ပန်း နဲ့ သီချင်း (သို့) တက္ကသိုလ် သီချင်းများ (၂)

စိန်ပန်း နဲ့ ကံ့ကော် တွေ.. ဘယ် ရောက်သွား ပြန် လဲ…
-
သူ ၂ပတ်လောက် ခရီးသွားနေတုန်း.. ပန်းတွေ ဝေးသွားပြီလား…မွှေးကြည့် လို့မရတော့ဘူးလား…မဟုတ်သေး ပါဘူး။ ပန်းတွေက..ဘယ်ကိုမှ ပြေးသွားတာ မှ မဟုတ်တာ..။ အတွေးတွေ ထဲမှာ..တေးတစ လောက် လွင့်ပျံ့လာဖို့ပဲ လို နေတာ…။ သီချင်း တပုဒ်..လောက် ဖြစ်ဖြစ်…။
ရှုပ်ပါတယ်လေ.... ရှိသမျှ တက္ကသိုလ် သီချင်း တွေ အကုန် ဖွင့်ပြီး.. အရင်ဆုံး..၂ ပတ် စာလောက် ဖုန် တက်သွား တဲ့.. အိမ် ကို ရှင်း ရမည်။

စာ တိုက်ပုံး လည်း ဖွင့် ပါ အုံး။
ကြည့်တော့….. ကြော် ငြာ စာ ရွက် တွေ ချည်း…
သူ မျှော် နေတဲ့.. မကြေးမုံ ပို့ပေးလာမယ် ဆိုတဲ့..စာအုပ် တချို့ နဲ့..မခင်မင်းဇော် ပို့လိုက် တဲ့..မင်းကိုနိုင် စာအုပ် .. ရောက်မလာသေး…။

Player က လာနေတဲ့..သီချင်းသံက..တိုးနေသည်။ အားမရ…။ volume 11 အထိ တင်ပြစ်လိုက်တယ်..။ ကိစ္စ မရှိ.. ။ ကိစ္စ ရှိနေတာ.. စိန်ပန်း နဲ့ ကံ့ကော် ကို မြန်မြန် ဆက်ရေး ရမည်။ မုဒ် တွေ ပြန်သွင်း ရမည်။ မဆီ မဆိုင် ကြားထဲမှ ၀င်လာတဲ့..မုဒ် တွေ က.. စိန်ပန်း နီနီ တွေကို ဖျော့တော့ သွား စေသည်။ ကံ့ကော် နံ့ တွေ တောင်.. စွံ့အ သွားသလို…။
-
ကြည့်ပါအုံး.. သူ ဖတ် ရတဲ့ စာတွေ က.. မြန်မာနိုင်ငံ ရဲ့ ရင်ခေါင်းကြီး ကို တိုးလျှိုပေါက် ထိုး ဖောက် ပြစ် မဲ့.. တရုတ်ပြည်ရဲ့ ဓါတ်ငွေ့ပိုက်လိုင်း ကြီး.. စတင်လိုက်ပြီ ဆိုတာမျိုး…။ ကမ္ဘာ့ စားသုံးသူ..အမှိုက်ရှုပ်သူ များ အားလုံး ရဲ့ တ၀က်ကျော် ကို ပိုင်ဆိုင် ထားတဲ့.. BRIC (Brazil, Russia, India, China) ဆိုတဲ့....မတ်တပ်သွား သတ္တ၀ါ အများဆုံး နိုင်ငံ အုပ်စုကြီး ထဲက..ဘရာဇီး ကလဲ..ဘ၀ တူ .. တရုတ် နဲ့ စွမ်းအင် ဆိုင်ရာ..လက်ထပ်စာချုပ် ချုပ်ဆို လိုက် တယ် တဲ့။ သြစတြေလျ တိုက် အလွန်က..အိန္ဒိယ သမုဒ္ဒရာကြီး ထဲမှာ.. ရေနံ တွေ ယိုဖိတ်သွားတာ.. ဘာမှ မဟုတ်ပါဘူးလို့..ဧည့်ခန်းထဲက..ကော်ဇော် တချပ် ပေါ် ကော်ဖီ စွန်းသလို..ငြင်းလိုက် ပေမဲ့.. ဟိုး-- ကောင်းကင် ကနေ ကြည့်တော့.. အတန်းလိုက်.. အကွက်လိုက်.. ကြီး ဆိုပဲ…။ ကောင်းကင်ကနေ..ကြည့် နိုင် မြင်နိုင် သူ ဆိုတော့..ဘုရား သခင် များဖြစ်မလား လို့..များ.. ဘယ်သူ ကမှလဲ..အလန့်တကြား ဖြစ်မနေ ကြ ပေ..။ ဦးထုပ် ဆောင်း ထားလို့ မရတဲ့.. ကမ္ဘာကြီး .. ထိပ်ပြောင် လာတာကို.. ဟာလာ ဟင်းလင်း မြင်လာ ရတော့ လည်း.. ခပ်ရှက်ရှက် နဲ့ပဲ..မြေကြီးအောက်ကို တွင်းတူး ၀င် နေ ကြရတဲ့.. အဖြစ် မျိုးတွေ...။ သုံးစွဲ နိုင်တာထက် ပို ပြီး ထုတ်လုပ် လာနေတဲ့..စက်ရုံ အလုပ်ရုံ တွေ ကြားထဲမှာ..ယူရေနီယံ ကို..ဘာပဲဖြစ်ဖြစ်.. ဖြစ်ချင်ရာ ဖြစ်..တူးဆွ ခြစ်ယူ ကြတော့ မယ် လို့လည်း.. ဆို လား ဆို ရဲ့..။
-
နေပါအုံး..ကမ္ဘာကြီးပေါ်မှာ..စွမ်းအင် လောင်စာ တွေ မလောက်င ရင်..ဘာဖြစ်သွား နိုင် မှာလဲ..။ ဒါဆို.. သဘာဝ အလှအပ တွေ နဲ့.. တေး သီချင်းတွေ.. သစ်ပင် ပန်းမာန် တွေ ယုတ်လျော့ ညိုးနွမ်း ကုန်ရင်ကော..။
“ ခံစား နားလည် နူးညံ့ မွေ့လျော်ဘွယ်ရာ.. လူ့အဆောက်အဦ တချို့… ပြိုကျ ခဲ့ရင် များ..” ဆိုတာ မျိုးတော့ တခါမှ ..တွေးမကြည့် မိသေး ဘူး။ ဘာပဲ ဖြစ်ဖြစ်.. လူ နဲ့ လူ့ပတ်ဝန်းကျင် ဆိုတဲ့ ဂေဟ စနစ် ကြီးထဲမှာ..ပန်းတွေ နဲ့..သီချင်း တွေကို..ထဲ့သွင်း ထား ချင် ပါ သေးတယ်။ သူ သိသလောက် တော့..ဟောဒီ ကမ္ဘာလောက မှာ.. တေးသီချင်း ဂီတ ရဲ့ နရီ စည်းချက် တွေ နဲ့အတူ.. ပန်းတွေ သာသာ ယာယာ ပွင့် ဖူး လာ စေ နိုင်ပြီး .. ပန်းတွေ ရဲ့ ရောင်စုံဖြာ ပွင့်ချပ် တွေ ကြောင့်လည်း.. လူတွေ .. အဆင်အသွေး ရွေးချယ် ခံစား နိုင် ခြင်း သာ..။
-

ရီဝေေ၀..အတွေးများ နဲ့…
အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ..
လွမ်းမောစရာ ..အကြင်နာ မိုး သဲထဲမှာ


ပုဂံ လမ်း သီချင်း ကို ..အားရှိ ပါးရှိ လိုက် ဆို ပြစ်လိုက် ရင်း… အ၀တ် တွေ ကို အ၀တ်လျှော်စက် ထဲ ထိုး ထဲ့ ပြစ်လိုက်သည်။
-
အား…. ။ လက် က..တော်တော် နာနေသည်။
-
ဖြစ်စ က..ဘာကြောင့် နာမှန်း မသိ.. ခုတော့..အဖြေ ပေါ်ပြီ။ .thinkpad အဟောင်းလေး ကို မြန်မာပြည် ပြန်တုန်းက.. အမ ကို အမွေပေး လိုက်ပြီးကတည်းက.. desktop အစုတ်လေး နဲ့သာ.. ကမ္ဘာကြီး ပေါ် တက်တက် ကြည့် နေခဲ့တာ..။ အခု.. ခရီး ၂ပတ် ဆိုတော့.. ကမ္ဘာကြီး နဲ့..ဒီလောက်တော့ အဆက် မဖြတ် နိုင်..။ တခုခု တော့..၀ယ် ရတော့မယ် ဆိုပြီး.. နှစ်ယောက်သား.. ဆိုင် တခု ထဲ ၀င် လိုက်တော့… မဲမဲ လက်လက် ပြောင်ပြောင် တွေ ကြားထဲမှာ.. အဖြူ ရောင်..တစ်တစ်ရစ်ရစ် ကလေးက ..မြင်မြင် ချင်း စွဲ ဆောင် လေ တော့သည်။
-
“ ပန်းသီး သုံးရင်တော့.. တချို့ ဆိုဒ်တွေ..ဘာတွေ ညာတွေ နဲ့.. compactible သိပ် မဖြစ် ဘူးနော်..” လို့..သတိ ပေး ပေ မဲ့.. ကိစ္စမရှိ.. သူ ချစ် သွားလေပြီ။ “ ဒါဆိုရင်..တ၀က် ဆိုက်မယ်.. တ၀က် ကိုယ့်ဖာကိုယ် ပေး..” ဆိုပြီး.. Macbook အဖြူ လေး..သူ့လက် ထဲ ရောက် လာပြီး ကတည်းက.. မျောက်အုန်သီး ရသလို.. ကလိ ရင်း.. လျှာရှည်ပြီး.. ကြွက်မသုံးပဲ.. trackpad နဲ့.. မထတမ်း.. tapping လုပ်ရင်း..သူ့ညာ လက် တချောင်းလုံး.. နာကျင် နေ တော့တာ.. ခု ထက်ထိ..။ နာတာက..တဖြည်းဖြည်း နဲ့.. လက်မ နဲ့ လက်ခုံ ကြား..နောက်..လက်ကောက်ဝတ်.. ခု..တံတောင်ဆစ် ထိ ရောက်လာသည်။ Mac syndrome လား.. strain လား တော့ မသိ.. အဲဒါ မျိုးက.. မနား ရင်.. ရေရှည် ဒဏ်ဖြစ်သွား တတ် တယ် ဆို လို့.. ခုတော့.. အိမ် အလုပ် တွေကို..တက်နိုင်သမျှ လျှော့ ရင်း.. ကီးဘုတ် လေး ကိုတော့..ခပ် ဖြေးဖြေး သတိထား ပြီး..ပြန်သုံး နေ တော့ သည်။ အုန်းသီးကနေ..မီးခဲ ဖြစ်သွားပြီး.. ခုတော့..မျေက်မီးခဲ ကိုင်လိုက်မိသလို.. တော်တော် ခံစား နေရတယ်။

မဖြစ်ဘူး.. ကီးဘုတ် တော့..နားလို့ မဖြစ်… စိန်ပန်း တွေ ကို.. ဆက်ရေး ရအုံးမှာ..။ မြန် မြန် ပြီးချင် လှ ပြီ။ အဲဒါ နဲ့ပဲ..ညက.. (၁၄) ဆိုပြီး.. မြန်မြန် ရေး လိုက်တာ.. ဘာတွေ ရောကုန် မှန်း မသိ။ မုဒ် တွေ က..ဟိုရောက်..ဒီရောက်.. ။ ခု မနက် မှ.. ဖတ်နေကျ သူငယ်ချင်း တွေ ရဲ့ ကွန်မန့်တွေ ဖတ်ပြီး..ပြုံး မိတော့ တယ်။ အေး လေ… အိပ်ချင် မူးတူး.. တင်ချင် ဇော နဲ့.. တင် ထဲ့ လိုက်တာ..။ ကိုယ့်အမ ကလည်း ပြောတယ်..စိန်ပန်း နံ့ မရဘူး တဲ့..။ ဟုတ်မယ်လေ.. သဘာဝ ဓါတ်ငွေ့ နံ့ တွေ ရောသွားတာ ကိုး..။း)
-
ခုပဲ.. (၁၄) ကို ..ပြန် ခေါက်ယူ လိုက်ပြီး..ကြားဖြတ်.. ပြန်ရေး နေ တာ။ အရင် ဖတ်သွားတဲ့..လူတွေ ရေ… ဆောရီးပဲ.. (၁၄) ကို.. သေချာလေး..ပြန် ပြီး.. စိန်ပန်းလေး တွေ ပြန် ထပ်စီ ပေး ပါ့မယ်။
-
ပြီးတော့.. ခရီး မသွားခင် ကတည်းက.. မသက်ဝေ ပေးထားတဲ့.. တက္ကသိုလ် သီချင်းများ..တပိုင်း ကိုလည်း..တင်ပေး မလို့ပဲ.. ။ သီချင်း တင်ဖို့ app. ကောင်းကောင်း အဆင်မပြေ တာနဲ့.. မတင်ဖြစ် နေတာ။ Apture က လည်း ကောင်းပေမဲ့.. hosting လုပ်ထားတဲ့ google pages က.. ပြည့်ကျပ်သွားပြီမို့..bandwidth ပြသာနာ တက်ပြီး ကောင်းကောင်း ဖွင့် မရ..။ နောက်ဆုံး တော့.. ပြူးပြူးပြဲပြဲ ကြီး မို့ သိပ်မကြိုက် လှတဲ့.. esnips နဲ့ပဲ တင် လိုက် တော့မယ်…။


အဲ…ဒါပေမဲ့.... esnips က လည်း.. အခုမှ အသစ်စက်စက် ၀ယ်လာတဲ့.. Mac book လေး ရဲ့ OS မှာ..ဖွင့် မရ ပါလား။ သိတဲ့ သူ တွေ.. ပြောပြ ကြပါအုန်း…။ ရှုပ်ပါတယ်..။ desktop မှာပဲ ပြန် နားထောင် တော့မယ်..။

မာလာဆောင် ပြည်လမ်း ရှေ့မှာ..

ဂစ်တာသံ ညတိုင်း ကြားတယ်..

စာသင်လာသူ လေး ရဲ့ အခန်း ကကွယ်…




Powered by eSnips.com

( မသက်ဝေ ရေ.. ကျေးဇူးပါ..း))


Share/Bookmark

13 Comments:

Moe Cho Thinn said...

သီချင်းတွေ နားထောင်သွားတယ် ကေ..
ကွန်ပျူတာကို ကေ တောင် တော်တော်နားလည်ပြီး လုပ်တတ်နေပြီပဲ။ အသစ်ကို သင်ချင် နားလည်ချင်စိတ် ရှိတာ ကောင်းလိုက်တာ။
လက်နာတာလဲ ဂရုစိုက်ပါအုံး။ ဒါမှ ကံ့ကော်တွေ ခူးလို့ရမှာ..

MANORHARY said...

လက်နာနေပြီလားကေ
ကံကော်တွေကျန်သေးတယ်
လက်ကိုခဏအနားပေးပြီး
ဆက်ရေးနိုင်ပါစေ။
အိမ်အလုပ်ကိုလျှော့လုပ်
ကီးဘုတ်ပဲကိုင်း))

mysterysnow said...

မကေရေ
မနေ့ကလာဖတ်သေးတယ်...
စိတ်ထဲမှာလဲ တခုခုများလွဲနေသလားလို့ ထင်နေတာ...းးးး))))
စိန်ပန်းလေးတွေ ဆက်ဖတ်မယ်နော်.. လက်မနာတော့ရင် ဆက်ရေးပါနော်.....

နှင်း

တန်ခူး said...

ကေရေ… တို့ က ကေလွဲနေတယ်လို့  မထင်မိဘူး… ဒီအပိုင်းမှာ စတိုင်လေးပြောင်းထားတယ်ပဲ ထင်နေတာ… စိန်ပန်းကံ့ကော် flavorလေးက ရနေသေးတာကိုး… လက်ကို လိမ်းဆေးလေးလိမ်းကြည့်ပါလား… ဒဏ်ဖြစ်သွားတယ်ထင်တယ်

rose of sharon said...

လက်နာနေသေးလားကေ.... ကေကတော်လိုက်တာ... သီချင်းလေးတွေ နားထောင်သွားတယ်...

pandora said...

လက်ကို ဂရုစိုက်ပါ မကေရယ်။ စာရိုက်ဖို့၊ ချက်ဖို့ ပြုတ်ဖို့၊ အလှပြင်ဖို့... :)

mirror said...

ပြုံးမိတော့သာပ။ အဟဲဟဲ။ဖြစ်ပဲ ဖြစ်တတ်တယ်။
အသစ်ရရင် ကလိတတ်တာချင်းတော့ တူတယ်ဗျ။
ကြွက်သုံးတော့လဲ လက်ကောက်ဝတ်မှာ မည်းလာတယ်အမရ...။

ဗမာပြည်မှာဆိုရင်တော့လဲ ဆေးပူလေးလိမ်းပီး အ၀တ်စည်းထားလို့ ရတယ်နော်။

ကိုလူထွေး said...

အဲဒီအချိန် ဒုက္ခအပေးဆုံးပဲ... :)

စာကတင်ချင်နေပြီ
မိုးကလည်းချုပ်နေပြီ
ခေါင်းကလည်း အလုပ်မလုပ်တော့ဘူး
စာတွေလည်း ပြန်မစစ်ရသေးဘူး
ရေးလို့ကတော့ပြီးသွားပြီ...
ချကွာ...........
publish post...

ATN said...

လက်နာတာ တသက်စာ မဖြစ်အောင်လည်း ဂရုစိုက်ဦးလေ...း)

သက်ဝေ said...

လက်နာတာ မကောင်းဘူး ကေ...
သေသေချာချာ စစ်ဆေးပြီး ဆေးသောက်ပါအုံး...
ကိုယ်က ကိုယ်တိုင်သာ ပေတေတာ... သူများတွေဖြစ်လာရင်တော့ အတင်းတွန်းထိုးပြီး ဆေးခန်းခေါ်သွားတဲ့ လူစားမျိုးပါ...။ ကေလဲ အနားမှာသာရှိရင်တော့ ခုလောက်ဆို ဆေးခန်း ဆေးရုံ တခုခုကို ခေါ်သွားပြီးလောက်ပြီ...။ ကေ ရေ... လက်နာနေတာ မပေါ့နဲ့ မြန်မြန်ပျောက်အောင် လုပ်လိုက်အုံးနော်...

ကေပြောလို့ ပန်းသီး ဝယ်ချင်တာတောင် နဲနဲ တွန့်သွားတယ်... ကြားတော့ကြားနေရသား... Platform မတူလို့ သုံးစမှာ မသုံးတတ်သေးရင် User Friendly မဖြစ်ဖူးတဲ့...။ စဉ်းစားအုံးမှပါပဲ...။

စိန်ပန်းတွေ ကံ့ကော်တွေ ပွင့်လာမယ့်အချိန်ကို စောင့်နေပါတယ်... လက်နာရင်လဲ ဖြေးဖြေးရေးပေါ့နော်...

ahphyulay said...

မမကီ ဆီက တဆင့် လိုက်လာတာ။ စာကိုစာနဲ့ တူအောင်ရေးတဲ့ 
ဘလော့ လေးများကိုအမြဲပဲ ဖတ်နေချင်တာလေ။စာတစ်ပုဒ်
ဖြစ်ဖို့ ဆိုတာ ခလေးတစ်ယောက်မွေးဖွားရသလိုပါဆိုတဲ့ နိုင်ငံ
ကျော်စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုကို လက္ခံ ထားလို့ ပါ။
မမွေးမှီညှစ်ထုပ်ရလို့ ပင်ပန်းသလို မွေးပြီးသွားတော့ လဲ
ကိုယ့် ရင်သွေးလေးကိုကြည့် ပြီး ချွေးကြားထဲကပီတိဖြစ်ရ
ပြန်တာပါ။တက္တသိုလ်အကြောင်းလေးတွေကတော့  အမြဲ
တန်းလတ်ဆတ်၊လန်းဆန်းနေတော့ တာပါပဲ။ဘယ်အချိန်ဖြစ်ဖြစ်
အားရင်ကျွန်တော်ညှစ်ထုပ်ထားတဲ့ စာလေးများလဲဝေဖန်ပေးပါဦး။

နှောင်းအတိတ်ဂန္တ၀င် said...

ဟိုတုန်းတက္ကသိုလ်အကြောင်းနဲ့ ပတ်သက်လို့ 
သိန်းသန်းထွန်း ၇ဲ့  မပန်ပါနဲ့ ကြွေချင်တယ် ၊ ငွေစပါယ်၇ဲ့ လမင်းငယ်ဘ၀ ၊ အချစ်ဥိးလေး၇ဲ့အချစ်ဥိး ၊ ဆိဲု့ ၀ထ္တ ၃ အုပ်ကို
ပြန်ဘတ်ချင်လိုက်တာ ဘယ်မှာရှာ၇မလဲမသိဘူး

နှောင်းအတိတ်ဂန္တ၀င် said...

စာအုပ်တွေရှာလို့ရပြီ အင်းတော် တော် ရှာယူရတယ်