ခ ဆိုတိုင်း ..အချစ် မလုပ်ချင်တော့ ...
ဂ ငယ် နဲ့ ဃ ကြီး
အရွယ်အစား က စကားပြော သလား
အနေအထား က.. စကားပြော မ လား..
ပြောတော့ ပြောသား.. ပြောပါများပေမဲ့
စကားထဲမှာ.. ဇာတိ ရှာ မရ တာက..
လုံး ပြော .. လိမ်ပြော ..ရူးချင်ယောင် ဆောင်ပြော
စ လုံး … ဆ လိမ် … စိမ် .. ဆိမ် … စိမ် ပ လိန်တိမ် မုန့်ကြိုးလိမ် ။
ဇ ကို က ကွဲ မှတော့....ဇာတ်ခေါင်းကွဲ တာ ဆန်းမလား
ဈ မျဉ်းဆွဲ လို မျိုး ..စ ကတည်းက..မျဉ်းဆွဲ ထားပေါ့
နေပါအုံး..
ဇာတ်ပွဲ က ဈေးသည် တွေ
ည မအိပ်ရ တာ ..ပြသာနာ မဟုတ်..
ပြဿနာ က..ဒီ အက္ခရာ တွေ..ဘယ်မှာ သွား သုံးမလဲ..
တောင်တောင် ဤဤ တွေး မိ..
(ဟေး.. မြန်မာစာ သတ်ပုံ ဂရုစိုက်ကြ တဲ့.. )
(သြော..) တောင်တောင်အီအီ တွေးမိ..
(အင်း.. အဲဒီ မြန်မာစာ အသုံးကလည်း မှန်ပါ့မလား..မသိ)
ဋ သံလျင်းချိတ် ၌.. ဌ ၀မ်းဘဲ ၍
ဍ ရင်ကောက် ၏ ဎ ရေမှုတ် သော်..
ချိတ်ချင်တာ ချိတ်.. မှုတ်ချင်တာ မှုတ်
လျှာတွေ လိပ်..လက်တွေ လိမ်..
ကွေး နိင်သလောက် ကွေး..ကောက် နိုင်သလောက် ကောက်..
ဒါလား.. တာလား.. တို့ လား.. ဒို့လား..
အငြင်းမပွားချင်တော့..
ဓ အောက်ခြိုက် - မခြိုက်
တိုင်း မနေ နဲ့ တော့..
ဓါးတွေ သာ .. အောက်စိုက် ထား ကြ ..
အရေးကြီးတာ အသံညီ ဖို့ …။
လောကကြီးမှာ ဟေ့…
ဘယ်သူ မဆို..တ ၀မ်း ပဲ ပူ ဆာ နိုင် တာ..
န င် ပဲ ငဆ ပြော..
ဗ ထက်ခြိုက် မှာ ဘောင်ဘ င် ခတ် သူ တွေ..
မ တ်မတ် မရပ် နိုင် ဘူး ပဲ ထား...
မယုတ်မာ နဲ့.. မရက်စက် နဲ့..
လူတွေ အကြောင်း… လူအခြင်းခြင်း ပြောကြ ..လူအချင်းချင်း မုန်းကြ (ချစ်ကြ)
ဝိချင် လို့ ၀ တွေ အများကြီး ၀ယ် တဲ့ သူ တွေ..
သိချင် လို့.. သ တွေ တပုံကြီး သယ် ခဲ့ သူတွေ..
ဟိ ချင်လို့ .. ဟ..ဟာ... ဟား နေ ကြ သူတွေ..
ပါ ဠိ စာ မတတ်တောင်..
မ အ အောင် တော့ ..သမိုင်း သင် ထား ဦး မှ …
ကဲ… ကကြီး ကနေ.. အ အဆုံး.. ပြန် ပြော ပြ ရ ဦး မလား..
ဖြည့်စွက်ချက်-
ဒီပို့စ် ကို တင်နေတုန်း.. ပန်ဒိုရာ က.. စာလုံးပေါင်းလေး တွေ..လှမ်း ပြင်ပေး လို့.. ဘယ်သူ မှ မသိခင် အမြန် ပြင်လိုက်ရပါတယ်.. တော်သေးလို့..း)
(ဟေး.. အဲဒါကြောင့်ပြောတာ..ဘလော့ဂါ တွေ..မြန်မာစာ မဖျက်စီးပါဘူးနော်.. မသိတာ..း)
ဇတ်ခေါင်းကွဲ = ဇာတ်ခေါင်းကွဲ
အောက်ဆိုက် ထား ကြ .. = အောက်စိုက်ထားကြ
အခြင်းခြင်း = အချင်းချင်း
ပါ ဋ္ဌိ = ပါဠိ
ဘယ်မှာ သွား သုံးမလည်း..= ဘယ်မှာ သွား သုံးမလဲ
ပုံသဏ္ဍန် = ပုံသဏ္ဌာန်
13 Comments:
ဩ....ဒီအိမ်မှာလဲ...သင်ပုန်းကြီး ကျက်တုန်းကိုး..
ကဲ… ကကြီး ကနေ.. အ အဆုံး.. ပြန် ပြော ပြ ရ အုံးမလား..
ဘယ်နှစ်ကြိမ်.. ဘယ်နှစ်ခါ.. ဆိုဦးမလဲလေ..
ဘယ်..ဘယ်တော့မှ.. မရိုးနိုင်ပါ..ကေ ကေ ရေ့...
ဒီနေ့ကတော့ အ သုံးလုံးရော သင်ပုန်းကြီးရော ဖတ်ခွင့်ရလိုက်တယ်။ မဟာ့မဟာ အခွင့်အရေးကြီးးဝ)
အ သုံးလုံးက ဘကျောက်ဆီမှာ..
သင်ပုန်းကြီးက ဒီမှာ။
နောက်တော့ သရတွေအကြောင်းများ လာလေဦးမလား မသိးဝ)
ကေကေ..
ဂယ် ချစ်စရာကောင်းပြန်ပြီ။ ကြည့်စမ်း ရေးတတ်လိုက်ကြတာ.. တွေးတတ်လိုက်ကြတာ..။
ပျော်စရာကြီးကွာ.. အရောင်စုံ..။
မကေ..
သူများလည်း ဃဂဏန ကိုရောချထားတယ်..ဟီးးး
မိုက်တယ်ဗျာ ရေးထားတာ
ကေရေ...
တို့တွေ ဒီရက်ထဲ ကကြီး ခခွေးတွေမှာ ပျော်နေကြတာနော်...
အသွေးစုံ အရောင်စုံ အသံစုံ အသွင်စုံ...
စာလုံးချင်းတူတူကို ရေးပုံကွဲ တွေးပုံကွဲ...
ပျော်စရာကြီး................
ကေရေးထားတာလေးလဲ ကြိုက်တယ်...
ခ ခရေကုံး မလေး ပြုံးပြီး လာဖတ်သွားတယ်နော်...း))
လူကြီးတွေ စာပြန်ရေးကြတော့.. ကြည်နူးပျော်ရွှင်စရာ..လိုက်ဖတ်ရတာ မောကို မမောနိုင်ဘူးး)
မ အ အောင် တော့ ..သမိုင်း သင် ထား ဦး မှ …
ကမ္ထာပေါ်တွင် တိုက်ကြီး ၂ တိုက်ရှိသည် ဦစံမြင့် တိုက်နဲ့ ရွာမြောက်ပိုင်းက ဒေါ်အေးသာ တိုက်း)
ကျနော် သမိုင်းတော်တော် ညံ့တယ်ဗျ ဟိဟိ
K..
ဒီလိုလည်း ဟုတ်နေတာပါပဲလား
ကိုယ်တော့ ကြွေးကျန်နေတယ် မအားတာနဲ့
စိတ်တွေအဆင်မပြေတာနဲ့း) ဆင်ခြေပေးသွားသည် .း))
မိုက်တယ် ... ကေရေးထားတာလေးကိုကြိုက်တယ်...
သင်ပုန်ကြီးတွေ လိုက်ဖတ်နေတာ၊ ဒီကလည်းတစ်မျိုးပေါ့
ခခွေးဆိုတိုင်း အချစ် မလုပ်ချင်သူရဲ့ သင်ပုန်းကြီး လာဖတ်သွားပြီ။
စလုံး ဆလိမ်တွေလို လုံးပြော လိမ်ပြောတွေနဲ့ ဘ၀မှာ ဈ မျဉ်းဆွဲသလို ဆွဲထားမိတော့ ဟ ဟာ ဟား လုပ်ရင်း သမိုင်းသင်နေတာကမှ တော်ပါအုံးမယ် ကေ..
ဘလော့ဂ်တွေထဲ ၀င်လို့ရတုန်းလေး ၀င်ဖတ်သွားတယ် ကေရေ... ဖတ်လို့ ကောင်းတယ်။ သူများတွေများ ရေးတတ်လိုက်တာနော်.. တို့တော့ က ကညစ်ပေမှာခြစ်ပဲ ခေါင်းထဲ ရောက်နေတုန်း..:))
Post a Comment