စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ် (e-book)

လေးလ ကြာအောင် ရေးခဲ့တဲ့..စိန်ပန်း နဲ့ ကံ့ကော် တွေ ကို.. အနည်းငယ် တည်းဖြတ် အချောသတ်ပြီး.. စာအုပ်ပုံစံ စုစည်း လိုက် ပါတယ်။

ဒီနေရာမှာ...ဒီစာစု လေး ကို ရေးဖြစ် စေခဲ့ တဲ့.. အောင်ဖြိုး၊ ပုံတချို့ နဲ့အချက်အလက် တချို့ မျှဝေ ပေး တဲ့..ဘိုဘိုလန်းစင် နဲ့ မောင်ဇူလိုင် ( ဇူလိုင်အိပ်မက်) ကြားထဲမှာ.. ဖတ်ချင်နေတဲ့ မြကေတု စာအုပ်ကလေး ပို့ပေးခဲ့တဲ့.. မကြေးမုံ၊ တို့ နဲ့ တကွ.. စိတ်အား ထက်သန်စွာ.. အားပေး တိုက်တွန်း ခဲ့တဲ့.. မိဘ ညီအမ များ နဲ့ ..ခင်ပွန်းသည် တို့ ကို ကျေးဇူး တင်ရမှာပါ။

နောက် တဖန်.. စုစုစည်းစည်း စာအုပ်ကလေး တအုပ် ဖြစ်အောင်.. ကူညီ ဒီဇိုင်း ဆွဲပေး ခဲ့တဲ့.. ကိုအောင်သာငယ် ကိုလည်း အထူး ကျေးဇူးတင် ကြောင်း နှင့်.. စိတ်ရှည် လက်ရှည် ဖတ်ရှု ပေး ခဲ့ ကြတဲ့.. သူငယ်ချင်း မိတ်ဆွေ..စာဖတ် ပရိသတ် အားလုံး ကို တော့..မမေ့မလျော့.. အလေးအနက် ဆုံး.. ကျေးဇူး တင် မိ ပါတယ်။




Kay Sein Pan Final 2


Share/Bookmark

15 Comments:

မေဓာဝီ said...

မကေရေ .. စာအုပ်ကလေးဖြစ်သွားတာ ၀မ်းသာစရာပဲ။
ကိုအောင်သာငယ်ရဲ့ အဖုံးဒီဇိုင်းလေးကလဲ လှတယ်။ ကံ့ကော်ပန်းအပြင် စိန်ပန်းနီနီလေးတွေပါ ပါရင် ၀တ္ထုနာမည်နဲ့ ပိုလိုက်မယ်နော်။ အထဲမှာလဲ ဓာတ်ပုံလေးတွေ ဝေေ၀ဆာဆာနဲ့ ဆိုတော့ ဖတ်ချင့်စဖွယ် တကယ်ကောင်းပါတယ်။ မကေရဲ့ အားထုတ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို ချီးကျူးမိပါတယ်ရှင်။

Anonymous said...

ခုလိုထုတ်မှပဲ စုစုစည်းစည်း ပြန်ဖတ်ဖြစ်တော့မှာပါ။ ဒေါင်းသွားတယ် ကြီးကေ။ အစအဆုံးပြန်ဖတ်ပါမယ်။
ဒါနဲ့ ဒီအတိုင်းမဒေါင်းဘဲနဲ့ ပို့စ်ပါအတိုင်း ကြည့်ရင် error ပြနေတယ် ကြီးကေ။

Ye-Mon said...

ဟန်ကျလိုက်တာ မကေရေ။ အခုမှပဲ အစအဆုံး အားရပါးရ ဖတ်ရတော့မယ်။ ကျေးဇူးပါ။

ရွှေရတုမှတ်တမ်း said...

ခုလိုလေးမြင်ရတာဝမ်းသာလိုက်တာ

Nge Naing said...

မကေရေ စာအုပ်တအုပ်လုပ်ဖြစ်သွားတာ ၀မ်းသာပါတယ်။ ကျွန်မက အစအဆုံးတခါတည်း ဖတ်ရတာကိုပဲ ဖတ်ချင်ပြီး ပြတ်တောက်ပြတ်တောက်မဖတ်တတ်လို့ အခုလို အကုန်လုံး ပြီးမှပဲ ဖတ်ဖြစ်တော့မယ်။

Eaindra said...

ဝေးးးးးးးးးပျော်စရာကြီးပဲ

မကေရေ

သူများက စရေးတဲ့ နံပါတ်(၁)ကတည်းက တိုက်တွန်းခဲ့တာနော်

ဇိမ်ပြေနပြေ ဖတ်ခွင့်ရလို့ကျေးဇူးပါမကေ

ချစ်ခင်စွာ

အိန္ဒြာ

Rita said...

မကေ

အစမှ အဆုံးတိုင် တဆက်တည်း လုပ်နိုင်တာကို ချီးကျူးမိပါတယ်။

ပုံ /
မပြီးသေးသော ပန်းချီကား ပိုင်ရှင်

ချစ်ကြည်အေး said...

ကျေးဇူးပါ K...., Down သွားကြောင်းပါ.....:D

သက်ဝေ said...

စာအုပ်လေး ယူသွားပါပြီ ကေ...
ကျေးဇူးပါ..း))

Moe Cho Thinn said...

အဆက်မပြတ် ဖတ်လို့ရပြီ။ သပ်သပ်ရပ်ရပ် လုပ်ထားတဲ့အတွက် ၀မ်းသာတယ်။ ကျေးဇူးပဲ။

pandora said...

အခုမှပဲ စုစည်းပြီး ဖတ်ရတော့မယ်။ ရေးဖြစ်တဲ့ ဇွဲလုံ့လ ကိုချီးကျုးပါတယ်။
ကျေးဇူးပါနော်။
အပြင်အဆင်ကလည်း လှမှလှ။

Mirror said...

ဆိုင်မဆိုင်တော့မသိဘူး။ဘိုးတော်ကိုပါ ချီးကျူးမိတယ် အဟီး :)

Me said...

မရောက်ဖြစ်တော့တဲ့ ကံ့ကော်မြေကို လွမ်းတိုင်းဖတ်ဖြစ်နေမယ့် စာအုပ်ကလေးပါ... ယူသွားပါတယ်..ကျေးဇူးပါနော်။

အိမ့်ချမ်းမြေ့ said...

ကောင်းတယ် ကေ။
အခုဟာမှ ပိုဖတ်လို့ကောင်းမှာ။
အထဲက ပုံလေးတွေကိုလည်း ကြိုက်တယ်။

ဒေါင်းလုပ်ဒ်နေပြီ။

MieMie said...

တို့ တော့ အခုလို တစုတစည်း တည်း ဖြစ်သွားတော့မှ
ဒီကနေ့စပြီး ဖတ်ဖြစ်လိုက်တယ် ..... ခုလို အရေးအသားသိပ်ကောင်းတဲ့ ကေ့  လက်ရာ လေးကို ဖတ် ရတဲ့ အတွက်လည်း ကျေးဇူးတင်လျက်ပါနော်...
ရန်ကုန် ပြန်ဖြစ်တုန်းက ကျောင်းကြီးကို အပြင်ကနေဘဲ
ကားပေါ်ကနေ လှမ်းကြည့်ဖြစ်ခဲ့တယ် ...

mie nge