ပီတိပန်းတွေ လှိုင်လှိုင်ဝေ

တို့များပြည်သူ ခပင်း
နှင်းပျောက်တဲ့ နွေပမာ
အပူသာဆင့်လို့
မဟူရာညဉ့်ပေါင်း
ထောင်သောင်းမက
လျှောက်လှမ်းရပြီး
မီးရှူးတန်ဆောင်
တို့ခေါင်းဆောင်မှာ
လွတ်မြောက်လာ ပေါ့..
အသော့ပြေးနှင်
မြင်လျှင်ခဏ
မျက်ရည်ကျသူ
ကသူ တဖုံ
မြင်ကွင်းစုံ အား
ခံစား မဆိုင်း
အတိုင်းမသိ..
နှိုင်းမရှိသည့်
ပီတိပန်းတွေ
လှိုင်လှိုင်ဝေ ကြပေပြီ..။








လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မူ အတွက်.. မေမေ ရွတ်ပြ တဲ့ ကဗျာလေးပါ..

အဲဒီ ကဗျာလေးကိုပဲ.. အကျ ကောက်ပြီး.. ထပ်ဆင့် ခံစား လိုက်ပါတယ်။


+++++++++


ပီတိပန်းတွေ လေ.. ဟောဒီ မြေပေါ်မှာ ပွင့်ဖို့..
တအိမ်တယောက်..မျက်ရည်တွေ နေ့တိုင်း လောင်းကြ သတဲ့..
ရာသီ လည်း မညှိ နိုင်တဲ့.. ပီတိပန်းတွေ..
ဘယ်နေ့ မှာ ပွင့်လာလေ မလည်း..
တနိုင်တပိုင်..မျက်ရည်တွေ အိုင်ထွန်းလာတော့..
ဟောဟိုမှာ..ငွေ့ရည်ဖွဲ့ မိုးတိမ်တွေ..
ကောင်းကင်တံခါး မှာ..စောင့်ဆိုင်းနေရော့...


ကောင်းကင်ဘုံ ၌ ပြည့်စုံသကဲ့သို့
မြေပြင်ပေါ်မှာလည်း ပြည့်စုံပါစေသောဝ်


ဗြုန်းကနဲဆို.. မြေတပြင်လုံး စိုရွှဲ
မြေပြင် တံခါးချပ်..ပွင့်အာ ထွက်ခဲ့..
အဲဒီ မျက်ရည်တွေပါပဲ.. မိုးပေါ်က..ရွာချ လိုက်တော့မှ ...
တခွင်တပြင်လုံး ..ပီတိပန်းတွေ..ဖုံးခဲ့လေပေါ့..








Share/Bookmark

12 Comments:

linn said...

အဲဒီ ပီတိပန်းတွေကို အစဉ်ထာဝရ လန်းဆန်းနေစေချင်တယ် မကေ ))

mie nge

ရွှေရတုမှတ်တမ်း said...

အသိခေါက်ခက် အဝင်နက်တဲ့
ငရဲပန်းပန်ထား..မိစ္ဆာတွေကြားမှာ..
စိတ်များလဲပူမိပါရဲ့....

SHWE ZIN U said...

ပီတိပန်း တွေ ပွင့်ခဲ့ပေမဲ့ စိုးရိမ်မိတယ် မကေရေ

လူမဆန်လွန်းလို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကြည်ကြည် said...

မကေ

အန္တရယ်လည်း ကင်းပါစေ.
လူထုကို လည်း လွတ်လပ်စွာ လမ်းပြ စည်းရုံနိုင်ပါစေ။
လူထုကလည်း သူတို့ တကယ်ချစ်တဲ့ ခေါင်းဆောင်အောက်မှာ နည်းမှန်လမ်းမှန် လိုက်နိုင်ပါစေ လို့  ဆန္ဒတွေ ပြု မိတယ် မကေရယ်။

ကိုပေါ said...

ကဗျာနှစ်ပုဒ်လုံးကို ခံစားသွားပါတယ်။

မျက်ရည်မိုး ရွာသွန်းဖြိုးရာက ပီတိပန်းတွေ ဖူးပွင့်။
မျှော်လင့်ချက်ရနံ့တွေ ထုံမွှန်း။
အင်အားသစ်အရောင်တွေ ဝေဖြာ။
ဒါဆို အနာဂတ်က အရောင်စုံအသွေးစုံနဲ့ ကျိန်းသေလှပ ထုံမွှမ်းလာတော့မှာ။

Moe Cho Thinn said...

အဲဒီပီတိပန်းတွေ ရေရှည်ပွင့်နိုင်ဖို့ သူနဲ့အတူ အများပြည်သူ (ပြည်တွင်း ပြည်ပ) ညီညီညွတ်ညွတ်နဲ့ အလုပ်အတူ လုပ်ကြရမယ် လို့ မြင်ပါတယ် ကေရေ..

ဘေးအန္တရာယ်လဲ ကင်းရှင်းကြပါစေ၊ မြူမှုန်တမှုန်မျှ အနှောင့်အယှက်မရှိ စေတနာ မေတ္တာ ကြီးမားသလောက် အတူတကွ ၀န် ထမ်းနိုင်ကြပါစေ လို့ ရင်ထဲက ဆုတောင်းပါတယ်။

ahphyulay said...

ကျွန်တော်လည်း မရှက်ပါဘူးဗျာ..၊
အမေစု အကြောင်းရေးနေရင်းနဲ့  ရင်ထဲမှာ တုန်ပြီး
ဆို့  တက်လာတယ်လေ ၊ ရေဆန်ကို ဆန်တက်နေတဲ့ 
ဗေဒါလေးလိုပဲ ၊ လွတ်တဲ့ နေ့ က ဗေဒါရောင်လေး
ရွေးဝတ်ခဲ့ လို့  “ မဗေဒါ ” နဲ့  တင်စားပြီး
ဂုဏ်ပြု ရေးလိုက်မိတယ်။
ကဗျာလေးဖတ်ပြီး အမေ့ ရဲ့ ရင်ထဲ အထိ ထိုးစိုက်
မြင်မိတယ်လေ၊ ဘယ်လောက်ပျော်နေမလဲ လို့ ..။
ဆုတောင်းကြရအောင်ဗျာ..၊
ကြာရှည်လေးမြင့်  ရပ်တည်နေနိုင်ပါစေ... လို့ ။

Unknown said...

စောကေရဲ. ကဗျာလေးတွေဖတ်ရတာ အားဆေးတခွက်သောက်ရသလိုပါဘဲ

Myo Win Zaw said...

ကဗျာကိုကြိုက်တယ်ဗျာ တင်စားထားချက်တွေက အရမ်းကောင်းတယ် ကျေးဇူးပါ

Unknown said...

Thanks Kaytwe, very nice.

ဂျူနို said...

မကေရေ ပီတိပန်းဆိုမှ တကယ့်ပီတိပန်းပါပဲ ။

မအယ်

မိုးယံ said...

အားလုံးပျော်သလို တို့လည်းပျော်တယ်