ဧ ကန်မု ချ မ သွေ
ရာ ဇ ၀င် တွင် ရစ် စေ ရ မ လေ
ဝ လင် စွာ သောက် သုံး ခဲ့ တဲ့ အ မေ့ မြစ် ရေ တွေ
တီ တာ ခွန်း ချို တေး ဆို ခဲ့ တဲ့ အ မေ့ အ တွက် သီ ချင်း တွေ
တော် လဲ သံ တွေ ကြား
လှန် လို လှန် .. မှောက် လို မှောက် ..ငါ တို့ ကြောက် နေ မ လား
ရေး ဆို မှ တို့ အ ရေး ... ဒီ တ ခါ နောက် မ ဆုတ် ကြေး ။
ကေ
၂၃ စက်တင်ဘာ ၂၀၁၁
( ဘလော့ဂါ များ ရဲ့ ဧရာဝတီ စုစည်း လှုပ်ရှားမူ အတွက် ပါဝင် ရေး ဖွဲ့ သည် ) ◦
17 Comments:
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။
စကားလုံးတစ်လုံးချင်းစီ ထိမိတဲ့ ဧရာဝတီကဗျာ...။
Like!!!
ဒီလောက် လူထုက ကန့်ကွက်နေ၊ ပညာရှင်တွေက ထောက်ပြနေတာတောင် ငတုံးတွေ တုံးပဲ တုံးနိုင်လွန်းတယ် လို့ ဖြစ်မိတယ် ကေရယ်..
ကဗျာကို အင်မတန် ကြိုက်ပါကြောင်း။ ။
သိပ်ကောင်းတဲ့ ကဗျာလေးပါဘဲ
ကျေးဇူးအထူး
ရွှေစင်ဦး
ကဗျာရေးစပ်မှု ကောင်း၏
မိခင်ဧရာဝတီရဲ့ အသက်သွေးကို အတူကာကွယ်ကြပါစို့
ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်ညီမရေ..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။
ကဗျာလေး ခံစားသွားပါတယ်
အမေကေရေ ကွန့်မန့်ပေးရတာ ခက်တယ် အမရေ
ဘလော့ရှိမှ မန့်လို့ရသလိုဖြစ်နေတာ အမ
အမတင်တဲ့စာတွေ မှန်သမျှ အမြဲဖတ်ဖြစ်တယ်
အရမ်းကြိုက်ပါတယ်
ခင်မင်တဲ့
seesein
ဧရာဝတီထာဝစဉ်တည်တံ့ဖို့ ထပ်တူဆုတောင်းပါတယ်
စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်
တိုတိုလေးနဲ့ ကောင်းလွန်းလှတဲ့ ကဗျာလေး....
တို့ဆိုမှ တို့အရေး....တကယ်ကို နောက်မဆုတ်ကြေးပေါ့ မမကေရေ....
ကောင်းလိုက်တဲ့ လိုရင်းတိုရှင်း ထိထိမိမိ ကဗျာလေး..
ဟို လူဂျီးတွေ .. “အ” သုံးလုံး ပဲ မကျေကြတာလား ။
ဆွံ့  အ နားမကြား ပဲဖြစ်နေကြသလား ၊ ဦးနှောက်များ ပျက်နေကြသလား .. မသိ ။
ခင်မင်စွာ
မကိ..
မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်
ပြိုင်တူလင်းစို့ ...ကေ ..
မနော်
ဧရာဝတီ ထာဝရ သဘာဝအတိုင်း စီးဆင်းနိုင်ပါစေ။
ကဗျာလေးကောင်းတယ် မကေ။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်။ ထပ်တူပါပဲမကေ.။
ချစ်တဲ့
သဒ္ဓါ
Post a Comment