုတ်တယ်.. သူတို့ လို အနုပညာ မှာ.. ကြောက်စရာကောင်းလောက်အောင်.. မှော်အောင် နေတဲ့..လူတွေမှာ..အဲဒီ ဒဏ် ကို မခံ နိုင်ဖြစ်တတ်ကြတာ.. စိတ်ဝင်စားစရာပဲ။ ပြောသလို.. ချစ်သူ မိန်းကလေး က..တိုက်တိုက်ဆိုင်ဆိုင်.. သေမဲ့ နေ့မှ ရောက်လာတာ ကလည်း.. ဇတ်ရိုင်း နာလွန်းလှတယ်။

ကလူသစ်- ဒါဆိုလည်း..ဟစ်ဟော့ တပုဒ်လောက်း)

ကိုတင်မင်းထက်ရေး- သီချင်းတွေ အများကြီး အတွက်..ကျေးဇူးအများကြီးပါ။ မောင်မောင်ညွှန့် ပြန်ရဖို့ မလွယ်ဘူးလေ။ ငယ်ငယ်ကတော့.. အမေက..မောင်မောင်ညွှန့် ရေဒီယို ကလာတိုင်း အသည်းအသန် နားထောင်ပြီး..မျက်ရည်လည်လည် နေတတ်လို့..မောင်မောင်ညွှန့်ကိုသိပ်မုန်းတာပဲ။း))

ဧရာ said...

“အနောက်တောင် ဆီက.. ရွာမည် ဟန်ပြင်..” နဲ့ သားတွေငယ်ငယ်က သိပ်ခဲ့တယ်။ (ကလေးသိပ်တဲ့ သီချင်းမဟုတ်ပေမယ့် ကြိုက်လို့ပါ)။ မကေရေ … ကိုစောညိန်းရဲ့ အနုပညာပုံရိပ်တွေကို မျှဝေသွားတာ ကျေးဇူးပါ။

Anonymous said...
This comment has been removed by a blog administrator.
ပုံရိပ် said...

မကေ ပွင့်ဦးနဲ့ မိုးသက်လေနှင် ကို ကြိုက်တယ်။

Unknown said...

ညဦးနှင်းလှိုင်ထဲ

အရိုင်းစံပယ်ပွင့်ဦးကို

နားနဲ့ခူးပန်ကြတုန်းကပေါ့

စုလျားရစ်ပတ်ခါနီးမှ ဘ၀ဇာတ်သိမ်းတဲ့

ကိုစောညိမ်းရဲ့ ''သစ္စာ''ကို

ကရုဏာသက်ပြင်းမျိုးနဲ့ သူမကြပ်ထုပ်ထိုးတဲ့အခါ

ကိုစေားညိမ်းကို

အနိုင်နဲ့ ပိုင်းသွားတဲ့

ကစားသမားအဖြစ်

မုဒိတာလှေကားထစ်ပေါ်

ကျွန်တော်ရွှေ့ထိုင်ကြည့်လိုက်တယ်။

ဗြဟ္မစိုရ်လမ်းပေါ်မှာပဲ

ခွဲခွါခြင်းရဲ့ အနက်ကြွယ်ပုံကို

လက်ဆုံပြောရင်း အံ့သြရင်း

ညလယ်နှင်းတွေစို

ဗြဟ္မစိုရ်လမ်းထိပ်မှာပဲ

ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာပေါ့။ ။

၂၀၁၂ ၊ ဇူလိုင်လထုတ် ရနံသစ်မဂ္ဂဇင်း မှာပါတဲ့ ကိုမင်းကိုနိုင်ရဲ့ " ဗြဟ္မစိုရ်လမ်းပေါ်မှာ" ဆိုတဲ့ကဗျာလေးပါ
ကျွန်တောက ၁၉၈၇ မှမွေးခဲ့ပေမယ့် ဂန္တ၀င်သီချင်းများကိုသာနှစ်သက်တဲ့လူငယ်တစ်ယောက်ပါ ငယ်ငယ်က ရွာမှာ အသံချဲစက်ကဖွင့်တဲ့ မောင်မောင်ညွန့်ဆိုတဲ့ မိုးသက်လေနှင်ကို နားထောင်မိတိုင်း အဲဒီသီချင်းမွေးဖွားခဲ့သူကို သိချင်ခဲ့တာပါ ကိုသိန်းဇော်ဆိုတဲ့ VCD ထွက်လာတော့မှ သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ကလဲ ကောင်းဆိုတော့ ခံစားရပြီပေါ့ဗျာ အဲဒီကနောက်အဆက်ပြတ်သွားပေမယ့် ကိုမင်းကိုနိုင်ရဲ့ ဒီကဗျာလေးကို ဖတ်မိတဲ့အချိန်မှာတော့ ကိုစောညိမ်းက ကျွန်တော့်ရင်ထဲကို တစ်ဖန်ရောက်လာခဲ့ပြန်ပါတယ် အွန်လိုင်းမှာလိုက်ရှာလိုက်တာ ဒီဘလော့လေးကိုတွေ့တော့ အရမ်းကြည်နူးသွားပါတယ်။ ကိုစောညိမ်းနဲ့ပတ်သက်တဲ့ စာအုပ်မျိုးရှိတယ်ဆိုတာမသိခဲ့ပါဘူး အခုတော့သိသွားပြီပြီးတော့ ဒီဘလော့ထဲမှာတွေ့ရတဲ့ comment တွေကိုကြည့်ရတာ ဂန္တ၀င်သီချင်းကြိုက်သူတွေ ရှိသေးတယ်ဆိုတဲ့အသိနဲ့ တော်တော်ဝမ်းသာမိပါတယ် ဒါပေမယ့် ဒီ ၁၉၈၈ နောက်ပိုင်းမွေးတဲ့သူ တော်တော်များများကတော့ တကယ့် မြန်မာ့ဂီတကို မြတ်နိုး၊ တန်ဖိုးထားသူ တော်တော်နည်းသွားသလို ၊ အနောက်တိုင်းယဉ်ကျေးမှု တေဂီတတွေရဲ့ ရေစီးချောင်းမှာ ပက်လက်မှောက်ခုံ မျှောနေကြတာမြင်တော့ တော်တော်လေးကို ၀မ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကိုစောညိမ်းအကြောင်း စုံစုံလင်လင် ၊ ရင်တွင်းခံစားချက်ကလေးတွေနဲ့ တင်ပေးတဲ့ မကေ ကိုရော အောက်က comment ပေးကြတဲ့ သူတွေအားလုံးကိုရော အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..

Unknown said...

ညဦးနှင်းလှိုင်ထဲ

အရိုင်းစံပယ်ပွင့်ဦးကို

နားနဲ့ခူးပန်ကြတုန်းကပေါ့

စုလျားရစ်ပတ်ခါနီးမှ ဘ၀ဇာတ်သိမ်းတဲ့

ကိုစောညိမ်းရဲ့ ''သစ္စာ''ကို

ကရုဏာသက်ပြင်းမျိုးနဲ့ သူမကြပ်ထုပ်ထိုးတဲ့အခါ

ကိုစေားညိမ်းကို

အနိုင်နဲ့ ပိုင်းသွားတဲ့

ကစားသမားအဖြစ်

မုဒိတာလှေကားထစ်ပေါ်

ကျွန်တော်ရွှေ့ထိုင်ကြည့်လိုက်တယ်။

ဗြဟ္မစိုရ်လမ်းပေါ်မှာပဲ

ခွဲခွါခြင်းရဲ့ အနက်ကြွယ်ပုံကို

လက်ဆုံပြောရင်း အံ့သြရင်း

ညလယ်နှင်းတွေစို

ဗြဟ္မစိုရ်လမ်းထိပ်မှာပဲ

ကျွန်တော်တို့ လမ်းခွဲခဲ့ကြတာပေါ့။ ။

၂၀၁၂ ၊ ဇူလိုင်လထုတ် ရနံသစ်မဂ္ဂဇင်း မှာပါတဲ့ ကိုမင်းကိုနိုင်ရဲ့ " ဗြဟ္မစိုရ်လမ်းပေါ်မှာ" ဆိုတဲ့ကဗျာလေးပါ
ကျွန်တောက ၁၉၈၇ မှမွေးခဲ့ပေမယ့် ဂန္တ၀င်သီချင်းများကိုသာနှစ်သက်တဲ့လူငယ်တစ်ယောက်ပါ ငယ်ငယ်က ရွာမှာ အသံချဲစက်ကဖွင့်တဲ့ မောင်မောင်ညွန့်ဆိုတဲ့ မိုးသက်လေနှင်ကို နားထောင်မိတိုင်း အဲဒီသီချင်းမွေးဖွားခဲ့သူကို သိချင်ခဲ့တာပါ ကိုသိန်းဇော်ဆိုတဲ့ VCD ထွက်လာတော့မှ သက်မွန်မြင့်ရဲ့ သရုပ်ဆောင်ကလဲ ကောင်းဆိုတော့ ခံစားရပြီပေါ့ဗျာ အဲဒီကနောက်အဆက်ပြတ်သွားပေမယ့် ကိုမင်းကိုနိုင်ရဲ့ ဒီကဗျာလေးကို ဖတ်မိတဲ့အချိန်မှာတော့ ကိုစောညိမ်းက ကျွန်တော့်ရင်ထဲကို တစ်ဖန်ရောက်လာခဲ့ပြန်ပါတယ် အွန်လိုင်းမှာလိုက်ရှာလိုက်တာ ဒီဘလော့လေးကိုတွေ့တော့ အရမ်းကြည်နူးသွားပါတယ်။ ကိုစောညိမ်းနဲ့ပတ်သက်တဲ့ စာအုပ်မျိုးရှိတယ်ဆိုတာမသိခဲ့ပါဘူး အခုတော့သိသွားပြီပြီးတော့ ဒီဘလော့ထဲမှာတွေ့ရတဲ့ comment တွေကိုကြည့်ရတာ ဂန္တ၀င်သီချင်းကြိုက်သူတွေ ရှိသေးတယ်ဆိုတဲ့အသိနဲ့ တော်တော်ဝမ်းသာမိပါတယ် ဒါပေမယ့် ဒီ ၁၉၈၈ နောက်ပိုင်းမွေးတဲ့သူ တော်တော်များများကတော့ တကယ့် မြန်မာ့ဂီတကို မြတ်နိုး၊ တန်ဖိုးထားသူ တော်တော်နည်းသွားသလို ၊ အနောက်တိုင်းယဉ်ကျေးမှု တေဂီတတွေရဲ့ ရေစီးချောင်းမှာ ပက်လက်မှောက်ခုံ မျှောနေကြတာမြင်တော့ တော်တော်လေးကို ၀မ်းနည်းစိတ်မကောင်းဖြစ်မိပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလို ကိုစောညိမ်းအကြောင်း စုံစုံလင်လင် ၊ ရင်တွင်းခံစားချက်ကလေးတွေနဲ့ တင်ပေးတဲ့ မကေ ကိုရော အောက်က comment ပေးကြတဲ့ သူတွေအားလုံးကိုရော အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..

kay said...

မောင်နိုင်လင်း ရဲ့ အလေးအနက် ရေးသားလာတဲ့ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ ကိုမင်းကိုနိုင် ကဗျာလေး အတွက်လည်း ကျေးဇူးအထူးတင်ပါတယ်။ ကျမ လည်း တလောလေးက ပြင်သစ်သံရုံးက ဦးစီးကျင်းပ မဲ့ ကိုစောညိန်း သတိရအောက်မေ့ပွဲ ကြော်ငြာလေးကို တွေ့တော့၊ ကြည့်ချင် နားထောင်ချင်စိတ်တွေနဲ့အတူ ဒီစာလေး ရေးခဲ့ဖူးတာကိုတောင် သတိရနေမိပါသေးတယ်။ မင်းကိုနိုင်ပြောသလို အနိုင်နဲ့ပိုင်းသွားတဲ့ ကိုစောညိန်းကို ကျမ တို့အားလုံး အနိုင်တကာ့ အနိုင်တွေ ပေးခဲ့ကြပြီပဲ။

Pho Nyo said...

မကေ။ ကိုစောညိန်းဆိုတာ ကိုစောတို့အတွက်တော့ မြန်မာ ကာလပေါ်သီချင်းတွေနဲ့ ပတ်သက်ပြီး အင်မတန်မှ လေးစားမြတ်နိုးခဲ့တဲ့သူပါ။ မယ်ဒလင်ကို ဗမာဂီတာသံပေါက်အောင် ကတ်သီးကတ်သတ် လက်ကွက်တွေနဲ့ သူ့သီချင်းတပုဒ်ကို တက်ပြီးတိုင်း၊ လက်ပေါက်ကပ်တယ်ဆိုတဲ့ စကားကို ခံစားနားလည် ခဲ့ရတယ်။ မကေတို့လဲ ကြိုက်နှစ်သက်တယ်ဆိုလို့ ၀မ်းသာမိပါတယ်။ ဒါပေမဲ့ မန္တလေးသိန်းဇော်ရဲ့ အဆိုနဲ့ တော့ မကြားပါရစေနဲ့း။ မန္တလေးသိန်းဇော်ကို ပြဇတ်မင်းသား အဖြစ်နဲ့ အရမ်းသဘောကြပါတယ်။ သူဆိုတဲ့ ပြဇတ်သီချင်းတွေကိုလဲ ကြိုက်ပါတယ်။ သို့ပေမဲ့ ကိုစောညိန်းသီချင်းတွေက သူ့ဆိုဟန်နဲ့မတူဘူးလေ။ ပြဇတ်ထဲက စတိုင်နဲ့ အဆွဲအငင် အရှိုက်အရစ်တွေ လုပ်လာတဲ့အခါ ကိုမောင်မောင်ညွန့် ဆိုထားတာတွေ အကုန်ပျက်စီးတော့တာပါဘဲ။ ဖြစ်နိုင်ရင် ရေနံ့သာစိုးလှိုင်နဲ့ မောင်မောင်ညွန့် ဆိုထားတာတွေ You Tube မှာတင်ထားတာတွေရှိပါတယ်။ မေတ္တာဖြင့်။

kay said...

ကိုဖိုးညို မှတ်ချက် အတွက်လည်း ကျေးဇူးတင်ပါတယ်
ကိုစောညိန်းကတော့ မရူသွပ်မိကြရင်တောင်မှ မနှစ်သက်တဲ့သူတော့ ရှားပါလိမ့်မယ်။ အချစ်တွေ အချွဲတွေ များလွန်းနေတယ်လို့ ထင်ရတာတောင် ကျမတော့ မနှစ်သက်မခံစားပဲ နေလို့မရ အောင် ဖြစ်မိပါတယ်။ ကျမကတော့..သိန်းဇော် ကို..ဇာတ်မင်းသားအဖြစ် တခါမှ သေချာ မကြည့်မိဘူး။ သူ့ကို ကဗျာဆရာ နဲ့ အဆိုတော် အဖြစ်ပို သဘောကျမိတာ။

kay said...

ကိုဖိုးညို ဆိုတာ..ဘယ်သူလဲလို့ သေချာ မကြည့်ပဲ စာပြန်လိုက်မိတာ။း) ကိုဖိလစ်..သိန်းဇော် ကဗျာတွေ ဖတ်ဖူးရင် နှစ်သက်မှာပါ။ Kဇော် ဆိုပြီး ရှာဖတ်ကြည့်ပါ။