မိုးမလင်းမီ ရွာလမ်း


တို့ရွာလမ်းလေးက
အဲဒီညမှာ
ပြဇတ်ဆန်ဆန်ရီဝေ
ညကားလိပ်ကြီးတွေချလို့။

ဘယ်တော့မှအစာမ၀တဲ့
တောခွေးတအုပ်ရဲ့ 
သားကောင်ကိုအရေဆုတ်သံ။

တတောလုံးမင်းမူနေတဲ့
အနှစ်မဲ့ကြက်ဆူတွေရဲ့ 
လက်ဝါးချင်းရိုက်သံ။

အမှောင်ကိုတိုး
အမှောင်ကိုထိုးဖောက်နေရသူတွေမှာ
ဘယ်အချိန်
ဘယ်နေရာက
ထပေါက်မယ်မှန်းမသိ
မြေမြှုပ်မိုင်းဘဲထိမလား။

မမြင်ကွယ်ရာက
မှန်းဆလို့ရနေတဲ့
အန္တရာယ်ကင်းပုန်းတွေကလဲပြည့်လို့။

တို့ရွာလမ်းမှာ
ဆရာညိုနွဲ့
ဆိုခဲ့သလို
လရောင်လဲမဆမ်း
ဒဂုန်တာရာရဲ့ ဆိတ်ဖလူးပန်းရနံ့တွေဘဲ
ရွာလုံးပျံ့ လို့။

လျှောက်စမ်း
ဆက်လျှောက်စမ်း
လမ်းရှိတယ်ဆိုတဲ့
အသိနဲ့ဘဲ
ရဲရဲရှေ့ တိုး
မိုးတော့လင်းဦးမှာပါ။ ။

(နီဇူလိုင်)



Share/Bookmark

13 Comments:

mirror said...

မိုက်တယ်ဗျာ....ဆိတ်ဖလူးနံ့လေးတွေကို သင်းလို့ :)

ကိုချစ်ဖေ said...

လမ်းက ရဲရဲတိုးနေသူတွေ အတွက် ရှိပြီး ရောင်နီက ကြိုနှင့်မှာပါ.မိုးမလင်းသေးမီ ရွာလမ်းလေးထဲ
ဆိပ်ဖလူးနံ့ လန်းလန်းဆန်းဆန်းများ ရှုရှိုက်သွားပါတယ်.

ကိုအောင် said...

တောခွေး ဟုတ်မယ် မထင်ဘူး ... လင်းဒတွေ၊
ကဗျာလေး အရမ်းကောင်းပါတယ် ဖတ်ခွင့်ရတာ ကျေးဇူး။

Rita said...

essay ထင်လို့ လာဖတ်တာ။

ATN said...

သရုပ်မှန် ကဗျာကောင်းလေးပါပဲ...

Nge Naing said...

ကျွန်မလည်း စကားပြေထင်ပြီး ရောက်လာတာ ကဗျာဖြစ်နေတယ်။ ကဗျာလည်း ဖတ်လို့နားလည်တဲ့ ခံစားမှုနဲ့ တိုက်ဆိုင်တဲ့ ကဗျာဖြစ်နေလို့ ကျေးဇူးတင်ပါတယ်။

နွေဆူးလင်္ကာ said...

မိုးတော့ လင်းဦးမှာပါ အစ်မရေ ..

Anonymous said...

ကဗျာဖတ်ပြီး ရင်ထဲမချိ...

Unknown said...

Love the poem! Hope a good morning will come shortly!

SHWE ZIN U said...

စိတ်ကူးထဲမှာတော့ ဆိတ်ဖလူး တမာ ညမွှေးပန်း
ဧကရာဇ် ရနံ့မျိုးစုံ သင်းထုံတဲ့ အေးချမ်းသာယာတဲ့ ရွာလမ်းလေးပါ
လက်တွေ့ကတော့ ဂေါ်ဇီလာ ဂျမ်ဘို စပိုက်ဒါ ရနံ့မျိုးစုံ နံစော်ပြီး အော်ဂလီဆန်စရာကောင်းတဲ့ သွေးစုပ်ကောင်တွေနဲ့ ရင်ဆိုင်နေရတဲ့ဘ၀တွေပါ ကေကေ ရာ

Moe Cho Thinn said...

တရွာလုံး ဆိတ်ဖလူးရနံ့တွေ သင်းသတဲ့လား... :(

Eaindra said...

ဆိပ်ဖလူးပင်တွေ ရွာထဲမှာလာပေါက်တာမဟုတ်ပဲ
ဆိတ်ဖလူးပင်ရှိရာကို ရွာသားတွေရောက်သွားကြရတာ..

သိပ်ကောင်းတဲ့ ကဗျာလေးပါ မကေ ရေ

ချစ်ခင်စွာ

အိန္ဒြာ

အင်ကြင်းသန့် said...

မကေရေ...
မျက်စိထဲမှာ တကယ့်ကို ပေါ်လွင်စေပါတယ်
ကဗျာကောင်းလေးပါပဲ

ခင်တဲ့
ညီမ
အင်ကြင်း