လေးဆယ်

လေးဆယ် အတွေး


အသိနဲ့ လူလုပ်မလား
အရှိနဲ့ လူလုပ်မလား။

ကံစမ်းမဲ တပုံတပင်ထဲ ပေါက်မဲမရှိတဲ့ ကံစမ်းမဲတွေ
ကံစမ်းမဲ တပုံတပင်ထဲ လူတိုင်းပေါက်တဲ့ ကံစမ်းမဲတွေ
ငါတို့ ပေါက်/မပေါက်တဲ့ ကံစမ်းမဲဟာ ငါတို့ ရှိနေတဲ့အရာဘဲ။

နေရပ် မှား/မှန် မပြောကြေး
သေရပ် မှန်ဖို့လိုတယ်။


အတွေးခေါ် မှား/မှန် ဖို့
၁၆/၁၈နှစ်ကျော်မှ ဖြစ်မှာလား
၄၀ကျော်မှ ဘ၀ စမှာလား။


နာရီတွေက ပြောင်းတယ်
ရာသီတွေက ဟောင်းတယ်
ငါတို့ တတွေလဲ ပြောင်းတယ် ဟောင်းတယ်။


ငယ်စဉ်အရွယ် တစ်ခါလည်သားထဲ
အရိုးရင့် ကြီးမြင့်သူ သူငယ်ပြန်များထဲ
ဆုံရပ်မဲ့ ရုန်းကန်ရမှုများ
နေ့ဖို့ညစာ သမိုင်းကြောင်းမှာ။ ။


နေဆူးသစ်



ပြီးခဲ့တဲ့.. လ က..သူငယ်ချင်း နေဆူးသစ် က..သူ့ ရဲ့ ၄၀ အတွက် ထင်ပါရဲ့..။ ၄၀ အတွေး တွေ ပွားပြီး…သူငယ်ချင်း တွေ ကြား.. အီးမေးလ် နဲ့ ..ကဗျာလေး တပုဒ် လွှင့် လိုက် တယ်။ အကြောင်း ကြောင်း ကြောင့်..အတော် နောက်ကျ ပြီးမှ ..ဖတ် လိုက် ရ တော့.. တခြား..တခြား သူငယ်ချင်း များ ရဲ့.. နောက် ထား.. ပြောင်ထား.. တာ တွေ နဲ့ .. စည်စည် ကားကား ဖြစ် ပြီး နေ ပြီ ။ ထုံးစံ အတိုင်း.. လက် က မနေ နိုင် တော့ .. သူတို့ ကြားထဲ.. ၀င် .. လေးဆယ် သံ ပြစ် ပြီး..နည်းနည်း ၀င်ရိ လိုက် မိ တယ်။ အမျိုးသား ကို.. ပြောပြ တော့.. ဘာတွေ လျှောက် ပြီး သွားပြော သလဲ.. နေရာတကာ..မပါချင်နဲ့.. လို့.. ဆူပါတယ်။

ဘယ်ရမလဲ.. အသာလေး ငြိမ်နေလိုက် ပြီး.. အခု..သူ့ ရဲ့..၄၀ ပြည့် မွေးနေ့ ကျ မှ.. ကိုယ် အငြိမ် မနေ ၀င် ပါ ထားတဲ့..ကဗျာလေး နဲ့ ပဲ.. အကုန်အကျ သက်သာ တဲ့..ပေးနေကျ.. မွေးနေ့ လက်ဆောင်လေး ပေးလိုက် တယ်..။



လေးဆယ်

 
တကယ်ဆို..လေးဆယ် အတွေး ကို
လေးဆယ် ဘေးကနေ
တခြား လေးဆယ် တွေ နားလည်ဖို့ ..
စာလုံးရေ လေးဆယ် တောင် ရေးပြစရာ မလိုပါဘူး..

 
လေးလေးလံလံ နဲ့..လေးဆယ် မဆန်ကြပါနဲ့ လား
လေးဆယ် ဆိုတာ..
အစလည်း မဟုတ်..အဆုံးလည်း မနီး..
လေး လာလို့ ဆယ် ရ မဲ့... ဘ၀ အပိုင်းအခြားတခုလို့ သာ..မှတ်


လွတ်လမ်းကို တော့... မှန်းဖို့ မလို သေးဘူး ..
မလွတ်မလပ် လမ်းခုလတ် မှာသာ..
(အေး )
သားကျွေး.. မယားကျွေး ..ကားကြွေး.. တွေ မှန်ဖို့ လိုတာ..


တချို့ ..အိတ်ဖောင်း..
တချို့.. စိတ်ထောင်း

တချို့.. စိတ်ကျ ဝေဒနာ
တချို့.. သက်လတ် ပြသာနာ

တချို့.. လောဘ ဒေသနာ
တချို့ ..သောက ရင်အနာ


ခေတ်ပေါ် ရောဂါ.. ပယောဂ တွေ မျိုးစုံ ကြား
လိုက်စား မူ တွေ လမ်းမစောင်း သမျှ..
ဘ၀ ကို အလောင်းအစား ထပ်စရာ မလိုဘူး..


လောလောဆယ်ဆယ်..
လေးစား စရာ လူတွေထဲ မပါရင် ထား..
မလောက်လေး မလောက်စား..
အသောက် အစား ဖက်
အထောက်အထား အမှားတွေ သာ မပြမိစေနဲ့

အနည်းဆုံး.. မင်းကိုယ်မင်း လေးစား နိုင် ပြီဆိုရင်ပဲ...
မင်း..လေးဆယ်တန် ပြီ..သူငယ်ချင်း…

 
ကေ



၂၅ . ဇူလိုင်. မှာ.. ၄၀ တင်းတင်း ပြည့်သွားတဲ့.. အရင်းဆုံး သူငယ်ချင်း ကြီး နဲ့ တကွ.. တခြားတခြား သော..လေးဆယ် သူငယ်ချင်းများ အတွက်...
ကိုယ် ကတော့..သူတို့ ထက် အများကြီး ငယ်ပါသေးတယ်..း)





မနှစ်က လက်ဆောင်


Share/Bookmark

19 Comments:

Mi Tay 4 said...

Happy 40 :)

ချစ်ကြည်အေး said...

ပျော်စရာကြီး ကေ....
ကေရဲ့ ၄၀ ဆရာကြီး သားကျွေး.. မယားကျွေး ..ကားကြွေး တွေ မှန်ပါစေလို့....
ကေကလေးနဲ့ တူတူ လေးဆယ်တန်ဘဝမှာ ပျော်ရွှင်ချမ်းမြေ့စွာ အိုမင်းအောင် အပျင်းပေါင်းနိုင်ကြစေသော်ဝ်....:))

Nge Naing said...

လေးဆယ် ပြည့်သူ မကေ အမျိုးသားအတွက် Happy Birthday ပါ။

သဒ္ဓါလှိုင်း said...

Happy Birthday .to.

SHWE ZIN U said...

မကေ ရဲ့ လေးဆယ် ကဗျာလေး ကကောင်းလိုက်တာ
happy birthday ပါ မကေ ရဲ့ အရင်းဆုံး မိတ်ဆွေ ကြီးရေ

TURN-ON-IDEAS said...

Please accept my belated birthday wish, bro! :)

အေးချမ်းပါစေ အစ်ကိုနဲ့အစ်မကေ...

TURN-ON-IDEAS said...

အေးချမ်းပါစေ အစ်ကိုနဲ့အစ်မကေး)

စော(အဝါရောင်မြေ) said...

Happy 40 yrs Birthday!

ATN said...

ဘ၀ကို သည်နေ့ကပဲ စကြပါလို့ ပြောရမလား...
လေးဆယ် မွေးနေ့ရှင် ပျော်ရွှင်ပါစေ...
အပျော်ရွှင်ဆုံးက မွေးနေ့ရှင်ကို အသက်ထက်ဆုံး အနောက်ကနေ နပမ်းလုံးထားသူ တယောက်ပဲ ဖြစ်မယ်...

Wish you both have wonderful accompanionship, friendship, whatever you both name it... :)

atn

Sonata Cantata said...

ဒီပုံလေးကို ကြိုက်နေတာ
ကဗျာကလည်း တော်တော်မိုက်တယ်
မွေးနေ့ရှင်ကြီး အသည်းခိုက်လောက်တယ်

Happy Birthday!

tin min htet said...

စိုးစိုးတယောက် ၄၀ ပြည့်လို့ သရိုးသရီ ဖြစ်နေတယ် ထင်ပါရဲ့။ ကျွန်တော်ကတော့ ဘာမှ ပြောမနေတော့ဘူး၊ ဘုန်းကြီးသွားဝတ်ပစ်လိုက်တယ် :P

ပန်းချီ said...

အစ်မကေ...အစ်ကိုလေးဆယ်နဲ့အတူ..လေးလေးနက်နက်ဆက်ချစ်နိုင်ပါစေး)

p.s. ဓါတ်ပုံလေးက အလန်းပဲအစ်မရယ်း))

ahphyulay said...

အင်း...
နောက်ကျ ရောက်လာတယ်မကေရေ့ ..၊
လေးဆယ်တန် ကဗျာက အရေးအချယ်
ဟန်လှပါတယ်ဗျာ။
လေးဆယ်မှ ဘဝ စ,တယ် ဆိုပေမယ့် 
လေးဆယ်ဆိုတဲ့  အတွေးဝယ် ဘေးမဖယ်ပဲ
တွေးရမှာက “ နောင်အရေး ” ၊ “ သံသရာ”
အရေးပဲ မဟုတ်လား မကေ ...။
အင်း .. သိပ်မကျန်တော့ ဘူးနော...။

သိင်္ဂါကျော် said...

လေးဆယ်မှာ ကိုယ့်ကိုယ်ကို လေးစားနိုင်ဖို့..
ကဗျာလေး နှစ်ပုဒ်လုံး ကြိုက်တယ်..
(၄၀ တန်းတော့ မဟုတ်သေးပါဘူး :D)

T T Sweet said...

လေးဆယ် ... လေးဆယ် ... ငယ်သေးတယ်။ ခုမှ ဘ၀စတာများ။ များတို့က ဘ၀စပြီးလို့ တစ်နှစ်ကျော်လေးရှိသေး။
Happy birthday to K's .

ရွှန်းလဲ့ said...

မမကေ ပျော်ရွှင်ပါစေဗျာ.....
Happy Birthday ပါ မမကေရဲ့ အစ်ကိုကြီးအတွက်...

ပိတ်သတ်တစ်ဦး (^_^)

လင်းဒီပ said...

လေးဆယ်ကလည်း လေးဆယ်အတွေးတွေနဲ့
သုံးဆယ်ကလည်း သုံးဆယ်ကလည်းသုံးဆယ်အတွေးတွေနဲ့
ကျွန်တော်တို့တွေးလေ မေးခွန်းတွေက ရှည်လျားလာလေ...:)

Moe Cho Thinn said...

စိုးစိုး ၄၀ ခုမှ ပြည့်တာလား၊ မထင်ရဘူးနော်။ တို့က ၆၀ ထင်နေတာ..။
ကေ့ ကဗျာလေး မိုက်တယ်ကွာ။ ဓာတ်ပုံကလဲ ချစ်စရာ။

MANORHARY said...

happy belated birthday greeting :)