မျက်ခုံးပင့်



နေ့စဉ် နေထိုင်မူ ပုံစံ တချို့ ပြောင်းလဲ သွားခဲ့တယ်။
တယောက်ထည်း..တခါတလေ..နှစ်ယောက်ထည်း နေတဲ့ ၂၄ နာရီ ဝေစု လေးကို.. တူမလေး နဲ့ ခွဲယူ ရဖို့ အကြောင်းဖန်လာတယ်။ အရင်ဦး ဆုံးတော့.. မနေ့ကမှ ရောက်လာတဲ့ တူမလေး နဲ့ လက်ပ်တော့ အရင် ခွဲဝေ သုံးစွဲ ရပါတော့တယ်။ ကိုယ့် မျက်
စိ အောက်မှာ ကြီးလာတဲ့ ၁၇ နှစ် သမီး က.. ခုတော့..ကလေး လိုလို ဖြစ်လိုက်..အပျိုမကြီးလို ဖြစ်လိုက် နဲ့.. ဘယ်လို ဆက်ဆံ ဆုံးမ ရမှန်း မသိတာနဲ့.. အသာလေး ကြည့် နေရတယ်။ သူတို့ လေးတွေ ကလည်း.. သူတို့ အထွာ နဲ့.. သူတို့ အထာ နဲ့ ..သူတို့ အတ္တနဲ့..သူတို့ လက်မ နဲ့ ကိုး..။

စင်ကာပူ လေဆိပ်မှာ ထရန်စစ် ၀င်နေတဲ့..တူမကို..ဒီဖက် အင်တာနက် က နေပြီး.. ထရစ်စစ် ချက်ကင် တွေ့လား.. ဘယ် တာမနယ်လ် ကို သွား..။ ဂိတ် နံပတ် သေချာကြည့်..။ ဘုတ်ဒင်းပါ့စ် ရပြီလား.. တခု ပြီး တခု မေး နေတော့.. Don't worry KK,
everything was done တဲ့..။ ကဲ..ဒန်း ဆိုတော့လည်း ပြီးရောပေါ့ လေ... ။ နောက်ဆုံး ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာတဲ့.. တူမ ကို လေဆိပ် မှာ သွားကြိုရင်း.. လက်ထဲမှာ.. ဂျုတီ ဖရီး အိတ်ကလေး နဲ့.. ပစ္စည်းလေး တခု ပါလာတော့.. အောင်မယ်.. သူက..ဒါမျိုးတွေ တောင် ၀ယ်တတ် နေပြီ လားလို့..မျက်ခုံး ချီ မိ သွားတယ်။ သမီး ၀ယ်တာ ဟုတ်ပါဘူး ကေကေ ရဲ့.. စင်ကာပူ လာလည် တဲ့ သူငယ်ချင်း တယောက် နဲ့.. လေဆိပ်ထဲမှာ တွေ့ တော့.. သူက.. လက်ဆောင် ၀ယ်ပေး သွားတာ တဲ့..။ အောင်မာ.. စင်ကာပူ လာလည် တာ..ဘယ်အရွယ်လဲ ဟ လို့ မေးတော့.. အတူတူပဲလေ..၁၇ နှစ် ပဲ တဲ့..။ မျက်ခုံးက.. ပြန်မကျ တော့ ဘူး..။

ကိုယ်တွေ တုန်းက.. ခရီးရှည်ကြီး ကို ..မျက်ရည် တစမ်းစမ်း နဲ့ ထွက်ခဲ့ရ တာ ဆိုတော့.. သူတို့ လေး တွေ ဆို ပို ဆိုးမှာ ပဲ ဆိုပြီး.. မေးတော့.. ခုထိတော့..မလွမ်းသေးဘူး တဲ့...။ ကောင်းပါလေ့ ကွယ်။ သူ့သူငယ်ချင်းလေး တွေ ကလည်း.. အရွယ်လေး တွေ နဲ့ မလိုက်အောင် သွက်လက် နားလည် နေ လိုက်ကြတာ..များ..ကိုယ်တွေ အဲဒီ အရွယ်က.. အာစီတူးက..ရာဘာပင် တွေ အောက်မှာ..ညောင်နာနာ နဲ့... မဝေးလှ တဲ့.. အိမ်ကို လွမ်းကောင်းတုန်း..။ သူငယ်ချင်း မရှာ တတ်လို့..အူတူတူ ဖြစ်တုန်း..။ အရင် ရောက် နှင့် နေတဲ့..သူ့ နဲ့ အရွယ်တူ အတန်းတူ သူငယ်ချင်း မလေး တယောက်ကို .. အိမ် လာဖို့ ပြော နေတော့.. ဒီဖက်ကနေ.. စိတ်ပူ ပြီး..ဘာကားစီး. ဘယ်မှာဆင်း လို့ အော်နေတုန်း.. ဖုံးချ လိုက် ပါရော.
.။ ရတယ်..သူ့ မှာ အိုင်ဖုန်း ပါတယ် တဲ့..။ အဲ..မျက်ခုံး နဲနဲ မြင့် သွား ပြန်တယ်။ ဟဲ့..သူရောက်တာ ဘယ်နှယ်ရက် ရှိလို့ လဲ ဆိုတော့.. တပတ် တဲ့..။ မျက်ခုံးက ..ပြန် မကျ တော့ဘူး။

ကဲ..ကဲ.. ပစ္စည်းတွေ သေချာ စီ.. ဘာလုပ်.. ညာလုပ်.. အိုရီယန်တေးရှင်း အပြတ်ပေး ပြီး မောသွားတာနဲ့.. အင်တာနက် ပေါ် တက်လိုက် တာ..မျက်ခုံး တွေ အကုန် စုံမြောက်သွားပါတော့တယ်။ လုံခြည် တွေ..လုံခြည်တွေ..။ အချိတ်ဆင်တွေ.. ပါတိတ်တွေ..တရုတ်ပိတ်လေး တွေ...အစုံ ပါပဲ.
.။ ချစ်စရာ ခင်စရာ ကောင်းတဲ့ လေဒီ ဘလော့ဂါ သူငယ်ချင်း တွေ ရဲ့.. ပျော်စရာ ပို့စ် လေး တွေ။ မြင့်နေ တဲ့ မျက်ခုံး အစုံ ကို အသာ ဆွဲ ချပြီး.. စဉ်းစား ရ ပြန်တယ်။ မသက်ဝေ ရေး ခိုင်း တဲ့.. ကိုယ့် အကြိုက် ဆိုတာ.. ဘာလဲ ပေါ့..။ အကုန်လုံး ကလည်း ဗမာ လုံခြည်လေး တွေ တခုတ်တရ ပြောပြ တင်ပြ ကြတော့.. ကိုယ့် အကြိုက် လုံခြည် ပဲ ဖြစ် ရမယ် လို့.. တထစ် ချ လိုက်တယ်။

မသက်ဝေ တို့ ပေါက် တို့ ရဲ့... ကျမက.. လုံခြည် ဆို တာထက်.. လုံကွင်း လို့ ခေါ် ရမဲ့..ဗမာဒီ ဇိုင်း ထက်.. sarong လို့ ခေါ်တဲ့.. ပတ်ထည် လေး တွေ
ကို ပို သဘောကျတယ်။ ဗမာ လုံကွင်း တွေက.. ခဏခဏ ပြန်ဝတ်ရတာ.. ခါးမှာ ဖုလုံးကြီး ဖြစ်နေတာ.. သက်သောင့် သက်သာ မရှိ လှ သလိုပဲ..။ ဗမာချည် ထည် တွေ ၀ယ်တိုင်း ပတ်ထည် ပုံလေး တွေပဲ ပြန် ချုပ်ယူလေ့ ရှိတယ်။ ပြီးတော့.. အချိတ် ဆင် တွေ ကို သိပ်မကြိုက်လှဘူး..ဘာလို့ လည်း မသိဘူး..ခမ်းနားလွန်း လို့ လား မသိဘူး။ ဘွဲ့ယူ ဖို့..ကြိုးကြီးချိတ် တထည် တော့ ၀ယ်ဖူးတယ်..။ ဒါလောက်ပဲ..။



လောလော ဆယ်ဆယ်..ချင်းမိုင် က..အမ ၀ယ်လာပေး တဲ့..ချင်းမိုင် ချည်သား ပတ်ထည် လေး ကိုပဲ.. ခဏခဏ ဒါဝတ် လုပ်နေ တယ်..။ နောက် လတွေ ကျရင်.. ချင်းမိုင် မှာ..သူငယ်ချင်း တယောက် မင်္ဂလာဆောင် ဖိတ် ထားတယ်။ သွားဖြစ် ရင် တော့.. ချင်းမိုင် ပတ်ထည် တဒါဇင် လောက် ရောင်စုံ ၀ယ် ပြစ်မယ်လို့ ကြိမ်းဝါး နေပါကြောင်း။



Share/Bookmark

20 Comments:

MieMie said...

ချင်းမိုင် ပတ်ထည် လေး လှတယ် ကေ ...

mie nge

ahphyulay said...

အနေကြာလာတော့ လဲ ထမီလေးတွေနဲ့  တကာယ်ယဉ် တဲ့ 
မြန်မာ မိန်းခလေးတွေကို သတိရလာပြန်ရောလေ။
တစ်လောက စေတီ ပုံနဲ့  ထမင်းဆိုင် လေးတွေ့ တော့ 
အပြေး ဝင်သွားမိတယ်။တွေ့ ပါတယ်ဗျာ၊ ထမီ လေးတွေနဲ့ 
အလွမ်းပြေပါပဲ။ လက်အုပ်လေးတွေချီလို့ ....
ယိုးဒယား မလေးတွေဗျ။

ချစ်ကြည်အေး said...

ပတ်ထမီလေး လှတယ် မော်ဒယ်က ဘယ်သူတုန်း...ကေ....??

Anonymous said...

ဝယ်စေသတည်းးးးးးးးး ကြီးကေ
(ခွိ.. ကိုယ်ဝယ်ပေးရတာကျလို့ ) :P

ခုခေတ်ကလေးများကို ဘယ်နည်းနဲ့မှ
အထင် မစမောမိစေဖို့ Craton မှ တောင်းဆိုလိုက်သည်။ :DDD

Anonymous said...

မျက်ခုံးတွေပင့်ရလွန်းလို့ တို့ကြီးကေ မျက်လုံးပြူးနေမယ်.. သတိထားပါရန်။

tin min htet said...

မတူတော့ဘူးလေ မကေရဲ့ ကျွန်တော်တို့က ကျောင်းပြီးမှ ကွန်ပြူတာကို အဝိုင်းလား၊ လေးထောင့်လား သိတာ။ ခုတော့ ကျွန်တော့်သား ၄ နှစ်သား ယူကျုတက်၊ အွန်လိုင်းဂိမ်းတက်နဲ့ သူအိပ်မှ ကွန်ပျူတာ ကိုင်ရတာ။

MANORHARY said...

အော် ဒေါ်ကေ့ကို share ခွဲမယ့် သားသမီး မရှိဘူး ဆိုပြီး တွေးနေတာ ခုတော့လည်း အဒေါ်ပီသစွာ တူမကို ခွဲပေး ရပြီပေါ့း))
လုံချည်တွေ ဒါဇင်လိုက်ဝယ်ခဲ့နော်။ ပြီးရင် တစ်ထည် ပို့လိုက် သိလားး))

MANORHARY said...

အော် ဒေါ်ကေ့ကို share ခွဲမယ့် သားသမီး မရှိဘူး ဆိုပြီး တွေးနေတာ ခုတော့လည်း အဒေါ်ပီသစွာ တူမကို ခွဲပေး ရပြီပေါ့း))
လုံချည်တွေ ဒါဇင်လိုက်ဝယ်ခဲ့နော်။ ပြီးရင် တစ်ထည် ပို့လိုက် သိလားး))

Moe Cho Thinn said...

တူမလေးတွေအကြောင်း update လုပ်ပါအုံး ကေ..
တို့နဲ့ ကေနဲ့ ဘ၀တူပါပဲ။ ကလေးတွေကို ချစ်၊ သူတို့ကြည့်ပြီး ရင်မောရ၊ ပျော်ရွှင်ရ နဲ့၊ သူတို့နဲ့ ရောချင်လွန်းလို့ တရွတ်ဆွဲလဲ လိုက်ရသေးတာ..။ မျက်ခုံးပင့်မနေနဲ့ ကိုယ့်လူ။ ကိုယ့်ထက် တိုးတက်ကြတယ်လို့သာ သဘောထား။ :)

လုံချည်လေးတွေ ကေက နှစ်နှစ်သက်သက် ၀တ်နေကျမို့ စောင့်ဖတ်နေတာ။ ချင်းမိုင်ဆင်လေး လှပါ့ ကေရေ..။ အကြိုက်တူပါတယ်။

Nge Naing said...

မကေ Tag ပို့စ်ရေးတာကလည်း တူမနဲ့ အရင် မိတ်ဆက်ဝင်ထားလို့ ခုခေတ်ကလေးတွေအကြာင်း ရေးမယ်ထင်နေတာ။ ကျွန်မလည်း ပတ်ထည်ကိုပဲ ပိုကြိုက်တော့တယ် ကြိုးချည်ထားလို့ရတယ်။ ထမိန်က အစရွဲကျရင် လူရှေ့မှာ ခဏခဏ ပြင်ဝတ်ရလို့ အပြင်သွားအပြင်လာ သိပ်မ၀တ်ဖြစ်ဘူး။

သက်ဝေ said...

ကေရေ... ချစ်ခင်စွာ ရေးပေးတဲ့ အတွက် ကျေးဇူးနော်...
မနေ့က တခါလာသေးတယ်.. လေးထောင့်အတုံးတွေပဲ တွေ့ရလို့ စိတ်လျှော့ပြီး ပြန်သွားတာ... အခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီ...

အင်း ခေတ်ကာလ သားသမီးတွေများ... လို့ ရေရွတ်ရကြမယ့် အရွယ်တွေကို ရောက်မှန်းမသိ ရောက်လာပြီလား.. လို့ တွေးရင်း မျက်ခုံးပင့်သွားပါကြောင်း....

သက်ဝေ said...

ပတ်ထမီ တခါမှ မဝတ်ဖူးဘူး...
ကေ့လုံချည်လေးက ချစ်စရာလေး...
ကေ ပတ်ထမီလေးဝတ်ထားတဲ့ ပုံ ကြည့်ချင်တယ်...း))

သဒ္ဓါလှိုင်း said...

အမမကေ...
ထမီလေးကို သွားရေကျသွားပါကြောင်း...စိတ်ကူးထဲမှာ ၀တ်ကြည့်လိုက်တယ် အရမ်းလှသွားသလိုပဲ...

ခင်တဲ့ညီမ
သဒ္ဓါ

9-9 said...

မကေရေ
ခုခောတ် ကလေးတွေကိုလိုက်လို့ မမှီဘူး သိလား
ကိုယိတွေက အဘွားကြီးတွေကို ဖြစ်လို့ 

rose of sharon said...

ကေ့တူမလေးက အသွက်လေးပေါ့ သဘောကျတယ်... ကေ့အကြိုက်ပတ်ထဘီလေးကလှတယ်

လင်းဒီပ said...

မကေတို့ခေတ်...
ကျွန်တော်တို့ခေတ်...
မကေတူမတွေခေတ်...

mirror said...

တို့များတော့ ဘာမှမပြောလိုပေါင်..:)
စကားမစပ် အကျီဝတ်ထားတဲ့ပုံတော့ သဘောကျ..

ကလူသစ် said...

ထမိန်တွေ ၀ဲနေလို့ အမြန်ရှောင်သွား၏

ရွှန်းလဲ့ said...

အစ်မတို့ က ထမီတွေပဲရေးကြတော့ အန်ကယ်ဘလော့ဂါတို့ ဒွတ်ခကြီးစွာနဲ့ တိုရေရှားရေလေးတွေဝတ်ထားတာကို ကိုယ့်အကြိုက်ဆိုပြီး ရေးပြန်တယ်။ :P :P

NangNyi said...

လုံချည်ချစ်သူတွေ များလာတော့ ကိုယ်တိုင်ရေးဒီဇိုင်းနဲ့ မြန်မာထည်လေးတွေ ပေးဖို့တောင် မနိုင်တော့ဘူးဗျ..း)