88 22 2010 1010101010101010101010

ရာသီ စာတွေ ရေးတာ.. အောက်တယ် တဲ့...။
ဟုတ်လားတော့ မသိ....
တကယ်လည်း ရေးစရာ မရှိတော့ပါ..။
သို့ သော် ...
ခုတလော.. RFA က လွှင့်ပေး နေတဲ့...သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့...
“ ခေတ်ဝန်ကို ထမ်း ၍ ခေတ်လမ်းကို လျှောက်.. ” ဆိုတဲ့..အစီ အစဉ် မှာ... ၈ လေးလုံး အရေးတော်ပုံ ကာလ က..အကြောင်းတွေ... ပြောပြ နေတာ.. နားထောင် တိုင်း... ရင်တွေ တလှပ် လှပ် ခုန် ပြီး..သွေးတွေ တရှိန်းရှိန်း မြ တုန်း...။ ဘဘ ဦးဝင်းတင် ရဲ့... တက်ကြွ လန်းဆန်း တဲ့..အသံ က လည်း..အခုပဲ.. အဲဒီ အချိန် တွေ ကို ပြန်ရောက် သွားသလို.. ခံစား မိ စေတယ်။


၈ လေးလုံး အရေးတော်ပုံ ကြီး နဲ့ ပတ်သတ် ရင်..အဲဒီ အချိန်ကာလ ဖြတ်သန်းခဲ့ ကြ ဘူးတဲ့.. လူတိုင်းမှာ.. အတွေ့ အကြုံ အမျိုးမျိုး ရှိ နေမှာပါ..။

အရေးတော်ပုံကြီး ရဲ့ ဗဟို ချက်မ .. အရေးပါ သူ တွေ....
ရှေ့တန်းက..ပါဝင်ခဲ့သူ တွေ... နောက်တန်းက.. ထောက်ပံ့ ကူညီ ခဲ့သူ တွေ....

ရွပ်ရွပ် ချွံ ချွံ.. လှုပ်ရှား ဦးဆောင် ခဲ့သူ တွေ.... မရွံ့ မရဲ မျောပါ သွားသူ တွေ...
လမ်းပေါ် ထွက်ခဲ့ တဲ့ သူတွေ... အိမ် ထဲ မှာ ပုန်းပြီး..ချောင်းကြည့် စိတ်လှုပ်ရှားနေခဲ့တဲ့ သူတွေ...
မြို့ပေါ်က..လူတွေ... တောနယ်က..လူတွေ...
လူကြီးတွေ.. လူရွယ်တွေ..လူငယ်တွေ.. မိန်းမတွေ.. ယောက်ျားတွေ... မိန်းမ ယောကျာ်းတွေ

နောက်ဆုံး.. မုန်းမုန်း တီးတီး..ခါးသက် နေ မဲ့.. အရေးတော်ပုံ မလိုလား သူ တွေ..အထိ...
ကုန်ကုန် ပြောရရင်... သတင်းပေး တွေ.. ထောက်လှမ်းရေး တွေ အထိ...

အားလုံး မှာ... အတွေ့ အကြုံ တွေ..ပြောစရာ တွေ ရှိနေ ကြ မှာပါ..

အနည်း ဆုံး တော့... ကိုယ် အခြင်းခြင်း.. ပြောရ.. ကြားရ တာ.. ရိုး အီ နေ ရင်တောင်မှ.... မောင်လေး..ညီမလေး တို့ ရေ... သားတို့ သမီး တို့ ရေ .... ၂၂ ကြာ ပြီ ဖြစ်ခဲ့ တဲ့..သမိုင်း တကွေ့.. အဖြစ်အပျက် ကြီး တကယ် ရှိ ခဲ့ဘူး တယ်... ဟောဒီ မြန်မာ နိုင်ငံ ကြီးမှာ.. အဲဒီ တုန်းက.. သောင်ပြို ကမ်းပြို ဖြစ် ခဲ့ ကြ တာ ကွဲ့ ... လို့.... သမိုင်း တွေ လက်ဆင့် ကမ်း ကြ ဖို့ တော့ .. လုပ်သင့် တဲ့ တာဝန် ကြီး တခု မဟုတ်လား...။







Share/Bookmark

10 Comments:

မမသီရိ said...

ဟိုတနေ့က .. ဖောဝါ့ဒ်မေးလ် တခုထဲမှာ ၈၈ တုန်းက ပုံတွေ အများကြီး ကြည့်ရတော့ သွေးတွေဆူ.. စိတ်တွေလှုပ်ရှားပြီး မျက်ရည်တွေကျလာမိတယ်.. ဘေးနား က တပည့်မတွေကို သတိမထားမိတော့ပဲ နှာရည်သုတ်နေမိတော့ .. ကလေးမလေးတွေ မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြတာ..သွေးတွေ နွေးနေဆဲ.
လက်ဆင့်ကမ်းရမှာက လဲ လူတိုင်းရဲ့တာဝန်.. အဲဒါ အမှန်ပါ ကေ

ချစ်ကြည်အေး said...

ကေရေ...ဘယ်တော့မှ မပျောက်ပျက် ထာဝရ စီးဆင်းနေမဲ့ အတိတ်က မြစ်တစင်းပါပဲ....

Nge Naing said...

မကေရေ အရင်နှစ်ကတင်တဲ့ ပို့စ်ကို အခုမှ ဖတ်ရတယ်။ အဲဒီကာလကို ဖြတ်သန်းဖူးသူတိုင်းမှာ မမေ့နိုင်တဲ့ အမှတ်တရတွေကတော့ ကျန်ရှိနေမှာ သေချာပါတယ်။ မနေ့တနေ့လို ခံစားမိမှာလည်း သေချာပါတယ်။ ကျွန်မတို့လည်း ၆၂ တို့ ၇၄ တို့ကို မမီခဲ့လို့ သိသူတွေ လက်ဆက်ကမ်းမှ သိခဲ့ရသလို အခုခေတ် ဆယ်ကျော်သက် ၂၀ ကျော်ဝန်းကျင်တွေလည်း ၈၈ က ဘာဖြစ်ခဲ့တယ်ဆိုတာ သိသူတွေက လက်ဆက်ကမ်းမှပဲ အမှန်တိုင်း သိရမှာ သေချာတယ်။

နွေဆူးလင်္ကာ said...

ဟုတ်တယ်အစ်မရေ ... ၈လေးလုံးဆိုတာ ဘာမှန်းမသိတော့တဲ့ မျိုးဆက်သစ်တွေအတွက် ကျနော်တို့ လက်ဆင့်ကမ်းရမယ်. .

rose of sharon said...

အဲဒီတုန်းက အဖြူအစိမ်းနဲ့ အိမ်ကအပြင်မထွက်ခိုင်းတာကို ရေချိုးခန်းကနေ ခုန်ချပြီး ဆန္ဒပြတဲ့ဆီ လိုက်သွားခဲ့တာ သတိရတယ်

MieMie said...

ဒီနေ့လိုမျိုး ရောက်လာရင် ပြီးခဲ့တဲ့ ၂၂ နှစ် တုန်းက ဖြစ်ပျက်ခဲ့တာတွေ သတိရ မိ သလို ၈၈ မျိုးဆက်က အကျဉ်းကျနေတဲ့ ကိုမင်းကိုနိုင် တို့ တွေ အားလုံး ကို လည်း ခုချိန်မှာ ပို ပြီး သတိရနေမိတယ် ...

mie nge

လင်းဒီပ said...

ခါးသီးတဲ့အမှန်တရား
သမိုင်းကြမ်းကြမ်းတစ်ခု
အခုထိ အဖြေမထွက်သေးတဲ့ ပုစ္ဆာ

သဒ္ဓါလှိုင်း said...

ဘယ်တော့မှမေ့လို့မရပါဘူးမကေ..
လက်ဆင့်ကမ်းပြီးသမိုင်းအမှန်ကိုပြောပြဖို့တာဝန်
ရှိပါတယ်..။မနေ့တနေ့ကလိုပြန်မြင်ယောင်ဆဲ...
ပြန်ခံစားရဆဲပါပဲလေ...

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

時時刻刻抵抗誘惑,就是一種勝利。............................................................

Moe Cho Thinn said...

ဘယ်လိုစိတ်မျိုးနဲ့ မေ့နိုင်ပါ့မလဲ..