My Flower..My Color..My Pleasure

မုန်လာဥနီ ဈေးအလွန်ပေါ သော ကြောင့် carrot cake ဖုတ်စားပါသည်။

မီးဖို ထဲက ထွက်လာ သော..ကိတ်မုန့် သည် အတန်ငယ် ကြည့်ကောင်း နေသော ကြောင့်..ဓါတ်ပုံ ရိုက် မိ ပါသည်။

ကင်မရာ ကို ..ကွိကွိ ကွကွ ကလိ ပြီး ရိုက်သော ကြောင့် .. ပုံကလေး များက..အတန်အသင့် လှပ နေ ပါသည်။

ဘလော့ တလုံး လုံးကြီး ရှိနေ သော ကြောင့်.. ပုံများကို ဘလော့ ပေါ် တင်မိ ပါ တော့ သည်။း)



Reward Myself



Red + Brown = Orange
 


Share/Bookmark

9 Comments:

PAUK said...

ခါကျက်ဥကိတ်မစားဖူးဘူး.။
မြင်ဖူးနေပေမဲ့ စားချင်လိုစိတ်မရှိတာကြောင့်..။
မကေ အခုလို လှလှပပဖြစ်အောင်ရိုက်ထားပေးတော့လဲ..
အားပေးတဲ့အနေနဲ့ စားသွားရမှာပေါ့လေ..။
ဟိဟိ

thadarhline said...

မကေ.
သွားရေကျအောင်လုပ်ပြီ။။ ငေးရုံငေးသွားရတာပေါ့။
ချစ်တဲ့
ညီမသဒ္ဓါ

4shokelay said...

စားချင်စရာပဲမြင်ရတာတော့

သက်ဝေ said...

ဟိုမှာတခါ ဒီမှာ တခါ... နှစ်ခါ လာစားသွားတယ်...း))
ကိတ်ကို ကော်ဖီခါးခါးလေးနဲ့ တိုက်နော်...း))

T T Sweet said...

ဟိုက် မကေတို့ အန်တီသက်ဝေတို့ ကိတ်တွေချည်း လုပ်နေပါလား။ ဘလောဂါမမတွေ ဘာစိတ်ကူးပေါက်ပြီး ကိတ်တွေလုပ်နေလဲ သိဘူးနော်။ တစ်ခါမှ ဒါမျိုးမုန့်တွေမတင်၊ တင်တော့လဲ ၂ယောက်ပူးကြီးနော်။
ဟွန့် ဒီကလဲ အိမ်မှာဟိုနေ့က ချောကလက်ကိတ်ဖုတ်တာ တင်လိုက်ရမလားး)

Shwe Zin Oo's Blog said...

ခါကျက်ဥ ကိတ်တော့မစားဘူးပါ ရွှေပြည်မှာတော့ ဆနွင်းမကင်းထိုးစားလေ့ရှိပါတယ် မလုပ်တတ်လို့ ခါကျက်ဥပေါသော်ငြား ၀ယ်စားရပါတယ်
အခုတော့ ပုံထဲကနေ ညော်သွားပါတယ်

ခင်မင်တဲ့
seesein

Anonymous said...

Facebook မှာတွေ့ကထဲက သဘောကျနေတာ။ လက်ဖက်ရည်ခွက်လေးဘေးမှာ စာအုပ်လေးတစ်အုပ်လောက်ပါထည့်ပြီးရိုက်လိုက်ရင် perefect ပဲ မကေ :))

kay said...

ပေါက်..သဒ္ဒါ..ဖိုးရှုပ် .. စား သွား နော်း)
မသက်ဝေ..တီးခါးခါးပဲ ရှိတယ်။း)
အန်တီဆွိ..စိတ်ကြီးလှချည်လားး)
မရွှေစင်ရေ့ဈ.. ရွှေပြည်က..မန်းလေးဆနွင်းမကင်း နဲ့ တော့..ဘယ်လဲ မလဲ လေ..လွမ်းဒယ်..မော်မော်စန်းထိုးမုန့်..လှလေးစိန် ထိုးမုန့်.. အား.. စားချင်တယ်
မရွှေမိ.. ငါ့ညီမ ကတော့..စာအုပ်မပါရင်..မဖြစ်ဘူး..သိဒယ်။ ဟိုအထဲ သွားလဲ..စာအုပ်ကလေး နဲ့..ဖြစ်မယ်..း))

ကြည်ကြည် said...

မြန်မာပြည်တွင် မီးအားအတက်အကျကြောင့်အိမ်တွင်ကိတ်မုန့်ဖုတ်ရန် အဆင်မပြေခဲ့ပါ.
ကိတ်ကောင်းကောင်း ပေါင်မုန့်ကောင်းကောင်းစားချင်လျင် စီဒိုးနား တရိတ်ဒါး စသည်တို့တွင် ညနေ ၆ နာရီလျှင်တန်းစီရပါသည်. ဈေးတစ်ဝက်ချသောကြောင့်ဖြစ်သည် မကေ ရန်ကုန်တွင် ကိတ်ကောင်းကောင်းဆိုင်လာဖွင့်ပါ ..း)