စင်ကာပူ တိရိစ္ဆန် ရုံ

သတင်းလေး တွေ ကြည့်ရင်း.. တခါ တုန်းက.. စင်ကာပူ တိရိစ္ဆာန်ရုံ က night safari မှာ..သူငယ်ချင်း တသိုက် .. ပထမ ဆုံးအကြိမ် လည်ပတ် ကြ ရင်း..အတွေး နယ်ချဲ့မိပုံ လေး ကို သတိရ မိတော့တယ်။

အဲဒီ စင်ကာပူ ..တိရိစ္ဆာန်ရုံ က..ပုံမှန် တော့ ..ဘာမှ သိပ်ထွေထွေ ထူးထူး မရှိလှပေမဲ့.. night safari ဆိုတဲ့..ည ရှုခင်းလေး ကတော့..နိုင်ငံခြား ခရီးသွား တွေ အပါအ၀င်.. တော်တော်များများ က..တကူးတက.. ည ဖက် ကျ မှ သွား ကြည့်ရတာ။

သူတို့ပြောတာတော့.. တိရိစ္ဆာန် တွေက ညဖက် အမှောင် ထဲမှာမှ..သူတို့ သဘာဝ အတိုင်း နေထိုင် ကြတာ တဲ့။ ဒါပေမဲ့ တိရိစ္ဆာန် ရဲ့ပင်ကိုယ် သဘာဝ ကို မြင် ရ သလို.. ကြည့် ရတဲ့ လူတွေကို လည်း တကယ့် တောလည် သလို ဖန်တီး ထား တာက.. အသဲ ယား စရာ။ လူ သွား လမ်း တွေက.. မှောင် နဲ့ မည်း မည်း။ ကား နဲ့ ပတ်ကြည့် တဲ့ နေရာ တွေ လည်း ရှိတယ်။ ခြေသွားလမ်း လောက်ပဲ မြင် ရ တဲ့ အလင်း ရောင် သဲ့သဲ့ လေး အောက်မှာ.. တချက် တချက်.. ဘေး ကများ .ကိုယ့် ကျား ပြေး အုပ်တော့မလား..မြွေ ထွက် ကိုက် တော့ မလား ထင် ရတယ်။ အမလေး.. ၀ံပုလွေ ကြီး တွေ ရဲ့.. အလင်းရောင် တဖြတ် ဖြတ် ဖြာထွက် နေတဲ့.. မျက်လုံး ၀င်း ၀င်း ကြီး တွေ က.. ရန်သူ ရှာ နေ တာ.. ကိုယ့် နဲ့ လက် တကမ်း လောက်ပဲ ထင် ရတယ်။



ကြား ထဲ မှာ.. ဘယ်လို အတား အဆီး တွေ လုပ်ထား လည်း တော့ မသိ။ မှန် ကြီး တွေလား..ဇကာ ကွက် တွေလား..သိပ် မမှတ်မိတော့...။ စင်ကာပူ အစိုးရ ကို ယုံ ကြည် စိတ်ချ လို့သာ.. ခြေ ကျင် လျှောက် နေ ပေမဲ့.. အသဲ ထဲ တော့..တယား ယား။ တချို့ အန္တရယ် သိပ် မရှိ တဲ့.. အကောင် တွေ ဆို.. လူတွေ နဲ့ လျှို လေး တွေပဲ ခြား ထားတာ။ သူ့ဖာသာ အိပ်တဲ့အကောင်နဲ့.. စားတဲ့ အကောင်နဲ့... လူ တွေကိုလည်း မမြင် ကြ သလိုပဲ။

အာဖရိက ဆင် ရိုင်း အုပ် ကြီး ဆို.. ကြည့်နေ ရတာ.. တကယ့် အာဖရိက.. ဆာဖာရီ ထဲ ရောက်သွား သလိုပဲ။ လရောင် လောက်ပဲ ထင်ရတဲ့.. ပြာလဲ့လဲ့ အလင်းရောင် အောက်မှာ.. သူတို့သဘာဝ အုပ် လိုက် ကြီး စု ပီး ရပ် နေကြတယ်။ အင်း..အဲဒါ က.. ခြေကျင် ကြည့် လို့မရဘူး ထင်တယ်။ ဒါပေမဲ့..သူတို့ ကြည့် ရတာ.. လူတွေ တခုခု လုပ်နေ တာ တော့..သိ နေမှာပါ... အနံ့ တွေ လည်း ရတာပဲ။

တိရိစ္ဆာန်ရုံ စီမံ ပုံ က..မဆိုးဘူး ပြော ရမယ်။ တိရိစ္ဆာန်တမျိုးချင်း စီမှာ..အကျွေး အမွေး ကုန်ကျ စရိတ်က.. သူ့ စပွန်စာ နဲ့ သူ ။ မှတ် မှတ် ရရ... ကျား ကြီး တွေ ရဲ့ အလှူ ရှင်က.. ကျားဘမ်း ပရုပ် ဆီ သူဠေး တွေ ။ Burma Thamin ဆို ပြီး ဗမာ သမင် တွေ ကိုလည်း တောင်ကုန်း လေး သပ်သပ် လုပ်ထား ပေးတယ်။ ပြေး နေ ကြ တာများ.. တကယ့် အပူ အပင် ကင်းကင်း။


( Thamin at Burmese Hillside)


စိတ်ဝင်စား စရာ အကောင်း ဆုံး က.. ခြင်္သေ့ အုပ် ကြီးပဲ။ သူတို့ နေတဲ့ တောအုပ် တောင်တန်း က.. အထူး စီမံ ထားတာ။ လူ တွေ ကြည့် တဲ့ နေရာ မှာ ..မှန် ချပ် ကြီး တွေ နဲ့။ သူ တို့.. အပြင် ကို လုံးဝ မြင် ရ ပုံ မပေါ် ဘူး။ ဟိန်း နေ လိုက် တာများ.. တကယ့်.. တော တို့ ရဲ့ ဧကရာဇ်..ဆိုပြီး..သူ့တို့ကို သူတို့..ဟိမ၀န္တာရောက်နေတဲ့ အတိုင်း...။ ခြင်္သေ့မ တအုပ် ကတော့..အသား တစ် တခု ကို ဆွဲ ဖြဲ နေကြတာ.. ကြော တောင် ချမ်း တယ်။

အဲဒီ မှာလေ.. ကိုယ့် သူငယ်ချင်း က.. တွေးတွေး ဆဆ ပြောတယ်။ သူ တို့ တွေကို ကြည့် ရတာ တိရိစ္ဆာန်ရုံ ထဲ ရောက် နေပေမဲ့..လွတ်လွတ် လပ် လပ် ရှိ လိုက် တာနော်.. ရန်ကုန် တိရိစ္ဆာန်ရုံ က ခြင်္သေ့ တွေ ကျား တွေ နဲ့များ တခြား စီပဲ ..တဲ့။

သူပြော မှ ကိုယ် လည်း သတိ ရသွား တယ် ။ ငယ်ငယ် က..လျှောက်လည် ခဲ့ တဲ့. ရန်ကုန် တိရိစ္ဆာန် ဥယျဉ် ကြီး ထဲ မတော့.. ခြင်္သေ့ ကြီး တွေက.. လှောင် အိမ် ထောင့် တထောင့်မှာ စိတ်ပျက် ပျင်းရိ စွာ လဲ လျောင်း လို့။ လာ ကြည့် တဲ့လူ တွေကို လည်း ပြန် ဟိန်းချင် စိတ် မရှိ လောက် အောင် ကို၊ ငြီးငွေ့ နေ ပုံ။ တခါ တခါ.. တုတ်နဲ့ ထိုး ..ခဲ နဲ့ပေါက် ချင် တဲ့ လူ က ရှိသေးတယ်။ ဆင် ကြီး တွေ ကလည်း အတန်း လိုက် ကြီး ထူးခတ် ထား တာ။ ဒါပေမဲ့ သူတို့ကတော့.. လာလည်တဲ့ လူတွေ ဆီက.. သားရေစာ မုန့်လေး တွေ စား ရမှန်း သိတော့.. ပျော်ပျော်ရွှင် ရွှင်..သဘော ကျ နေ ဟန်ပါပဲ။ မထူး တော့ တဲ့ ဘ၀ မှာ အသားကျ နေ တာ များလား။

ဒီက ပုံ။


ခု လည်း..သူ တို့ ဘ၀ တွေ ..ဘာတွေ ဖြစ်လာ ဦး မလဲ ဆို တာ.. သူ တို့ မခန့်မှန်း နိုင်။ ဘယ်ကို ရောက် လို့..ဘယ်ကို ပေါက် ရ ဦး မလဲ။ လှောင် အိမ် အသစ် မှာ.. ဒီလောက် မှ နေပျော် စရာ ကောင်း ပါ့ မလား။ ပတ်ဝန်း ကျင် ရာသီ ဥ တု ကရော.. ။ အစာ ရေ စာ လုံလုံ လောက်လောက် ရှိပါ့မလား။ သူတို့ ရှိ သလောက် အသိဥဏ် လေး တွေမှာ.. စိုးရိမ် ၀မ်းနဲ မူ တွေ ရှိ နေမှာ အသေအချာ။



Share/Bookmark

2 Comments:

Anonymous said...

"စင်ကာပူ အစိုးရ ကို ယုံ ကြည် စိတ်ချ လို့သာ.."
I think it would be more appropriate (at least for me) to say that "trusting that the Singapore government won't want any bad publicity from tourists being harmed" ..... :) :)

I am not quite convinced that any government is trustworthy, not even the US as far as my experiences are concerned. :)

Just to make you smile about how powerful your choice of words can be to the meaning :)

Best,
Lwin Moe

diLo said...

em, like what u wrote here about zoo and animals ~

actuali, i think there is nth special abt Singapore zoo (shh..toe toe..dun let sg gov noe :P)
i feel tat night safari is a bad idea..will any1 like being disturb during at night while we are resting and zz..sigh..
humans..so capable of disturbing nature!!! naw