လွတ်လပ်ခြင်း အလှ






လွတ်လပ်ရေးနေ့ အတွက် ခံစား ပါသည်။


Share/Bookmark

7 Comments:

mirror said...

အပြာသည် ငြိမ်းချမ်းခြင်းလား။
လွတ်လပ်ရေးသည် ငြိမ်းချမ်းခြင်းလား။
ဥာဏ်မှီသလောက်တွေးရင်းပဲ မြန်မာ့လွတ်လပ်ရေးနေ့မှာ မြန်မာတွေတကယ် ငြိမ်းချမ်းရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်။
(ညီမ အတွေးချော်သွားခဲ့ရင်ခွင့်လွှတ်ပါ အစ်မကေ)

လေးစားခင်မင်လျက်

Anonymous said...

လှတယ်မကေ။ ဓာတ်ပုံရိုက်တဲ့သူတော်လို့။း)အဲဒီရိုးစင်းလွတ်လပ်တဲ့ သဘာဝအပြာကို သိပ်ချစ်တယ်။

Anonymous said...

လွတ်လပ်ခြင်းဆိုတာ သဘာဝတရားမှာပဲ အပြည့်အ၀ရှိမယ်ထင်ပါရဲ့လို့ ဓါတ်ပုံလေးတွေကိုကြည့်ရင်း စဉ်းစားမိတယ်။ လူတွေမှာတော့ အစွဲအလမ်း အနည်းနဲ့အများမို့ လွတ်လပ်မှုကလည်း အကန့်အသတ်နဲ့ဖြစ်ကြရ။ ဆက်စဉ်းစားဖြစ်တာက လွတ်လပ်မှုက အပြင်ကလာတာလား၊ အတွင်းကလာတာလား။ တိုင်ထိပ်ပေါ် အလံကလေးတလက်တင်နိုင်ဖို့ အသက်သွေးချွေးပေါင်းများ ရင်းနှီးခဲ့ရတယ်။ မိမိတို့အတွင်းစိတ်ရဲ့ အစွဲတွေထဲက ရုန်းမထွက်နိုင်တော့ အဲဒီအလံကို သွေးတွေစွန်းပေစေခဲ့တယ်။ လွတ်မြောက်ရေးဆိုတာ ကိုယ့်စိတ်နှလုံးထဲက အခက်ခဲဆုံး ခရီးရှည်ကြီးတခုပါပဲဗျာ။

ဆောင်းယွန်းလ said...

မကေ.
ပင်လယ်ပြင်ကြီးနဲ့ကောင်းကင်ပြာကြီးကသူ့သဘာ
အတိုင်းလွတ်လပ်ပြီးသားပါ.ဒါကိုလူတွေကကိုယ့်ကိုယ်ကျိုးအတွက်သဘာဝတရား
ကြီးကိုတောင်အမြတ်ထုတ်ချယ်လှယ်နေကြတယ်
မဟုတ်လား..
.သဘာဝတရားကြီးကိုချုပ်ခြယ်တာထက်
လူအချင်းချင်းချုပ်ခြယ်မှုတွေကြောင့်ကျနော်တို့နိုင်ငံသား
တွေဟာကိုယ့်နိုင်ငံရဲ့အလှတရားတွေကိုတောင်မကြည့်
အားကြဘူး။ကြည့်ဖို့အခွင့်အရေးလည်းမရှိတာကြာပြီ.
ခါးသက်မှုနာရီတွေအမြန်ဆုံးကုန်ဆုံးပါစေလို့ဆုတောင်း
နေရတဲ့နှုတ်တွေတောင်ညောင်းလှပေါ့ဗျာ..

Anonymous said...

ကျယ်ပြောတဲ့
ကောင်းကင်ပြင်ကိုဘယ်သူမှ
မပိုင်ဘူး
အားလုံးနဲ့ဆိုင်တယ်
ပျံမယ်
ဝဲမယ်
ခိုနားမယ်
ဝေဟင်မှာ
ထင်တိုင်းကြဲမယ်
ငှက်ငယ်တစ်ကောင်လို...

Anonymous said...

ကောင်းကင်မှာ လွတ်လပ်စွာ ပျံဝဲနေတဲ့ ငှက်ကလေးကို အားကျတယ် ။

ဇင်ယော် said...

ကောင်းကင်ပြာနဲ့  ပင်လယ်ပြာရဲ့ လိုက်ဖက်တဲ့ အလှ၊ ပြီးတော့ အပြောကျယ်တဲ့  ကောင်းကင်မှာ လွတ်လွတ်လပ်လပ် ပျံဝဲနေတဲ့ ဇင်ယော်ငှက်တွေ၊ ဓါတ်ပုံလေးတွေ ကြည့်ပြီး လွတ်လပ်တဲ့  အရသာကို ခံစားသွားတယ် အမ်မရေ။ ပျံချင်တိုင်းပျံ၊ မောရင် လေဟုန်စီး၊ စားသောက်စရာအတွက် ပင်လယ်ပြာပြာထဲမှာ ခုန်ဆင်းရှာဖွေလိုက်ရုံပဲ။ သူတို့ ရဲ့ လွတ်လပ်ပုံမျိုး အားကျမိပါရဲ့။