တိတ်တိတ်ကလေး ရေးတဲ့စာ

 ကျမ မှာ ရိုဟင်ဂျာ အသိ တယောက်မှ မရှိပါဘူး။ ရိုဟင်ဂျာ တွေ နေ တဲ့ ဒေသ လည်း တခါ မှ မရောက်ဖူးပါဘူး။ အဲဒါကြောင့်..ရိုဟင်ဂျာ တွေ အကြောင်း လည်း ကောင်းကောင်း မသိ နိုင်ပါဘူး။


ဒါပေမဲ့.. ရိုဟင်ဂျာ တွေ ကို အသဲအသန် ခုခံ မုန်းတီး နေ တဲ့.. ရခိုင် မိတ်ဆွေ.. မြန်မာ မိတ်ဆွေ တွေ တော့ ၊ အများ ကြီး ရှိ ပါတယ်။ သူတို့ ပြောပြ တဲ့.. မုန်းစရာ ကောင်း လှ တဲ့..ရိုဟင်ဂျာ တွေ ရဲ့.. ဇတ်လမ်း တွေ ကို လည်း ..အများကြီး ကြားဖူး ပါတယ်။ အများကြီး ဖတ်နေ ရ ပါတယ်။ အခု ကိုပဲ.. face book ဆို တဲ့.. လွတ်လပ် တဲ့..လမ်းမ ကြီး ပေါ် မှာ.. ရိုဟင်ဂျာ ဆန္ဒပြ နေ ကြတဲ့.. မိတ်ဆွေ တွေ ကို .. မိုးလင်း တာ နဲ့.. လမ်းတခု လုံး ပြည့် ကျပ်နေ အောင် ခဲခဲ လှုပ် မြင် နေ ရ ပါတယ်။ ဘီဘီစီ ကို သပိတ်မှောက် ကြ .. ၃ ရက် အတွင်း တောင်းပန် ပါ ဆို တဲ့.. .. စကားလုံး ကြီး တွေ က လည်း.. မျက်စိ ထဲကို အတောင့် လိုက် .. ၀င်ဝင် လာ နေ ပါတယ်။ ဒုတိယ ဧရာဝတီ လို့ တောင် ကြွေးကြော် သံ တွေ ကြားရ ပါတယ်။ Occupy face book များ ဖြစ် နေ ပြီ လား မသိ၊   ဆန္ဒပြ နေတဲ့ သူ တွေ ဆိုတာ..ဘယ်လို မှ ကို တိုး မပေါက်ပါဘူး။ အဲဒါကြောင့်.. ကိုယ့် ဘလော့ လေးပဲ ကိုယ် တိတ်တိတ် ကလေး ပြန် လာပြီး.. ဒီစာ လေးကို..တိတ်တိတ် ကလေး ရေး လိုက်ပါတယ်။

ကိုယ့်လို ဂဂျိုးဂဂျောင်..ဘလော့ လောက်ပဲ ရေး တတ် တဲ့..သူ တယောက်က.. ရိုဟင်ဂျာ သမိုင်း ကြောင်း တွေ ကို..အထူးပြု လေ့လာ ဖို့..ကျမ်းကြီး ကျမ်းငယ် တွေ လည်း လိုက် မဖတ် ဖူး ပါဘူး။ စိတ်လည်း မ၀င်စား လှ ပါဘူး။

ဒါပေမဲ့.. ပျမ်းမျှ ယေဘုယျ အတိုင်း အတာ လောက် တော့.. ဦးနု က.. ပါလီမန် မှာ.. မဲပေးပိုင်ခွင့် ရှိတဲ့ လူမျိုးစု အဖြစ် ကြေငြာ ထဲ့သွင်း ပေး ခဲ့ တာ (ဘာကြောင့် ညာကြောင့်..ထင်မြင် သုံးသပ်ချက် တွေ အသာထား )၊ အကြမ်းဖက် ကွန်ယက် တွေ နဲ့ စပ်ဆက် နေ နိုင် တယ် လို့ ၀ီကီလိ က ပြောတာ.. ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဟောင်း ဦးတင်ဦးက.. လောလော လတ်လတ် ဘယ်လို ပြော လိုက် လို့.. ပြည်ပရောက် .. ရိုဟင်ဂျာ လှုပ်ရှား သူ တွေ က.. ရေဒီယို သတင်း ဌါန တွေကို ဘယ်လို လာ ချေပတာ ၊ စသဖြင့်.. သာမာန် လူ ပြိန်း အဆင့် လောက် တော့..သတင်းတွေ နဲ့ အဆက်မပြတ် ရှိ နေ ခဲ့ ပါတယ်။

ဒါပေမဲ့.. ခု လို.. အလှည့် အပြောင်း မြန် နေတဲ့..နေ့စဉ် နဲ့ အမျှ ထူးခြား နေ တဲ့.. လက်ရှိ နိုင်ငံ ရေး အခြေအနေ တွေ ကို လူတွေ သိပ်စိတ်ဝင် တစား ရှိ နေ တဲ့...အချိန် မှာ.. ဒီလို ဘယ်တော့မှ အဆုံးသပ် မရ တဲ့.. လူမျိုးရေး လှုံ့ဆော်မူ .. ဆိုင်းဘုဒ် ကြီး တွေ တကားကား ဖြစ်နေတာကို.. နားမလည် နိုင် အောင် ဖြစ် ရ ပါတယ်။ ကောက်ရိုးမီး တမျှ ဟုမ်းကနဲ များ ထ ကြ တာ ပေ ပဲ လား ။  နေ အုံး.... အဲဒီတော့.. ဒီ .. သိန်း နဲ့ သန်း နဲ့.. ဗမာပြည် ထဲ မှာ ရှိ နေ တဲ့..လူမျိုးစု တွေကို.. ပင်လယ် ထဲ တွန်းချ ရ မှာ လား..၊ တယောက်မကျန် သတ်ပြစ် ချင် ကြ သ လား...၊ ဘင်္ဂလားဒေ့ရှ် ကို လည်ပင်းညှစ် ပြီး.. မင်းတို့ လူ တွေ မင်းတို့ ပြန် မယူ ဘူးလား..ယူမလား လို့.. စစ်သွား တိုက် ချင်သလား..၊။ ဘယ်သူ့ကို မေးရ မှန်း မသိ အောင်ပါပဲ..။

ဘာဖြစ် လို့ ဆို.. ဖေ့စ်ဘွတ် မှာ.. ခင်သမျှ.. သိသမျှ ..ရင်းနှီးသမျှ..လူ အကုန် နီးပါး ကလည်း..အဲဒီ ဆိုင်းဘုဒ် ကြီး တွေ နဲ့ ဗျ...။ အဲဒါ နဲ့..အသာလေး ငြိမ်ပြီး.. ကုပ်ချောင်းချောင်း ဖြစ်နေတာ.. တရက် နှစ် ရက် ရှိပြီ။ ဟော..ဗြုန်းကနဲ ဆို.. ဒေါက်တာဇာနည်က.. ထုံးစံ အတိုင်း..မောင်းကွဲ ကြီး ထ ထု လိုက်တာ.. ပုရိသ နွယ်ဝင် သူတော်စင် တွေ တယောက် မကျန် အပြေး အလွှား.. နင် ငါ ကလော် တုတ် ကြ တော့ တာပဲ..။ ကိုယ် လည်း အဲဒီ မောင်းကွဲ ကြေးနန်းစာ ကြီး ကို.. ကုပ်ချောင်းချောင်းလေး သွားဖတ် ကြည့် ပါ တယ်။ ခပ်ရွတ်ရွတ်..ခပ်ရင့်ရင့် ရေး ထား တဲ့..သူ့စတိုင် ကို ဖတ် ပြီး.. ခေါင်းခါ လိုက်..ခေါင်းညိတ် လိုက် ပေါ့...။ နောက်ဆုံး.. long live Rohingha လို့.. အဆုံးသပ် ထား တာ ကို တော့.. အသေ အချာ ကို.. ပြုံးမိ လိုက် ပါတယ်။

ကိုယ်က တော့.. ရွတ်လည်း မရွတ် တတ်.. ရင့်လည်း မရင့် ရဲ ပေ မဲ့.. မရဲ တရဲ လေး တော့.. ဆုတောင်း ပေး ချင် ပါတယ်။

ဆယ်စုနှစ် ပေါင်း များ စွာ.. ခွေးနေရာ မရ သလို ဖြစ် နေ ရ တဲ့.. ဒီ လူ မျိုးစု တွေ အတွက်..၊ ဖြေရှင်း လို့ မရ နိုင် ဖြစ် နေတဲ့.. နယ်စပ် ပြသာနာ တွေ ကို ၊ သက်ဆိုင်ရာ နှစ်ဖက် အစိုးရ ခြင်း ၊ တာဝန်သိသိ၊ သိက္ခာရှိရှိ နဲ့  အောင်အောင်မြင်မြင် ပြေပြေ လည်လည်..ညှိနှိုင်း အဖြေ ရှာ နိုင် ပါစေ... ။

ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုး ချစ်စိတ် ..ကာကွယ် စိတ် ဆိုတာ ကို၊ ..သူများ တိုင်းပြည်..သူများ လူ မျိုး ကို..မုန်းတီး ရွံရှာ စိတ်၊  နှိပ်ကွပ် ချင် စိတ် အဖြစ် နဲ့ .. မရှင်သန် ပါစေ နဲ့..။

ခွေးတွေ ကြောင် တွေ ကို ချစ်တတ် တဲ့ ... နွားတွေ ငါး တွေ ကို တောင် .. ညှာတာ တတ် တဲ့..သက်သက်လွတ် စား နိုင် တဲ့.. လူ သား တွေ ဟာ..အမျိုးတူ လူသားခြင်း ကျမှ.. အသားမဲ လို့...သွားကျဲ လို့.. ဘာသာမတူ လို့.. စာမတတ် လို့ ဆို ပြီး.. မုန်းတီး စက်ဆုပ် မူ တွေ.. အလွန်အကျွံ မဖြစ် ကြ ပါ စေ နဲ့...။

တကမ္ဘာလုံး အနှံ့ .. ရေကြည်ရာ မျက်နု ရာ .. ထွက်ပြီး နေ နေ ကြ တဲ့.. မြန်မာ ပြည် အနှံ့က.. မြန်မာလူမျိုး တွေ.... သူများ နိုင်ငံ မှာ ..နိုင်ငံသား စတေတပ်စ် တခု ရဖို့..ဒါမှ မဟုတ်.. အသိအမှတ် ပြု ခံ ရ ဖို့... မက်မက် မောမော ဆုတောင်း ပဌနာ ပြု တတ် ကြ သလို.. ..သူတပါးကို လည်း ကိုယ်ချင်း စာတတ် ကြ ပါစေ..။

ဒေါ်အောင်ဆန်းစုကြည် ပြောသလို.. ဒီမိုကရေစီ ဆိုတာ..လူသား တယောက်ခြင်း ရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို အသိအမှတ် ပြု ခြင်း ပဲ ဆို တဲ့.. အဓိပ္ပါယ် ဖွင့် ဆို ချက် အတိုင်း.. ဒီမိုကရေစီ ကို တန်ဖိုးထား လေးစား တတ် ကြ ပါစေ...

လို့ သာ...။

ကေ



I was not surprised by many comments that came either from my friends or other readers, and neither they like it nor they agree. But I was stunned by some comments from those who  think  this was just attention seeking. My point is very simple and very basic.  Intentionally I didn’t mention the background history  not to bring about serious debate. I just try to point out the fact that why most of people are lacking sense of humanity. 


K ( 25 November 2011)





Share/Bookmark

43 Comments:

mks said...

တိတ်တိတ် လေး ရေးထားတာကို တိတ်တိတ်လေး ဖတ်ပြီး တိတ်တိတ်လေးဘဲ မန့်ပါတယ် ... မကေ ဆုတောင်းသလိုဘဲ ဆုတောင်းပါတယ် .. ကျနော်လည်း မကေ ပြောသလိုဘဲ .. ရိုဟင်ဂျာ အသိ တယောက်မှ မရှိပါဘူး။ ရိုဟင်ဂျာ တွေ နေ တဲ့ ဒေသ လည်း တခါ မှ မရောက်ဖူးပါဘူး။ အဲဒါကြောင့်..ရိုဟင်ဂျာ တွေ အကြောင်း လည်း ကောင်းကောင်း မသိ နိုင်ပါဘူး။ ကိုယ် နေနေ တဲ့ နေရပ်ဒေသ တခု ကို နယ်နိမိတ် ဆိုတဲ့ မျဉ်းကြောင်းကြီး ဖြတ်ဆွဲ လိုက်လို့ .. ကွဲကွာသွားခဲ့ကြတဲ့ .. တရုပ်ပြည် ထဲက ကိုးရီးယန်းတွေ... ရှမ်းတွေ .. ထိုင်းပြည်ထဲက မွန်.. ကရင်တွေ .. တောင် နှင့်မြောက် ကိုးရီးယန်းတွေ .. အိန္ဒိယ နှင့် မြန်မာပြည် ထဲ က မီဇို နှင့် ဇိုမီး တွေ .. အများကြီး ပါဘဲ ... တိတ်တိတ် လေး မန့်ခဲ့တာမို့ ဘယ်သူမှ မသိနိုင်လောက် လို့ ..သမ လည်း မခံရ နိုင်လောက်ပါဘူး ထင်တာဘဲ ... ဟီး

blueskyforest said...

ခေတ်မီသားပဲ။ တာ..ခါး..ထဲ ခေတ်မီဒယ် အမား..။ ကျန်းမားပါးဇေးးး

TZA said...

ကျနော်လည်းဒီလိုပဲဆုတောင်းပါတယ် မကေ။

Yaw Mang said...

I totally agree with you!! Well said.. :)

မသက် said...

အစ်မ ဆုတောင်းသလို ပဲ ဆုတောင်းတယ်။လူသားအချင်းချင်း ကိုယ်ချင်းစာနိုင်ကြပါစေ။

Angelhlaing(May everybody be happy and healthy! said...

ဘာပဲပြောပြော ဟိုနိုင်ငံဒီနိုင်ငံခြားထဲက သူတွေဆိုပေမယ့် သူတို့လဲ လူသားတွေပဲလေ...
တစ်ကယ်ကို ခေတ်မီအောင်ရေးထားတာလေး..
ဘယ်သူမှမသိအောင် တိတ်တိတ်လေး လာဖတ်တယ်..k ...:)

CONTACT said...

တိတ်တိတ်လေးပဲလာဖတ်ပီးအတွေးတွေတူနေတာကိုရေးလို့တိတ်တိတ်လေးပဲကျေးဇူးတင်လိုက်ပါတယ်။ KLM

နိုင်းနိုင်းစနေ said...
This comment has been removed by the author.
kma said...

"ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုး ချစ်စိတ် ..ကာကွယ် စိတ် ဆိုတာ ကို၊ ..သူများ တိုင်းပြည်..သူများ လူ မျိုး ကို..မုန်းတီး ရွံရှာ နှိပ်ကွပ် ချင် စိတ် အဖြစ် နဲ့ .. မရှင်သန် ပါစေ နဲ့..။ "
ကျွန်တော်လည်း အဲ့လို ထပ်တူထပ်မျှ ဆန္ဒပြုပါတယ်။ လူသားအချင်းချင်း စာနာ ထောက်ထားတတ်တဲ့ စိတ်စေတနာကောင်းများ နေရာအနှံ့ လွှမ်းမိုးနိုင်ပါစေ။

Moe Cho Thinn said...

ကေ့ကို ဒါကြောင့် ချစ်တာ..

ကိုပေါ said...

I agree with you. Thanks for writing about it.

Tasay said...

ရိုဟင်ဂျာကိစ္စဟာ immigration status တခုရဖို့
တောင်းဆိုနေတဲ့ issue မဟုတ်ဘူး၊ သူတို့ဟာ ဒုက္ခသည်တွေမို့ လူသားချင်းစာနာထောက်ထားတဲ့
အနေနဲ့အသိအမှတ်ပြုပေးဖို့တောင်းဆိုနေတဲ့ issue မဟုတ်ဘူး၊
လူအခွင့်အရေးရှု့ထောင့်နေသူတို့ကို နိုင်ငံသားအဖြစ်အသိအမှတ်ပြု့ပေးဖို့တောင်းဆိုနေတဲ့ issue လဲမဟုတ်ဘူး၊ ဗမာ citizen ဖြစ်ချင်လို့တောင်းဆိုနေတဲ့ issue လဲမဟုတ်ဘူး၊ ဗမာပြည်မှာ permanent resident status ရဖို့တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။ Islam ဘာသာကိုးကွယ်တဲ့သူတို့ကိုးကွယ်ယုံကြည်မှု့ကို
အသိအမှတ်ပြုပေးဖို့တောင်းဆိုနေတဲ့ issue မဟုတ်ဘူး။သူတို့တောင်းဆိုနေတာဗမာပြည်လို့ဖြစ်လာတဲ့
တိုင်းပြည်ကိုစုစည်းတည်ထောင်ခဲ့ရာမှာပါဝင်တဲ့
ကချင်၊ ကယား ၊ကရင်၊ ချင်း ၊ မွန်၊မြန်မာ ၊ ရခိုင် ရှမ်းနဲ့အခြားလူမျိုးစုတွေနဲ့အတူတူတတန်းထဲထားပြီး
ပခုံးခြင်းယှဉ်ခွင့်ရှိတဲ့ တိုင်းရင်းသားလူမျိုးစု ( natives) အဖြစ်အခွင့်အရေးရဖို့တောင်းဆို နေတာသာဖြစ်တယ်။
Human Right issue မဟုတ်ဘူး၊ Immigration issue မဟုတ်ဘူး၊Refugee issue မဟုတ်ဘူး၊ Humanitarian issue မဟုတ်ဘူး၊Religious issue မဟုတ်ဘူး။ ကချင်၊ ကယား ၊ကရင်၊ ချင်း ၊ မွန်၊မြန်မာ ၊ ရခိုင် ရှမ်းနဲ့အခြားလူမျိုးစုတွေနဲ့ တန်းတူ လူမျိုးစု၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်တို့လို တချိန် ရိုဟင်ဂျာပြည်နယ်တောင်းဆိုခွင့်တည်ထောင်ခွင့်တွေအထိရှိတဲ့ တိုင်းရင်းသား အခွင့်အရေးတောင်းဆိုနေ တဲ့ political issue သာလျှင်ဖြစ်တယ်။ခွင့်ပြု့သင့်သလား၊လိုက်လျောသင့်သလားဆိုတာသေသေချာချာပြန်
စဉ်းစားကြည့်ကြပါ။

Thu said...

Firstly I like to appreciate the daring of K’s post and sincerity of all comments.
Well, post and comments are based on humanitarian ground and appreciable for ideal society or Utopia world, hopefully to increase those views on both sides.
However, at present we can’t imagine ”How hard is it” for interfaced people, home national s practically exercise on that outback area.
I always remember Saya Pe Myint “Ward Six” translation of Chekhov when I see optimistic or positive viewers (You might read it).
In“ Ward Six”, that described the miserable experience of a positive way thinker, medical doctor who was trapped in own ward as a patient (see the original in following link).
http://rereadinglives.blogspot.com/2011/09/ward-6-by-anton-chekhov.html
http://www.eastoftheweb.com/short-stories/UBooks/WardNumb.shtml

Moreover, a famous quote of late historian Prof. Dr.Than Htun is “Learning the History is not to be the fool.”
Please see the following links for time being and remember “Demand the shelter of Camel’s head” story.
1. http://www.sss.ias.edu/files/papers/papertwelve.pdf
2.A Short History of South East Asia (Pg.10)
http://aero-comlab.stanford.edu/jameson/world_history/A_Short_History_of_South_East_Asia1.pdf
3.http://www.presstv.ir/detail/162817.html
4.http://en.wikipedia.org/wiki/Spread_of_Islam_in_Indonesia
5.http://en.wikipedia.org/wiki/Islam_in_Spain

Sorry for long comments !
Best Wishes to increase mutual understanding and to solve the problem by brainy head with dainty heart.

Tai said...

If you don't stay that area and don't know what are the problem, please don't come and say for them.

There is no Rohinger. They are bingali. If you allow then one leg they will come the whole body.

This is the bingladesh problem. Not our ploblem. Bingladesh gov must take care of their people.

ZT said...

I agree with you, Ma Kay.

မောင်နှင်းလှိုင် said...

ကိုက်ရာပြောစေတော့ မိသားစု
ရခိုင် တွေဖက်က ရဲရဲကြီးရပ်ရမှာပဲ။ ရခိုင်မြေကြီး တစ်လက်မ မှ
အပါမခံနိုင်ဖူး။ သိပ်ခေတ်မီနေကြတဲ့ သိပ်လူသားဆန်နေကြတဲ့ ဘလော့ဂါတွေဖက်ကတော့ မရပ်နိုင်ပါ။ ဗမာပြည်သားတွေ နိုင်ငံရပ်ခြားမှာ ပြဌာန်းထားတဲ့ဥပဒေနဲ့ အညီ နိုင်ငံသားအဖြစ်ခံယူကြရတာပါ။ ဗမာတွေက ရောက်ရှိရာနိုင်ငံတွေမှာ ဌာနေတိုင်းရင်းသား လူမျိုးစုပါဆိုပြီး တောင်းဆိုနေကြတာမဟုတ်ပါဘူး။ လူသားချင်းညှာတာထောက်ထားတတ်တဲ့စိတ်ဓါတ် နဲ့ အမျိုးသားရေးစိတ်ဓါတ် အမျိုးဘာသာ သာသနာ ကိုချစ်တတ်တဲ့ ဆိုတာ တခြားစီပါ လုံးမချကြပါနဲ့ ။ ဒီထက်ခေတ်မီချင်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ခပ်ကျယ်ကျယ်အော်ဆဲ။

KYAW MYO KHINE said...

I do not hate any of Bengali immigrants (Rohingya) or any of Muslim. I just can't accept to Rohingya as Myanmar ethnic. We just demand for BBC's official apology since they wrongly mentioned Rohingya as Myanmar's ethnic. Ethnic and citizenship status are totally different. Hope you can see.

KYAW MYO KHINE said...

http://globalvoicesonline.org/2011/10/29/myanmar-netizens-to-bbc-apologize-now/

mr.high flyer said...

ဟုတ်ပါတယ်..ကိုtasay ပြောတာလုံးဝထောက်ခံပါတယ်.ပြည်ထောင်စုဖွားတိုင်ရင်းသားတွေစာရင်းထဲမှာရိုဟင်ဂျာဆိုတဲ့ဘာမှန်းမသိတဲ့လူတွေကိုတန်းတူထားရမှာစဉ်းစားလဲကြည့်ပါဦးဗျာ..နောက်ပီးကိုယ်ပိုင်ပြည်နယ်ရပ်တည်ခွင့်ဆိုပဲ..နောက်ဖေးပေါက်ကထမင်းကျန်ဟင်းကျန်တောင်းစားနေတဲ့သူတယောက်ကသနားလို့အိမ်ပေါ်တင်ထမင်ခေါ်ကျွေးလိုက်တော့စားလဲပီးရောကျုပ်ကအိမ်ထောင်ဦးစီးလို့ကြွေးကြော်သလိုဖြစ်မနေဘူးလား.ပီးတော့၁၀၀%အစ္စလမ်ကိုးကွယ်တဲ့လူမျိုးကိုလက်ခံတယ်ဆိုရင်သန်း၆၀သောပြည်သူတွေနဲ့ထေရ၀ါဒဗုဒ္ဒဘာသာစစ်စစ်ဖြစ်တဲ့မြန်မာနိုင်ငံရဲအနာဂါတ်ဟာကိုရ်အန်ကျမ်းစာရဲဦးတည်းချက်ဖြစ်တဲ့လူသားအားလုံးအစ္စလမ်ဖြစ်ရေး၊အစ္စလမ်မဖြစ်ရင်လည်လှီးသတ်ရေးကိုမလွဲမသွေရောက်ပါလိမ့်မယ်....ဒါကြောင့်အပြင်းအထန်ကန့်ကွက်နေရတယ်ဆိုတာခေတ်မှီတဲ့ဘလောဂါတွေသိအောင်ပြောချင်ပါတယ်

မဆုမွန် said...

တိတ်တိတ်လေးနေမလို့ပဲ.ဒါပေမယ့် သိပ်ကြိုက်လွန်းလို့ ဖေ့စ်ဘွတ်ခ်မှာ တင်မိပါတယ် ဆဲသံဆိုသံ ကြိမ်းမောင်းသံတွေနဲ့ဟိန်းသံ ဟောက်သံ ခြိမ်းသံ ခြောက်သံတွေကြားထဲက အသေအချာ ဖတ်ကြည့်မိတဲ့စာလေးတစ်ပုဒ် သိပ်ကြိုက်တယ်..ကွက်တိပဲလို့ မီးဝေါလ်မှာ ရှယ်လိုက်တာ ကော်မန့်တွေနဲ့လာကြိမ်းနေကြတယ် ညံသွားတယ်

sosegado said...

တစ်ခုခုတော့ အကြီးအကျယ်မှားနေပါတယ်
ဖန်တီးထားတာ တစ်ခုကို ယုံကြည်ချက်ကြောင့် အမှန်ဟု အသက်သွင်းလိုက်လျှင်
နှစ်၂၀၅၀ မှာ ရန်ကုန်မြို့ဟာ သောကြာနေ့ ရုံးပိတ်ပါလိမ့်မယ်၊
ကိစ္စမရှိပါဘူး ခင်ဗျားတို့က ရန်ကုန်ပြန်မဲ့လူတွေမှ မဟုတ်တာ။

AboutMe said...

I am totally agree of what Tasay, Tai and Mg Hnin Hlaing commented. Oversea burmese, including me, are not taking advantage from the country we are staying or false claiming that we are one of native ethnic groups. Are you all able to accept that Rohingha as one of our ethnic groups? What they asking for is not humanitarian aid. It is not to accept them as refugees. They are asking equal right as other ethnic groups. How disgusting is it? Do you guys ever heard of a country accepting illegals as their native ethnic group? Many karen ppl fleed to Thailand stay as refugee. Does thailand accept them all as thai ethnic group? Well, this is obvious. Don't try to show off yourself as so modernized human rights activist.

မန်းကိုကို said...

တိတ်တိတ်လေး ရေးတော့လည်း ၊ တိတ်တိတ်လေးပဲ ရင်မောပြီး ပြန်သွားလိုက်ပါတယ် ။ မသိချင် မကြားချင်သူအချို့ အတွက်လည်း ဘာစကားမှ အရာထင်မှာ မဟုတ်ပါဘူး ။ ပို့စ်အတွက်တော့ အားမလျှော့ဖို့ပဲ ပြောချင်ပါတယ် ။

ကိုအောင် said...

မသိသေးလို့ ... သူတို့ကြား မရောက်ဘူးလို့ ရေးတယ်လို့ ပဲ ထင်ပါတယ် ...း)
ဂလိုင်ဘဲလိုက်စေးရှင်းကို လက်ခံတဲ့ ဒီမိုကရေစီ အနောက်နို်ငငံတွေရဲ့ ယနေ့ စာသင်ခန်းတွေထဲမှာ P.S (နိုင်ငံရေးသိပ္ပံ) သင်ကြားချက်တွေမှာ မူစလင်ဘာသာဝင်တွေနဲ့ ပက်သက်ပြီး အပြင်းအထန် ဆွေးနွေးကြပါတယ်၊ ဥပမာ ... မူစလင် ဘာသာဝင် မဟုတ်သူ ၁၀ ယောက်လောက် နိုင်ငံသား ဖြစ်ခွင့် စတေးတပ်ရချိန်မှာ မူစလင်ဘာသာဝင် တစ်ဦးတယောက်ကို နိုင်ငံသားဖြစ်ခွင့် ပေးဖို့ အသည်းအသန် ဆွေးနွေးကြပါတယ်၊ ဥပမာ ... ယနေ့ ဂျာမနီ၊ ဗြိတိန်၊ ဒိန်းမတ်နဲ့ ဆွီဒင်၊ ကျနော်တို့က မူစလင်ဘာသာပဲ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် လက်ခံပါတယ်၊ ရိုဟင်ဂျာဆိုတဲ့ ခေါင်းစီးတပ်တာကို လက်မခံပါဘူး၊ အရှေ့ပါကစ္စတန်ခေါ် ယနေ့ ဘင်္ဂလာဒေ့ရှ်ရဲ့ လူဦးရေ ပြိုဆင်းမှုကို စဉ်းစားသင့်ပါတယ်၊ ဂလိုဘယ်လိုက်စေးရှင်းဆိုတဲ့ စကားက အမေရိကန်သမ္မတ နစ်ဆင်နြ့ တရုတ်ခေါင်းဆောင် မော်စီတုန်းလက်ထက်ထဲက ရှိပါတယ်၊ ရွေ့ပြောင်းမှုကို ကြိုဆိုဖို့ နစ်ဆင်က မေးတော့ မော်က ပြောဖူးပါတယ်၊ တရုတ်လူမျိုး နှစ်သန်းလောက် နေဖို့ အမေရိကားမှ ခွင့်ပြုမလားတဲ့၊ ကျနော်တို့ မူစလင်ဘာသာဝင်တွေကို မမုန်းပါဘူး၊ ခေါင်းစဉ်တပ်ပြီး မလာဖို့ ပြောတာပါ၊ အလုပ် လုပ်ပြီး အခွန်ပေးလို့ နိုင်ငံသား စတေးတပ် ရတာ ဥပဒေ လမ်းကြောင်းပါ၊ အာဇာနည်တွေ စာရင်းမှာ ဆရာကြီး ဦးရာဇတ်နဲ့ ကိုထွေးတို့ ပါဝင်ဆိုတာ ကျနော်တို့ သိပါတယ်၊ များပြားလှမယ့် လူဦးရေကို ထိုးပြပြီး သီးခြားပြည်နယ် တောင်းဆိုလာမယ့် အနာဂတ်ကို မျက်စိမိတ်ပြီး မကြိုဆိုနိုင်ပါ၊ ယနေ့ အနောက်နိုင်ငံတွေမှာတောင် နိုင်ငံသား status ကို ဘာသာတရား ကိုးကွယ်မှုနဲ့ လာခဲ့တဲ့ ရင်းမြစ်ကို ကြည့်တယ်၊ အလုပ်လုပ်ပြီး အခွန်ပေးဆောင်ခဲ့တဲ့ ကာလကို ကြည့်တယ်၊ ပညာအရည်အချင်းကို ကြည့်တယ်၊ လွယ်လွယ်တော့ ပေးတဲ့ အခြေအနေမျိုး မရှိတော့ပါ၊ မသိလို့ ... သို့မဟုတ် သူတို့ကြားမှာ မနေဖူးလို့ ... သနားတာမျိုး ... လူသားအချင်းချင်း စာနာတာမျိုး ထောက်ခံပါတယ် ... မြေမျိုးလို့ လူမျိုး မပြုတ် ... လူမျိုးမှ လူမျိုးပြုတ်မယ်လို့ ပြောခဲ့တဲ့သူဟာ ... ဗိုလ်ချုပ်အောင်ဆန်းပါ .... ကျနော်အနေနဲ့ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လုံးဝ လက်မခံနိုင်ပါ ....

ကိုအောင် said...

စာလုံးပေါင်း နည်းနည်း မှားသွားတယ် ထင်လို့ ...း)
`မြေမြိုလို့ လူမျိုး မပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် ..´ (ပြောခဲ့တဲ့သူ- ဗိုလ်ချုပ်အောင်ဆန်း) ...

Anonymous said...

ဘာမှ မပြောချင်တော့ပါဘူး .... အဲ့ဒီလိုတွေးမိတဲ့ ဘလော့ဂါ ကို နဲနဲတော့ အံ့သြမိပါတယ် .... သူတို့ ကို လူသားချင်း စာနာထောက်ထားပြီး လက်ခံပေးထားတဲ့ ယူအမ်အိတ်စီအာ အဖွဲ့အစည်းတွေ မလေးရှားမှာ ရှိပါတယ် .... ဒါပေမယ့် သူတို့ ကို လိုလိုလားလား လက်ခံနိုင်မယ့် တတိယ နိုင်ငံ မရှိတာတော့ စဉ်းစားစရာ ရှိပါတယ် .... သနားတော့ သနားပါတယ် .... ဒါပေမယ့် ကိုယ့်မှာ လည်း ကျွေးစရာ ဘာမှ မရှိဘူး ရှိတယ်လူတွေ လူသားချင်းစာနာ ထောက်ထားရင် ခေါ်သာကျွေးလိုက်ကြပါတော့ ....


မှတ်ချက် ..... ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလား နဲ့တော့ တော်တော်တူတယ်ဗျ အမျိုးမဟုတ်ရင်တောင် နဲနဲတော့ စပ်မယ်ထင်တာဘဲ အမှန်ဆို ဘင်္ဂလားဒေရှ့်က လက်ခံရမှာ အသားအရောင်တူ ဘာသာတူ စရိုက်တူတွေကို
....

Mi Tay 4 said...

ကိုအောင် (ပျူနိုင်ငံ) tassy နဲ့ KYAW MYO KHINE တို့ ကွန်မန့်တွေကို သဘောတူပါတယ်။ ဒီကိစ္စ က ညီမလေး ပြောသလို ၂ နိုင်ငံ တည်း ညှိနှိုင်းရမဲ့ ကိစ္စ တစ်ခုမဟုတ်ပါဘူး။ သူက ငွေကြေးထောက်ပံ့နေတဲ့ နိုင်ငံ တချို့နဲ့ ပါ ပတ်သက်နေတဲ့ ကိစ္စ တစ်ခုပါ။ ရိုဟင်ဂျာ နံမည်ကို ဗန်းပြပြီး ငွေကြေးထောက်ခံမှု ရနေတဲ့ အဖွဲ့အစည်း တချို့ရဲ့ လူ့အခွင့်အရေးကို ဇောင်းပေး နေတဲ့ ကိစ္စ တစ်ခုလည်းဖြစ်နေပါတယ်။ ဒေသခံ ရခိုင်တွေရဲ့ အနီးကပ်ခံစားမှုနဲ့ အခွင့်အရေးကိုလည်း ထည့်စဉ်းစားရမှာ ဖြစ်သလို ရေရှည် နိုင်ငံ အရေးကိုလည်း ထည့်စဉ်းစားရဦးမှာပါ။ ဒါနဲ့ စကားစပ်လို့ လွှတ်တော်မှာတောင် ရိုဟင်ဂျာ အမည်ခံ အမတ် ၂ ယောက်ကို ဖယ်လိုက်တယ်နော်။

Khin said...

မကေက ကျွန်မထက်အများကြီး ပိုသိ၊ ပိုတတ်တဲ့သူဆိုတော့ ရိုဟင်ဂျာကိစကို ရှုထောင့် တမျိုးက တွေးကြည့်တာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကျွန်မလို လူပိန်းအတွေးနဲ့ကတော့ အခုလုပ်နေတဲ့ ဘီဘီစီကို ဆန့်ကျင်ဖို့ ဆော်သြနေတာက လုံးဝမှန်တယ်လို့ ထင်ပါတယ်။ သူတို့က ရိုဟင်ဂျာကို တန်းတင်ပေးနေတာလေ။ ရယ်စရာတော့ ကောင်းတယ်။ ကျွန်မတွေ့ဖူးတဲ့ ရိုဟင်ဂျာဆိုပြီး ဒုခသည်ခံထားတာ ရန်ကုန်က ကုလားတွေချည်းပဲ။ အဲဒီကုလားတွေက ရိုဟင်ဂျာနာမည်နဲ့ လုပ်စားလို့ရနေတော့ ရိုဟင်ဂျာကို နာမည်ကျော်စေချင်တယ်။သူတို့နာမည်ကျော်လာလေ လုပ်စားလို့ကောင်းလေပေါ့။ တကယ့်ရိုဟင်ဂျာတွေကလဲ လုပ်စား၊ ကုလားတွေကလဲ ရိုဟင်ဂျာနာမည်နဲ့ လုပ်စားပေါ့။ တကယ်ဆို မွတ်စလင်နိုင်ငံတွေက ထောက်ပံ့ကြပါလား။ ဆော်ဒီတို့ ဘာတို့သွားကြပါလား။ ကုလားတွေက သွားလိုက်မှဖြင့် အော်စီနဲ့ ဥရောပနိုင်ငံတွေ။ အခုလို ဘီဘီစီက ရိုဟင်ဂျာကို နာမည်ကြီးအောင် တန်းတင်ပေးလိုက်တာက သွေးရိုး။ သားရိုးလို့ မကေ ထင်ပါသလား။

Thet Oo said...

အရင်က ဘီဘီစီ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အော်တာက စစ်အစိုးရ၊ အခုကျတော့လည်း ပြောင်းပြန်၊ အစိုးရနဲ့ ဘီဘီစီ နဲ့ အဆင်တွေပြေလို့။ ကျနော်ကတော့ သတင်းဌာနတွေကို ရာနှုန်းပြည့် မယုံတာ ကြာပါပြီ။

KYAW MYO KHINE said...

From : https://www.facebook.com/notes/chan-myae-khine/to-great-myanmar-political-genius-who-think-we-are-violating-the-human-right/10150436036445306


We in this note refer to those who are against naming Bengali Immigrants as ethnic of Myanmar.

You or whoever said "We have inhuman opinion on Bengali Immigrants", that person needs to ask him/herself.

First, WHO do have "inhuman opinion on Bengali immigrants"? I'm against naming these Bengali immigrants as our ethnic and no one who are against with this fact assume Bengali immigrants inhumanly. We all would agree to provide food, shelter and even the citizenship rights to those who have already lived in Myanmar. What we are against is their transforming the history, cheating the reality and trying to have influence on international community.

Then, the person who said we are racist must ask how rich Myanmar is to accept those so called poor homeless? Don't give the lame excuse like "Bangladesh is also not a rich country". Myanmar has tons of problems to be solved both locally and internationally. Why should we bother to make home for them, huh?

Next, this person need to bare in mind that Human right should not only imply to so called homeless and refugees but also to innocent normal public like us whose home land is about to be robbed! If it's the era of democracy, why you guys are so freaking afraid of our freedom of speech? There might be some people who use harsh tones and improper words when they are talking about this problem. Even if so, it's only because of that much giant media CHEATED, IRRESPONSIBLY LIED AND BULLIED to all of them.

Hope you guys could do the maths.

For whoever think Myanmar are the people who have moved to today Myanmar from somewhere, read this to energise your brain. http://mmnetizens.wordpress.com/2011/11/01/arakanese-n-bengalis-rohingya/

Shinlay said...

သဘောထားချင်းတူပါတယ်။။။။

mr.high flyer said...

ကျနော်တော်တော်အံသြမိတယ်ဗျ။ဧရာဝတီကိစ္စတုန်းကဘလော့ဂါတွေစုံစုံညီညီနဲ့နိုင်ငံရဲ့အသက်အတွက်တလေသံတည်းထွက်ခဲ့ကြတယ်။အစိုးရကိုအတင်းနားပူတယ်။တရုတ်နိုင်ငံနဲ့လူမျိုးကိုဆန့်ကျင့်ကြတယ်..ဒါကသဘာဝသယံဇာတနဲ့တိုင်းပြည်စီးပွားရေးနဲ့သက်ဆိုင်တယ်..အခုဟာကရခိုင်ပြည်နယ်ဆိုတာကိုဖျောက်..ပြည်နယ်=အာရကန်၊လူမျိုး=ရိုဟင်ဂျာဆိုပီးအရွယ်တူကြယ်ဖြူ၁၄လုံးနေရာမှာကြယ်မဲတလုံးဝင်လာတဲ့ကိစ္စဟာသေးတယ်လို့ဆိုနိုင်ပါလား။။နောက်ပီးကိုsosegsdoပြောသလိုနောင်နှစ်တခုကြာလာတဲ့အခါဖူးစရာစေတီဘုရားမရှိတဲ့အပြင်သောကြာနေ့တိုင်းရုံးပိတ်ရမယ့်အရေးကိုပျော့ပြောင်းစွာလက်ခံသင့်ပါသလား။ဒီလောက်ကြီးကျယ်တဲ့ကိစ္စကိုတချို့ဘလော့ဂါတွေအမြင်မတူကြတာအံ့သြမိပါတယ်.ဒါပေမယ့်ဒီလိုအမြင်မတူတဲ့ပုံစံဟာစတိုင်ထုတ်စရာကိစ္စမဟုတ်ဘူးလို့ထင်မိပါတယ်....

ချိုချို said...

မအံ့သြပါနဲ့လေ။
လူတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ ခံစားချက်တွေရှိနေတာ မဆန်းပါဘူး။
ဒီလိုမျိုး ကိုယ့်ယုံကြည်ချက် တခုကို လွတ်လွတ်လပ်လပ်ချပြနိုင်တာ တုံ့ပြန်ဆွေးနွေးနိုင်တာကောင်းတာပေါ့ဗျာ။
ဒါပေမဲ့ ကိုယ်တင်ပြတဲ့ အကြောင်းအရာရဲ့ အနေအထား အတိမ်အနက် အရေးပါမှု့ မပါမှု့ကို
သေသေချာချာသိပြီး လိုအပ်တဲ့ လေ့လာဆန်းစစ်မှု့လုပ်ပြီး ရေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။
ဒီပြသနာက သာမန်ကိုယ့်သူငယ်ချင်း သမီးရည်းစားစုံတွဲကြားစိတ်ဝမ်းကွဲနေတာကို ပြန်လည်စေ့စပ်ပေးသလို နှမချင်းကိုယ်ချင်းစာမှပေါ့ ဆိုပြီး သူတော်ကောင်းစိတ် အခြေခံတခုထဲနဲ့ တိုက်တွန်းပေးနေလို့မဖြစ်နိုင်ပါဘူး။
အရင့်အရင်က မကေရေးခဲ့တဲ့ ပိုစ့်တွေလို သေသေချာချာ လေ့လာပြီးမှ ရှု့ထောင်းပေါင်းစုံက ကြည့်ပြီးရေးရင်ဒီ့ထက်
ပိုလက်ခံစရာကောင်းမယ် ထင်ပါတယ်။
ပိုနေမြဲ ကျားနေမြဲပုံပြင်ထဲကလို စိတ်ကောင်းရှိတဲ့ မောင်ပိုလေး နောင်တရသလို မရစေချင်ပါဘူး။

Yan Aung said...

လူ့အခွင့်အရေးသမားတွေ ဖတ်ဖို့. . . .

လူကိုလူလို့ တန်းတူမြင်ဖို့၊ ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာထောက်ထားဖို့၊ အသားအရောင်၊ အမျိုးဘာသာမခွဲခြားဖို့ ဘာမဆိုသဘောတူထောက်ခံပါတယ်။
တသက်လုံးလည်း ဒါပဲ ရေး လာတာပါ။

ဒီ့အတွက်ပဲ လမ်းပေါ်မှာ အလုံးအရင်းနဲ့ ဒုက္ခရောက်နေပါတယ် ဆိုတဲ့ လူတွေကို ကိုယ့်အိမ်ပေါ်ဆွဲတင်၊ ကိုယ့်အိမ်မှာနေလာတာကြာတော့ အမွေခွဲဖို့ကြိုးစားတာကို ကာကွယ်ဖို့ လိုမလို ပဲ စဉ်းစားကြရအောင်။

ကျုပ်တို့လည်း အမွေရသင့်ပါတယ်၊ ဟောဒီအိမ်ကြီးရှင်ရဲ့ ကိတ္တိမမွေးစားသားတွေပါ လို့ စာချုပ်စာတမ်းအတုအယောင်တွေကို ဖန်တီး ရေးသားလုပ်ကြံတာကို အဲဒီစာချုပ်တွေက အတုတွေပါလို့တောင်

ခင်ဗျားတို့ရဲ့ လူ့အခွင့်အရေး ဆိုတာကြီးက ပြောခွင့်မရှိတော့ဘူးလား ဟရို့ . . ။ ။

ချိုတူးဇော်

linn said...

ကိုအောင်နဲ့တသဘောတည်းဘဲ မကေ

mie nge

warlord said...

ကိုယ့် ဘလောဂ် ပေါ်မှာပဲ တိတ်တိတ်လေး ရေးထားတယ် ဆိုတဲ့ စာကို နေ့သစ် က ရအောင်ရှာပြီး တင်ပေးတယ်နော် http://www.naytthit.net/?p=21585 ။သတင်းမီဒီယာတွေ မသိ သိအောင် ဒီကိစ္စကို ဆန့်ကျင်ကြောင်း ရေးနေကြတာတွေ ကြတော့ မသိချင်ယောင် ဆောင်နေကြတာ ကြည့်ချင်းအားဖြင့် ရိုဟင်ဂျာ ကိစ္စနဲ့ မီဒီယာ တွေ ဟာ သွေးရိုးသားရိုး မက တဲ့ ပတ်သတ်မှု ရှိမယ်လို့ သတ်သေပြနေသလိုပါပဲ...

Badinsoh said...

မြေမြိုလို့ လူမျိုး မပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် လို့ ပြောသူဟာ “ မြေထဲ မြို့ဝန် ဖြစ်ပါတယ် ကိုအောင်" လ၀က ရုံးတွေမှာ ရေးထားတာ ဖတ်ဘူးပါတယ် ဦးအိုး တဲ့”

Thuta said...

ရိုဟင်ဂျာကိစ္စဟာ တချို့သဘောထား တင်းမာသူတွေကြောင့် လမ်းကြောင်းပြောင်းသလို ဖြစ်ပြီး လူ့အခွင့်အရေး ရှုထောင့်က ထောက်ပြစရာ ဖြစ်လာသလို လူလူခြင်း မခွဲမခြားသင့်ဘူး ယုံကြည်တဲ့ ခု ဘလော့ဂါလို လူတွေအတွက်လဲေ၀၀ါးစရာ ဖြစ်လာတာလို့ မြင်ပါတယ်.. ပြဿနာကို သေချာမရှင်းတော့ ကန့်ကွက်သူတွေကပဲ လူသားချင်း ခွဲခြားသလိုလို ရက်ရက်စက်စက် ပိတ်ပင်ကန့်ကွက်သလို အမြင်လွဲပုံ ရပါတယ်.. တကယ်က သူတို့ကို ပင်လယ်ထဲ မောင်းချမှာ မဟုတ်သလို အမျိုးတုန်းဖို့လဲ မဟုတ်ပါဘူး.. ဒါပေမဲ့ ဘီဘီစီတင်ပြခဲ့သလို မြန်မာရဲ့ တိုင်းရင်းသား မဟုတ်ဘူး။ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို မငြင်းပယ်ပေမဲ့ တိုင်းရင်းသားအဖြစ် တောင်းဆိုလာတဲ့ နယ်မြေလုလာတဲ့ လုပ်ရပ်တိုင်းကို ဆန့်ကျင်ရမှာပါပဲ။ အံ့သြောမိတာက မြန်မာ့ပညာရှင်တွေ၊ ပြည်သူတွေ၊ တိုင်းရင်းသားတွေရဲ့ အသံတွေကို လစ်လျူရှုပြီး ဘီဘီစီ သတင်းသမားတစ်ယောက်ရဲ့ ရိုဟင်ဂျာဟာ မြန်မာပြည်ရဲ့ တိုင်းရင်းသားစု ဖြစ်ပါတယ်ဆိုတဲ့ ဖော်ပြချက်ကို ရိုဟင်ဂျာဆိုတာ အရင်တုန်းက ကြားတောင် ကြားဖူးမှာ မဟုတ်တဲ့ လူတစ်ချို့က နားလည်ထောက်ခံပေးနေတာကိုပါ။

Unknown said...

မကေ ပွင့်လင်း ရိုးသား တဲ့ debate တွေ ကို လက်ခံလိမ့်မယ် ထင်ပါတယ် ....... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ချစ်စိတ် ကာကွယ်စိတ် ဆိုတာကို၊ သူများ တိုင်းပြည် သူများ လူမျိုး ကို မုန်းတီးရွံရှာစိတ်၊ နှိပ်ကွပ်ချင်စိတ်အဖြစ်နဲ့ မရှင်သန်ပါစေနဲ့။.. ဒီစကား လေး နဲ့ ပတ်သတ် ပြီး ကျွန်မ ပြောချင်တာ ပါ ... ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကို ချစ်စိတ် ကာကွယ်လိုစိတ် နဲ့ သူများတိုင်းပြည် သူများ လူမျိုး ကို မမုန်း ပါ ဖူး ....... human right ဆိုတာ ရှိသလို history နဲ့ ပတ်သတ်ပြီး တော့ လဲ အမှန်တရား ဆိုတာရှိရမယ် ... မကေ ပြော သလို .. လိုက်ရှာ မဖတ် တာ ကို အပြစ်မပြော ပါဖူး ... ဧည့်သည် ဟာ အိမ်ရှင် လုပ်လို့ ရပါ့မလား ..... ဒီလို case မျိုး တွေ က ပြသနာ တွေ အများကြီး ပါ........ ကျွန်မ တို့ ခု fighting တစ်ခု လုပ်နေတယ် ဆို တာ ဘာမုန်းတီး မှု ကို မှ အခြေ မခံ ပါဖူး ........ အမှန်တရား တစ်ခု အတွက် အခြေခံပြီး fight နေကြတာ ပါ ... မကေ လဲ ကြားဖူး မှာ ပေါ့ ... အိမ်ရှင် အိမ်ဌား ပြသနာ တွေ ... အိမ်ပိုင်ရှင် က ကိုယ့် အိမ်ကို တခြား တစိမ်းတယောက်ကို ငှားထား တာ .. ဒါမှ မဟုတ် ... ခြံ စောင့် အဖြစ် ထားတာ တွေ ... အချိန် ကြာ တော့ အဲဒီ အိမ်ငှား တွေ ခြံစောင့်တွေ က သူတို့ ကို ဖယ်ခိုင်း တော့ တ၇ား စွဲ တော့ တာပဲ .. ဒီ အိမ် သူတို့ လဲ ပိုင်တယ် ဆိုပြီး .. ကျွန်မ ကြွားပြောတာ မဟုတ်ပါဖူးး ကျွန်မ တို့ မှာ ခြံတွေ အများကြီး ပါ... အိမ်ငှား တင်လေ့ မရှိဖူး တင်ရင် လဲ .. နှစ်အကြာ ကြီး ထားလေ့ မရှိဖူး ... ရေရှည် ပြသနာ အတွက် ပါ.. ကျွန်မတို့ တွေ ဟာ ပြည်တွင်း မှာရှိနေတဲ့ တရုတ် ကုလား တွေ ကို ဘာမှ မပြော ကြပါဖူး .. သူတို့ ဟာ တိုင်းရင်းသားတွေ မဟုတ် ပေမယ့် ........နိုင်ငံ သား .. တွေ အနေနဲ့ ခံစားပိုင်ခွင့် တွေ ကို ခံစား ကြရ တာ ကိုလိုလား ပါတယ် ... ခု က နောက် ထပ် အပြင် က လူတွေ ၀င်လာ မှာ ကို မလို လား လို့ fight နေကြတာ ပါ ... ဘယ် နိုင်ငံမှာ များ .. အဲဒီလို စေတနာ ရှင်ကြီးလုပ်ပြီး အ၀င်ခံ ပါသလဲ .. ပုဂ်ဂိုလ် ရေး အရ ... အစွဲ နဲ့ စာ ကို မရေးစေချင် ဖူးး ... ကျွန်မတို့ လုပ်နေတာ အမှန်တရား တစ်ခု အတွက် ပါ ... ဒီ case မှာ ၀င်ပါချင်တယ် ဆိုရင် လဲ ....... သေသေချာချာ လေ့လာ ဆုံးဖြတ် ပြီး ၀င်ပါပါ .. အပေါ်ယံ personal အတွေး နဲ့ တွေး ပြီး ၀င်မပါ ပါနဲ့ ... ကျွန်မတို့ fight နေ တာ personal တွေ လူမျိုးရေး တွေ ... ဘာသာေ၇း တွေ အတွက်မဟုတ် ဖူး ..... သမိုငး အမှန် အတွက် fight နေတာ ... ပါ ... ဒါကို ကွဲကွဲ ပြားပြားသိပေးပါ ......

sawjimi said...

"Within 30 years, we will have the means to create superhuman intelligence. Shortly after, the human era will be ended". Vernor Vinge, in "Teh coming technological singularity"

Unknown said...

မြန်မာပြည်က လူတွေထိုင်းမှာအလုပ်သွားလုပ်တာ အဲဒီမှာ ပဲ အိမ်ထောင်ပြု ခလေးတွေမွေးကြတယ်။ အခုဆို တစ်ချို့လူကြီးတွေဖြစ်သွားပြီ။ ထိုင်းမှာမွေးတဲမြန်မာလူမျိုးသိန်းချီပြီးရှိပါတယ်။ သူတို့ကို ထိုင်းနိုင်ငံက နယ်မြေလည်းမပေးသလို ထိုင်းနိုင်ငံသား လည်း မဖြစ်ပါဘူး။ လူသားချင်းစာနာတဲ့နေရာမှာ နယ်မြေ ပေးစရာတော့ မဖြစ်နိုင်ဘူးထင်တယ်

Unknown said...

ပထမလက်တစ်ဖက်က လေထဲကိုဝှေ့ယမ်းလာပြီးတဲ့နောက် ဒုတိယလက်တစ်ဖက် ဝှေ့ယမ်းတက်လာပြီး ထိတွေ့တော့ အသံမြည်သွားတယ်ဗျာ၊ မြန်မာစာရေးတဲ့လူတွေ ဒုတိယလက်တစ်ဖက် ဖြစ်ကြပါစေ။

ညီမောင် said...

တစ်ကယ်တော့ လူအခွင့်အရေးစကားလုံးတွေနဲ ရိုဟင်ဂျာတွေ ကိုထောက်ခံနေသူ တွေ ဟာ ဒီကိစ္စတွေ ကို ကျယ်ကျယ်ပြန်ပြန်. လှုပ်ရှားမှုတွေ ရှိလာရင် သူတို.ရဲ.တတိယနိုင်ငံတွေမှာ ဒီမိုကရေစီအရေခြုံပြီးရတဲ့အခွင့်​အရေးတို. ၊ တတိယနိုင် သားဖြစ်ဖြစ်ဖို. ဆိုတဲ့ သူတို.ခွင့်အရေး တွေ ပိတ်သွား မှာစိုးလို.ကာကွယ် နေကြတာပါ ... (ဟုတ်တဲ့ သူတွေ စိတ်တော့ မရှိကြနဲ.နော် ...ဟတ် ..ဟတ်) ဒေါ်အောင်ဆန်းစုကြည်လည်းရွေးကောက်ပွဲ ၀င်ဖို.အလေားအလာများနေတော့ နောက်ဆိုရင်တော့ မျောက်ပြဆန်တောင်းလို.မရတော့ဘူး​နော် ...