သေခြင်းတရား

အိုစမာဘင်လာဒင် သေတယ်
စိုင်းဘာဘာ သေတယ်
ကဒါဖီ တကောင် သေတယ်
ကိုကြီးကျောက် လည်း သေတယ်..

ဂျပန်မှာ လည်း သေတယ်
တာလေ မှာလည်း သေတယ်
နာဂစ် မှာ လည်း သေတယ်
အီဂျစ်မှာ လည်း သေတယ်

စစ်တိုက်တဲ့ သူတွေ သေတယ်
အိမ်ထဲမှာ နေတဲ့ သူတွေလည်း သေတယ်..

သာမန်လူတွေ သေတယ်
သာမန်ထက် လွန်တဲ့ လူတွေလည်း သေတယ်...

လူကောင်းတွေ သေတယ်
လူယုတ်တွေ လည်း သေတယ် 
( ဒါပေမဲ့ တော့..အချိုးအစား မမျှဘူးပေါ့)

ပြီးတော့..
ချစ်တတ်သူ တွေ သေသလို
အချစ်တွေ လည်း သေတယ်...

စမ်းချောင်းလေး တစင်း က သံဝေဂ ရတယ်
Men may come and men may go
But I go on forever.

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သံသယ ကလည်း လှ တယ်
Love comes and goes
But kindness remains. 
..
So .. 
where shall we go.
..

K
Monday 2 May 2011,  12:08 pm.


photo by K


Share/Bookmark

9 Comments:

Moe Cho Thinn said...

ဟုတ်တယ်။ သံဝေဂ ရစရာပါပဲ။ ဘာမှ မမြဲတဲ့ တရားသာလျှင် မသေဘဲ တည်မြဲတယ်။

ဒါပေမဲ့ ရာဇ၀တ်ကောင်တွေ၊ အာဏာရှင်တွေ သေတာတော့ လူပီပီ ပျော်မိတယ်။ နောက်ဆက်တွဲတွေလဲ မျှော်မိတယ်။ :P

ကိုဇော် said...

ကောင်းလိုက်တဲ့ ကဗျာလေး . . .

ချစ်ကြည်အေး said...

တခါတလေတော့လေ.....သေခြင်းတရားဟာ မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်တောင် ထင်မိရဲ့...။ သက်ရှည်လို့ ဘုန်းမကြီးဆိုပေမဲ့ ဘုန်းကြီးတဲ့သူတွေ၊ ချစ်ခင်သူတွေကို အသက်ရှည်စေချင်မိတယ်။ တို့ကပဲ ဘက်လိုက်တတ်နေတာများလား မသိပါဘူး ကေရယ်.....

အဖြူရောင်နတ်သမီး said...

အမှန်တရားတွေ စုစည်းထားတဲ့ ကဗျာလေးတပုဒ်ပါပဲ...

Tin said...

ကိုကြီးကျောက်ရေ.....
ကြာလဲ........မမေ့
ရှာလဲ..........မတွေ့
တို့လဲတစ်နေ့...........

မမသီရိ said...

ကေရေ
ထူးခြားဆန်းကြယ်ပေမဲ့ လှပနေတဲ့ ကဗျာလေး နှစ်ပုဒ် တွဲထားပေးခဲ့ပါတယ်..
----------------------



မသေသေးတာဆိုလို့ အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...



နေ့တွေ သေတယ်...
ညတွေ သေတယ်...
ချစ်တဲ့သူတွေ သေတယ်...
မုန်းတဲ့သူတွေ သေတယ်...

နောက်ဆုံး
နှိုင်းရတရားတွေ သေတယ်...

ဗုဒ္ဒဘာသာလည်း သေတယ်....
အစိပ်စိပ်အမွှာမွှာကိုသေတာ....
ဟိနယန... မဟာယန...
ထေရ၀ါဒ... ဇင်... တာအို...
ဘာဂိုဏ်း... ညာဂိုဏ်း...

ခရစ်ယာန်တွေလည်း သေတာပဲ...
ရိုမန်ကက်သလစ်...
ပရိုတက်စတင့်...
အင်ဂလီကန်... ဘက်ပတစ်စ်...
အိုး... ယူ... နိမ်းမစ်...
ဆန်းဒေး တူ မန်းဒေး အသင်းများ....

ကွန်မြူနစ်တွေလည်း သေတာပဲ...
ဆိုဗီယက်မှာသေတယ်...
ဘာလင်တံတိုင်းမှာသေတယ်...
တရုပ်-ဗီယက်နမ် နယ်စပ်မှာသေတယ်...
ကျူးဘားမှာသေတယ်...
ယူနန်-မြန်မာနယ်စပ်မှာသေတယ်...

သေကြ... သေကြ...
အားလုံး သေကြတာ ကောင်းတယ်...

ကမ္ဘာမြေမှာ
အားလုံး သေကြ...

မသေသေးတာဆိုလို့...
အောင်သာငယ်နဲ့ ချစ်ခြင်း မေတ္တာပဲ ရှိတယ်...

ATN

mks said...

So .. where shall we go.


K

မသိလို့မေးတာလား သိရဲ့ နဲ့မေးတာလား ... စိုင်းထီးဆိုင် သီချင်း ဆိုကြည့်တာ .. မကေ

အာလူးလေး said...

မူရင်းက ကဒါဖီ တကောင် သေတယ်လို့ရေးထားပါတယ် အမှန်တကယ်မသေသေးလို့
ကျတော်ကတော့ ကဒါဖီ တကောင် သေဖို့ကျန်သေးတယ်
လို့ပြင်ရေးမိပါတယ် မKရေ ခွင့်မတောင်းပဲပြင်မိတာတောင်းပန်ပါတယ်။
ကဗျာလေးကြိုက်လို့ ခွင့်မတောင်းတော့ဘူးမကေရေ

thadarhline said...

ချစ်ရတဲ့သူတွေအတွက် သေခြင်းတရားကစောလှချည်လား။