ကိုပေါ နှင့် စာ ရေး ဆရာ မ ကြီး များ

ကိုပေါက..အားရပါးရ..လာ ရေး သွား တော့မှ ပဲ.. တချို့ဟာ တွေ..သတိ ပြန်ရ.. အဟဲ..မဖတ် ဖြစ်ခဲ့ တာတွေ တွေ့ပြီး..ကိုယ့်ဖာသာ.. မှတ်ညဏ် တော် တော် ကောင်း မှန်းသိ.. စာဖတ် တော်တော်နာ မှန်းသိး-)
ဘာရယ် မဟုတ်.. သတိ ရလို့.... နံမယ် တွေ ချရေး ချင် စိတ် က များ နေတာ...
ကိုပေါ..ရေးပေး မှ.. ပြည့်စုံ သွားတော့တယ်..ကျေးဇူးပဲ ကိုပေါ ရေ။ နေဦး..မစန်းပွင့် စာအုပ် ပြန် ရှာ ကြည့် ဦး မယ်..ဟုတ်တယ်..မှားနေတယ် ထင်တယ်...
----------------------------------------------------
အင်း ဒီပို့စ်ဖတ်ရတာ ကိုယ့်အကြိုက်စာရေးဆရာတွေကို သတိရလာတဲ့အတွက် ကွန်မင့် အရှည်ကြီး ရေးလိုက်လေသတည်း။
လူထုဒေါ်အမာ
ဆယ့်နှစ်ပွဲဈေးသည်လည်း ဖတ်ရတာ ဒေသန္တရဗဟုသုတရရုံမက ဗမာဘုရားပွဲတွေ အကြောင်။နဲ့အတူ၊ ဗမာ့ရိုးရာယဉ်ကျေးမှု၊ လူနေမှုစရိုက်တွေကို တစေ့တစောင်းတွေ့မြင်နိုင်တယ်။
ဂျာနယ်ကျော်မမလေး
သူ့ခင်ပွန်း ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို ရေးထားသည့် “သူလိုလူ” အတ္ထုပ္ပတ္တိ စာအုပ်မှာ မြန်မာစာပေနယ်တွင် အင်မတန်ထင်ရှားသည်။ ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို ယခုအခါ စုစည်းပြန်လည်ထုတ်ဝေထားရာ ၀တ္ထုတိုင်းလိုလိုပင် လက်ကမချချင်လောက်အောင် ကောင်းလှသည်။ လူ့စရိုက်သဘာဝကို ( အထူးသဖြင့် အမျိုးသမီးတို့၏ စိတ်သဘာဝကို)ခြယ်မှုန်းရာတွင် အင်မတန် အနုစိတ်ကာ ပြောင်မြောက်လှသဖြင့် အမျိုးသမီးစာဖတ်ပရိသတ်အနေဖြင့် အထူးကြိုက်နှစ်သက်မည်မှာ ပြောဘွယ်ရာမရှိချေ။ နီးစပ်ရာ စာအုပ်ဆိုင်တွင် ပြေးဝယ်ဖတ်ဘို့ တိုက်တွန်းပါရစေ။
ခင် ဆွေ ဦး
အင်ကြင်းရဂုံစတဲ့ လုံးချင်းဝတ္ထုများကို ကြိုက်နှစ်သက်သော်လည်း ပေါက်ပေါက် ကို ဇာတ်ကောင်ထားသော ၀တ္ထုတိုများအပါအ၀င် ၀တ္ထုတိုပေါင်းချုပ်စာအုပ်မှာ ပေါ့ပေါ့ပါးပါးနှင့် အင်မတန် ဖတ်လို့ကောင်းလှသည်။ ကျနော့်မှာ အင်မတန်နှစ်သက်လှသော်လည်း ထိုစာအုပ်မှာ ယခု စာအုပ်ဆိုင်များတွင် ရှာမတွေ့။ မျောက်တကောင်နေရာက ခံစားရေးဖွဲ့ထားသည့် ဇေယျတု သဗ္ဗမင်္ဂလံ မှာ အင်မတန် ရယ်လည်းရယ်ရ၊ သနားစရာလည်း ကောင်းလှသည်။
မစန်းပွင့်
`ရွှေတိဂုံ ကို မြင်လျှင် ´ ဆိုတဲ့ စာအုပ်ကို မိုးမိုး(အင်းလျား) ရေးသည်ဟု ကျနော့်စိတ်ထဲ စွဲနေသည်။ ဟုတ်မဟုတ် မသေချာပါ။ ရွှေတိဂုံကို လှမ်းမြင်ရသော မြောက်ဥက္ကလာ၊ ဒလ စသဖြင့် ဆင်ခြေဖုံးများမှ သီးခြားဇာတ်ကောင် တဦးချင်း၏ ဘ၀များကို ရေးဖွဲ့ထားသည်ဟု ထင်သည်။ မိုးမိုး ရေးဘူးသော မြန်မာပြည်မှာနေကြသည် ဆိုသော စာအုပ်မှာ မြန်မာပြည်တလွှားမှ ဇာတ်ကောင်အသီးသီး၏ အကြောင်းကို ရေးပြီး ပေါင်းစုထားသောစာအုပ်ဖြစ်သည်။ သစ္စာစာကြည့်တိုက်တွင် အခမဲ့ ရယူနိုင်သည်။
မစန္ဒာ
ဝတ္ထုတိုများ အရမ်းကောင်းသည်။ ရေခဲခြစ်တို့။ စဉ်းစားကာနေရဦးမယ်တို့။ ၀တ္ထုရှည်မှာလည်း ဘ၀အိပ်မက် ပန်းအိမ်မက်သာမက ပန်းသီတဲ့ကြိုး ရုပ်ရှင်၏ မူလ၀တ္ထု ဖြစ်သော တိမ်ဖုံးပါလို့ လမသာ မှာ အင်မတန် မျက်ရည်ကျလောက်သည်အထိ ကောင်းလှပါသည်။
ခင်နှင်းယု
မွှေး…၀တ္ထု နာမည်ကြီး။ ၀ါးခယ်မနောက်ခံ။ အတွတ်တို့ မွှေးတို့။ အိန္ဒိယသွား ဆေးကုတာလည်းပါသည်။ တချို့က ခင်နှင်းယု ဘ၀ တစိတ်တပိုင်းလို့လည်း ပြောကြသည်။
မိုးမိုး (အင်းလျား)
မိုးမိုး (အင်းလျား) ၀တ္ထုတိုရှည်တွေရော လုံးချင်းတွေရော အကုန်ကြိုက်သည်။ မသုဓမ္မစာရီ၊ ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား၊ ငြိမ်းကိုရှက်ပါ၊ မှတပါးအခြားမရှိပြီ။ ဟာ…အများကြီးပဲကျန်သေးတယ်။ ဆယ်တန်းအောင်ပြီး ကျောင်းတွေ ပိတ်ထားတော့ မိုးမိုးရဲ့ စာအုပ်တွေ အကုန်နီးပါးဖတ်ဖြစ်တယ်။ ၀တ္ထုတိုတွေလည်း ကြိုက်မှကြိုက်။ဝတ္ထုတပုဒ်ထဲမှာ ရောဂါသည်ကောင်မလေး (မိတဆိုးလေး) တယောက်။ အိမ်မှာတယောက်တည်း အဖေကို စောင့်ရင်း ဟိုတွေးဒီတွေး တွေးတောပူပန်ရင်း ရောဂါဖောက်လာတဲ့ ၀တ္ထုလေးမှတ်မိသေးတယ်။ “ကျော်ထူးအောင်က လူကောင်းလေးပါဖေဖေ” ဆိုတဲ့ စကားလေးကိုလည်း သတိရမိ။
မြနှောင်းညို
အသည်းပန်းမှာ ဆူးတွေနဲ့ရယ် အခန်းဆက်ကတော့ အသည်းစွဲပေါ့ခင်ဗျာ။ ဇာတ်ကောင် “ဆု” (ဆုမြတ်လှိုင်) တို့၊ ကိုဆွေ (ကျော်ဆွေကို) တို့ ကိုလတ် တို့ အားလုံး ရင်ထဲမှာ ကျန်ခဲ့သလို ဇာတ်ရံတွေဖြစ်တဲ့ မင်းမော်တို့၊ နန်းဝါနွဲ့တို့၊ ဖရက်ဒီတို့ကိုပါ တခါတခါ သတိရသေးတော့။
ဂျူး
ငယ်ငယ်ကတော့ အမှတ်တရတို့ ရေမျောသီးတို့ကစလို့ လုံးချင်းတွေရော ၀တ္ထုတိုတွေရော အကုန်ကြိုက်။ အခုတော့ လုံးချင်းတွေ မဖတ်ချင်တော့ဘူး (စာဖတ်သူက အသက်ကြီးလာတာလည်း ပါပေသပေါ့)။ ၀တ္ထုတိုတွေတော့ အပြန်ပြန်အလှန်လှန် ပြန်ဖတ်ရင်း ကြိုက်နေဆဲပါ။


Share/Bookmark

1 Comment:

Anonymous said...

ဂျာနယ်ကျော်မမလေး စာအုပ်များကို
ဝါမိုးအောင် စာပေတွင် ၀ယ်ယူရရှိနီုင်ပါသည်။