ဂါဇာအတွေး

ဒီနေ့ မိုးလင်းတော့..စာကြည့်ခန်းထဲက..ပြတင်းကို မဖွင့်ပဲ.. ဧည့်ခန်းထောင့်က.. ပြတင်းကို.. ရမုဒ် ကွန်ထရိုး နဲ့ ဖွင့်လိုက်တယ်။

CNN

ကောင်းကင်တခုလုံး..မီးပန်းမီးရှုးတွေ အပြည့်..။ နှစ်သစ်ကူးတဲ့..အပျော်မီးတွေလား.... ဘယ်တော့မှ..စိတ်သစ်မကူးတဲ့.. လောင်တိုက်ရန်မီး တွေလား...။ မီးတွေကတော့..ကောင်းကင်တခွင်တပြင်လုံး။ အဲဒီ တောက်ပတဲ့ကောင်းကင်အောက်မှာပဲ..လူတွေ..4--3--2--1 လို့ ရီတွက်ရင်း..နှစ်တနှစ် ကို ကြို ဆိုကြတယ်..။ အဲဒီ လောင်မြိုက်နေတဲ့ ကောင်းကင်ကြီး အောက်မှာပဲ.. စစ်သားတွေ.. 4--3--2--1-- လို့..ရီတွက်ရင်း..နောက်ထပ် ရော့ကတ် တလုံး ..ပြစ်လွှတ်လိုက်ပြန်တယ်။ သန်းနဲ့ချီတန်တဲ့..ရော့ကတ်အလုံး ၅၀၀ ပြစ် တော့..လူ ၅၀၀ သေ သတဲ့လား။ ဒါဆို--လူတယောက်သေဖို့..တသန်းကုန်ကျတယ်ပေါ့။

GAZA

ဂါဇာမှာ- သူမှားတယ်..ငါမှားတယ်။ သူအရင်ပြစ်လို့..ငါ ပြန်ပြစ်တယ်။ သူတို့ပိုင်တာ မဟုတ်..ငါတို့ပိုင်တာ။ သူတို့ဘုရားမဟုတ်.. ငါတို့ဘုရား- အငြင်းပွားခဲ့ကြတာ..အဲဒီ အရိုးတွေနဲ့..အဲဒီ အမုန်းတွေ အမျှပေါ့။ တကယ်တော့..cease fire ဆိုတဲ့စကား ကိုက.. အဓိပ္ပါယ် ချို့တဲ့ နေခဲ့ပြီးသားပဲ။ ခုမှ ဒီစကားလုံး အပေါ်မှာ..ထပ်ပြီး အဓိပ္ပါယ် ကင်းမဲ့အောင် လုပ်မနေကြပါနဲ့တော့။

CHRISTIANE and LIVNI

အရွယ်တူ..ဆိုက်တူ..ဂိုက်တူ..မိန်းမ ၂ယောက်..အပြန်အလှန် မေးမြန်းပြောဆိုနေတာကိုကြည့်ရင်း..သူတို့ ရင်ထဲကို အတိုင်းသား မြင်နေရတယ်။ မိန်းမတွေသာ..ကမ္ဘာကြီးကို..တစိတ်တပိုင်း ၀င်ရောက် ကွပ်ကဲနိုင်ရင်..ကမ္ဘာကြီး နဲနဲ များ ပို ငြိမ်းချမ်းလာမလား လို့..မျှော်လင့်ကြတယ်။ CNN သတင်းထောက် CHRISTIANE AMANPOUR က သူ သတင်းအစီအစဉ်ယူနေကြ.. ကမ္ဘာ့လူသတ်ပွဲ ကြီး တွေထဲက.. လတ်လတ်ဆတ်ဆတ် လူသတ်ပွဲ ကြီး အတွက်.. ရင်ထဲမှာ ပျို့အန်နေပုံရတယ်။ ၅ ယောက် နဲ့ ၅၀၀ အချိုးမညီ တဲ့..လက်တုန့်ပြန်မူ အတွက်.. မေးခွန်းထုတ်တယ်။ အစ္စရေး နိုင်ငံခြားရေး ၀န်ကြီး LIVNI က လည်း..သူ့နဘေးက..သူ့အရင်က..ခေါင်းမာမာ အဘိုးကြီး တွေ ထက်တော့..လျော့မည့်ပုံ မပေါ်။ ပါးလျ ခက်ထန်လှတဲ့..သူ့နှုတ်ခမ်းထောင့် က.. determined ဆိုတဲ့..စကားလုံးပဲ..ထပ်ကာ ထပ်ကာ..ထွက်ကျလာနေတယ်။

DIPLOMACY

ဒစ်ပလိုမေစီ ဆိုတာ.. တကယ့်အနက်က..ဘာလဲမသိ..။ အခုအတိုင်း မြင်နေ..နားလည်နေရတာတော့.. လှည့်ဖျားပြောဆိုခြင်း..ဥပါယ်တံမျှင်ဆောင်ရွက်ခြင်း.. ပြသာနာတခုကို ရွှေ့ဆိုင်းခြင်း.. ထက်ပို ပြီး ဘာမှမတွေ့မိသလို။ ဘာပဲဖြစ်ဖြစ်..တကမ္ဘာလုံးက..သံတမန်တွေ..လေယဉ်တွေပေါ် တက်လို့..ကတိုက်ကရိုက် ဦးတည်သွားနေကြပြီ။ အမေရိကန်မှာတော့..လောလောဆယ်ဆယ် power vacuum ဖြစ်နေသတဲ့။ ဘုရားသခင်ကလည်း ..သူ့လူမျိုးတော်တွေကို စောင့်ရှောက်ရင်..ကောင်းချီးပေးမယ်လို့..မှာခဲ့သတဲ့။ ဒါက ပြသာနာရဲ့ အဖြေ မဟုတ်ဘူးလို့..လည်း လူတိုင်းက ပြောနေကြတယ်။ ကိုယ်လည်း..အဲလိုပဲ..သံယောင်လိုက်နေမိတယ်..။ ဒါဆို ပြသာရဲ့ အဖြေက..ဘယ်မှာတဲ့လဲ။ Diplomacy ပဲလား။ cease fire ပဲလား။ နောက်တခေါက် အဲဒီလို အကြီးအကျယ် မဖြစ်သေးသရွေ့..အချိန်ရွှေ့..ခဏနား ရအောင်ပဲလား။

++++++

လူတွေ ပြေးလွှားနေကြတယ်..ငိုညည်းနေကြတယ်.. အံသွားကြိတ်ခဲ ကြတယ်..။
လူတွေ..သတ်ဖြတ်ကြတယ်..ညှင်းဆဲရက်တယ်..ရက်စက်နိုင်တယ်။
လူတွေ..စေ့စပ်ရတယ်..ညှိုနှိုင်းပေးတယ်..တာဝန်ယူတတ်တယ်။
လူတွေ ပျော်ရွှင်ကြတယ်..မသိဟန်ဆောင်ကြတယ်.. ကိုယ့်ထိမှ သိကြတယ်။
လူတွေ မညီညွတ်ကြဘူး .. ငြင်းခုံကြတယ်.. ငြိမ်းချမ်းစွာ ကွဲလွဲဖို့ ကြိုးစားနေတုန်းပဲ။
ကမ္ဘာကြီးက..သူ့ကျောပေါ်က..လူတွေကို..စိတ်ညစ်နေခဲ့တာ ကြာပြီ။

စိတ်ညစ်လို့..အရက်ကို သောက်တယ်.. အရက်သောက်တော့..စိတ်ပိုညစ်တယ်။
အဲဒါနဲ့..ကမ္ဘာကြီးလည်း.. ၂၃ နှစ်ပိုင်း တပိုင်း ..အမြဲတမ်း မူးယိုင်နေတော့တာပါပဲ။




Share/Bookmark

18 Comments:

Anonymous said...

ဟုတ်တယ်..မကေသွယ်ရေ..။ တွေးကြည့်ရင် ကောင်းတာတစ်ခုမှရှာတွေ့မှာမဟုတ်ဘူး။ ဘာလို့များမငြိမ်းချမ်းချင်ကြသလဲမသိ။ ကမ္ဘာကြီး ဒီထက်ရေရှည်ခံနိုင်ပါ့မလားပဲ စိုးရပါရဲ့ဗျာ။း(

ဇင်ယော် said...

အမုန်းတရားတွေအတွက် ဒေါ်လာတွေ သန်းချီပြီး အကုန်အကျခံကြတယ်။ မေတ္တာတရားအတွက် အဲဒီလောက်သာ အကုန်အကျခံလိုက်ရင် ဒီကမ္ဘာမြေမှာ ဒီထက်ပိုပြီး လှပနေမှာပဲ။ ခုတော့ သူ့ ခမျာ ၂၃ နှစ်ပိုင်း တပိုင်း စောင်းပြီး မူးလို့ ကောင်းတုန်း။

TZA said...

ကြိုက်တယ်ဗျာ၊ ဟားမာ့စ်ကလည်း အစ္စရေးကို ရန်စနေတာ ကြာပြီထင်တယ်၊ ဟိုက မနေနိုင်တော့ ထသတ်ကြတာ၊ နှစ်သစ်ကို ဒီလိုကြိုဆိုကြတာကလား။

ATN said...

အမှန်အမှားကို ခဏထားပါဦး...
အရင်ဆုံး သေကြေကြရတာကတော့ ထုံးစံအတိုင်း မြေဇာပင်တွေပါပဲ... အမုန်းကြောင့် ဖြစ်သော စစ်ပွဲများ လို့ပဲ... ပြောရမလို ဖြစ်နေပါပြီ...

အမှန်တော့ ဖအေတူမအေကွဲတွေ သတ်နေကြသလိုပါပဲ...

pandora said...

world peace, world peace :(

Anonymous said...

နှစ်သစ်မှာ လူပေါင်းများစွာ အသက်သေကြတဲ့ ဂါဇာနဲ့ ထိုင်းကကလပ်ကို ဘယ်တော့မှမမေ့နိုင်အောင်ပါပဲ။ အားလုံးငြိမ်းချမ်းကြပါစေဗျာ

PAUK said...

ကိုအောင်သာငယ်ပြောသလိုပဲ..
အမုန်းကြောင့် ဖြစ်သော စစ်ပွဲတွေ..
စိတ်မကောင်းဘူးးး

JulyDream said...

ရွာသားလေး (၀ိုင်တီယူ)ရေ...

ထိုင်းက ကလပ်မှာ သေတာကို သိပ်ပြီး အာရုံမစိုက်ပါဘူး။ စစ်ပွဲမှာ သေရတဲ့သူပဲ ပိုပြီး ဂရုစိုက်မိတယ်။ သေရတာခြင်း အတူတူ ထိုင်းက သေတာတွေကို မသနားမိဘူးဗျ။

JulyDream said...

မကေ ရေးထားတဲ့ပုံလေးကို သဘောကျတယ်။ ဧည့်ခန်းထောင့်က ပြတင်းပေါက်ကို ရီမုဒ်နဲ့ ဖွင့်လိုက်တာ CNN ကြီးပေါ်လာတယ်။ ရှယ်ပဲ။

Anonymous said...

Craton - ဇင်ယော်- ဒီလိုပဲ..တခါတခါ-လောကကမ္ဘာကြီးရဲ့ ကမောက်ကမေ၀၀ါးမူတွေ ပေါ့။
ဒီကိုလာသွားတဲ့..TZA - ဟုတ်တယ်..ဟားမာစ်ကလဲ..မားစ်ပဲ။ ခုတော့..စားပွဲအောက်က..ခြေထောက်နဲ့ ထိုးတာလူမသိဘဲ..စားပွဲပေါ်က..မျက်နှာလက်သီးနဲ့ထိုးလို့..၀ိုင်းဆွဲရသလိုဖြစ်နေတာပေါ့။
ကိုအောင်သာငယ်- ပန်ဒိုရာ- ပေါက်- သေချာတာပေါ့..အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ။ ရာဇ၀င်ကြွေးများ။ ဘုရားသခင် ဒိုင်စားသော ကြွေအံပွဲများ။ ကမ္ဘာ့ငြိမ်းချမ်းရေး ဆိုတာ..အလံပေါ်မှာ စာတမ်းထိုးပီး..အိမ်မက်မက်နိုင်ရင်ပဲ..တော်ပါပီ။
ရွာသားလေး နဲ့ ဇူလိုင်- လူတွေကတော့..နည်းအမျိုးမျိုးနဲ့.. ပျေက်ကွယ်နေရတာပါပဲ။

Kaung Kin Ko said...

ဟုတ်တယ် အစ်မရာ။ ရစ်ဇက်ရာဘင်လို ပျော့ပျောင်းတဲ့ လူကျပြန်တော့လည်း ခေါင်းမာတဲ့ လူတွေက လုပ်ကြံပစ်ကြ၊ ဟိုဘက်ကလည်း ခေါင်းမာတဲ့ ဟားမားစ်တွေက မဲပိုရ ၊ ငါးယောက်အတွက် ငါးရာကို လက်စားချေ၊ ငါးရာအတွက် ငါးထောင်က အမုန်းတွေပွါး၊ ကမ္ဘာကြီးလည်း ဒီလိုနဲ့ ပဲ သံသရာ လည်နေတော့တာပဲ။

Moe Cho Thinn said...

grade သာရှိရင် ဒီပို့စ်အတွက် အမြင့်ဆုံး grade 5 ပေးလိုက်မှာပဲ ကေ..

RePublic said...

ဂါဇာ အရေး ကိုအမြဲအာရုံစိုက်နေမိတယ် ၊၊လှည့်ကွက်တွေ အများသား အစ်မကေ ၊၊ ပြည်သူတွေအတွက်သာ သနားမိပါတယ်၊၊

ဆောင်းယွန်းလ said...

ဒစ်ပလိုမေစီ ဆိုတာ.. တကယ့်အနက်က..ဘာလဲမသိ..။ အခုအတိုင်း မြင်နေ..နားလည်နေရတာတော့.. လှည့်ဖျားပြောဆိုခြင်း..ဥပါယ်တံမျှင်ဆောင်ရွက်ခြင်း.. ပြသာနာတခုကို ရွှေ့ဆိုင်းခြင်း.. ထက်ပို ပြီး ဘာမှမတွေ့မိသလို။
ဒီအဆိုကိုအပြည့်အဝလက်ခံတယ်မကေရေ..
ကမ္ဘာကြီးရဲ့အလိုတော်အတိုင်း ကျနော်တို့တတွေလည်း
အမြဲတမ်း၂၃နှစ်ပိုင်းတစ်ပိုင်းမူးယိုင်ယိမ်းထိုးလဲပြို
အော်ဟစ်ငိုယို နာကျင်သက်ပြင်းချ...ရှုပ်ကုန်ပါပြီဗျာ..
ခင်မင်တဲ့...
ဆောင်းယွန်းလ

မမသီရိ said...

မိန်းမတွေသာ..ကမ္ဘာကြီးကို..တစိတ်တပိုင်း ၀င်ရောက် ကွပ်ကဲနိုင်ရင်..ကမ္ဘာကြီး နဲနဲ များ ပို ငြိမ်းချမ်းလာမလား လို့..မျှော်လင့်ကြတယ်။
..............................
ဘာလို့ လဲ...
ကမ္ဘာ ကြီး ကို.. အုပ်စိုးတာ..
မိန်း မပဲ ဖြစ်ဖြစ် ...ယောင်္ကျား ပဲ ဖြစ်ဖြစ်..
လူသား ဆန် တဲ့ ..
နှလုံးသားရှိ တဲ့ လူ စစ်စစ် တွေ ကွပ်ကဲ ရင်...
နေရာ တစ်ကာ ငြိမ်း ချမ်း မှာ ပဲ လေ...မကေ ..ရေ..
...အတွေး ပွား စရာ... ပို့စ် လေး တစ်ခု ပါ...

Saing Khan Tun said...

link ယူသွားတယ်ဗျ ..

Anonymous said...

ဟုတ်တယ် ကောင်းကင်ကို ရစ်ဇက်ရာဘင် လို လူမျိုးတွေ အတွက်..ကမ္ဘာကြီး ငိုကြွေးရမယ်။

မချိုသင်း..ကိုကြီးဝီ..ကိုဆောင်းယွန်းလ-
ဒီလိုပါပဲလေ.. လောကကြီးက.

မမသီရိ- ပြောတာလဲ မှန်မှာပါ။ အမျိုးသမီးတွေနဲ့ အမျိုးသားတွေ..စိတ်နေ ကွာခြား တာတော့.. အသေအချာပဲလေ။ မျှော်လင့်ကြတာပါ။

littlebrook said...

ကျွန်တော်တော့ အင်္ဂလိပ်တွေကို မုန်းတာပါပဲ.. နယ်ချဲ့စနစ်ကိုမုန်းတာပါပဲ အိန္ဒိယကိုနှစ်ပိုင်း ၊ ပါလက်စတိုင်းကို နှစ်ပိုင်း.. သမိုင်းမှာ လက်သည်တရားခံက အင်္ဂလိပ်ပဲ... တခါတေလေတော့လည်း
အမုန်းတရားက ရှေ့ဆက်နိုင်တယ့် အကြောင်းတရားလို့
ယုံကြည်လာတဲ့အထိ... ဒါကောင်းခြင်းမဟုတ်မှန်းတော့သိပါတယ် ပို့စ်လေးက လေးလေးနက်နက်လေး ကျေးဇူးပါ အမကေ