ရေးခဲ့ဘူးသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းစဉ်များ


ဒေါ်အောင်ဆန်း စုကြည် ရဲ့ မွေးနေ့ တနှစ် လည် ခဲ့ပြန် ပြီ။ ဘလော့ ရေး ခဲ့တာ ၃ နှစ် ပြည့် ပြီ မို့.. ဒေါ်စု မွေးနေ့ပို့စ် တွေ လည်း ၃ ပုဒ် စာ မက ရှိနေခဲ့ ပြီ။ ဒီနှစ် (၆၅) နှစ် ပြည့် မွေးနေ့ မှာ တော့.. ဘာမှ ထူးထူး ခြားခြား မရေး ဖြစ် သည် မို့.. ဒီ ဘလော့ပေါ်မှာ.. ဒေါ်စု နာမည် ထဲ့သွင်း ရေးခဲ့ သမျှ ပို့စ် တွေ ထဲက.. ဒေါ်အောင်ဆန်းစုကြည် အတွက် လုံးလုံး လျားလျား ဦးတည် ရည်စူး ရေး ဖြစ်ခဲ့တဲ့..စာ အဟောင်း တချို့ ကိုသာ ရွေးထုတ် ဂုဏ်ပြု ပါရစေ...။ ( အကျယ်ဖတ်လိုပါက.. ခေါင်းစဉ်များ အတိုင်း ကလစ်၍ ဖတ်ပါ)
ဒေါ်အောင်ဆန်းစုကြည် - အနာရောဂါ ကင်းဝေး သက်တော် ရှည် ပါစေ ... ကြယ်တပွင့်လို အစဉ် ထွန်းလင်း တောက်ပ လမ်းပြ ပေးနိုင်ပါစေ...
++++++++++++++++++++++++


ပန်းချီ -မိတေဖိုး

ကြယ်

မရွေ့တဲ့..ကြယ်မပျောက်တဲ့..ကြယ်
မကွေ့တဲ့..မကြော
က်တဲ့..ငါတို့ရဲ့ ကြယ်တွေ…
အမြဲ ထွန်းလင်းပါစေ…


+++++++++++++++++++++

ဒေါ်စု မွေးနေ့ မတိုင်ခင် တရက်မှာ..ဒေါ်စု နေထိုင် ခဲ့တဲ့..အောက်စဖို့ဒ် ဆိုတဲ့ မြို့နေရာလေးကို သွားလည် ဖြစ်တယ် ဆိုတဲ့..တိုက်ဆိုင် ကြုံကြိုက်မူ တခု ကြောင့်..ရင်တွေ တအားခုန်နေ မိသည်။
ဒေါ်စု ပြောခဲ့တဲ့.. grey, damp Oxford ဆိုတဲ့ နေရာလေးကို တကယ် ရောက်ပါ ပြီ။ တကယ့်ကို .. ပျားရည်ရောင် အလယ်ခေတ် လက်ကျန် ပုံစံ အဆေက်အဦ ဟောင်း ကြီး တွေ နဲ့ ခန့်ညား အုံ့ဆိုင်း နေတဲ့.. မီးခိုးရောင် တက္ကသိုလ် မြို့လေးပါပဲ။


-------
---------

No-15, Park Town, Oxford


သူတို့ ၂ယောက် အဲဒီ အိမ်ရှေ့ကို အခါ ခါ ဖြတ်..ဟိုဖက်ဒေါင့်က ကြည့်လိုက်..ဒီဖက် ဒေါင့်က ကြည့်လိုက်.. နဲ့..ဘာလုပ်ရမှန်းတော့ မသိ။ ညနေက တော့..အတော် စောင်းနေပြီ..။ တလမ်းလုံး လည်း တိတ် ဆိတ် လို့..။ မှန်ပြတင်း က တဆင့်..ခပ်ဝါးဝါး ပုံရိပ် တချို့ကို အာရုံ ခံ ပြီး ဖြည့်စွက် ကြည့် နေမိပေမဲ့..ဟာတာတာ ခံစားချက် တွေသာ..ပြည့်နှက် နေသည်။

လမ်းထိပ်က..ပန်းခြံ ဘောင်လေး ပေါ်မှာ ခဏ ထိုင်ရင်း..ခပ်ဝေးဝေးက နေ ငေးကြည့် မိပြန်တယ်။ ဒီလို လွမ်းစရာ ကောင်းတဲ့ ညနေစောင်းလေး တွေမှာ.. မီးခိုးရောင် မြို့လေး ထဲမှာ..ဒေါ်စု ဘာေ
တွ လုပ်နေ ခဲ့လေ မလဲ.. ။ နေသာတဲ့ မနက်ခင်း အတော်များများမှာ တော့..ဟောဒီ ပန်းခြံ လေး ထဲ.. ကလေး လက်တွန်းလှည်း လေး တွန်းပြီး တော့လည်း သွားခဲ့ ဖူးမှာပဲ နော်..။ ခုတော့..အသက် ၆၄ နှစ် အရွယ် အမျိုးသမီး တယောက် ရဲ့ ညနေခင်း နဲ့ မနက်ခင်း တွေမှာ ..လုပ်စရာ သိပ်များများ စားစား ရွေးချယ် စရာ ရှိမနေ လောက် ပါဘူး။


June 24, 2009





+++++++++++++++++++++++++


သေချာ ဖတ်ကြည့်တော့..ဗမာပြည် ပြန်ရောက်ကာစ ဒေါ်စု မှာ.. အသားမကျ လှသေးတဲ့..ဖုန်တွေ ချွေးစီးတွေနဲ့ ရင်းနှီး မိတ်ဆွေဖွဲ့ရင်း.. တဖက်က..သူ နေနေကျ.. သ
က်တောင့်သက်သာ မိသားစု ဘ၀ လေးကိုလှမ်းပြီး လွမ်းထားတာလေးက.. သဘာဝ ကျလှသလို.. your Suu ဆိုတဲ့ အသုံးလေးကလည်း.. မိန်းမရွယ် တယောက်ရဲ့ လူသားဆန်တဲ့ အငွေ့အသက်ကလေးတွေ နဲ့ ချစ်စရာ ကောင်း နေ တယ်။ အဲဒီ စာ ကို ဧပြီ ၁၄ ရက် ၁၉၈၉ ခု နှစ် ရက်စွဲ တပ်ထားပြီး.. ဓနုဖြူမြို့က..သမိုင်းဝင်..စည်းရုံးရေး ခရီးစဉ် ကို အခြေခံ ပြီး ရေးခဲ့တာလို့ နောက်ခံ ပြောထားတယ်။ အဲဒီမှာ.. ပစ်မိန့်ပေးထားတဲ့ စစ်သားတွေ ဆီကို ပူပြင်းတဲ့ နေရောင်ခြည် အောက်မှာ ..တည်ငြိမ်စွာ တလှမ်းချင်း လှမ်းသွား နေတဲ့..ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုံရိပ် ကို ခုထက် ထိ မြင်ယောင်နေ မိသေးတယ်။ အခုတော့.. မြန်မာပြ
ည်ကြီးရဲ့ အပူတွေကို သူ့ ဘ၀ တခုလုံး ခေါင်းခုလုပ်.. ထမ်းရွက်ရင်း..ချွေးတွေ..ဖုန်တွေနဲ့.. အသားကျ လွန်းမက..ကျ နေခဲ့ပြီ..ပေါ့။



မိုးရွာထဲမှာ တရားဟောရင်း..မိုးရေတွေစိုရွှဲနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ( ပန်းချီ- မိတေဖိုး)
ဒီကယူပါတယ်
April 2 , 2009.



++++++++++++++++++++++++++++


Intellectual Life in Burma and India under Colonialism ဆိုတဲ့ နောက်စာတမ်းက..အရင်စာတမ်းဖြစ်တဲ့ Literature and Nationalism in Burma နဲ့စာရင် အများကြီး ပိုပြည့်စုံ ပြီး.. ဒေါ်စုရဲ့ ကိုယ်ပိုင် အမြင် သုံးသပ်ချက်တွေ ပိုများ-ပါတယ်။ ဒေါက်တာ မိုက်ကယ်အဲရစ် ရဲ့ အမှာ မှာလဲ..ဒီစာတမ်းဟာ..ဒေါ်စု ရေးခဲ့သမျှ သုတေသန စာတမ်းတွေ ထဲမှာ.. အထူးခြား အပြောင်မြောက်ဆုံး ဖြစ်ပြီး... မြန်မာ့သမိုင်းနဲ့ ပတ်သတ် တဲ့ အခြေခံ သစ် တခုကို ဖော်ထုပ်ထား ခြင်း .. ဖြစ် တယ် ဆိုတဲ့...သုံးသပ်သူ တချို့ ရဲ့. ရှုထောင့် ကို လည်း ထဲ့သွင်း ရေးသား ထားတယ်။
------
--------------
အယူဝါဒ နဲ့ စိတ်နှလုံးကို တံခါးဖွင့်ထားတဲ့.. ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် လူငယ် ခေါင်းဆောင် တချို့ကတော့..နောက်ပိုင်းမှာ.. အစွန်း ရောက် လာနိုင်တဲ့ ဗမာလူမျိုးကြီးဝါဒ ( racial chauvinism) ရဲ့ အန္တရယ် ကြီးပုံကို ပြန်လှန် သုံးသပ်မိကြပြီး..
အရှိန်လျှော့ဖို့ ကြိုးစား ခဲ့ကြ ပါသေး တယ်။ သူတို့တွေ အပါအ၀င် တတိုင်းပြည်လုံး ရဲ့ သွေးတွေကို ဆူပွက် စေခဲ့တဲ့..တို့ဗမာ အစည်းအရုံးကြီးရဲ့ ဟစ်ကြွေးသံ ဖြစ်တဲ့..
`ဗမာစာသည် တို့စာ..ဗမာစကားသည် တို့စကား..´ ဆိုတာကို လည်း စာတမ်းမှာ အပြုသဘော.. ထောက်ပြ ထားပါတယ်။ နောက်ပိုင်းမှာ.. လူမျိုးစု အရေးတွေကို အရှည်မြင်လာ ကြပြီး.. ` ဗမာလူမျိုး´ အတွက်တင် မဟုတ်ပဲ..`ဗမာပြည်မှာ နေထိုင်သော လူအားလုံး အတွက်´ ဆိုတဲ့ အယူအဆ ကို အတိုင်းအတာတခု အထိ ပြန် ထူထောင် လာနိုင်ပေမဲ့.. ဗမာစာ ( စကား) က တော့..တခုတည်းသော အဓိက ဘာသာအဖြစ် တည်ရှိလာ ခဲ့တာ.. အခုတိုင်ပါပဲ။

March 30, 2009


+++++++++++++++++++++++++
+++++++


အခုလဲ..ဒေါ်စု ရဲ့ စာတမ်းတချို့ကို စဖတ်ကြည့်တော့မှ.. ဗမာ့သမိုင်းတွေ..ဗမာ့စာပေ တွေကို.. ရှေးမဆွထဲက.. နက်နက်နဲနဲ နှိုက်ယူ ထားနိုင်ပုံ ကို မယုံနိုင်စရာ ကောင်းလောက်အောင် တွေ့လိုက်ရတယ်။ အခု ဗမာ့စာပေ နဲ့ အမျိုးသားရေးစိတ်ဓါတ်
ဆိုတဲ့ စာတမ်းက.. ၁၉၈၇ ခုနှစ် ကျိုတို တက္ကသိုလ်မှာ ဒေါ်စု စာတမ်းပြုစု ချိန်က..ရေးသား ဖော်ပြခဲ့တဲ့ တခုပါ။

--------

ကျိုတို တက္ကသိုလ်က..ဒေါ်အောင်ဆန်းစုကြည် စာတမ်းတွေ ပြုစု ရာ ရုံးခန်းလေး
( ယခုထက်တိုင် ဒီအတိုင်း ထား- ထားတယ်လို့ ဆိုတယ်)

--------

ဒေါ်စု ကိုယ်တိုင် ပြောတာကလဲ.. စာရေးဆရာ တွေ ဟာ...ပြည်သူတွေရဲ့ ရင်ခုန်သံ နဲ့ ဝေးပြီး..သူတို့ရဲ့ အသိပညာ အတတ်ပညာ လေး ထဲမှာတင် ရှိမနေသင့် သလို.. တဖက်ကလည်း.. ပြည်သူ ကို ခင်းပြ ချပြရမဲ့..နည်းလမ်းကောင်းတွေ..အတွေးအခေါ်
အသစ်တွေကို လည်း.. အမြဲ ဆန်းသစ် ဖော်ထုပ် နေသင့်တယ်လို့....ဆိုထားပါတယ်။

------
ဒေါ်စုက.. ဒီစာတမ်းကို ပြုစုတဲ့အခါ တမင်တကာကို.. ပညာရပ်ဆန်တဲ့ အကိုးအကားစာအုပ် တွေ ကို မသုံး ပဲ.. အဲဒီ ၀ံသာနု ခေတ်ကာလက..ပြည်သူတွေကြားထဲမှာ.. ထဲထဲဝင်ဝင် စွဲစွဲမြဲမြဲ ရှိခဲ့တဲ့.. ဇတ်လမ်း ၀တ္တုတွေနဲ့ စိတ်ကူးယဉ် ရသ စာပေ တွေကို အသုံးပြုခဲ့
တာလို့ ဆိုပါတယ်။ အဲဒါမှလည်း ပြည်သူ ထဲက..လာတဲ့ ရင်ခုန်သံ စစ်စစ်..စိတ်ဆန္ဒ အမှန်တွေကို.. နားလည် သုံးသပ်နိုင်မှာ မဟုတ်လား။

March 22, 2009


++++++++++++++++++++++++++++++++


ပန်းချီ- နီဇူလိုင် ( နီဇူလိုင် ဘလော့ မှ- မေတ္တာခြုံ လုံပါစေ..)

တကယ်က..ဒေါ်အောင်ဆန်းစုကြည် ဆိုတာ..
ပို့စ်ကဒ် ပေါ် က အရုပ်တခု မဟုတ်ပါ...
ရင်ဖက်မှာ ထိုးဖို့ ရင်ထိုးလည်း မဟုတ်ပါ...
တီရှ ပ် ပေါ်က အနီရောင် မျက်နှာ လည်း မဟုတ်ပါ...
အစည်းအဝေး တွေမှာ ချိတ်လေ့ ရှိတဲ့ နောက်ခံ ကားချပ် တခုလည်း မဟုတ်ပါ...
အခု..ပီဘိ အချိန် မှာကို...
ဧည့်ခန်း ဆက်တီ ပေါ်မှာ ဖြေလျော့ ရင်း ညပိုင်း ရေဒီယို သတင်း တခုကို..
နားထောင် ကောင်း နားထောင် နေမဲ့...ဒါမှ မဟုတ်...
စာတမ်း တခုကို အပြီးသပ် ရေးပြီး သကာလ..အိပ်ရာဝင် တော့မဲ့..
မဟုတ် ရင်လည်း..ရေညှိရောင် တောက် နေတဲ့ တိုက်အို ကြီးပေါ် ကနေ..
ခြုံနွယ် ပိတ်ပေါင်း တွေ မထိမ်းနိုင် မသိမ်းနိုင် တောထ နေတဲ့ ခြံကြီး ထဲကို
လေ့ကျင့်ခန်း ယူဖို့ အဆင်း..ပင့်သက် တချက် ရှိုက်လိုက်တဲ့..


June 15, 2007


Share/Bookmark

15 Comments:

Unknown said...

တို.ပြည်သူပြည်သားတွေဘာဖြစ်လို.ဒီလောက်ကံဆိုးနေ ကြတာလဲ
ဝင်းမောင်

Unknown said...

တို.ပြည်သူပြည်သားတွေဘာဖြစ်လို.ဒီလောက်ကံဆိုးနေ ကြတာလဲ
ဝင်းမောင်

ကိုချစ်ဖေ said...

ဒေါ်စုကိုယ်တိုင်က မြန်မာပြည်သူတွေရဲ့ ပုံရိပ် မြန်မာပြည်သူတွေရဲ့ ရှေ့ဆောင်မီးရှုးတန်ဆောင်
အမှန်တရားအတွက် အကျဉ်းကျရဲတယ်ဆိုတာ ကိုက
သူရဲကောင်းခေါင်းဆောင် လူထုခေါင်းဆောင် ပါ။

Moe Cho Thinn said...

ဒေါ်စုဘ၀မှာ သူ့စိတ်နဲ့ သူ့ကိုယ် အေးအေးချမ်းချမ်း ကျန်းကျန်းမာမာ နေနိုင်ခွင့်ရတဲ့အချိန်လေးတခု အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ လို့.. ရင်ထဲက ဆန္ဒပြုပါတယ်။

ADDRESSEE said...

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတူတွဲလုပ်ဖို့
စစ်တပ်ကို အမြင်မှန် အမြန်ဆုံးရပါစေလို့ ဆုတောင်းနေပါတယ်

thadarhline said...

မကေ...
ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်..။ဘယ်လိုမှ စာမဖွဲ့
နိုင်တော့ဘူး..........


ခင်တဲ့
သဒ္ဓါ

rose of sharon said...

ဖတ်ပြီးသားရော မဖတ်ရသေးတာရော အကုန်ဖတ်လိုက်ရတယ်.. ကျေးဇူး

smk said...
This comment has been removed by the author.
mks said...

မကေ လိုဘဲ ဆုတောင်းပါတယ် ..
"ဒေါ်အောင်ဆန်းစုကြည် - အနာရောဂါ ကင်းဝေး သက်တော် ရှည် ပါစေ ... ကြယ်တပွင့်လို အစဉ် ထွန်းလင်း တောက်ပ လမ်းပြ ပေးနိုင်ပါစေ..."

ချစ်ကြည်အေး said...

ရင်မောတယ် ကေရယ်...။ အားလုံးအတွက် သူ့ရဲ့ လွတ်လပ်မှုတွေ စတေးနေတာ...။ တခါတလေ သတင်းတွေမှာ ပိန်လှပ်လှပ် သူ့ကိုယ်လုံးလေးနဲ့ မလိုက်ဖက်စွာ တောက်ပြောင်နေတဲ့ အားမာန်အပြည့် မျက်ဝန်းတွေကို တွေ့လိုက်ရတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာနေတဲ့ ကိုယ့်လိပ်ပြာ မသန့် ဖြစ်ဖြစ် သွားတယ်။

Sonata Cantata said...

သာမန်လူတစ်ဦး မစွန့်လွှတ်နိုင်တဲ့ စွန့်လွှတ်ခြင်းမျိုးတွေနဲ့ ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ သူလို ခေါင်းဆောင်တစ်ဦး... ကျန်းကျန်းမာမာနဲ့ အသက်ရာကျော် ရှည်စေချင်ပါတယ်။
- ဧရာ

မမသီရိ said...

တို့အားလုံး ရဲ့ ကြယ်တပွင့် က အသက်လဲ ရှည်မယ်.. ဘုန်းလဲ ကြီးမယ်.. အဲဒါ ကို အမြဲ ယုံကြည်တယ်..

ယောနက်သန် said...

လေးစား အားကျစရာ ကောင်းတဲ့ စံပြပုဂ္ဂိုလ်ပါ။

တန်ခူး said...

အမေ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့  အမေ့အတွက် မေတ္တာသက်သက်နဲ့ ဆုတောင်းပေးလိုက်ပါတယ် ညီမကေရေ... အမေ့ကို အတ္တမပါပဲ ရင်ထဲက နှစ်နှစ်ကာကာချစ်တာမို့ ပါ... အမအမေအရင်းနဲ့ သက်တူရွယ်တူတွေပါ

komaung said...

က၇င်လေး..... ကျွန်တော်လည်းင်ကြည့်သွားပါတယ်ဒေါ်စုကိုတော့ဘယ်လိုချီးကြူး၇မှန်းတောင်မသိတော့ပါဘူးဗျာ ကျွန်တော်တို့ချီးမွန်းတာထက်ကိုသူက ပိုအံ့သြစ၇ာကောင်းနေလို့ပါ