ပြည်တော်ပြန် သီဟာသန
အမျိုးသား ပြတိုက်မှာ တင့်တယ် နေတော့
မဟာမြတ်မုနိကို
အားနာတယ်။
-
ရတနာဂီရိက
သီပေါဘုရင်ရဲ့ နှလုံးသားကို တူးဆွရင်း
ဘ၀ရဲ့ နေညိုညိုဆည်းဆာအိုမှာ
ဇာတိမြေကိုလွမ်းဆွတ်ရှာမဲ့
မနူဟာကို
အားနာတယ်။
-
ကမ္ဘောဇသာဒီနန်းတော်ရာကြီး
ခေါင်းဖီးပန်းပန်၊သနပ်ခါးလိမ်းကျံပြီး
ဝတ်လဲတော်သစ်နဲ့ရှုမငြီးတော့
နသားပါရ မုဒိန်းကျင့်ခံရတဲ့
သူ့ ညီအမ
ကမ္ဘောဇက ဟော်နန်းအိုရေ
အားနာတယ်။
-
စစ်ဘီလူးတွေရဲ့ ပန်းဦးချွေ ပွဲထဲ
ကျေမွ ညိုးနွမ်းရခြင်း အတူတူ
ကျောရင်မတူ ကွဲပြား
ဒါတွေကို အားနာတယ်။
-
အားနာစရာတွေများလွန်းတော့
အားနာရမှာတောင်
အားနာမိတော့ တယ်။ ။
(နီဇူလိုင်)
The entie process of human evoluton, explained in one hour.
-
Lucy fell from a tree-- You'll have to Google on your own.
18 hours ago


14 Comments:
အတင်းကျော်ခွလာပြီး ဖတ်ရတာ အားနာလိုက်တာ..
မကေရေ..
အားနာတဲ့ကဗျာလေးအတွက် ကျေးဇူးပါ
ခင်မင်စွာ
ဟူးးးးးးးးးးးး အဲ့လိုသာအားနာကြေးဆို အားနာလွန်းလို့ သေသွားနိုင်တယ် အမရေ ..း)
;) ကိကိ ကိ..။မနေ့တုန်းက မီးတနေ့လုံးမပြတ်တော့
ဘယ်သူ့အားနာမိနေမှန်း မသိ။မနေတတ်၊မထိုင်တတ်ကြီး ဖြစ်တာတောင် သွားသတိရမိတော့မယ်..။
တူတာတော့ မတူဘူးပေါ့။အားနာတာတော့ အားနာတာပါပဲ..။
မှတ်ချက်၊။ ပြောချင်တာတွေ ပြောထားခဲ့ခြင်းသာ။
ကဗျာနဲ့တော့ ဆိုင်ချင်မှဆိုင်ပါလိမ့်မည်။
အားနာတယ် ကေ ..
ကဗျာထဲက ကဗျာပြင်ပက
အရာအားလုံးအတွက် ..
အဲ.. ဘာလို့အားနာပါလိမ့်..
အမှန်တကယ် အားနာစရာတွေပါပဲ...
ဘာကြောင့် အားနာရမှန်း မသိသေးတဲ့ လူငယ်တွေလည်း ရှိနေသေးတာကို ကျနော်ကတော့ ပိုအားနာနေမိတယ်...
့ပြာရီးပြာရာ ဖတ်ပြီး ပြန်ပြေးရတာလဲ..အားနာတယ်
အားနာရတာတွေများလွန်းလို့ အားနာတယ်လို့ ပြောရမှာ အားနာတယ်
အားနာနာနဲ့ပဲ ကွန်မန့်ပေးလိုက်သည်။
ခပ်ထေ့ ထေ့ ၊ခပ်လှောင်လှောင် ရေးဖွဲ့ ထားတဲ့  ကဗျာ
တစ်ပုဒ်လို့ ထင်တာပဲ။ ကိုယ်က မှန်တယ် ထင်တာလေး
ပြောလို့ ဖြစ် ပါ့ မလား ဆိုပြီး အောင့် အီး မျိုသိပ်ထားနေ
ရရင် ကိုပဲ အားနာ လို့ ၊အားနာတယ် လို့ ပဲ ပြောလာကြတယ်
ထင်ပါတယ်။
အားနာလို့ အားနာရမှန်း မသိသေးတာကိုလည်း အားနာတယ်။
မသိတာကို မသိဘူးလို့ မပြောနိုင်တာကိုလည်း အားနာတယ်။
မအယ်
အားနာရမယ်ဆိုရင်တော့ အားနာစရာတွေက အများကြီးပဲ မကေရေ...
ခင်တဲ့
အင်ကြင်း
Hi Kay,
Not Mahar Myat Muni . You must use Mahar Muni . Please find and read at Lu Daw Amar Books .
Thanks ,
Nu Nu
Post a Comment