လူတွေကလည်း..တယောက်တမျိုးပဲနော်..
ဟုတ်ပါ့...
သူလေးက..တမျိုး..
ဒါကြီးက.. တမျိုး
ဒင်းတို့တွေက..တမျိုး
ကြည့်စမ်း...
တမျိုးလေး ပဲနော်..တဲ့
တမျိုးကြီး ပါပဲကွာ..တဲ့
တကယ်ကြတော့.. ဒါက..တမျိုးတည်း..
အမျိုးအမည်တွေသာ ..အမျိုးမျိုးဖြစ်နေ..
ကိုယ်ကလည်း လူတမျိုးပါပဲလေ..
မိုးပြော..ဂျိုးပြော
အဲသလိုမျိုး.. အမျိုးမျိုး ပြောတာမျိုးလောက်
မုန်းတာမျိုး ကို မရှိ
တော်ပါပြီကွာ..
ဘာတွေမှန်းလည်း မသိ
လူတွေကိုယ်က..
အမျိုးမျိုး မဟုတ်လား...
ခုလို ပြောရတာကိုက..
တမျိုးတော့..တမျိုးကြီးပဲ..
အင်း...
တမျိုးတဖုံ အားဖြင့်တော့
ကဗျာ တမျိုး ရသွားတာပေါ့..
16 Comments:
ဖုန်းထဲမှာ ဘာမှ မမြင်ရဘူး
ဥပုသ်ထွက်လာကြိုတာ
တမျိုး နဲ့  တမျိုး မတူတာလည်း တမျိုးလေးနော်
မင်္ဂလာပါ မကေ .. တမျိုးစီပါဘဲ ..
mks
မကေကလည်း တမျိုးးးးးးးးးး
မအယ်
တယောက် တမျိုး...
နှစ်ယောက် နှစ်မျိုး...
သုံးယောက်ဆိုတော့ စုစုပေါင်း သုံးမျိုး ပါ ကေ...
အဲဒါကို ကဗျာတမျိုးလို့ ပြောရင် ရမလားမသိ...း))
ဒီဥပုသ်ထွက်တာက တမျိုးပါလား :P
တမျိုးကြီး ပါလားနော်။
မကေ ဥပုဒ်ကာလမှာ တွေ့လာတဲ့ အမျိုးမတူတာတွေကို ခွဲခြမ်းစိတ်ဖြာထားတာလား။
တစ်မျိုးနဲ့ နှစ်မျိုးပေါင်းတော့ သုံးမျိုး
ဒီကြားထဲ မောင်မျိုးက ၀င်ရှုပ်သွားသေးတယ်နော့်း)
တယောက်တမျိုး....ဟုတ်တယ်။
ကျမကတမျိုး၊ သူကတမျိုး တခါတခါ စိတ်ညစ်ရတယ်။
တယောက်တည်း နှစ်မျိုး သုံးမျိုး မဖြစ်တာ တော်သေးတယ် ထင်တာပဲ။ :)
ပုံ
တမျိုး တဘာသာ ဖြစ်နေသူ
ပုံလေးတွေ ကြည့်ရတာ တစ်မျိုးလေးပဲ။ အရမ်းချစ်စရာကောင်းတယ်။ :))
မကေ..
အားလုံးတမျိုးကြီးတွေပါပဲနော်..။
တမျိုးကြီးတွေပေါ့...။
ခင်တဲ့
သဒ္ဓါ
死亡是悲哀的,但活得不快樂更悲哀。. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
အစ်မကေက ဘယ် ၁မျိုးလဲဗျ...
ကျွန်တော်ကတော့ အခု နံပါတ်၅ နဲ့ နံပါတ်၈ တလှည့်စီ...:)
မောင်ငယ်
TWZ
ကဗျာရေးနည်းကို အတုခိုးသွားတယ်း)
လောလောဆည် ဒုတိယတန်းက နောက်ဆုံးပုံဖြစ်နေလို့.....
Post a Comment