ပေါက်ကရ ၃၀

ဟော..ကြည်ကြည်.. ဘယ်လို ဖြစ်လာ တာလည်း.. အမောတကော နဲ့...။

“ မောတယ်..မကေ..မောတယ်..တကယ်ကို မောတယ်..”

ကဲ..ကဲ..မောရင်.. ဂရင်းတီး လေး သောက်လိုက်.. ဒါ ဂျပန် က..ပို့ပေး ထားတာ..အူရှီ တံဆိပ် တဲ့..ဂျပန်မှာတော့..နာမယ်ကြီး ဆိုလားပဲ.. ။

တကယ်က တော့..အဲဒါ စော်ဘွားကြီး နှုတ်ခမ်းမွေး တွေ .. ရန်ကုန် က..လူကြုံပေးထားတာ ကြာပြီ..မှိုတက် ကုန် လို့..သတင်းစာ ခံ ပြီး.. နေလှန်းလိုက်ပါတယ်.. မိုးရွာ ချ တော့..သတင်းစာက..မင်အစိမ်းရောင် တွေ စွန်းကုန်တာလေ.. အသာနေ..သူက.. အကောင်းကြိုက်..ဘရန်းကြိုက် နေပါစေ..သောက်ပစေ..

ကြည်ကြည် တယောက် သူ့ရဲ့ သားရေ လည်ရှည် ဖိနပ် ကြီး ကိုတောင် မချွတ်နိုင်ပဲ.. ခုံမှာ ခြေ ပစ် လက်ပစ် ၀င်ထိုင် လိုက်သည် ။ ထိုင်နေရင်းမှ.. Gucci သားရေ ဂျက်ကက် ကြီးကို ခပ်ကြမ်းကြမ်း ဆွဲ ချွတ်လိုက်ရင်း.. Prada မျက်မှန် အမဲ ကြီးကို.. နဖူးပေါ် လှန်တင် လိုက်တယ်။ အသက် တချက် ၂ ချက် လောက် ရှု ပြီး မှ... အူရှီ ဂရင်းတီး ကို တငုံ ငုံ လိုက်တယ်။ ..အိုး..ကောင်းလိုက်တာ..အမောတွေ တောင် တ၀က် ပြေ သွားတယ်..အဲဒါ ကြောင့် ပြောတာ..ဘာပစ္စည်း သုံးသုံး..ဘရန်းပဲ သုံး.. (ဂလု..ဂလု..)  သိလား.. (ဂလု..)

အူရှီ ဂရင်းတီး ကြောင့်..အတန်ငယ် နွေးသွားပုံ ရ တယ်..။ လည်ပင်းက..Burberry အကွက် မာဖလာ ကို.. တချက် လျှော့ လိုက်ရင်း.. တတောင် လောက် အကျယ် ရှိတဲ့..LV  လက်ကိုင်အိတ် ဇစ် ကို ဆွဲ ဖွင့် လိုက်တယ်။ ဘာပြ မလို့ပါ လိမ့်...

“ ဟောသမှာ လေ..လေယဉ် လတ်မှတ် တွေ.. စလုံးကို သငယ်ချင်း တွေ နဲ့ သွားလည် ဖို့..အကုန် လုပ်ပြီးသား..ခု..သူက.. သူမပါပဲ မသွားရ ဘူးတဲ့..ရစ် နေတယ်.. ခက်တာပဲ.. ခါတိုင်းလို ဇွတ်တိုးလို့ လဲ မကောင်းဘူး..မနေ့ တနေ့ ကမှ..ဗယ်လင်တိုင်း နေ့ ဆိုပြီး..ပန်းစည်း ပို့ ထားတာ.. ဘယ်လို လုပ်ရ မလဲ..မကေ ရယ်.. မကေ လူကြီးကော..အဲလို ပဲ လားဟင်..  ”

“ အော.. အဲဒါကြောင့်လား .. နေအုံး.. ဗယ်လင်တိုင်းက..ပို့တာ ဆိုတော့.. လကုန် ဆို..၁၅ ရက်..နောက်လဆန်း.. ၁၅ ရက် နဲ့.. တလ လောက် နေရင်တော့.. ပန်းစည်း ကို မသိချင်ယောင် ဆောင် လို့ ရပါပြီ.. သွားသာ သွား.. ဒီလိုပဲ.. သူတို့က..စိတ်ဆိုး လည်း ခဏ ပါပဲ..ကိုယ်လုပ်ချင် တာ.. လုပ်သာ လုပ် ”

ကြည်ကြည်က..အဲဒါလေး တွေ တော့ မဆိုး..ဆည်းကပ် ထိုက်သူ တွေ ဆီက.. အကြံညဏ် ရယူ တတ် တာ..မင်္ဂလာ တပါး မဟုတ်လား..။ အဲဒါကြောင့်..လည်း ကောင်မလေး က..ကြီးပွားတာ..။

မျက်နှာကို ပင့်ပြီး.. ခပ်ထည် ထည်  ပြုံးလိုက်ရင်း.. “ အေး..နေပါအုံး.. စလုံး သွားရ အောင်..ဘာလုပ် မလို့တုန်း.. လည်စရာ မရှိ ၀ယ်စရာပဲ ရှိတာ ကွဲ့.... အေးလေ..ငါ့ညီမ ကလည်း လည်လည်ဝယ်ဝယ် ဆိုတော့.. အတော်ပါပဲ... နေအုံး..မဟုတ်မှ လွဲ ရော..ခု..စလုံး မှာ  ကလေး ပြိုင်ပွဲ ရှိတယ် ဆိုလားပဲ..အဲမှာ.. ကလေး  သွား ပြိုင် မလို့လား.. ”

ကြည်ကြည်က..ဘေးဘီ တချက် ကြည့် လိုက်ရင်း.. “ အို..မကေ ကလည်း..ဘယ်က ..ကလေး လည်း..မဟုတ်တာ.. အဲ..အူရှီ တီး က..သောက်လို့ ကောင်းလိုက်တာ.. ကဲ...ကျမ လည်း ပြန်လိုက်အုံးမယ်နော်.. ”

ပြောနေရင်း.. ဆိုနေရင်း.. ချက်ခြင်း ထ ပြန်သွားပြန်တဲ့ ကြည်ကြည် ကို ကြည့်ပြီး နားမလည် နိုင် ဖြစ်သွားသည်။  ငါ များ စကားမှား သွား လား မသိ...နေစမ်း..ဒီကောင်မလေး ကို.. ဖေ့စ်ဘွတ် မှာ.. သွားကြည့်မယ်..အဲဒမှာ ဆို..အပြင်မှာ လူချင်း သိတာ ထက်တောင်..ပို စုံစုံ သိရသေး ..

( ကွန်ပြူတာ ဖွင့်.. ဖေ့စ်ဘွတ် ဟုမ်းပိတ်ခ်ျ ကြီး တက်လာ... )

သေချာပါတယ်....ဟောဒီမှာ..ကြည့်
 ဘလော့ဂါ ဖေ့စ်ဘွတ်ကာ မိခင်များ သမဂ္ဂ က..ကြီးမှူး ကျင်းပ တဲ့.. ပထမ အကြိမ်မြောက်.. ကလေး ပြိုင်ပွဲ တဲ့..။ မည်သည့် နိုင်ငံ က မဆို ပါဝင် ယှဉ်ပြိုင် နိုင် သည် တဲ့..။ ဤစာမျက်နှာ တွင်.. မိမိ ကလေး အမည်..အသက်.. ထူးခြားချက် နှင့် တကွ..ကြိုက်နှစ်သက်ရာ..ဓါတ်ပုံ ၃ ပုံ တင် ၍  ပါဝင်နိုင်သည်...ဆိုပါလား..။ မှန်းစမ်း.. ဘယ်သူ တွေ တင်ထားပြီ လည်း မသိ..

အဲ..ကလူသစ် က..ဘယ်လိုဖြစ် ရှေ့ဆုံးက ဖြစ်နေတာလဲ.. သူက မေးထားသေးတယ်။ ကျနော်က..ဖခင် ဘလော့ဂါ ပါ.. ဖေ့စ်ဘွတ် လည်း ၂ ရက် တခါ..၃ ရက် တခါ..ခလေး မထိန်းရ တဲ့ အချိန် တွေ သုံးပါတယ်။ ပါဝင် ယှဉ်ပြိုင်လို့ ရ မရ သိချင်ပါတယ်။ ကျနော့် သမီး လေးက..စလုံး မှာ..အထွားဆုံး..အသန်ဆုံး ကလေး ဖြစ်ပါတယ် .... တဲ့..။

ဟော..နောက်တယောက်က.. ခွန်မြလှိုင် ပါလား...။ သူ က ခပ်တည်တည်ပဲ.. သူ့သမီးလေး ပုံအောက် မှာ..ကမ္ဘာ့ အရပ်အရှည်ဆုံး ကလေး ... တဲ့..။

ပွဲကြီးပွဲ ကောင်းမှာ..ငါ့ညီမလေး နုစံ ဘယ်ရောက် နေပါ လိမ့်...။ ဟော..တွေ့ ပြီ...။ ဗမာပြည်တွင် တပ်ဆင် ၍ ဂျပန် နိုင်ငံတွင် ထုတ်လုပ် သည် တဲ့..။ ဒါလည်း ထူးခြား တာပဲ..။

အတွေ့ အကြုံ ရှိသော ၀ါရင့် အမူဆောင် ကော်မီတီ ၀င်များ မှ.. ဆုံးဖြတ်ရွေးချယ် ၍.. ပြိုင်ပွဲ ၀င်..မိဘ များ အတွက်.. အခမဲ့.. နှီးနှော ပို့ချ ချက် များ.. နီးစပ်ရာ ဒေသ အလိုက်.. လုပ်ဆောင်မည်.. တဲ့..။ ယခု ဖေ့စ်ဘွတ် စာမျက်နှာ တွင် လည်း.. ဒေါင်းလုဒ် ကြည့် ရှု နိုင်သည် တဲ့..အာ..တော်တော် အဆင့်မြင့် တာပဲ...။

အမူဆောင် အဖွဲ့ နှင့်  ပို့ချမည့် ခေါင်းစဉ်များ-

အိမ်ရှင်နိုင်ငံ ဖြစ်သော စင်ကာပူ တွင်.. မတန်ခူး..မသီတာ ..တီတီဆွိ ( How to convince your kids to be part of your blog        &      Mom's blog is Yours )
( ပြင်ဆင်ချက်.. တီတီဆွိ မှ.. နေရပ် အပြောင်းအလဲ ကြောင့်.. သြစတြေလျ တာဝန်ခံ ဖြစ်သွား..သို့သော်.. အလုပ်ရှုပ်နေသောကြောင့်.. ပို့ချ နိုင်မည် မသေချာသေး...ဆက်လက်ကြေငြာမည်)

ဗီယက်နမ် နိုင်ငံ တွင်...မနော်ဖော... ( Preparing 10 minutes meal for your kids, while you are using internet)

ထိုင်းနိုင်ငံ တွင်..မခင်မင်းဇော်..( Negotiation with your kids to share computer)

အမေရိကန် နိုင်ငံ တွင်.. ဆရာမ မေငြိမ်း ( Should it be together with your teens in face book ) -   မှတ်ချက်.. စာပေဟောပြောပွဲ များ ရှိနေ၍ အချိန်ပေး နိုင်..မပေးနိုင် အကြောင်းမပြန်သေး..ဆက်လက်ကြေငြာမည်)

မြန်မာနိုင်ငံ အထက်ပိုင်း အတွက်.. ဒေါက်တာ ယုဝရီ ( Work, Family and Blog )

မြန်မာနိုင်ငံ အောက်ပိုင်း နှင့် ရန်ကုန် အတွက်.. စာရေးဆရာမ မနော်ဟရီ ( Let them socialize  with your blog friends )

ဂျပန် နိုင်ငံ အတွက်.. ( လစ်လပ် လျက် ရှိ )

ခေါင်းစဉ် တွေ ကတော့..စိတ်ဝင်စား စရာ တွေ ချည်းပဲ..။

“ ဒီနှစ် ပြိုင်ပွဲ တော့.. ကျနော် ကပ်လွဲ သွားပြီ ဗျာ.. အချိန်မှီ တော့ ကြိုးစားတာပဲ..း( ”
Turn on Idea က... ၀င်မဲ့  ထား ပါလား..။ အော်..ဟုတ်သား.. သူ့ခမျာ..ကလေးပုံ အထိ တောင် မစောင့် နိုင်ပဲ.. ကလေး အမေ ဗိုက်ကလေး.. တင် တင် နေ ရတာ...။ အမယ်..အောက်မှာ လည်း ..ကိုဒီဘီ တို့.. ကိုပီတိ တို့.. က.. တခဲနက် ကို လိုက်ထား ပါလား...။ ခံစားချက် တူ တယ်ပေါ့..။

နေပါအုံး.. ဒီကောင်လေး က လည်း နာမည် နဲ့ မလိုက်အောင်..အိုင်ဒီယာ ကွေးလိုက်တာ.. ဆန့် တွေး ပါအုံးတော့လား.. အကြံပေးလိုက် အုံးမှ..
“ ဟေး.. don't turn off you idea.. အသက်အငယ်ဆုံး ကလေး ဆိုပြီး.. ဗိုက် နဲ့ပဲ ၀င်ပြိုင်လိုက်.. အထူးဆန်းဆုံး ဖြစ်သွားမယ်..”

ကိုပီတိ ကတော့... ဝေးပါသေးတယ်လေ..။ တလော ကတော့..တိုးတိုးကြိတ်ကြိတ် မေး လာ သေး သည်။ သူတို့ မိဘ တွေ ကိုးကွယ် တဲ့.. ဗေဒင် နားလည် တဲ့ ဆရာတော် တပါး က...ဒီနှစ်ထဲ မှာ...ခေတ်ပြိုင် တွေ ရဲ့ မင်္ဂလာ ဆောင်တွေကို..တ၀က်..တ၀က် နှုတ်သွား ကြည့် လို့.. ခပ် ဆန်းဆန်း ဟော လိုက် သတဲ့..။ အဲဒါ နဲ့.. ကိုယ် တို့ လည်း..ခေါင်းပူ အောင် ၀ိုင်း စဉ်းစား ပေးလိုက် ရတယ်။ ကိုပီတိ ခေတ်ပြိုင် တယောက် ဖြစ်တဲ့.. ပြီတီဦး .. ၆ ခါ မင်္ဂလာ ဆောင် တာ က..စ ရည် ကြည့်လိုက် တယ်....။ နောက်.. TZA  က.. ၃ ခါ.... အဲ.. ကြားထဲ မှာ.. ZT ( ဖူးနုသစ် ) က.. တခါ ခွဲ ( ဆွမ်းကျွေး နဲ့ မင်္ဂလာပွဲ ) ဆောင်သွား လိုက်တော့.. ဒီ နှစ် ထဲ..ကိုပီ တိ အတွက်..လေးပုံ သုံးပုံ ဆိုတော့... တခေါက် အပြည့်တောင် မရ တော့ဘူး.. ။  တွက်ချက် ပြ လိုက် တော့.. အင်း..ဟုတ်တယ်နော်.. ဒါဆိုလည်း နောက်နှစ်ပေါ့ ဗျာ လို့.. အသံ တိမ်တိမ် လေး နဲ့ ပြောရှာတယ်.. စိတ်တောင် မကောင်းဘူး..။

ခဏ နေတုန်း.. မမိုးချိုသင်း တယောက် ဖေ့စ်ဘွတ်ထဲ.. ရောက်ချ လာ လိုက်တာ.. Moe Cho Thin is friend with ZZ and 20 people  တဲ့.. စာတန်းလေး ပေါ် လာတယ်။ သူ့ မှာ..တခါ တခါ တက်ရင်.. မိတ်ဆက်ခင်မင် သူ တွေ လက်ခံ ရ တာနဲ့ တင်.. အလုပ် တလုပ်လေ..။ ပြောနေရင်း..ဘုမသိ ဘမသိ နဲ့.. ကလေး အဆန်းပြိုင် ပွဲ စာမျက်နှာ ကို ရောက်လာပြီး.. ဟယ်..ကလေးလေး တွေ ချစ်ဖို့ ကောင်းလိုက်တာ.. ဆိုပြီး.. တောက်..တောက်..တောက် နဲ့  လိုက် နေ လိုက်တာ...မချစ်ကြည်အေး.. အသာ လက်တို့ ခေါ် မှ.. ရပ်သွားတယ်။ မချိုသင်း နဲ့ မချစ်ကြည် အေး.. ၂ ယောက် ငြိမ်ပြီး..ဘာတွေ တိုင်ပင် နေ လည်း တော့ မသိ....။ အတော် ကြီး ကြာတော့..ပြိုင်ပွဲ စာမျက်နှာ မှာ တက်လာ တဲ့..ပုံ ၂ပုံ ကြောင့်.. ပါးစပ် အဟောင်း သား ဖြစ်သွား မိ တော့ သည်။

မချိုသင်း ရဲ့ ပုံလေး အောက်မှာ.. အဆန်းတကာ့ အဆန်းဆုံး..နှုတ်ခမ်းမွေး နဲ့  ကလေး တဲ့...။ ဟုတ်ပါ့..နှုတ်ခမ်းမွေး တွေ မှ..အရှည် ကြီး ပဲ.... မျက်လုံးလေး ပြူးပြူး.. အနက် နဲ့ အဖြူ ကျား လေး..။ နာမယ်က..Obama တဲ့..။

မချစ်ကြည် က တော့.... ဘလော့တောင် ရှိနေပြီဖြစ် တဲ့ ကလေး တဲ့...ဆိုပြီး.. ဘလော့ လိပ်စာ နဲ့ တွဲလျက်..။ အို..ကလေးက..တော်တော် လေး တောင် ကြီး လှပြီပဲ...။ နာမယ်က.. Craton တဲ့..။


အို.. ဒါဆို..ကိုယ်လည်း ဒီအတိုင်း နေလို့ တော့ မဖြစ်ဘူး..ကလေး တယောက် တော့ အမြန်ရှာမှ...။


ခက်ဆစ်-  လိုက် = (Like in face book )
++++++++++



သူငယ်ချင်းများအား ခင်မင်စွာဖြင့် နောက်ပါသည်။ စိတ်ဆိုးသူများ ရှိ လျှင့်..စင်ကာပူ တရားရုံး မှ ဆင့်ခေါ်လိုက်ပါ။

မြန်မာ့ ရာဇ၀င် များ အရ.. ပေါက်ကရ ၈၀ ရှိသော်လည်း.. ဤစာကို ရေးသားရာတွင်.. အင်မတန် အချိန်ပေး..အင်အားစိုက်ရခြင်း..ကျမ်းကိုးကျမ်းကား များစွာ ရှာ ဖွေ ဖတ်ရှု ရခြင်းများကြောင့်..nervous breakdown ဖြစ်လုနီး ရှိသဖြင့်.. ပေါက်ကရ ၃၀ နှင့်သာ..ရပ်နားလိုက်ပါသည်။ ပေါက်ကရ ၁၀ နှင့် ပေါင်းဖတ် ပါ။  နောင်လာ နောက်သား ရေးချင်သူ များ ဆက်လက် သုတေသန ပြု လေ့လာ ရှာဖွေ ဖော်ထုပ် ကြပါ ကုန်...။း)




 


Share/Bookmark

19 Comments:

Cho Wunna said...

ဟားဟားဟား ရီလိုက်ရတာ။ ဟုတ်တယ်၊ အားလုံးထဲမှာ တို့သမီး အိုဘားမား အချောဆုံး အလှဆုံးကွ။

Moe Cho Thinn said...

တို့ ကွန်မန့် ဘယ်ပျောက်သွားပါလိမ့်..
ဘာပဲပြောပြော တို့သမီး အချောဆုံး အလှဆုံးဟေ့..
(ကေ.. ကိုအန်ဒီ ကျန်သေးတယ်လေ)

Maung Myo said...

အဟိ....အစ်မနုစံက ““ဗမာပြည်တွင် တပ်ဆင် ၍ ဂျပန် နိုင်ငံတွင် ထုတ်လုပ် သည်”” ပေါ့ လေ တွေးရင်းတွေးရင် ဟဟ ရေးတတ်ပါ့ဗျား)

Turn on Idea ကတော့ နေအုံးပေါ့ဗျာ နောက်တစ်ခါကျ တစ်ခါတည်း ၃ ယောက်လောက်ဝင်ပြိုင်လိုက်မယ်လို့များတွေးနေမလားမသိ ဘေဘီအိုင်ဒီယာ မရှိသေးတော့ လေဒီအိုင်ဒီယာပဲ တင်နေတာဖြစ်မယ်း)

nu-san said...

"ဗမာပြည်တွင် တပ်ဆင် ၍ ဂျပန် နိုင်ငံတွင် ထုတ်လုပ် သည်"တဲ့.. ရေးတတ်လိုက်တာ မကေရယ်.. အော် .. Made in Japan ဆို ပိုကောင်းမလားလို့ စမ်းသပ်ကြည့်ထားတာပါ.. အဟီး.. :D ဒါတောင်လေ တချို့က ကလေးကြည့်ပြီး Hybrid လားဆိုပြီး မေးကြတယ်.. (အဖေက ဂျပန်လားတဲ့) :D

ကြည်ကြည် said...

မကေလူဇိုး .. လက်ဖက်ခြောက်မှိုတက်ကိုတပတ်ရိုက်ပြီးတိုက်တယ်ပေါ့ ဒါကြောင့် မှိုနံလေးလို့ ထင်သား သိဘူးလေ လင်ဇီးမှု န့်တွေ ဂျင်ဆန်းတွေ များရေထားတာများလားဆိုပြီးသောက်ပလိုက်တာ....

ဂျပန် မှာ Aoki ဆိုတဲ့ အမျိုးသားဝတ် စတိုးရှိတယ် မကေရဲ့ ဘရန်းကနေ မဘရန်းအထိပေါ့
တစ်နေ့ ရှပ်အကျီတွေဈေးချရော ဟယ်ကြည့်စမ်းပိတ်သားလည်းကောင်းလိုက်တာ ချုပ်သားလည်းကောင်းတယ်ပေါ့.
ဝယ်ပြီးပြန်ပေါ့ ရန်ကုန်ရောက်တော့ အကျှီတွေကိုကန်တော့သူတွေ လိုက်ကတော့တော့မှာ
အဘတစ်ယောက်က မှန်းစမ်းဆိုပြီးဖွင့်လိုက်တော့မှ တံဆိပ်က သပ်သပ် ပေါ့ သူက ဖြုတ်ကြည့်ပြီးညည်းအေ
ပိုက်ဆံကုန်တာပေါ့ ဘာညာပေါ့
နောက်တော့ အယ် ညည်းအေ ရန်ကုန်မှာ
ဝယ်လည်းရရဲ့သားနဲ့တဲ့...
ကော်လာအောက်မှ မိတ်အင်မြန်မာလို့ တံဆိပ်ရိုက်ထားတယ်ဗျ..
လှိုင်သာယာက crocodile စက်ရုံရှိတာကိုး

ထုံးစံအတိုင်း ကော်မန့်ရှည်ပြန်ပြီ....

ကြည်ကြည် said...

မကေ လူဇိုး
ဒီကတော့ အော် လက်ဖက်ခြောက်လေးက လင်ဇီးနံလေးလား ဂျင်ဆင်းလေးထည့်ထားတဲ့ အနံလားပေါ့လေ .

ချစ်ကြည်အေး said...

ဟဟဟဟဟဟ ရယ်လိုက်ရတာအေရယ်....ဒီ ကေကြီးဟာ သူ့ဟာသူငြိမ်နေတဲ့ ကမ္ဘာကြီးလှုပ်အောင် အတော်လုပ်သကိုး....မောသွားပြီလား...လာလာ အူရှီ-ရှမဝူ ရွှေဖီ မိုးမိ လဘက်ခြောက်လေးနဲ့ အကြမ်းရည်လေး သောက်လိုက်.....:)

ကလူသစ် said...
This comment has been removed by the author.
ကလူသစ် said...

နောက်ထပ် ၄၀ လာနိုင်သေးတယ်ပေါ့။ ပေါက်ကရကလဲ ရေးတတ်ပါ့ :)

သက်ဝေ said...

ကပီတိကို ရေးထားတာ ကြိုက်တယ်...

တော်တော်လေး အချိန်ပေး အားထုတ်ထားတဲ့ ပိုစ့်လေး... ဖတ်ရတာ ပျော်တယ်..း))

P.Ti said...

မကေ အဲဒါဆိုလည်း ဘာမှမလုပ်တော့ဘူး အဓိကဟာ အဓိကပဲလေ... ဟိဟိ :P

ရွှေရတုမှတ်တမ်း said...

ခြုံပုတ်တွေ..မြက်တွေ..ပေါင်းပင်တွေ..ရှုတ်ပွနေတဲ့..
face book ကို ပေါက်ကရ ၅၀ မှာ ရေးပါဦး

မေငြိမ်း said...

အဟင့်ဟင့်.. ဒီမှာက ကိုယ့် teen တွေနဲ့ တချိန်လုံး ဖိုက် နေရတာ..။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ခေါင်းစဉ်နဲ့ ပို့ချမှပဲ ရမယ်.. :P

Han Kyi said...

ဖတ်လိုက်ရတာ...တချို့နံမည်တွေဆို သိပ်အကျွမ်းတ၀င်မရှိဘူးဖြစ်နေလို့ လင့်ခ်အတိုင်းလိုက်သွားကြည့်ရတယ်...နှစ်ပုဒ်ပေါင်းပြီး ပေါက်ကရ ၄၀ပြည့်အောင် ဖြည့်ဖတ်လိုက်ပါတယ်....

Anonymous said...

Winner - ဘလော့ဂါချစ်ကြည်အေး :PPP

Anonymous said...

ရီလိုက်ရတာ မကေရယ်... ဖတ်ရတာ ပျော်စရာ လေး... ခုမှပဲ မကေ စုစည်း ပေးလို့ စုံစုံ သိရတော့ တယ်။ ဒီလူတွေသာ တကယ် အပြင်မှာ စုပြီး camping ထွက်လိုက်ရရင် ဘယ်လောက်များ ပျော်ဖို့ ကြည်နူးဖို့ ကောင်းမလဲလို့... စိတ်ကူးယဉ်နေ မိတယ်။

rose of sharon said...

ဖတ်ရတာပျော်စရာကြီး... အဲလိုမျိုး ဘလော့ဂါတွေဆုံမဲ့ ပွဲမျိုး တကယ်ရှိရင်ကောင်းမယ်နော်....

မယ့်ကိုး said...

ရယ်လိုက်ရတာ မမ :D

T T Sweet said...

မကေရယ် ... ခုမှလာဖတ်မိတယ်။ ရယ်ရတယ်။ ရှေ့ဆုံးက ဘရန်းတွေ ဖတ်ပြီး နာ့လဲ တစ်ခုမှ မရှိပါလား။ တစ်ခုတော့ ရှိအောင်ဝယ်ရမယ်လို့ စဉ်းစားနေတာ ...

ပေါက်ကရဆိုတော့ တကယ်ရေးဖို့ ဟုတ်ဘူးနော် ... အော်ဇီဘက် မရောက်သေးပါဘူး။ ရောက်ရင် မောင်းတီးလိုက်မယ်။