ဇူလိုင် ၀ိညဉ်


ဇူလိုင် လ သည်..ဘာရယ် မသိ..သူ့ဝိညဉ် ကို နိုး ထ လွန်း သည်။
ဇူလိုင် လ မှာ.. သမိုင်း တွင် တဲ့ နေ့ ကြီး တွေ ဖြစ် ခဲ့ လို့ များ လား..။
အထူး သဖြင့်.. ဆဲဗင်း ဇူလိုင် နှင့် ပတ် သတ်ရင်.. ဘာ မှန်း .ညာမှန်း သိပ် မသိ တဲ့ အရွယ် တည်း က ကို.. တခုခု ကို..မျှော် ငေး တတ် နေ ခဲ့ သည်။ အဲဒါ..နိုးထ လာ ဦး မည့်..ဇူလိုင် ၀ိညဉ် တွေ ကို များ လား။


သူ အပါ အ၀င်..ညီအမ ၃ ယောက် လုံး..ဇူလိုင် လ မှာ..မွေး ကြ သည်။ အမ တယောက် က ဆို လျှင်.. ဆဲဗင်း ဇူလိုင် နဲ့ကပ်ရပ်..ဇူလိုင် ၈ ရက်မှာ မွေး တာ ကို တောင်..ကြံဖန် ဂုဏ် ယူ တတ် သူ။ နောက် တယောက် က လည်း..အာဇာ နည် နေ့ မရောက်ခင်.. ဇူလိုင် ၁၈ မှာ မွေး သည် ။ အဲဒီ တော့ လည်း..ဇူ လိုင် ကို သူ ရင်ခုန် တာ.. ဘာ ဆန်း မလဲ နော်။

ဆဲဗင်း ဇူ လိုင် ဆို တာ က တော့..သူတို့ တွေ အတွက်..အိပ်ယာ ၀င် ပုံ ပြင် တွေ..။ ရေ နွေး ကြမ်း ၀ိုင်း မှာ..တမေ့ တမော..နားထောင် ရ တဲ့..ဇတ် ကြောင်း ပြန် တွေ..။ ဓါတ်ပုံ ဟောင်း တွေ ပေါ် က..အဖြူ အမဲ ရုပ်ပုံ လွှာ တွေ..။ ၀ါကျင်ကျင် ဒိုင် ယာ ရီ စာရွက် ပေါ် က.. ခပ်သော့သော့ မှင် စာလုံး တွေ..။

အဖေ ပြော တဲ့..မဲအခိုး ခံ ရ တဲ့.. မဲဗုံး ကြီး ကို လုယူပြေး ပြီး ခွဲ တဲ့ အကြောင်း တွေ..ကျောင်းသား သမဂ္ဂ ယူနီယံ ထဲက.. သီချင်း သံ တွေ..သူငယ် ချင်း တွေ..လုပ်ဖော် ကိုင် ဖက် တွေ..ဒဂုံ ဆောင်..သဟာ ယ နဲ့ စာဖတ် အသင်း အကြောင်း တွေ မှာ..နစ် မြော ပြီး..ကိုယ် တွေ ရောက် နေ တဲ့ ခေတ် ကြီး ကို တောင်..မေ့ လို့.... ။ အဖေ ..တမြတ်တနိုး ဆို လေ့ ရှိ တဲ့..` တပ်ဦး ကြွေး ကြော်သံ´ ဆိုတဲ့..သီချင်း လေး ကိုတောင်..သူ တို့အားလုံး..သံပြိုင် လိုက် ဆို နိုင် ခဲ့ ကြ တာ။


ရဲဘော် အပေါင်း တို့ရေ.. ခွပ်ဒေါင်းရဲဘော် အပေါင်း တို့ရေ..
ရာဇ၀င် ကဏ္ဍသစ်..တည် ဆောက် ကြ မယ်လေ...
ဒီမိုကရေစီ ပညာရေး စနစ်..အုတ်မြစ် ချ ရစ်ပေ...

သစ်မြစ် ပင်စည် ရှည်...ရှည်...
အဲဒါ..ကျောင်းသား..ကျောင်းသူ တိုင်းရဲ့..
ထာဝစဉ်..တာဝန် တရပ်....ပေ....

( ဟေ့..ရဲဘော်..ရဲဘော် အတွက်..
တပ်ဦး..တပ်ဦး ..လာပြီ..)၂


ဖေ..တပ်ဦး နဲ့ တကသ နဲ့ က..တူတူပဲလား.. လို့- စာမကြေ တဲ့ သင်ခန်းစာ တခု လို ထပ် မေး တုန်း က-

`အေး..တသား တည်း ပေါ့ကွာ.. တကသ ဆိုတာကြီးက..တကယ့် တက္ကသိုလ် အက်ဥပဒေ တွေ နဲ့ အညီ ဖွဲ့ထားတဲ့.. တက္ကသိုလ် ကျောင်းသားသမဂ္ဂ ကြီး..။ အစိုးရ အတွက်..ပါတီ တွေ ပြိုင် ကြ သလိုပဲ.. နှစ် တိုင်း..နှစ် တိုင်း.. တကသ ကြီး အတွက် လည်း..ကျောင်းသား အဖွဲ့တွေ ပြိုင် ကြ ရ တာပေါ့..အဲဒီ တုန်း က.. အစိုး ရ အရာရှိ..၀န်ကြီး ၀န် ကလေး တွေ ရဲ့ သားသမီး တွေ ရဲ့.. ဒီအက်စ် အို လို့ ခေါ်တဲ့.. Democratic Students Organization ခေါ် တဲ့ အဖွဲ့ က.. အစိုးရ နောက်ခံ ပေး ထားတော့..ထောင်ထောင် ..ထောင် ထောင် ပေါ့ကွာ... အဲဒီ တော့..ကြားထဲကနေ..ခု ခေတ် လိုပေါ့.. no- anti.. no -pro.. no-politics ဆိုတဲ့..သန့်ရှင်း အဖွဲ့ က..တခု..။ နောက်- တပ်ဦး ပေါ့ကွာ။ ပထမ တော့..တိုးတက် ဆို တဲ့ နံမယ်နဲ့..အနယ်အနယ် အရပ်ရပ် က..တိုင်းရင်းသား ကျောင်းသား တွေ အများ ဆုံး ပါ တာပေါ့ကွာ..။ နောက်တော့... ၅၄ ကနေ..တောက်လျှောက်.. သမဂ္ဂ ထဲ မှာ..အနိုင် ရ လာ ခဲ့တာ.. ယူနီယံ ကြီး ဒိုင်းနမိုက် နဲ့ ခွဲခံ လိုက် ရ တဲ့.. အဲဒီ ၇ ရက် နေ့ ထိ ပဲ ပေါ့ ..´

အမျိုးသား ပညာရေး တွေ..ပြုပြင် ဖို့..စုဆင် ဖို့...ဒို့..
တိုက်ပွဲ ၀င်မည်..
ဒီမို ကရေစီ ရရှိ ရေး...အသက်သွေး လှူမည်...
ယုတ်မာ တဲ့စနစ်ကို..အမြစ်ပါ လှန် မည်....
(အောင်ပြီ)၃ အောင်ပြီ..မုချ...ဒို့သာ အောင်မည်...

အဓိဌါန် တူညီ...ကျောင်းသား..ကျောင်းသူ တို့သည်..
ဘယ်တော့မှ..အနိုင် မခံ..အလံဖြူ မလွင့် လိုသည်..
တပ်ဦး ကြီး အလံ အောက်မှာ..စုဝေး...လို့တည်..
ညီရင်း အကို လို..မောင်ရင်း နှမ တွေ စုံစုံ ညီ..
အပြုံးချင်းလှယ်လက်ချင်းဆက်ကာညီညွတ်ဖို့သစ္စာပြုမည်
အရေးတော်ပုံအောင်ပါမည်…အရေးတော်ပုံအောင်ပါမည်…
ပန်းတိုင်း ပွင့် ရမည်..ကျောင်းတိုင်းဖွင့်ရမည်..

တပ်ဦး ကြီး အောင်လံ လွှင့်ကာ ချီ..
ဟေ့.... တို့အရေး တော်ပုံ….အရေးတော်ပုံ….အောင်ပါစီ...

( ဟေ့..ရဲဘော်..ရဲဘော် အတွက်..
တပ်ဦး..တပ်ဦး ..လာပြီ..)၂

ဘာရယ် လည်း မသိ။ ဒီ သီချင်း မှာ..၀မ်း နည်း ခြင်း..အားတက်ခြင်း.. နာကျည်းခြင်း ဆိုတဲ့..ဘာ မှ မဆိုင် တဲ့ ရသ တွေ ဆန့်ကျင် ပေါင်းစပ် နေ သလို ခံစား ရသည်။ ဒီ သီချင်း ကို..ရှပ်ရှင် သရုပ် ဆောင်..ဂီတစာ ဆို အကယ်ဒမီ မြတ်လေး က.. ရေးစပ် ခဲ့တာ။..ဂီတမှူး ကလည်း.. အဲဒီ အချိန် အခါက..တက္ကသိုလ် ကျောင်းသား တွေ နဲ့..တသားတည်း ရှိ နေခဲ့တဲ့..စန္ဒယား ချစ် ဆွေ..။ ဒါ တင်မက..တခြား အဖေ ဆို ညည်း လေ့ ရှိ တဲ့..မြတ်လေး ကြီး ရဲ့ `ပင်လုံ ထိပ်ထားဦး ´ တို့.. `ပြည် တွင်း ငြိမ်းချမ်းရေး´ တို့ .. နောက် ၁၉၆၀ ၀န်းကျင် က..တက္ကသိုလ် ကျောင်း ၀န်း ကြီး ထဲမှာ..ယစ်ယစ် မူး မူး..ရူးသွပ် ခဲ့ ကြ တဲ့..ဂီတ နက်သန် ကိုစော ငြိမ်း ရဲ့..အချစ် သီချင်း တွေ .. ကိုသန်းလှိုင် ရဲ့ သီချင်း တွေ ကို ..နှစ်သက် စွဲ လန်း ရင်း.. ခေတ်တ ခေတ် ဆီ မှာ..ရစ်သီ နေခဲ့ ပြန် သေး တယ်။ အဲလို နဲ့ပဲ..တက္ကသိုလ် မရောက်ခင်..တက္ကသိုလ် ကျောင်းသူ ကြီး တွေ ဖြစ် နေ ခဲ့ ကြ တယ်။ အရေးအခင်း မဖြစ်ခင် ကတည်းက.... အရေးတော်ပုံ ကြီး အကြောင်း သိ နေ ခဲ့ ကြ တယ်။ ဇူလိုင် ၀ိညဉ် တွေ တစိမ့်စိမ့် စီးဝင် ရင်း.. ဘယ်အရပ် ဘယ်ဒေသ က မှန်း မသိ နိုင် သေး တဲ့..တခြားတခြား သော ဇူလိုင် ၀ိညဉ် တွေ ကို..လေဟာ နယ် ထဲ မှာ..လိုက် ရှာ နေ မိ သလို လို။

တကယ့် တကယ်..ဇူလိုင် ၀ိညဉ် တွေ..ရင့်မာ မွေးဖွား လာ ပြန် တော့.. ဗမာပြည် ကြီး အတွက်.. အချိန် တန် ခဲ့ ပြန် ပြီ ပေါ့..တခါ။


အသစ်တဖန်ပြန်လည်မွေးဖွားခြင်း

`ဓါးကိုဓါးချင်း လှံကိုလှံချင်း
တုန့်နှင်းရမယ်´ ..ဒင်းပြောခဲ့တဲ့စကား
နားဝမှာကြားဆဲ..။
7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
ဒင်းလက်ချက်နဲ့
အသက်ထွက်ခဲ့ရတဲ့ကျောင်းသား
ရာပေါင်းများစွာတွေ
သေအံမူးခိုက်ကြိမ်စာတိုက်ခဲ့…။
ငမိုက်ကောင်ဒင်းတို့ကို
လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏..။
ဒင်းတို့ဖြိုချ ပြိုကျခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင်
ပြန်လည်တည်ထောင်ရတဲ့ဘဝ
ငါတို့ရကြပါစေ…။
ကမ္ဘာမကြေဘူးဟေ့..။
လွန်ခဲ့တဲ့အဖြစ်
(၂၆) နှစ် ခေတ်တခေတ်ကြာတဲ့အခါ
သူတို့တွေလူပြန်ဖြစ် မျိုးဆက်အသစ်နဲ့
သည်ခေတ်က ကျုပ်တို့ပဲဟေ့…။

ရင်သွေး(၁၉၈၈)


ခုတော့..အနှစ် ၂၀.. တခေတ် လည် ခဲ့ ပြန် ပြီ။ အောင်ပွဲ ဆိုတာ..တကယ် ရှိ လား..သိစရာ မလို ပါ။ အ ရှုံး ဆိုတာ ကရော..စိတ်ပျက်စ ရာ လား.. ပြန် ကြည့် မနေ ပါ နဲ့တော့။ တိုက်ပွဲ က သာ.. ဟောဒီ ရှေ့မှာ..။ မျိုးဆက် တွေ ကို လက်ဆင့် ကမ်း လို့.. အာရုံ အသစ် တွေ နဲ့.. ချပ်မိန် ညို တွေ ပြောင်း.. တောင်ကုန်း ဟောင်း ကို စွန့်ခွါ.. အသင့်ပြင်..နေရာယူ ။ အိမ် အပြန် ညနေ ခင်း တခင်း ရှိ ဖို့.. ယုံကြည် မူတွေ တော့..ခိုင်မာ ဖို့ လို ပြီ။


ခိုင်မာစွာ ယုံကြည်ခြင်း

မျိုးဆက်တွေလက်ဆင့်ကမ်း
တို့လမ်းကိုဆက်လျှောက်မယ်
တို့ပန်းတိုင် မရောက်သေး
မခြောက်သေးတဲ့ တို့သွေးတွေ
တို့ဆေးလိုက်လို့မဖြစ်..
မှန်ကန်ရာ ယုံကြည်လမ်း
ပုခုံးထမ်းလို့ လှမ်းစို့နော်..
ခေတ်တခေတ်ဖြတ်လို့ကျော်
နှစ်(၂၀) ကျော်နောက်တခေတ်
အသစ်သစ်တို့ ထပ်လို့ပေါ်…
ရေကိုကျော် ဓားနဲ့ဖြတ်
ပြတ်ချင်သာပြတ်သွားမယ်
စီးဆင်းနေတဲ့ ကျောင်းသားသွေး
ဝေးသွားပြီမမြင်လေနဲ့။
အေးသွားပြီမထင်လေနဲ့။

ရင်သွေး(၂၀၀၈)


ယုံကြည် ပါ တယ်..။ ကျောင်းသား တွေ ရဲ့ သွေး တွေ..ဝေးမသွားဘူး.. အေး မသွား ဘူး..ခဲမသွားဘူး ။ ဒါပေမဲ့..သွေး တွေ စဲ ပါတော့... နောက်ထပ် ..တစက် ဆို..တစက် မှ ထပ် မကျ စေချင် တော့ တဲ့ ဆန္ဒ ကို သာ.. ဗမာပြည် ကြီး ပေါ် မှာ ကျဲဖြန့် ခွင့် ပေးပါ။


ရင်သွေး ရဲ့ ကဗျာ ၂ပုဒ် ကို..ထပ်ဆင့် ခံစား ရင်း...


Share/Bookmark

7 Comments:

ATN said...

ဘယ်ဘလော့မှာမှ ကွန်မန့် မပေးတော့ဘူးလို့ စိတ်ထဲ ဖြစ်နေတာ။ မနေ့ကတော့ မနေနိုင်လွန်းလို့ ကိုဝေလင်း (စိတ်ကူးတေးသီ)ဆီမှာ ကွန်မန့်တခု ပေးခဲ့တယ်။ အခုလည်း ဒုတိယမ္ပိပေါ့ဗျာ။

စိန်ပန်းပြာနဲ့ဝေးသူရေ- သီချင်းကို တီးတိုးဆိုရင်းနဲ့ စိန်ပန်းပြာကို ကျောခိုင်းခဲ့ကြရသူတွေရဲ့ မျိုးဆက်မှသည် - ဝေးခဲ့ပြီပန်းခရမ်းပြာရေ-သီချင်းကို ညည်းဆိုရင်းနဲ့ ပန်းခရမ်းပြာကို တမ်းတနေကြရသူတွေရဲ့ မျိုးဆက်တိုင်သည်အထိ ပြည်တွင်းငြိမ်းချမ်းရေး၊ ပြည်သူ့ဒီမိုကရေစီရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး-အတွက် တိုက်ခဲ့ကြရတဲ့ တိုက်ပွဲတွေဟာ မဆုံးနိုင်သေးပါဘူး။

- အမှန်တရားဆိုတာ ရှုံးနိမ့်ခဲ့ဖူးပါတယ်လို့ ရာဇ၀င်မှာ သင်တို့ ကြားခဲ့ဖူးပါသလား- ဆိုတဲ့ ဖြေစရာ မလိုအပ်တဲ့ မေးခွန်းတခုလိုပါပဲ။ လက်ဆင့်ကမ်းတိုက်ခဲ့ရတဲ့ တိုက်ပွဲတွေဟာ မျိုးဆက်တွေ များချင်လည်း များပါလိမ့်မယ်။ အဆုံးတနေ့ကျတော့ အောင်ပွဲခံရမှာ အသေအချာပါပဲ။

The Longest Day - အရှည်ကြာဆုံးနေ့ကို ကျနော်တို့ အားလုံး ရင်ခုန်နေကြတာပါ။ အဲဒီအရှည်ကြာဆုံးနေ့က အရောက် နောက်ကျနေတာ ဖြစ်ကောင်းဖြစ်နိုင်သလို ကျနော်တို့က ဆန္ဒတွေ စောနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် အမိမြန်ပြည်ကို ချစ်တတ်ကြသူတိုင်းရဲ့ ရင်ထဲမှာ ဇူလိုင်ဝိဥာဉ်က နှလုံးအိမ်နဲ့အတူ လှုပ်ခုန်နေတယ်ဆိုတာ - နားရှိသောသူမည်သည်ကား ကြားပါစေ-ဗျား။

မျိုးဆက်အားလုံး လျှောက်ခဲ့ကြရတဲ့လမ်းကတော့ ခရေပန်းတွေ မွှေးလျက်ကြွေနေတဲ့လမ်း မဟုတ်တဲ့ သွေးစက်တွေပေနေတဲ့လမ်းပါပဲ။ အဲဒီလမ်းကို နောင်တော်တွေ ညီတော်တွေနဲ့အတူ ကျနော်လည်း လျှောက်ခဲ့တယ်။ နောက်ထပ်လျှောက်နေကြသေးတဲ့ လျှောက်နေကြဦးမယ့် ညီတော်တွေရဲ့ အရိပ်အရောင်တွေကိုလည်း တွေ့နေ မြင်နေရသေးတယ်။

အရိုးသားဆုံး စိတ်ထဲမှာတော့ သွေးစက်တွေခင်းထားတဲ့ လမ်းပေါ်မှာ နောက်ထပ် ဘယ်သူ့ကိုမှ လျှောက်နေတာ မတွေ့ချင် မမြင်ချင်တော့ပါ။

မကေလိုပဲ ထပ်တူညီတဲ့ ဆန္ဒတခုကို အမိမြန်မာပြည်ကြီးပေါ်မှာ ကျနော့်ကိုလည်း ကျဲဖြန့်ခွင့်ပေးပါ။

မျက်ရည်စိုလျက် ပျိုးကို ရိတ်သူတို့ ပျော်ရွှင်နိုးထ သိမ်းရိတ်ရစေသော်ဝ် - အာမင်။

တန်ခူး said...

ဇူလိုင်မှာမွေးတဲ့ သွေးမို့ ထင်တယ်..ရဲရဲနီလို့ …
မကေတို့  ညီအမတွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ဖွယ် မွေးနေ့ ဖြစ်ပါစေလို့ …
ဇူလိုင် ၀ိညဉ်ရဲ့ အားထုတ်မှုနဲ့  ဇူလိုင်နှလုံးသားကို လေးစားအားကျလျက်ပါ…

diLo said...

sis yae.
me cant write alot of comments but..
i just want say..wow!u can write lots..so so much :P
heee

Anonymous said...

ကဗျာ ၂ ပုဒ်ကို ပိုပြီးပီပြင်သွားအောင်
ထပ်ဆင့်ခံစား ရေးဖွဲ့ပေးတာ ကျေးဇူးပါ

Dr. Yi Yi Win said...

အစ်မကေ..စာတွေဖတ်သွားပါတယ်။ ဇူလိုင်မှာမွေးတဲ့ ကျွန်မရဲ့ သမီးအငယ်မကတော့ အ
တော်ကို စွာတာပဲ။

Anonymous said...

I think while Gen. Ne Win's junta (predessor of BSPP) did wrong to demolish the union building. That union was undeniably under the influence of UGs. To make things worse, they were barriers and blocks for the progress in the quality of educating and teaching at the universities. For example they have blocked such fair rules that a student will be expelled if failed to complete degree in more than a decade. Junta is and was evil but so are and were communists.

Yan said...

ရင်သွေးရဲ့ ကဗျာလေးနှစ်ပုဒ်ကလည်းကောင်း၊ မကေရဲ့ ခံစားရေးဖွဲ့ချက်လေးတွေကလည်း ပီပြင်တော့ ပို့စ်လေးပြီးသွားတာတောင် ဆက်ဖတ်ချင်နေတုန်းပဲဗျာ.

နောင်ကိုလည်း သမိုင်းနဲ့သက်ဆိုင်တာလေးတွေကို အလျဉ်းသင့်သလို ရေးသားဖော်ထုတ်ပေးပါဦး အစ်မရေ...

ခင်မင်လေးစားလျက်

ရန်အောင်