မြန်မာ နှစ်သစ်..အတွေးနစ်..ရေးခြစ်ချင်မိသော စာရေးဆရာမ ကြီး များ


သင်္ကြန် တခု တော့.. ထုံးစံ အတိုင်း..မသိ သလို..သိ သလိုလို..ဘေးနား က.. ဖြတ် ကျော် သွား သည်။ မြင်တော့ မြင် လိုက်သည်.. ဘယ်လို ပုံ မှန်းမသိ။ ကြား တော့ ကြားလိုက် သည်.. ဘာတွေ ဆို မှန်း မသိ။

သင်္ကြန် ဆို တာ ကို..ပိတောက် တွေ ပွင့် အောင်ရွာတဲ့.. ဖက်ဆွတ် မိုး..အေးအေး လေး နဲ့.. မုန့် တွေ လုပ် စား ကြ..လှူ ကြ တန်း ကြ တဲ့..ရိုးရာ တခု ဆို တာ ထက်.. ပို..မခုံမင် မိ တာ က..ငယ်ငယ် ထဲက ပါ ။ ရှာပုံ တော် မင်းသား ကြီး နဲ့မကြုံ ဘူးလိုက် လို့ နေမှာပေါ့ ဆို ရင် လည်း.. ဟုတ်ချင် ဟုတ်မှာ ပေါ့ နော်။ တကယ် တော့..သင်္ကြန် ဆို တာ..ပျော်တတ် သူတွေ အတွက်..ပို တန်ဖိုး ရှိပါ တယ်လေ။ မဏ္ဌပ် ကြီး တွေ...လှလှပပ ထိုး ပြီး.. အမိုက်စား ၀တ်စား ရေကစား နေ တဲ့သူတွေ ကို ကြည့် ရတာ.. ပျော်စရာ ကောင်း သလား....။ မ သိပါဘူး။ ပုလင်းထဲက အရေ တွေ ရယ်...ပိုက် ထဲက..ရေ တွေ.. ပိုက်ဆံ အိတ် ထဲက..ရေ တွေ ကိုသာ..အဟော သိကံ တွေး နေ မိ သည်။ ပျော်ပွဲ ရွှင်ပွဲ ဆို တာ ကလည်း.. ဒါပဲ နေ မှာ ပေါ့ နော်။

အဲလို နဲ့.. ကိုယ် လည်း..သင်္ကြန် ဆိုတာ ကြီးကို..မလို တမာ..လိုတမာ နဲ့ပဲ.. သင်္ကြန်မိုး ရုပ်ရှင် ထဲက..ကိုငြိမ်းမောင် လို.. ပွဲခင်းထဲ တိတ်တိတ် ကလေး ၀င် ပြီး..ခိုးကြောင် ခိုး ၀ှက်..ကြည်နူး ရမလား... သက်ထွေး လို..သူများ ပျော်လို့ မပျော် နိုင်ပဲ..ကန်စပ်မှာ..သွားငိုင် နေ ရမလား ..မသိ တော့ပါဘူး။

ပျော်တယ် ဆို တာ..အဲလောက် ကော လွယ် ရဲ့လား။ တကယ်ရော..ခု အချိန် ကာလ ကြီးက..ပျော်စရာ ကောင်း လို့လား။ ကိုယ့်စိတ် တွေ ကတော့..ခပ် နွမ်းနွမ်း ရယ် ။ တလော ကပဲ..လူထု ဒေါ် အမာ ကွယ်လွန် သွားလို့..နှမြော နေ တုန်း.. ဘလော့ ရောင်း ရင်း ကိုအောင်သာ ငယ် ရဲ့ အမေ ဆုံးသွား ပြန် လို့..သူ့ဘလော့က..စာ တွေ ဖတ် ပြီး..စိတ်မ ကောင်း တွေ ဖြစ် ရ ပြန် တယ်။ အဲဒီ ဒေါ် ခင်မာအေး ရဲ့ အကြောင်း တွေ..သူ့မိသားစု အကြောင်း တွေကို.. ဧရာဝတီ မှာ..ဆရာတင်မိုး ရေး နေတဲ့..ရုပ်ပုံလွှာ မှာ ပါ ကတည်းက.. ဖတ် ဖူး နေ ခဲ့ သည်။ သူ့တို့လို အမျိုး သမီး ကြီး တွေ အကြောင်း..တွေး ရင်း တွေး ရင်း.. ကြီး ပြင်း ခဲ့စဉ် တလျှောက်.. စာအုပ် အဟောင်း တွေ ကြား ထဲ..ဖွေ နှောက် ခဲ့ တဲ့ အချိန် တွေ တုန်း က.. စိတ် ၀င်စား ခဲ့ဘူး တဲ့.. စာရေးဆရာ မကြီး တွေ ကို..ရေးချ ချင် စိတ် ပေါက် လာတယ်။

ငယ် ငယ် တုန်းက ဆို..ဖတ်စရာ စာအုပ်တွေ က..ခု အချိန် လောက်ပေါ တာမဟုတ် ဘူးလေ။ အဟောင်း တွေ ထဲမှာ ပဲ..တလည်လည် ဖတ် နေ ကြတာ။ မောင်နှမ ၀မ်းကွဲ တွေ စု တတ် တဲ့..အဒေါ့် အိမ်က.. နံရံပြည့် စာအုပ် ဗီရို ကြီး ထဲ မှာ.. အဖေ တို့မောင်နှ မတွေ..အစဉ် အဆက်..၀ယ်ယူ စုဆောင်း ခဲ့ ကြတဲ့.. စာအုပ် တွေ က..အစည်းလိုက် အစည်းလိုက်..။ အစည်းလိုက် ဖြစ်နေရတာကလည်း.. အဒေါ်ကို ဖားတဲ့ အကိုကြီး တယောက်က.. ကျောင်းပိတ် လို့..ပြန်လာပီ ဆို ရင်.. ကလေး တွေဖွ ထားတဲ့ ဗီရို ကြီးကို ..ရှင်း.. ဂုန်နီကြိုး တွေ နဲ့..စည်း..လုပ်ရော..။ ကိုယ်တို့တွေက လည်း.. ဘာရ မလဲ.. အကုန် ပြန်ဖြုတ် ပြီး..ပြန်ဖွ တာပဲ။ စာအုပ် ကို ကြိုးနဲ့ချည် တတ်တဲ့ အဲဒီ အကို နဲ့ဆိုတာ..တကျက်ကျက်။ ဟိုတုန်း က..တက်တိုး..တင့်တယ်..ဒဂုန် ရွှေမျှား တို့လို ၂၅ါး တန် ၀တ္တု စာအုပ်တွေ.. ရှုမ၀..တိုင်း ရင်းမေ အဟောင်း တွေ..အပြင်.. အဲအချိန် ကထုတ် တဲ့ မြ၀တီ..ငွေတာရီ..သွေးသောက်..အဒေါ် က..အကုန်ဝယ်တယ်။ ကျောင်းပိတ် ရင် ဆို ရင်..မောင်နှမ တွေ.. မွှေကြပီ။ တချို့ဟာ တွေ ဆို.. ၂ ခေါက် ၃ ခေါက် ပြန်ဖတ်။ လုပ်စရာ မှ မရှိတာ။ အဲဒီ အပုံ တွေ ထဲ က.. သိ ခဲ့ ရ တဲ့..စာရေးဆရာ မကြီး တွေလေ..။

လူထုဒေါ်အမာ

သမိုင်းဝင်..ပြည်သူ ချစ်သော အနုပညာ ရှင်များ နှင့်.. အမေ့ ရှေးစကားများ သာ..စာအုပ် အပြည့် အဖြစ်ဖတ်ဖူးသည်။ ကျန်တာတွေက.. မဂ္ဂဇင်းတွေထဲမှာ..ဟိုနည်းနည်း..ဒီနည်းနည်း။ သူ့ဘ၀ အကြောင်းများ ကတော့.. ဟိုမှာ ဒီမှာ..ဘောင်ဘင် ခတ် မတတ် ..လှုပ်လှုပ်ခတ်ခတ် ရှိ လှ သည်လေ။

ဂျာနယ်ကျော်မမလေး

အမှန် အတိုင်းပြော ရင်.. သိပ်မမှတ်မိတော့ ။ ရင်နင့်အောင်မွှေး နံမယ်ကြီးမှန်း တော့..သိသည်။ ဖတ်တော့ဖတ်ဖူးခဲ့သည်။ နောက်တော့..`သွေး´ပေါ့။ သူ့ဘ၀ ကိုတော့..လူကြီးတွေပြောကြလွန်းလို့သိ နေသည်။ လူထု ဒေါ်အမာ ထက်တောင်..ဘ၀ အထု အထောင်းတွေ များလိမ့်မည် ဟု...ဆိုကြတာလည်း ရှိ သည်။

ခင် ဆွေ ဦး

တို့တိုင်းဌါနီ နဲ့..နံမယ် ကြီး ခဲ့တာတဲ့။ ဒါပေမဲ့..ကြိုက်တာက..ရုပ်ရှင် ပြန် ရိုက် တဲ့.. `နေခြည်ဖြာ တော့..နွေးလိမ့်မယ်´ ဆိုတဲ့ဟာ..။ တော်လှန် ရေး နောက်ခံ အချစ် ဘွဲ့လေး တွေ ကို ..ဆယ်ကျော်သက် အသိ နဲ့ဖတ် ရင်း.. ပျောက်ကျားတယောက်..အိမ်မှာလာပုန်း တဲ့..အိမ်မက် တွေကို..အခါခါ မက် လို့ပေါ့။

ခင်လှိုင်ကြူ

လုံးချင်းတွေ မဖတ်ဘူးပေမဲ့.. ငွေတာရီ မှာ ပါတဲ့..သူ့ရဲ့အချစ်နဲ့ဘ၀သရုပ် ၀တ္တုရှည် တွေကို..အသဲစွဲ အောင် စောင့်ဖတ် ခဲ့ ရ သည်။ `မဂျိုးကိုဘယ်လို ပြောရပါ့´ ဆိုတဲ့ ၀တ္တုလေး ဆို..ဗီဒီယို တောင် ပြန် ရိုက် ခဲ့ ကြသည်။ နောက်တော့.. အကျဉ်းထောင် ထဲ မှာ အသက်ဆုံးသွားတဲ့..နိုင်ငံရေး အကျဉ်းသား ဦးတင်မောင်ဝင်း ဟာ..ဆရာမ ရဲ့ ခင်ပွန်းမှန်း သိရတော့.. စိတ်မကောင်းလိုက်တာ။

မစန်းပွင့်

`ရွှေတိဂုံ ကို မြင်လျှင် ´ ဆိုတဲ့..လုံးချင်းစာအုပ် ကလေး ကို..မှတ်မှတ် ရရ ရှိလှ သည်။ ဆရာမ အမျိုးသား..ဦးညိုဝင်း လည်း..နိုင်ငံရေး အကျဉ်းသား အဖြစ်နဲ့..ထောင်ထဲမှာ..ဆုံးသွားသူ ဖြစ် သည်။

တက္ကသိုလ် မြစိမ်း

ဘယ်သူ ကြိုက် တာ လဲ တော့ မသိ.. သူ့ဝတ္တု တော် တော်များ..ဘီဒို ကြီး ထဲ မှာ တွေ့သည်။ ကောင်းလည်း တော် တော် ကောင်းသည်။ အစော ပိုင်း..ဘ၀ သရုပ် ဖော် လိုင်း လို့ ပြော ရမလား။ ဆု ရ သည့် ` နောက်တိုး´ ဆိုတဲ့ စာအုပ် ထဲက.. မြန်မာ့ ဆိုင်းလောက သမား တွေအကြောင်း က..တော် တော် ဖွယ်ဖွယ် ရာ ရာ ရှိ လှသည်။

သာယာဝတီ စမ်းစမ်း နွဲ့

` တကောင် တည်း..ဒါပေမဲ့ ခြင်္သေ့´..`ခေါက် ထီးလေး မလုံ့ တလုံ´ တို့ဟာ ဆရာ မရဲ့..နံမယ် အကြီး ဆုံး..လူကြိုက် အများ ဆုံး..စာ အုပ် တွေ ဖြစ်ပါ တယ်။ ရဲရင့်ထက် မြတ် တဲ့..မိန်းမ ဇာတ်ကောင် များကို သုံးလေ့ ရှိတဲ့ သူ့ဝတ္တု တွေဟာ..အရေး သွက် သလောက်.. အတွေး လည်း ပါ.. ရ သ လည်းမြောက်..အင်အား လည်း ရ စေ တဲ့..အခါခါ ဖတ် မိရ တဲ့ ၀တ္တု များ ပါပဲ။ ဆရာ မဟာ လည်း.. နိုင်ငံရေး အကျဉ်း သ မား တဦး ဖြစ်ပါ တယ်။

ကြည်အေး

ပို့စ်မော်ဒန် သမား အတော်များများ က..နတ်ဘုရား မ လို ပင်..ခု ထက် တိုင်..တဖွဖွ..သူ့နံမယ် ကို ရွတ်လေ့ ရှိသည်။ ဘာတွေ ထူးခြား လည်းတော့.. မခွဲခြား တတ်ခဲ့။ တက္ကသိုလ် ရောက်မှ..ဖတ်ခဲ့ဘူး တဲ့..`ကေဖွဲ့ဆိုသီ´မှာတော့..အင်းလျားသူ ကေ ရဲ့.. အတွေး အနေ အထိုင်လေး တွေ ကို ချစ်စရာ ကောင်းအောင်..ရေးထားခဲ့သည်။ နံမယ်ချင်းတူ နေ တာ ကြောင့် လည်း..သဘော ကျ လို့..အဟောင်းဆိုင်က.တောင် .ပြန် ရှာ ၀ယ် ခဲ့ ရတယ်။း)

မစန္ဒာ

သူ့ဝတ္တု တွေကို..ကြိုက်ပါသည်။ အထူးသဖြင့်..ဂျီဟောသူ တို့..စိမ်းရွက်သစ် တဝေေ၀.. တို့။ ခုတော့..သူ ဘာတွေ ရေး နေပြီလဲ..မသိ။ ရင့်ကျက်တဲ့လက်ရာတခု လည်းဖြစ်..အမျိုးသားစာပေ ဆုလည်း ရခဲ့တဲ့. ဘ၀အိမ်မက်..ပန်းအိမ်မက်..၀တ္တု ကြီး လည်း...ပေါ်လစီပဲဆိုဆို..ဘာပဲဆိုဆို.. တော်တော် ကို ကောင်းပါတယ်။

နုယဉ်

ဆရာကြီးမင်းသုဝဏ် ရဲ့ နှမ ငယ် ကဗျာစာဆို တဦး အဖြစ် ထင်ရှားသည်။ ဆရာကြီးတက်တိုး ရဲ့ ဘ၀ အဖော်။

ငွေတာရီ

ထင်ရှားတဲ့..စာဆိုမောင်နှံ တွေ ထဲက..တတွဲ အဖြစ်.. ကဗျာဆရာမင်းယုဝေ ရဲ့ ကဗျာ အခြမ်းလေး တခု။ အရွယ်မတိုင်ခင်..ကွယ်လွန် သွား ခဲ့သည်။

ဒေါ်ခင်မျိုးချစ်

ဆရာကြီးဦးခင်မောင်လတ် နဲ့ အတူ...ရာသက်ပန် စာဆိုမောင်နှံ တတွဲ။ ဆရာမကြီး..၀တ္တုဇတ်လမ်းရေးမရေးတော့..သိပ်မသိ။ စာပဒေသာ..သုတ..ဘာသာပြန်..အင်္ဂလိပ်ဘာသာ စာအုပ် များ က..နံမယ် ကြီး လှ သည်။ အထူးသဖြင့်.. နိုင်ငံခြား ထွက် ခါ နီး..တကူးတက ပြန်ရှာဝယ် လာရသော.. colorful Burma လိုဟာ မျိုး တွေ။

ကြည်ဦး

ဆရာကြီး နန်းညွန့်ဆွေ နဲ့ ရေးဖော် ရေးဖက်။ သူ့စာတွေ သိပ်မဖတ်ဖူးခဲ့သော်လည်း.. ယခုထက်ထိ..ဒေါင်ဒေါင်မြည်..ပြည်သူ့စာရေးဆရာမ ကြီး တယောက် အဖြစ် ရပ်တည် နေတာ .. လေးစားဖွယ် ရာ။


ခင်နှင်းယု

သူ့မျက် နှာက.. သူ့ဘ၀ နှင့် လိုက်အောင်..ဟန် ထည်..မာန်ထည် ရှိ လှသည်။ သူ့စာတွေ ဖတ်ခဲ့ ဘူးပေမဲ့..ပြန် ခေါ် ကြည့်တော့..မမှတ်မိတော့။

ခင်စိန်လှိုင်

`ကေသွယ်နဲ့ကော့မိုင်´ ဆိုတဲ့ သူ့ဝတ္တု နဲ့ရုပ်ရှင် ကြောင့်..အဲဒီ အချိန်က.. သမီးမွေးသူတွေ..တော်တော်များများ မှည့်သော..ဒီ နံမယ် ကြီးကို ရ ခဲ့သည်။း(

မလေးလုံ

သူကတော့..လုံမလေး မဂ္ဂဇင်း ဆို ပြီး ဖြစ်လာ တော့မှ..သေသေချာချာ..သိ ခဲ့ မိတာ။ ရုပ်ရည် ချော မော သလောက်.. အကြောင်း မလှ စွာ..ကျန်းမာရေး အား နဲ လှ သော.. မလေးလုံ ကို..အထူးသဖြင့်..သူမ ရဲ့..ဇွဲ နဲ့အားမာန် ကြောင့်..ပိုစိတ် ၀င်စား မိ ခဲ့သည်။ သူမ ကွယ်လွန် ပြီး မှ.. အင်မတန် နောက်ကျ စွာ..ဖတ်ခဲ့ ရတဲ့..သမိုင်းဝင်..ဘသက်ရှည် စာအုပ် ကြီး က တော့..သူမ ရဲ့.. ဘ၀ မှတ် တိုင် ကြီး လည်း ဖြစ်ခဲ့ မယ် ထင်ရဲ့။ ( ဗမာ အမျိုးသား ပညာ ရှင် ကြီး..ဦးဖေ မောင် တင် ဆိုတဲ့ ခေါင်းစဉ် နဲ့..ဒီစာအုပ် အကြောင်း.. စားမြုံ့ ပြန် ထား ဘူးပါတယ်) ဒီစာအုပ် ကြီး ကို .. ဆရာ ကြီး က လည်း..အိုမင်း မစွမ်း..သူကလည်း..မကျန်းမာ..ကောင်းစွာ မထိုင် နိုင် တဲ့ ကြား ထဲက.. အချိန် ယူကာ..ရေးသား ခဲ့ သည် ဟု သိ ရ သည်။

ကျန်တာ တွေကတော့.. အဒေါ့်အိမ် က..စာအုပ်ဗီရို ကြီး နား သိပ် မကပ် ဖြစ် တော့ပဲ.. စာအုပ်အငှါးဆိုင် ခေတ် ..ညနေခင်း..လေညှင်းခံ ရင်း..အငှါးထွက် ဖြစ်ခဲ့ တာ တွေထဲက ပေါ့နော်။

ကလျာ

သူ့ကိုတော့.. ဗမာစာပေ လော ကမှာ..ရှားရှားပါးပါး.. သဲထိတ် ရင်ဖို..စုံထောက်ဆန်ဆန် ဇတ်လမ်းများ ရေးသော..တဦးတည်းသော..အမျိုးသမီး စာရေးဆရာ မို့..စိတ်ဝင်စား သည်။ ခင်ပွန်းဖြစ်သူ..ကာတွန်း စိန်ကြီး နှင့် ပေါင်းလုပ်သော ကလျာ မဂ္ဂဇင်း ၏ စာပေ သိက္ခာ ကိုလည်း လေးစား မိသည်။

မိုးမိုး (အင်းလျား)

သူရှင်သန်ခဲ့တဲ့..အချိန် ခပ်တိုတို အတွင်းမှာ.. ဘ၀ သရုပ်ဖော် စာပေ တခေတ် ကို..ဆန်းသစ်သွား ခဲ့ သူ။ ကိုယ့် ယောက္ခမ နှင့် အင်းလျား အခန်းဖော် သူငယ် ချင်း မို့.. သူ့အမေ ကို အကြောင်းပြု ကာ..နေထိုင် ကြီးပြင်းခဲ့ရ တဲ့..တရုတ် မိသားစု ကြီး ထဲ မှာ..စိတ် အချဉ် တွေ ပေါက် ရင်း.. ၀တ္တု တို ရှည် တွေ..ပေါက်ဖွားလာ ခဲ့ သည် ဟု သိရသည်။

နုနုရည် (အင်းဝ)

သူရေးတဲ့ ဘ၀ သရုပ်ဖော် တွေက..ပိုပြီး.. နက် ရှိုင်း သည်။ မိုးမိုး (အင်းလျား) ရဲ့ မိုးကျော် တို့ဘ၀ က တမျိုး.. `အမှတ်မရှိ ..လမ်းမရှိ..ကီလီဘောတံတား´ ထဲက.. ဘ၀ တွေ က..တမျိုး။ ကိုယ်တိုင် ပူးဝင် ရေးတဲ့ အရေးအသား။ အခု နောက်ပိုင်း..ဆရာမ စာအုပ်သစ် တွေ..ထွက် မလာ နိုင်တာ..အတော် နှမြော စရာ ကောင်း လှသည်။

မြနှောင်းညို

ပေဖူးလွှာ ထဲ မှာ..အခန်းဆက် စ ရေးခဲ့ တဲ့.. ..`အသဲပန်းမှာ..ဆူးတွေ နဲ့ ရယ်´ဆိုတာ ကို..အမ တွေ..အသဲ အသန် ပြော နေ ကြ တော့.. ကိုယ်က..ရှစ်တန်း ကျောင်းသူ မို့..ဆေးကျောင်း က..အချစ် ဇတ်လမ်း တွေ..သိပ် စိတ်မ၀င်စားခဲ့။ နောက်တော့..သူ့လုံးချင်း ၀တ္တု တွေ ကို.. ထွက်တာနဲ့..ရ အောင်..စာအုပ်ဆိုင်ရှင် ကို ..ဖားထား ရသည်။ လက် ထဲ ရောက်တာနဲ့..မောင်နှ မ တွေ.. တန်းစီ စနစ် နှင့် ဖတ် ခဲ့ ရ တာ..။ နှစ်ဆယ် ရာစု မျက် ရည်စက် များ ၀တ္တု ကတော့... သဘာဝ လွန် သားသမီး ယူခြင်း အကြောင်း ..အတော် စောစော မှာ ပင်..ဗမာ ပရိသတ် ကို ..မိတ်ဆက် ပေးနိုင် ခဲ့သည်။

ဂျူး

ပြောစရာ မလို အောင်.. နံမယ် ကြီး လှ ပါပေသည်။ သူ့နဲ့ အရွယ်တူ ၄၀ ကျော် ၀န်းကျင် များ က..စ လို့.. ယခု လက် ရှိ ဆယ်ကျော်သက် မိန်းမ ငယ်လေး များ ကြား ထဲ ထိ.. လက်ဘက် သုပ် နှင့် မြည်းစရာ တခု ဖြစ် သည်။ အတွေး အခေါ် ရေချိန် ခြင်း ညှိစရာ ပေတံ ဖြစ် နေ သည်။

ဘာပဲ ဖြစ်ဖြစ်.. အားလုံးပဲ..၁၃၇၀ ခု နှစ်..တန်ခူးလဆန်း ၁၃ ရက်နေ့မှာ..ကျရောက်တဲ့ မြန်မာ နှစ်သစ်ကူး မှ စလို့.. အကောင်းဆုံး တွေ မျှော်လင့် နိုင် ကြ ပါစေ လို့။


( နံမယ် များကို..ကြုံသလို စနစ် နှင့် စီထားခြင်း ဖြစ် ပါသည်။ အများအပြား..ကျန်ပါလိမ့်မည်။ အရှိန်ရ လာနေ သော.. စာရေးဆရာမ လတ်- ငယ် များ လည်း..ရှိပါဦးမည်။)


Share/Bookmark

5 Comments:

Anonymous said...

အဟား အကောင်းတွေကြီးပါပဲလားအစ်မရဲ့.. ဟဲ..
အမျိုးသားစာရေးဆရာတွေအကြောင်းလည်း လုပ်ပါဦး :)

Anonymous said...

နှစ်သစ်မှာပျော်ရွှင်ပါစေ။

ကိုပေါ said...

အင်း ဒီပို့စ်ဖတ်ရတာ ကိုယ့်အကြိုက်စာရေးဆရာတွေကို သတိရလာတဲ့အတွက် ကွန်မင့် အရှည်ကြီး ရေးလိုက်လေသတည်း။

လူထုဒေါ်အမာ

ဆယ့်နှစ်ပွဲဈေးသည်လည်း ဖတ်ရတာ ဒေသန္တရဗဟုသုတရရုံမက ဗမာဘုရားပွဲတွေ အကြောင်။နဲ့အတူ၊ ဗမာ့ရိုးရာယဉ်ကျေးမှု၊ လူနေမှုစရိုက်တွေကို တစေ့တစောင်းတွေ့မြင်နိုင်တယ်။

ဂျာနယ်ကျော်မမလေး

သူ့ခင်ပွန်း ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို ရေးထားသည့် “သူလိုလူ” အတ္ထုပ္ပတ္တိ စာအုပ်မှာ မြန်မာစာပေနယ်တွင် အင်မတန်ထင်ရှားသည်။ ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို ယခုအခါ စုစည်းပြန်လည်ထုတ်ဝေထားရာ ၀တ္ထုတိုင်းလိုလိုပင် လက်ကမချချင်လောက်အောင် ကောင်းလှသည်။ လူ့စရိုက်သဘာဝကို ( အထူးသဖြင့် အမျိုးသမီးတို့၏ စိတ်သဘာဝကို)ခြယ်မှုန်းရာတွင် အင်မတန် အနုစိတ်ကာ ပြောင်မြောက်လှသဖြင့် အမျိုးသမီးစာဖတ်ပရိသတ်အနေဖြင့် အထူးကြိုက်နှစ်သက်မည်မှာ ပြောဘွယ်ရာမရှိချေ။ နီးစပ်ရာ စာအုပ်ဆိုင်တွင် ပြေးဝယ်ဖတ်ဘို့ တိုက်တွန်းပါရစေ။

ခင် ဆွေ ဦး

အင်ကြင်းရဂုံစတဲ့ လုံးချင်းဝတ္ထုများကို ကြိုက်နှစ်သက်သော်လည်း ပေါက်ပေါက် ကို ဇာတ်ကောင်ထားသော ၀တ္ထုတိုများအပါအ၀င် ၀တ္ထုတိုပေါင်းချုပ်စာအုပ်မှာ ပေါ့ပေါ့ပါးပါးနှင့် အင်မတန် ဖတ်လို့ကောင်းလှသည်။ ကျနော့်မှာ အင်မတန်နှစ်သက်လှသော်လည်း ထိုစာအုပ်မှာ ယခု စာအုပ်ဆိုင်များတွင် ရှာမတွေ့။ မျောက်တကောင်နေရာက ခံစားရေးဖွဲ့ထားသည့် ဇေယျတု သဗ္ဗမင်္ဂလံ မှာ အင်မတန် ရယ်လည်းရယ်ရ၊ သနားစရာလည်း ကောင်းလှသည်။

မစန်းပွင့်

`ရွှေတိဂုံ ကို မြင်လျှင် ´ ဆိုတဲ့ စာအုပ်ကို မိုးမိုး(အင်းလျား) ရေးသည်ဟု ကျနော့်စိတ်ထဲ စွဲနေသည်။ ဟုတ်မဟုတ် မသေချာပါ။ ရွှေတိဂုံကို လှမ်းမြင်ရသော မြောက်ဥက္ကလာ၊ ဒလ စသဖြင့် ဆင်ခြေဖုံးများမှ သီးခြားဇာတ်ကောင် တဦးချင်း၏ ဘ၀များကို ရေးဖွဲ့ထားသည်ဟု ထင်သည်။ မိုးမိုး ရေးဘူးသော မြန်မာပြည်မှာနေကြသည် ဆိုသော စာအုပ်မှာ မြန်မာပြည်တလွှားမှ ဇာတ်ကောင်အသီးသီး၏ အကြောင်းကို ရေးပြီး ပေါင်းစုထားသောစာအုပ်ဖြစ်သည်။ သစ္စာစာကြည့်တိုက်တွင် အခမဲ့ ရယူနိုင်သည်။
မစန္ဒာ

ဝတ္ထုတိုများ အရမ်းကောင်းသည်။ ရေခဲခြစ်တို့။ စဉ်းစားကာနေရဦးမယ်တို့။ ၀တ္ထုရှည်မှာလည်း ဘ၀အိပ်မက် ပန်းအိမ်မက်သာမက ပန်းသီတဲ့ကြိုး ရုပ်ရှင်၏ မူလ၀တ္ထု ဖြစ်သော တိမ်ဖုံးပါလို့ လမသာ မှာ အင်မတန် မျက်ရည်ကျလောက်သည်အထိ ကောင်းလှပါသည်။

ခင်နှင်းယု

မွှေး…၀တ္ထု နာမည်ကြီး။ ၀ါးခယ်မနောက်ခံ။ အတွတ်တို့ မွှေးတို့။ အိန္ဒိယသွား ဆေးကုတာလည်းပါသည်။ တချို့က ခင်နှင်းယု ဘ၀ တစိတ်တပိုင်းလို့လည်း ပြောကြသည်။


မိုးမိုး (အင်းလျား)

မိုးမိုး (အင်းလျား) ၀တ္ထုတိုရှည်တွေရော လုံးချင်းတွေရော အကုန်ကြိုက်သည်။ မသုဓမ္မစာရီ၊ ညီမလေးကအချစ်ကို ကိုးကွယ်သတဲ့လား၊ ငြိမ်းကိုရှက်ပါ၊ မှတပါးအခြားမရှိပြီ။ ဟာ…အများကြီးပဲကျန်သေးတယ်။ ဆယ်တန်းအောင်ပြီး ကျောင်းတွေ ပိတ်ထားတော့ မိုးမိုးရဲ့ စာအုပ်တွေ အကုန်နီးပါးဖတ်ဖြစ်တယ်။ ၀တ္ထုတိုတွေလည်း ကြိုက်မှကြိုက်။
ဝတ္ထုတပုဒ်ထဲမှာ ရောဂါသည်ကောင်မလေး (မိတဆိုးလေး) တယောက်။ အိမ်မှာတယောက်တည်း အဖေကို စောင့်ရင်း ဟိုတွေးဒီတွေး တွေးတောပူပန်ရင်း ရောဂါဖောက်လာတဲ့ ၀တ္ထုလေးမှတ်မိသေးတယ်။ “ကျော်ထူးအောင်က လူကောင်းလေးပါဖေဖေ” ဆိုတဲ့ စကားလေးကိုလည်း သတိရမိ။

မြနှောင်းညို

အသည်းပန်းမှာ ဆူးတွေနဲ့ရယ် အခန်းဆက်ကတော့ အသည်းစွဲပေါ့ခင်ဗျာ။ ဇာတ်ကောင် “ဆု” (ဆုမြတ်လှိုင်) တို့၊ ကိုဆွေ (ကျော်ဆွေကို) တို့ ကိုလတ် တို့ အားလုံး ရင်ထဲမှာ ကျန်ခဲ့သလို ဇာတ်ရံတွေဖြစ်တဲ့ မင်းမော်တို့၊ နန်းဝါနွဲ့တို့၊ ဖရက်ဒီတို့ကိုပါ တခါတခါ သတိရသေးတော့။

ဂျူး

ငယ်ငယ်ကတော့ အမှတ်တရတို့ ရေမျောသီးတို့ကစလို့ လုံးချင်းတွေရော ၀တ္ထုတိုတွေရော အကုန်ကြိုက်။ အခုတော့ လုံးချင်းတွေ မဖတ်ချင်တော့ဘူး (စာဖတ်သူက အသက်ကြီးလာတာလည်း ပါပေသပေါ့)။ ၀တ္ထုတိုတွေတော့ အပြန်ပြန်အလှန်လှန် ပြန်ဖတ်ရင်း ကြိုက်နေဆဲပါ။

nu-san said...

လူနာ သတင်းလာမေးတဲ့အတွက်ကျေးဇူးပါ အမရေ..

မကေပြောပြထားတဲ့ တချို့စာရေးဆရာတွေ၊ စာအုပ်တွေ ဆိုရင် မဖတ်ဖူးဘူး။ မှတ်မှတ်ရရ စာအုပ်ဖတ်တတ်ခါစမှာ ဂျာနယ်ကျော်မမလေးရဲ့ “သူမ” စာအုပ်ကို စဖတ်ဖူးတာပဲ။ အဲဒီကတည်းက ဆရာမကြီးရဲ့ စာရေးဟန်ကို သဘောကျမိတယ်။ စာအုပ်တွေဆိုရင် တတ်နိုင်သလောက် ၀ယ်ပြီး သိမ်းထားနိုင်အောင် ကြိုးစားတယ်။ နောက်မျိုးဆက်တွေအတွက်.. မိုးမိုးအင်းလျားကိုလည်း ကြိုက်တယ်။ မစန္ဒာရဲ့ ဂျီဟောသူလည်း ဖတ်ချင်ပေမယ့် ဘယ်မှာမှ ရှာမရဘူး။ အခုထိ မဖတ်ဖူးသေးဘူး။ ရန်ကုန်ပြန်ဖြစ်ရင် မဖတ်ဖူးသေးတဲ့ စာအုပ်တွေ သွားရှာကြည့်ရဦးမယ် :)

Anonymous said...

အစ်မကေ..အဟောင်းတွေပြန်လှန်ရင်းက ဒီပိုစ့်ကို တွေ့ပါတယ်။
ဖတ်ပြီးတော့ စိတ်ခံစားမှုမျိုးစုံလဲရရဲ့လေ။
ဝမ်းနည်း။ဝမ်းသာ၊ဂုဏ်ယူ..အစုံပါပဲ
mirror