အတာ - အတက်


ဘာညာ သာရကာ တွေကြားက .. အတာ
ညာတာ ပါတေး မလေး တွေရဲ့.. အတာ
ညုတုတု အက တွေ ရဲ့ ... အတာ
ညံ့တံ့တံ့ ... ညောင်နာနာ..ရောတဲ့ မွှေတဲ့.. အတာ
ငေးတေး ငိုင်တိုင် မလုပ် နဲ့. ... အတာ
အငိုက် အလစ် မှာ.. နတ်စိမ်း ဖြစ်တတ်သတဲ့..

ဝုန်း ကနဲ.. ဒိုင်းကနဲ..
မီးအိုးလား.. အငွေ့အိုးလား..
အိုးတွေက..နေရာတိုင်းမှာ..
အိုး..နိုး....နိုး...
ဗုံးအိုး ပေါက်တာတဲ့...
အခု..ပြောနေတာ..လူ လား..နတ် လား..
အတက် လား အကျလား...
အတက်ပြီးမှ..အကျလား..
အကျပြီးမှ..အတက်လား
အကြပ်ပြီး မှ.. အတက်လား

အတက် မှာ ကျပ် တဲ့..ကားတွေ အကြောင်း
အတက် မပါ တဲ့..ခြေထောက် တွေအကြောင်း
အတတ် မလိုတဲ့.. အလုပ် အကိုင်ေ တွ အကြောင်း
အသတ် မခံ ရတဲ့.. ဒုစရိုက် သားတွေ အကြောင်း
သက်သေ မခိုင်လုံ တဲ့..ပုဒ်မ တွေ အကြောင်း
တပ်အပ် မပြောနိုင်ပေမဲ့...
အသက် မသေ ကျန်နေသူတွေ
အသော မတက် ရတက် မအေးရကြောင်း ကိုတော့..
သိကြားမင်း ကို သာ တိုင်ကာ ပြောယုံ..
သင်္ကြန် ဆိုတာ..နှစ်သစ် ကို ကြိုဖို့ အကြောင်း.. နှစ်ဟောင်း ကို ဆေးဖို့ အရေး
ဘေးမဲ့ လွှတ်တဲ့ ငါး တွေ က လည်း.. ရေစုန် ကို ဆန်တက်..
အတက် နေ့ မှာ..



Share/Bookmark

9 Comments:

ကိုအောင် said...

သိကြာမင်းလည်း ဒီနှစ်ကံမကောင်းဘူး၊ သောကြာသား
တွေ တာစားနေလို့ `သ´နဲ့ စတဲ့ သိကြားတောင်
လူပြည်မှာ ကျည်ကာအင်္ကျီဝတ်ပြီး လည်နေရတယ်။

Mirror said...

ဟူးးးးး မောပါဒယ် အမရယ်...။

MieMie said...

မကေတို့ ဂွင်ဖမ်းတာ တော် ပ !
အတု ..အတောင် ... အတွေး ...အတိတ် .. ကနေ ရေး လာလိုက်တာ အခု အတက် ကျ တော့ အလစ်မပေး တော့ဘူး ( good idea ) :) :) ဒီ တခါ ကေ ဘာရေး မလဲ လို့ စောင့်ကြည့်နေတာ ...
မကေ တယောက် မြန်မာ့နှစ်သစ်မှာ ကံကောင်း ခြင်း ပျော်ရွှင်ခြင်းတွေ အမြန်ဆုံး ရောက်ရှိပြီး တစ် မနေပါစေနဲ့ လို့ ဆုတောင်း လိုက်ပါတယ် နော့ ....

mie nge

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် ဆိုးတာတွေ မေ့ပစ်ကြမယ် အစ်မရယ်
နှစ်သစ်မှာ မင်္ဂလာရှိမယ့် အသစ် အသစ်တွေ ကို မျှော်လင့်မယ် ။

mks said...

မကေ မင်္ဂလာနှစ်သစ် ပါ။

အတက် ပြီးရင် အဆင်း ဆိုတာ ရှိသေးတယ် ထင်တာဘဲ .. မေ့တေ့တေ့ ပါဘဲ ..းဝ)

Moe Cho Thinn said...

ဒီကဗျာလေးက ရသလဲ ပေးသလို တွေးစရာလဲ ပေးတယ်။ အသတ်မခံရတဲ့ ဒုစရိုက်သားတွေလဲ ခွေးရေပုရပိုက်နဲ့ မဆန့်တော့တဲ့ အတာ များ ဖြစ်နေပလား မသိ။
ရွှင်လန်းချမ်းမြေ့ပါစေ ကေ ရေ..

sosegado said...

ထိတဲ့ ကဗျာလေးပါပဲ၊
ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။

ahphyulay said...

ကမ္ဘာ ပေါ် မှာ ရှိရှိ သမျှသော နှစ်ကူး ပေါင်းစုံ
တို့  ထဲ မှာ အတာ နှစ်ကူး သင်္ကြန်ကတော့ 
အလတ်ဆတ် ဆုံး နဲ့  အလန်းဆန်း ဆုံး ပါပဲ ။
ဒါ ပေ မဲ့  လေ ......

ဘာပဲဖြစ်ဖြစ် တကယ် ပဲ ပျော်နိုင်ခဲ့ ပါစေ ဗျာ ။

SHWE ZIN U said...

ဒါတွေရှိနေသ၍ ဒီလိုဘဲ ဖြစ်နေမယ်ထင်တယ်
ကဗျာလေး ကလှတယ်

ခင်တဲ့
ရွှေစင်