ဒဂုန်ဆောင် ပျိုးခင်း စာစောင်လေးကို..ပြန်ဖတ် ကြည့် နေမိ သည်။ သူတို့မှာ .. စာပေ လှုပ်ရှားမူ လေး တခုကို.. မရှိ-ရှိတာလေး တွေ နဲ့..မဖြစ်- ဖြစ်အောင် လုပ်ခဲ့ ကြတာ..။ ဟာသ လေးတွေ.. ၊ တိုတို ထွာထွာ အပိုင်းအစ လေး တွေ နဲ့.။ .ပြောရရင်..ကိုယ့်စာ ကတောင် အရှည်ဆုံး ဖြစ်နေပါ ပြီကော..။ ဒီ ထောင့်က..ကြော်ငြာ လိုလို စာအပိုင်း လေး ကို ကြည့်ပြီး..ပြုံးမိ သည်။
ဘူမိဗေဒ မိသားစု.. ပစ်ကနစ်-- ပဲခူးကို နေ့ချင်းပြန် ထွက်တာ.. နှုန်းထားက.. ၁၈၀ ကျပ်..တဲ့။ field coat တထည်က..၃၆၀ တဲ့..။ ပြုံးနေရင်းက..လေးနက်ချင် နေမိသေးသည်။ တကယ်ဆို..ဒီလောက် နှစ်ကာလ အတွင်းမှာ..ငွေကြေး တန်ဖိုးတွေ က.. ဘယ်လောက် တောင် အရှိန်ပြင်းပြင်း ဖောင်း ပွလာ နေ ခဲ့ သ လဲ..။
-
အဲဒီ တုန်းက.. တလ ကို..အဆောင်ကြေး..၆၀၀ လား မသိ။ အဲဒါ..အားလုံး အပြီးအစီး ။ ဒင်နာ တို့ ဘာတို့ ဆိုတာ.. အဲဒီ အဆောင်ကြေးတွေ ထဲက..ပိုလျှံတာတွေ..အစိုးရ ထောက်ပံ့ငွေ တွေ နဲ့.. လုပ်ကြတာ။ ဒါ တောင်.. တလ တခါ..နို့ဆီ..သကြား ပေးသေးသည်။ စာမေးပွဲ နီးရင်.. အထူး အစီအစဉ် နဲ့ ညလယ်စာ တွေပါ..စားကြ ရ တာ။ ဒီနေ့..လက်ဖက်ရည် စမူဆာ ဆိုရင်..နောက်နေ့..ကြက်သား ဆန်ပြုတ်။
-
-
...
...
..
.
.
.
..
..
.......
...
....
...
.....
.
...
15 Comments:
မကေ ရေ
boulder ကြီးတို့ခေတ်က အဆောင်ကြေး ၅၇ ကျပ်
ကျောင်းလခ ၁၅ကျပ်လေ ဗမာငွေ ပေါ့
ငါ့ နှမ ကျောက်ခဲ အထွေးဆုံးလေးရေး မှအားလုံးလွမ်း
စရာကိုဖြစ်လို့....
ပြီးသွားပြီလားကေ… မပြီးစေချင်သေးဘူး… ဆက်ဖတ်ချင်သေးတယ်… အင်းလျားမှာ ကေနဲ့ အတူနေချင်သေးတယ်… ကေ့စကားတွေ ကေ့ရင်ခုန်သံတွေ နားထောင်ခံစားချင်သေးတယ်… စိန်ပန်း၊ ကံ့ကော်တွေနဲ့ အတူ စွယ်တော်တွေပါ ပွင့်သွားပြီကေ… ကေနဲ့ အတူ စာတွေရေးခဲ့တယ်… ကေနဲ့ အတူ သီချင်းတွေညည်းခဲ့တယ်… ခက်တာကကေရယ်… ခု အင်းလျားတောင် အရင်လို မဟုတ်တော့ဘူး… အလွမ်းခြေရာတွေ ဘယ်မှာ ဖွေရှာရမလဲနော်… ဘာပဲဖြစ်ဖြစ် ပျောက်ဆုံးသွားတဲ့ နုနယ်ပျိုမျစ်လတ်ဆတ်ခြင်းတွေ ရိုးသားဖြူစင်တဲ့ လွတ်လပ်ခြင်းတွေကို ကေက ပြန်ရှာပေးခဲ့တဲ့အတွက် ကျေးဇူးပါကေ…
ကျောင်းပိတ်ရက် အိမ်မပြန်ချင်ဘူး
မပြန်ချင်ပေမယ့်လည်း ပြန်ခဲ့ကြရပြီပဲ
ခုဆို အဝေးဆုံးတွေမှာ
ကျောင်းနဲ့တင်မက အိမ်နဲ့ပါ အမိမြေနဲ့ပါ
ဝေးနေတဲ့နေရာတွေမှာ........
ဘယ်မှာလဲ မြကျွန်းသာရဲ့စိန်ပန်းနီတွေ
ကံ့ကော်တွေ.............
အိပ်မက်တွေဆီမှာသာချောက်ခြားစရာကောင်းလောက်
အောင် မွှေးပျံ့ဆို့နင့်စေခဲ့ပြီ.......
ဓာတ်ပုံတွေက အကြီးချဲ့ကြည့်လို့လဲမရဝူးးး..... :)
လာဖတ်သွားတယ်ကေ.... လွမ်းစရာတွေတသီကြီးဘဲနော်
ဖတ်ရတာ လွမ်းစရာကောင်းလှချည့် မကေရေ ... ။
ဘယ်အချိန်မှာမဆို ပြန်တမ်းတမိတာ တက္ကသိုလ်ကျောင်းသား ဘ၀ကိုပါ။
ဓာတ်ပုံလေးတွေကြည့်ပြီး မကေက ဘယ်သူများ ဖြစ်နိုင်မလဲ ရှာနေမိသေးတယ်။ အပြာရောင်လို့ ပြောဖူးလို့ ... အပြာရောင်လေးတွေကို လိုက်ကြည့်နေရတာ။
စာရေးကောင်းတဲ့မကေ ... ဖြူစင်တဲ့ အလွမ်းဇာတ်တွေကို အခန်းဆက်ရေးပေမဲ့ ဖတ်ရတာလဲ မငြီးဘူး၊ မတန်ခူးပြောသလို ... မပြီးစေချင်သေးဘူး။ မကေရဲ့ စာလုံးလေးတွေထဲမှာ ဆက်ပြီး လွမ်းနေချင်သေးတယ်။
ခေတ်ကြီးနဲ့အတူ ဆန်ခဲ့ရတဲ့ မသဒ္ဓါရေစာ ကျောင်းတက်နှစ်တွေမှာတောင် စာသင်ရက်အား..ကျောင်းတံခါးပိတ်..အိမ် မပြန်ချင်ဘူး…ဆိုတာ အမှန်ပါပဲ ကေရယ်။
ကျောင်း ဒင်နာ ပုံလေးတွေ ခုထိ မပျောက် မပျက် သိမ်းထားတုန်းနော်။ ဖတ်ရတာ သက်ပြင်းတွေနဲ့ မော လိုက်တာ..
တိုက်တိုက်ဆိုင်ဆိုင်.. တို့တောင် အဆောင်ကြေး ၁၂၀ ကျပ်နဲ့ ကျောင်းလခ ၃၀ ကျပ်ကို လွမ်းမိနေသေးတာ..၈၈-မတိုင်ခင်ကလေ။ ဒင်နာဆို ပျော်ခဲ့ရတာလည်း အမှတ်တရ.. အင်းလျားသူတွေကတော့ အချောစားတွေပဲနော်။
ဟင်းကုန်မှ၊ ပိုက်ဆံပြတ်မှ အိမ်ကို သတိရတယ်ဆိုလို့ ပြုံးမိသေးတယ်။ တို့တော့ အိမ်က ကျောင်းနားရောက်လာတာတောင် အိမ်မပြန်ဘူး..ဟဲဟဲ
ဆက်ရန်ဆိုလို့ ၀မ်းသာသွားတယ်..မပြီးသေးဘူးနော်..ဆက်ဖတ်မယ်..
အဆိုကျော် ကျော်လင်းဦး လည်းပါသကိုး..
အခုမှပဲ..အားလုံးကိုမှတ်မိတော့တယ်..
အသက်တွေကြီးလာတော့.
မေ့တေ့တေ့ဖြစ်လာတဲ့သဘောပေါ့လေ..:)
ဆက်ရေးမှဖြစ်တော့မယ်..မကေသွယ်..
စာအဖတ်နည်းတော့ ကြည်အေးရဲ့ “ကေဖွဲ့ဆိုသီ” ကိုတော့ မဖတ်ဖူးသေးပါဘူး။ “စိန်ပန်းနဲ့ ကံ့ကော်တွေ…” ကလည်း ကေရဲ့ “အတိတ် တံခါး တချို့ကို.. လှလှပပ ပြန်ဖွင့် ကြည့် ထား တာပဲ” ပေါ့။ ပြူတင်းနှစ်ပေါက်ကြားကနေ ချောင်းကြည့်သွားပါတယ်။
နောက်ဆုံးနှစ်မှာ ထဘီတွေ သုံးလက်မလောက် ပိုရှည်လာတာ စိတ်ဝင်စားစရာ…
မကေ..ရေ.....
အလွမ်းတွေ...
သည်းကြီးမည်းကြီး ၀ုန်းဒိုင်းကျဲရွာချ..
အချိန်မရွေးမည်းညို့နေတဲ့ တိမ်ဆိုင်ဟာ.
အိမ်လွမ်းနာပေါ့......
စောင့်နေတယ်...
ဆက်ဖတ်ဖို့...
ဒိုင်ရာရီဆန်ဆန်ဇာတ်ကွက်အခြေခံကို..
ရသတွေ လှလှပပ ယှက်ဖေါက်ထားတာ..
သိပ်အသွေးကျတဲ့ အဆင်လေးပါ မကေရယ်..
(အဲ ထမီတိုတို ၀တ်ခဲ့တာတွေလဲ ပြန်လွမ်း..)
အမကေရေ...ဒီအတွဲလေးထဲမှာသီချင်းပါထည့်ဆို ပေးလို့ ကျေနပ်မိပါတယ်။
ညတုန်းက ဒါရိုက်တာချိုတူးဇော်ရိုက်တဲ့ မြန်မာဗွီဒီယို ဇာတ်ကားလေးတကားကြည့်ဖြစ်သေးတယ်။
တက္ကသိုလ်ကျောင်းသူ၊သားတွေနဲ့၊မိန်းထဲမှာ မရိုက်ရပေမယ့်(ရိုက်တာမျက်မမြင်ကျောင်းလို့ထင်
ပါတယ်)တက္ကသိုလ်ရနံ့ အပြည့်နဲ့၊သေချာကြိုးစား အားထုတ်ပြီး ရိုက်ထားတာဗျ။သိလား။
ကိုယ်မတက်ရပဲနဲ့ကိုလွမ်းထှာ..။
ဘယ်ပြောကောင်းမလဲ။
ကိုင်ဇာသီချင်းလေလဲပါသေးတယ်။။နားထဲမှာ စွဲနေမိတာက
"တက္ကသိုလ်မှာ နေ၀င်မှာစိုးတယ်"တဲ့။
အဲ့သီချင်းရော သိလားဟင်၊တခြားနေရာတွေတော့ မမှတ်မိ။လွမ်းမောဖွယ်.....။
နောက်ဆုံးစာတန်းထိုးတာလေးက
"အို..အမိတက္ကသိုလ်
အမေ့ကို ကျနော်လွမ်းတော့
အမေ့အကြောင်းကို ကျနော်ကြွားလုံးထုတ်မိတယ်"တဲ့။
(မှားကောင်းမှားနိုင်ပါတယ်အမရေ..မှတ်မိသရွေ့ပါ)
ခုလဲ အမလွမ်းလို့ ကြွားလုံးထုတ်တာ လေးတွေကို ငေးမောပြီး စောင့်ဖတ်နေပါတယ်..။ :)
ကျောင်းလခ တွေ..အဆောင်ကြေးတွေ အတိအကျ မှတ်မိနေသေးတဲ့..ကိုနိုင်ဖေ နဲ့ မသိဂီ င်္ ကို ချီးကျူးပါ့.
မတန်ခူး နဲ့ မမေ- အမြန်တင်လိုက်တာ.. (ဆက်ရန်) ထဲ့ဖို့ မေ့သွားလို့.. ဟဲ
မနော်- ကဗျာတပုဒ် ကောက်ရ..
မနော်ဖော- ဟုတ်တယ်..း(
သန့်- တော်ပီလေ..ဒါလောက်ပဲ..း)
မချိုသင်း နဲ့ ကိုနေလင်း တို့မြှောက်ပေးလို့..ကွေးနေအောင် ရေးနေတာလေ..ပြီးကာနီးပါပီ..
ဟုတ်တယ်..ကိုဧရာ..ပြတင်းတွေ သွားဖွင့်ပြ မိတယ်.. (ရောဂါပဲ..)း)
ဇီဇ၀ါ- ရှည်- တို။ တို-ရှည်..သံသရာလေ..
အိန္ဒြာရေး..အဲဒီ အသွေးအဆင် လေးကို ခပ်တိုတို ၀တ်ခဲ့တာလေ..း)
မကြေးမုံ- တလျှောက်လုံး..ဆက်ဆိုပြအုံးမယ်..ဆက်နားထောင်..။ အဲဒီ အပိတ် ကဗျာလေးကို တော့..သဘောကျသွားပြီ.. ယူသုံးအုံးမှ-
ကေ့စာတွေ ဖတ်ရင်း... ကျောင်းတံခါးပိတ် သီချင်းကို တိုးတိုးဆိုညည်းရင်း... ဓါတ်ပုံတွေထဲမှာ ကေ ဘယ်မှာလဲ လို့ ရှာကြည့်သွားတယ်...း))
Post a Comment